Transfer News

ဂန်းနားတွေ လိုချင်နေတဲ့ ကစားသမားကို ဇန်နဝါရီမှာ ရောင်းပေးဖို့ အဆင်သင့်ဖြစ်နေတဲ့ ချဲလ်ဆီး 620 413 coyg

ဂန်းနားတွေ လိုချင်နေတဲ့ ကစားသမားကို ဇန်နဝါရီမှာ ရောင်းပေးဖို့ အဆင်သင့်ဖြစ်နေတဲ့ ချဲလ်ဆီး

ချဲလ်ဆီးဟာ စျေးကြီးပေးဝယ်ခဲ့ရပေမယ့် စတမ်းဖို့ဒ် ဘရစ်ချ်မှာ အသားကျဖို့ ရုန်းကန်နေခဲ့ရတဲ့ မိုင်ခေလို မာဒရစ်ခ်ကို ဇန်နဝါရီလမှာ ရောင်းချသွားနိုင်တာကြောင့် ဂန်းနားတွေက စိတ်ဝင်စားမှုကို ပြန်လည်အသက်သွင်းဖို့ အဆင်သင့်ဖြစ်နေပါတယ်။ Fichajes ရဲ့ ဖော်ပြချက်အရ ချဲလ်ဆီးဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမတိုင်ခင် မိုင်ခေလို မာဒရစ်ခ်ကို ထွက်ခွာခွင့်ပေးသွားဖို့ စဉ်းစားနေပြီး အခြားအကြံအစည်တွေကိုလည်း တွေးတောနေပါတယ်။ ချဲလ်ဆီးဟာ အသက် ၂၂ နှစ်အရွယ်ကစားသမားကို အတွေ့အကြုံရရှိဖို့…

read more
အာဆင်နယ်အတွက် ကစားပေးချင်တယ်လို့ ဝန်ခံခဲ့တဲ့ အင်္ဂလန်အနိုင်ဂိုးသွင်းရှင် 615 409 coyg

အာဆင်နယ်အတွက် ကစားပေးချင်တယ်လို့ ဝန်ခံခဲ့တဲ့ အင်္ဂလန်အနိုင်ဂိုးသွင်းရှင်

အက်စတန် ဗီလာတိုက်စစ်မှူး အိုလီ ဝပ်ကင်းစ်က အမ်းမရိတ်စ်ကို ပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်နေချိန်မှာ အာဆင်နယ်အတွက် တစ်နေ့မှာ ကစားပေးချင်တဲ့ဆန္ဒကို လျှို့ဝှက်ထားခြင်းမရှိခဲ့တာဖြစ်ပါတယ်။ ဂန်းနားတွေဟာ တိုက်စစ်မှာ ရွေးချယ်စရာ အများအပြား ရှိနေပြီး ဂါဘရီယဲလ် ဂျေးဇု၊ အန်ကီးတီးယား၊ ကိုင် ဟာဗတ်ဇ်၊ လီအန်ဒရို ထရော့ဆာ့ဒ်တို့အားလုံးက အထောင်တိုက်စစ်မှူးအဖြစ် ကစားနိုင်ကြတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲဒါက မြောက်လန်ဒန်ကို နောက်ထပ် အထောင်တိုက်စစ်မှူးတစ်ဦး…

read more
ဇန်နဝါရီမှာ တိုနီကို ခေါ်ယူဖို့ အဓိကကျတဲ့အခန်းကဏ္ဍကနေ ပါဝင်နေတဲ့ ဆာလီဘာ 1024 504 coyg

ဇန်နဝါရီမှာ တိုနီကို ခေါ်ယူဖို့ အဓိကကျတဲ့အခန်းကဏ္ဍကနေ ပါဝင်နေတဲ့ ဆာလီဘာ

အာဆင်နယ်ကြယ်ပွင့် ဝီလီယံ ဆာလီဘာဟာ နည်းပြ အာတီတာကို ဇန်နဝါရီလမှာ ဘရန့်တ်ဖို့ဒ် တိုက်စစ်မှူး အိုင်ဗန် တိုနီကို ငွေကြေးအများအပြား သုံးစွဲပြီး ခေါ်ယူဖို့ လိုအပ်တယ်ဆိုတာကို ယုံကြည်လာအောင် ကူညီပေးနိုင်ခဲ့တာဖြစ်နိုင်ပါတယ်။ ဘရန့်တ်ဖို့ဒ် တိုက်စစ်မှူးဟာ အက်ဖ်အေရဲ့ လောင်းကစားစည်းမျဉ်းကို ချိုးဖောက်ခဲ့ပြီးနောက် ဇန်နဝါရီ ၁၇ ရက်နေ့မတိုင်ခင်အထိ ပွဲကစားခွင့် ပိတ်ပင်ခံထားရပေမယ့်လည်း ပွဲပြန်လည်မကစားမီ ကြံ့ခိုင်မှု ရရှိဖို့ လေ့ကျင့်ရေး…

read more
အာတီတာ ခေါင်းကိုက်ရဦးမယ့် အိုဆီမန် အလဲအထပ်သဘောတူညီမှု 1024 576 coyg

အာတီတာ ခေါင်းကိုက်ရဦးမယ့် အိုဆီမန် အလဲအထပ်သဘောတူညီမှု

နာပိုလီဟာ လာမယ့်နှစ်မှာ ဗစ်တာ အိုဆီမန်ကို ရောင်းထုတ်ဖို့ ကြိုတင်ပြင်ဆင်နေပြီး ကြယ်ပွင့်တိုက်စစ်မှူးကို အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ခွင့်ပေးသွားချင်ပေမယ့်လည်း ဂါဘရီယဲလ် ဂျေးဇုကို ပြန်လည် ရရှိမှသာဖြစ်လိမ့်မယ်လို့ သိရပါတယ်။ အိုဆီမန်ဟာ ဘိုလော့ဂ်ညာနဲ့ သရေကျခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ ပင်နယ်တီ လွဲချော်ခဲ့ပြီးနောက်ပိုင်း နိုင်ဂျီးရီးယားကြယ်ပွင့်ကို ဟာသလုပ်ထားပုံပေါ်တဲ့ ဗီဒီယိုကို နာပိုလီက ပြီးခဲ့တဲ့လက တင်ခဲ့ပြီးနောက် အီတလီချန်ပီယံတွေကို တရားဥပဒေကြောင်းအရ စွဲဆိုသွားဖို့ စဉ်းစားနေတယ်လို့…

read more
ဇန်နဝါရီမှာ ချဲလ်ဆီးနဲ့အပြိုင် တိုက်စစ်မှူးခေါ်ယူမယ့် အာဆင်နယ် 615 410 coyg

ဇန်နဝါရီမှာ ချဲလ်ဆီးနဲ့အပြိုင် တိုက်စစ်မှူးခေါ်ယူမယ့် အာဆင်နယ်

ချဲလ်ဆီး၊ အာဆင်နယ်နဲ့ တော့တင်ဟမ်ဟော့စပါးတို့ဟာ ဇန်နဝါရီလမှာ သွင်းဂိုး၊ ဂိုးဖန်တီးမှုတွေနဲ့ ရုပ်ပိုင်းဆိုင်ရာအားကောင်းတဲ့ ကစားသမားမျိုးကို ခေါ်ယူဖို့ ကြိုးပမ်းသွားကြဖွယ်ရှိပါတယ်။ ဘရန့်တ်ဖို့ဒ်ဟာ ဇန်နဝါရီလမှာ စာချုပ်သက်တမ်း ၁၈ လသာ ကျန်ရှိတော့မယ့် ကစားသမားတစ်ဦးအတွက် အနည်းဆုံး ပေါင်သန်း ၆၀ အထိ တောင်းဆိုသွားမှာဖြစ်ပြီး သင့်တော်တဲ့စျေးနှုန်းမရဘူးဆိုရင် လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမတိုင်ခင်အထိ ရောင်းထုတ်သွားဖွယ်မရှိတာဖြစ်ပါတယ်။ ဘရန့်တ်ဖို့ဒ်က အိုင်ဗန် တိုနီဟာ ၎င်းတို့အတွက် သွင်းဂိုးတွေ…

read more
ဂါဘရီယဲလ်ကို ရောင်းထုတ်မယ့်ဈေးသတ်မှတ်ထားတဲ့ အာဆင်နယ် 750 528 coyg

ဂါဘရီယဲလ်ကို ရောင်းထုတ်မယ့်ဈေးသတ်မှတ်ထားတဲ့ အာဆင်နယ်

အာဆင်နယ်အတွက် စနေနေ့ညနေ အမ်းမရိတ်စ်က ဖူလ်ဟမ်နဲ့ပွဲစဉ်ဟာ စိတ်ပျက်စရာရလဒ်နဲ့ ရင်ဆိုင်ခဲ့ရပြီး အစောပိုင်းအမှားကြောင့် ပထမဆုံးမိနစ်မှာပဲ အဖွင့်ဂိုးကို ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။ အာဆင်နယ်က ဆာကာနဲ့ အန်ကီးတီးယားတို့ သွင်းဂိုးတွေကြောင့် ၂-၁ နဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲပြီးခါနီးမှာ ချေပဂိုး ပြန်ပေးခဲ့ရပြီး သရေကျခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ဖူလ်ဟမ်ကို ပွဲကစားချိန်အများစုမှာ အသာစီးရယူထားနိုင်ခဲ့ပေမယ့်လည်း ခံစစ်ပိုင်း အားနည်းမှုတွေက ဂန်းနားတွေရဲ့ အခွင့်အလမ်းတွေကို အကန့်အသတ်ရှိစေခဲ့တာဖြစ်ပါတယ်။…

read more
အာဆင်နယ် ခေါ်ရမယ့်ကစားသမားက ဘယ်လိုမျိုးလဲဆိုတာ ပြောပြခဲ့တဲ့ ပီတစ် 1024 504 coyg

အာဆင်နယ် ခေါ်ရမယ့်ကစားသမားက ဘယ်လိုမျိုးလဲဆိုတာ ပြောပြခဲ့တဲ့ ပီတစ်

အာဆင်နယ်အနေနဲ့ နယူးကာဆယ်ယူနိုက်တက်ကြယ်ပွင့် အလက်ဇန်းဒါး အိုင်းဆက်လိုမျိုး တိုက်စစ်မှူးကို ခေါ်ယူဖို့ ကြိုးပမ်းသင့်တယ်လို့ ဂန္တဝင်ကွင်းလယ်ကစားသမား အီမန်နျူရယ် ပီတစ်က ပြောကြားခဲ့ပါတယ်။ ပြင်သစ်ကွင်းလယ်ကစားသမားဟောင်းဟာ ၎င်းရဲ့အသင်းဟောင်းအနေနဲ့ ယခုရာသီမှာ ဆုဖလားတွေအတွက် ယှဉ်ပြိုင်ချင်တယ်ဆိုရင် တိုက်စစ်ကို အင်အားဖြည့်တင်းဖို့ မဖြစ်မနေ လိုအပ်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။ အိုင်းဆက်ဟာ ပြီးခဲ့တဲ့နှစ်နွေရာသီမှာ ရီးရဲလ်ဆိုစီဒက်ကနေ နယူးကာဆယ်ကို အသင်းစံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာပြီးကတည်းက အထင်ကြီးဖွယ်ခြေစွမ်းပြသခဲ့တာဖြစ်ပြီး ယခုရာသီမှာလည်း သွင်းဂိုး…

read more
ဂန်းနားတွေက ပေါင်သန်း ၄၀ တန်ကြယ်ပွင့်ကို ကပ်ခေါ်သွားနိုင်တယ်ဆိုတဲ့ ရိုမာနို 1024 538 coyg

ဂန်းနားတွေက ပေါင်သန်း ၄၀ တန်ကြယ်ပွင့်ကို ကပ်ခေါ်သွားနိုင်တယ်ဆိုတဲ့ ရိုမာနို

ဖက်ဘရီဇီယို ရိုမာနိုက အာဆင်နယ်အနေနဲ့ အသက် ၂၃ နှစ်အရွယ် အိုင်းယက်ကွင်းလယ်လူ မိုဟာမက် ကူးဒက်စ်ကို နောက်ကျ ကမ်းလှမ်းမှု ပြုလုပ်နိုင်သေးတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ယူကျုမှာ စကားပြောဆိုရာမှာ အပြောင်းအရွှေ့ အထူးကျွမ်းကျင်သူ ဖက်ဘရီဇီယို ရိုမာနိုက အိုင်းယက်ဟာ ကူးဒက်စ်အတွက် နောက်ကျစိတ်ဝင်စားမှု ရှိလာနိုင်တယ်ဆိုတာကို သိရှိနေပြီး ရလဒ်အနေနဲ့ ဝက်စ်ဟမ်းရဲ့ ကမ်းလှမ်းမှုကို လက်မခံဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။…

read more
အာဆင်ဝင်းဂါး ခေါ်ယူခဲ့တဲ့ကစားသမားကြောင့် အကျိုးအမြတ်ရရှိမယ့် အာဆင်နယ် 1024 504 coyg

အာဆင်ဝင်းဂါး ခေါ်ယူခဲ့တဲ့ကစားသမားကြောင့် အကျိုးအမြတ်ရရှိမယ့် အာဆင်နယ်

အာဆင်နယ်ဟာ ဝက်စ်ဟမ်းကို ကွန်စတန်တီးနို့စ် မာဗရိုပါးနို့စ်ရဲ့ ပေါင် ၁၇ သန်းနဲ့ ပြောင်းရွှေ့မှုကနေ ၁၀ ရာခိုင်နှုန်း ရရှိသွားမှာဖြစ်တယ်လို့ Football.london က ဖော်ပြခဲ့ပါတယ်။ မာဗရိုပါးနို့စ်ဟာ ဝက်စ်ဟမ်းနဲ့ ၅ နှစ် စာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီးနောက် အင်္ဂါနေ့မှာ ပရီးမီးယားလိဂ်ကို ပြန်လာခဲ့တာဖြစ်ပြီး အသက် ၂၅ နှစ်အရွယ်နောက်ခံလူဟာ ပြီးခဲ့တဲ့နှစ် နွေရာသီမှာ ဂန်းနားတွေကို စွန့်ခွာသွားခဲ့ပြီးနောက်…

read more
အာဆင်နယ်ရဲ့နွေရာသီအိပ်မက်ကို အလှပဆုံးအဆုံးသတ်ဖို့ ရွေးချယ်စရာ ၃ ခုရှိနေတဲ့ အာတီတာ 1024 504 coyg

အာဆင်နယ်ရဲ့နွေရာသီအိပ်မက်ကို အလှပဆုံးအဆုံးသတ်ဖို့ ရွေးချယ်စရာ ၃ ခုရှိနေတဲ့ အာတီတာ

အာဆင်နယ်ရဲ့ နွေရာသီအပြောင်းအရွှေ့လုပ်ဆောင်မှုတွေဟာ အလွန်လျင်မြန်ပြီး ထိပ်တန်းပစ်မှတ်တွေကို ခပ်ကြမ်းကြမ်းပဲ အရခေါ်ယူနိုင်ခဲ့ပေမယ့်လည်း အကောင်းဆုံးအဆုံးသတ်နိုင်ဖို့ ကစားသမားခေါ်ယူမှုအနည်းငယ်လိုအပ်နေသေးတာဖြစ်ပါတယ်။ ဒီကလန် ရိုက်၊ ခိုင် ဟာဗတ်ဇ်၊ တင်းဘားတို့အတွက် ပေါင်သန်း ၂၀၀ အထိ သုံးစွဲခဲ့တဲ့ အာဆင်နယ်ဟာ ဂိုးနေရာအတွက်လည်း ဘရန့်တ်ဖို့ဒ် ဂိုးသမား ဒေးဗစ် ရာယာကို ခေါ်ယူခဲ့ပြီး အာတီတာက နောက်ထပ်ကစားသမားခေါ်ယူမှုတွေ မမျှော်လင့်ထားဘူးလို့ ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့ပေမယ့်လည်း စျေးကွက်ထဲမှာ…

read more