လေ့ကျင့်ရေးကနေ ပထုတ်ခံခဲ့ရပြီးနောက် တွစ်တာမှာ ပို့စ်တင်ခဲ့တဲ့ ဂန်းနားကြယ်ပွင့်
အာဆင်နယ်တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂန်ဟာ တနင်္လာနေ့က လော့စ်အိန်ဂျလိစ်မှာ ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ရေးအစီအစဉ်အတွင်း အသင်းဖော်တွေနဲ့ သီးခြား လေ့ကျင့်ခဲ့ရပြီးနောက် လူမှုကွန်ရက်ပေါ်မှာ ပို့စ်တင်ခဲ့ပါတယ်။
ဘာလိုဂန်ကို အာဆင်နယ်အသင်းက သင့်တော်တဲ့ စျေးနှုန်းရမယ်ဆိုရင် ရောင်းချသွားမှာဖြစ်ပြီး အာဆင်နယ်အသင်းက ယူအက်စ်အေလက်ရွေးစင်တိုက်စစ်မှူးအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀ သတ်မှတ်ထားတယ်လို့ သိရပါတယ်။ အသက် ၂၂ နှစ်အရွယ်ကစားသမားဟာ တနင်္လာနေ့မှာ အာဆင်နယ်အသင်းဖော်တွေအားလုံးနဲ့ သီးခြားစီ လေ့ကျင့်ခဲ့ရတာဖြစ်ပြီး အမ်းမရိတ်စ်က ၎င်းရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး အရိပ်အမြွက် ပြသခဲ့တာ ဖြစ်နိုင်ပါတယ်။
ဘာလိုဂန်ဟာ အာဆင်နယ်ရဲ့ ကနဦး သွေးပူလေ့ကျင့်ခန်းနဲ့ အကြောလျှော့ရာမှာ ပါဝင်ခဲ့ပေမယ့်လည်း ဘောလုံးနဲ့အတူ လေ့ကျင့်ရေးတွေ ပြုလုပ်ရတဲ့အချိန်မှာတော့ ကျန်အသင်းသားတွေနဲ့ ပါဝင်ခွင့်မရဘဲ အဝတ်လဲခန်းထကို ပြန်သွားခဲ့ရတာဖြစ်ပြီး ပြီးတဲ့နောက်မှာ ကြံ့ခိုင်ရေးနည်းပြနဲ့အတူ တစ်ဦးတည်း လေ့ကျင့်နေခဲ့တာကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။
လက်ရှိမှာတော့ ဘာလိုဂန်ဟာ တွစ်တာလူမှုကွန်ရက်ပေါ်မှာ သိရခက်တဲ့ သတင်းစကားကိုတင်ခဲ့ပြီး စိန်တုံးပုံ အီမိုဂျီနဲ့အတူ အာဆင်နယ်ရှပ်ကို ဝတ်ဆင်ထားတဲ့ ဓာတ်ပုံကို တင်ခဲ့တာ ဖြစ်ပါတယ်။ အင်တာမီလန်အသင်းဟာ ဂန်းနားလူငယ်တိုက်စစ်မှူးကို ခေါ်ယူဖို့ စိတ်ဝင်စားနေလို့ football.london က ဖော်ပြခဲ့ပြီး ဘာလိုဂန်ဟာ နယူးဂျာစီမှာ မန်ချက်စတာယူနိုက်တက်ကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာလည်း ပါဝင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။
“ကျွန်တော်တို့ တိုက်စစ်မှာ ရွေးချယ်စရာအချို့ ရှိပြီး ကျွန်တော်တို့ ကစားသမားအချို့ကို သုံးချင်တာကြောင့် ကစားသမားအချို့ကို မမြင်တွေ့ခဲ့ရတာပါ။ ဒါပေမယ့် သူတို့တွေကို လာမယ့်ပွဲမှာ မြင်တွေ့ခွင့်ရမှာပါ။”လို့ အာတီတာက မန်ယူနိုက်တက်နဲ့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာဖြစ်ပြီး ဟေးအမ်း အကယ်ဒမီထွက်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီကို လီဂူးဝမ်းက ရင်းမ်စ်အသင်းအတွက် အငှားကစားသမားအဖြစ် လိဂ်သွင်းဂိုး ၂၁ ဂိုးအထိ သွင်းယူပေးပြီး အောင်မြင်စွာ အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet