အာဆင်နယ် လာမယ့်ရာသီ အဆင့် ဘယ်လောက်ရမလဲဆိုတာ ပြောပြခဲ့တဲ့ ဒီကလန် ရိုက် 1024 576 user

အာဆင်နယ် လာမယ့်ရာသီ အဆင့် ဘယ်လောက်ရမလဲဆိုတာ ပြောပြခဲ့တဲ့ ဒီကလန် ရိုက်

ဒီကလန် ရိုက်က ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာ အဆင့် ၂ နေရာနဲ့ ရာသီပြီးဆုံးခဲ့တဲ့ အာဆင်နယ်ကို ပိုမိုကောင်းမွန်တဲ့ အဆင့်တစ်ခုကို ရရှိစေချင်နေပြီး အသင်းနဲ့ ပထမဆုံး ပွဲဦးထွက်ရာသီမှာပဲ ပရီးမီးယားလိဂ်ဖလားကို ရယူချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဂန်းနားတွေဟာ ပြီးခဲ့တဲ့ရာသီမှာ ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံး ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်ဖို့ အလွန်နီးစပ်ခဲ့တာဖြစ်ပြီး ၂၄၈ ရက်အထိ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရာသီနှောင်းပိုင်းမှာ ခြေချော်မှုတွေကြောင့် မန်ချက်စတာစီးတီးက ကျော်တက်ခွင့် ရရှိသွားခဲ့ပြီး နောက်ထပ် အက်ဖ်အေဖလား၊ ချန်ပီယံလိဂ်ဖလားတွေနဲ့အတူ ဖလား ၃ လုံး ချန်ပီယံဖြစ်သွားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ယခုနွေရာသီမှာ လူစာရင်းကို အင်အားဖြည့်တင်းနေတာဖြစ်ပြီး အာတီတာရဲ့အသင်းဟာ ဝက်စ်ဟမ်းအသင်းခေါင်းဆောင် ဒီကလန် ရိုက်ကို ပေါင် ၁၀၅ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီးနောက် ဂွါဒီယိုလာရဲ့အသင်းနဲ့ ကွာဟမှုကို ပိုမိုလျှော့ချဖို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။

အင်္ဂလန်ကွင်းလယ်ကစားသမား ဒီကလန် ရိုက်ဟာ အမ်းမရိတ်စ်က အာဆင်နယ်ကစားသမားအဖြစ် ၂၀၂၃-၂၀၂၄ ရာသီမှာ ပွဲဦးထွက်ပါဝင်ကစားပေးသွားမယ့်ကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းခြင်းခံခဲ့ရချိန်မှာ “ကျွန်တော် မစောင့်ဆိုင်းနိုင်တော့ဘူး။ ကျွန်တော် အသင်းကို ပြောင်းလာတဲ့အချိန်တုန်းက နည်းပြနဲ့ စကားပြောခဲ့ပြီး ကျွန်တော်တို့ ပွဲကြည့်စင်ကနေ မတ်တပ်ရပ်ပြီး ကွင်းထဲကို လှမ်းကြည့်လိုက်တဲ့အချိန်မှာ တကယ်ကို ထူးဆန်းခဲ့ပါတယ်။ ကောင်းလိုက်တဲ့ကွင်းကြီး။ ကျွန်တော်တို့ အဲဒီမှာ အိမ်ကွင်းအဖြစ် ကစားခွင့်ရတာ အရမ်းကို ကံကောင်းပါတယ်။ မနှစ်က ဒီနေရာက ပရိသတ်တွေနဲ့ ပတ်ဝန်းကျင်အငွေ့အသက်တွေက ရူးသွပ်ချင်စရာကောင်းခဲ့ပါတယ်။ ပွဲစဉ်တွေထဲက အချို့ပေါ့။ ဒီနှစ်တော့ ကျွန်တော်တို့ ပိုကောင်းတဲ့အဆင့်တစ်နေရာကို သွားနိုင်ပြီး ပရိသတ်တွေကို ပိုလို့တောင် စိတ်လှုပ်ရှားအောင် လုပ်ပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ်။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet