Transfer News

တိုနီအစား စျေးသက်သက်သာသာနဲ့ ခေါ်ယူနိုင်မယ့် တိုက်စစ်မှူး ၃ ဦး 1024 504 coyg

တိုနီအစား စျေးသက်သက်သာသာနဲ့ ခေါ်ယူနိုင်မယ့် တိုက်စစ်မှူး ၃ ဦး

အာဆင်နယ်အတွက် ဒီဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ပြောစရာအချက် ၂ ချက်ရှိပြီး ပထမအချက်က တိုက်စစ်မှူး တစ်ဦးခေါ်ယူချင်နေတာဖြစ်ပြီး ဒုတိယအချက်က အသင်းရဲ့ ဘဏ္ဍာရေးပိုင်း အကန့်အသတ်တွေကြောင့် လိုချင်တဲ့တိုက်စစ်မှူးကို ခေါ်ယူဖို့ မဖြစ်နိုင်လုနီးပါးအခြေအနေဖြစ်နေတာဖြစ်ပါတယ်။ အမြတ်အစွန်းနဲ့ ရေရှည်ရပ်တည်နိုင်ရေး စည်းမျဉ်းတွေကြောင့် အာဆင်နယ်ဟာ ငွေသုံးနိုင်တာတောင်မှ အိုင်ဗန် တိုနီကို ဒီဆောင်းရာသီမှာ ခေါ်ယူနိုင်မှာမဟုတ်ဘဲ ကစားသမား ၂ ဦး၊ ၃ ဦးလောက်အထိ…

read more
ဇန်နဝါရီအဓိကပစ်မှတ်တွေထဲက တစ်ဦးအတွက် အဖြေရလိုက်ရပြီဖြစ်တဲ့ အာဆင်နယ် 644 429 coyg

ဇန်နဝါရီအဓိကပစ်မှတ်တွေထဲက တစ်ဦးအတွက် အဖြေရလိုက်ရပြီဖြစ်တဲ့ အာဆင်နယ်

ဂျူဗင်တပ်ဟာ ကာလရှည် ပစ်မှတ်တွေထဲက တစ်ဦးကို စိတ်ဝင်စားမှု ပြန်လည်အသက်သွင်းခဲ့တဲ့ ဂန်းနားတွေကို ပြင်းထန်တဲ့ သတိပေးစကား ပေးပို့လိုက်ပါတယ်။ ဂန်းနားတွေဟာ ယခုရာသီ သွင်းဂိုးတွေ နည်းပါးနေခဲ့ပြီး ဆုဖလားစိန်ခေါ်မှုကို ခံစစ်ပိုင်း ကောင်းမွန်မှုနဲ့ ကြံ့ကြံ့ခံထားရတာကြောင့် အင်အား မဖြစ်မနေ ဖြည့်တင်းဖို့ လိုအပ်နေတဲ့ တိုက်စစ်အတွက် ခေါ်ယူနိုင်ခြေရှိတဲ့ ကစားသမားတွေကို ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ ဘရာဇီးလ်တိုက်စစ်မှူးတွေဖြစ်တဲ့ ဂါဘရီယဲလ် မာတီနယ်လီနဲ့ ဂျေးဇုတို့…

read more
အာဆင်နယ် ခေါ်မယ့် တိုက်စစ်မှူးကို စိတ်ဝင်စားဖွယ် သုံးသပ်လိုက်တဲ့ အိုဝင် 1024 683 coyg

အာဆင်နယ် ခေါ်မယ့် တိုက်စစ်မှူးကို စိတ်ဝင်စားဖွယ် သုံးသပ်လိုက်တဲ့ အိုဝင်

ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်က ဖွင့်လှစ်နေပြီဖြစ်ပြီး မီခေးလ် အာတီတာရဲ့ အာဆင်နယ်ဟာ အလုပ်များနေမယ့် အသင်းတွေထဲက တစ်သင်းအဖြစ် မျှော်မှန်းခြင်း ခံထားရပါတယ်။ ကစားသမားအဝင်ရော အထွက်ပါရှိလာနိုင်တဲ့ အာဆင်နယ်တို့ရဲ့ ပစ်မှတ်စာရင်း ထိပ်ဆုံးမှာ ရှိနေတဲ့ နာမည်ကတော့ ဘရန့်တ်ဖို့ဒ် တိုက်စစ်မှူး အိုင်ဗန် တိုနီဖြစ်ပြီး ဂန်းနားတို့အတွက် အင်္ဂလန်တိုက်စစ်မှူးကို ခေါ်ယူဖို့ မဖြစ်မနေလိုအပ်နေပေမယ့်လည်း မိုက်ကယ် အိုဝင်ကတော့ မသေချာ ဖြစ်နေတာဖြစ်ပါတယ်။ လီဗာပူးလ်နဲ့…

read more
အမ်ဘာပေကို ခေါ်ယူနိုင်ခြေ ဘယ်လောက်ရှိလဲ သိလိုက်ရတဲ့ အာဆင်နယ် 766 525 coyg

အမ်ဘာပေကို ခေါ်ယူနိုင်ခြေ ဘယ်လောက်ရှိလဲ သိလိုက်ရတဲ့ အာဆင်နယ်

ဇန်နဝါရီအပြောင်းအရွှေ့ကာလ ၃ ရက်မြောက်နေ့မှာ အာဆင်နယ်နဲ့ ကစားသမားအချို့ သတင်းတွေ ဆက်လက်ထွက်ပေါ်နေပြီး ကစားသမားအနည်းငယ်လည်း အသင်းကို စွန့်ခွာရနိုင်ခြေရှိနေပါတယ်။ အာတီတာဟာ ဒီရာသီမှာ အဓိကပြဿနာဖြစ်နေတဲ့ တိုက်စစ်ကို အင်အားဖြည့်တင်းချင်နေပြီး အဆုံးသတ်နဲ့ တိုးအားရုန်းအားကောင်းမယ့် တိုက်စစ်မှူးမျိုး မဖြစ်မနေ ခေါ်ယူသွားဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ အာဆင်နယ်နဲ့ သတင်းထွက်ပေါ်နေတဲ့ တိုက်စစ်မှူးတွေထဲမှာ ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး အမ်ဘာပေလည်း ပါဝင်နေခဲ့ပေမယ့်လည်း အာဆင်နယ်အနေနဲ့ ပီအက်စ်ဂျီကနေ…

read more
ဇန်နဝါရီမှာ တင်းဘားနေရာအတွက် အားဖြည့်သွားမယ့် ဂန်းနားများ 1024 504 coyg

ဇန်နဝါရီမှာ တင်းဘားနေရာအတွက် အားဖြည့်သွားမယ့် ဂန်းနားများ

အာဆင်နယ်ဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ခံစစ်အင်အားဖြည့်တင်းမှုအဖြစ် အိုင်းယက်စ်ရဲ့ အသက် ၁၇ နှစ်အရွယ် လူငယ်ကြယ်ပွင့် ဂျော်ရယ် ဟာတိုကို ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ မြောက်လန်ဒန်သားတွေဟာ လက်ရှိမှာ ခံစစ်နေရာအတွက် ရွေးချယ်စရာ နည်းပါးနေတာဖြစ်ပြီး တင်းဘားက ကာလရှည် ဒူးဒဏ်ရာကနေ ပြန်လည်သက်သာလာဖို့ လုပ်ဆောင်နေဆဲဖြစ်သလို တိုမိယဆုကလည်း ဖေဖော်ဝါရီလလယ်မတိုင်ခင်အထိ ပြန်ကောင်းလာဖို့ မရှိသေးတာဖြစ်ပါတယ်။ အာတီတာဟာ ခံစစ်အတွက် အင်အားဖြည့်တင်းချင်နေပေမယ့်လည်း…

read more
စူပါအသင်းဖြစ်လာချင်နေတဲ့ အာတီတာအတွက် ဗီယာရာလက်သစ်ကို ခေါ်ပေးမယ့် အီဒူး 1024 683 coyg

စူပါအသင်းဖြစ်လာချင်နေတဲ့ အာတီတာအတွက် ဗီယာရာလက်သစ်ကို ခေါ်ပေးမယ့် အီဒူး

မီခေးလ် အာတီတာနဲ့ အီဒူးတို့ဟာ ပရီးမီးယားလိဂ်မှာ မန်ချက်စတာစီးတီးနဲ့ ယှဉ်ပြိုင်ရမယ့် တိုက်ပွဲထဲမှာ အသာစီး ရရှိနိုင်စေမယ့် အပြောင်းအရွှေ့တစ်ခုကို ပြုလုပ်ဖို့ ပစ်မှတ်ထားနေကြပါတယ်။ နွေရာသီကစားသမားခေါ်ယူမှုဖြစ်တဲ့ ဒီကလန် ရိုက်ဟာ အစ်တီဟတ်မှာ ဂွါဒီယိုလာ လိုချင်ခဲ့တဲ့ ကစားသမားဖြစ်ခဲ့ပြီး ဂန်းနားတွေဟာ အင်္ဂလန်ကြယ်ပွင့်နဲ့အတူ ကိုင် ဟာဗတ်ဇ်၊ တင်းဘား၊ ရာယာတို့ကိုပါ အင်အားဖြည့်ခဲ့တာဖြစ်ပါတယ်။ ဒီကလန် ရိုက်ဟာ ဝက်စ်ဟမ်းကနေ ပြောင်းရွှေ့လာခဲ့တဲ့အချိန်ကတည်းက…

read more
တိုနီနဲ့ ပေါင်သန်း ၁၅၀ အပြောင်းအရွှေ့ကြောင့် ရမှတ်လျှော့ခံရနိုင်မှုကို သိထားတဲ့ အာဆင်နယ် 810 539 coyg

တိုနီနဲ့ ပေါင်သန်း ၁၅၀ အပြောင်းအရွှေ့ကြောင့် ရမှတ်လျှော့ခံရနိုင်မှုကို သိထားတဲ့ အာဆင်နယ်

အာဆင်နယ်ဟာ အနာဂတ်မှာ အပြစ်ပေးခံရနိုင်ခြေကို ရှောင်လွှဲနိုင်မယ့်နည်းနဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ချင့်ချင့်ချိန်ချိန် လုပ်ဆောင်သွားရမှာဖြစ်ပြီး ဂန်းနားတွေဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံခဲ့တယ်ဆိုပေမယ့်လည်း ဒီနွေရာသီလောက်တော့မဟုတ်ခဲ့တာဖြစ်ပါတယ်။ ဒီကလန် ရိုက်ဟာ အသင်းစံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၀၅ သန်းနဲ့ စံချိန်တင်ခေါ်ယူမှုဖြစ်ခဲ့ပြီး ချဲလ်ဆီးကနေ ခေါ်ယူခဲ့တဲ့ ကိုင် ဟာဗတ်ဇ်ကလည်း ပေါင် ၆၅ သန်းဝန်းကျင် ပေးချေခဲ့ရတာဖြစ်ပါတယ်။ အိုင်းယက်စ်ကနေ ခေါ်ယူခဲ့တဲ့…

read more
ဆော်ဒီပရိုလိဂ်ကြယ်ပွင့်ကို ခေါ်ယူပေးဖို့ အသင်းကို တောင်းဆိုနေတဲ့ အာတီတာ 1024 504 coyg

ဆော်ဒီပရိုလိဂ်ကြယ်ပွင့်ကို ခေါ်ယူပေးဖို့ အသင်းကို တောင်းဆိုနေတဲ့ အာတီတာ

အာဆင်နယ်နည်းပြ မီခေးလ် အာတီတာဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အယ်လ် ဟီလာလ်ကွင်းလယ်ကစားသမား ရူဘင် နက်ဗက်စ်ကို အရခေါ်ယူပေးဖို့ အသင်းကို အခိုင်အမာ တောင်းဆိုနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ပေါ်တူဂီလက်ရွေးစင်ကြယ်ပွင့်ဟာ ပရီးမီးယားလိဂ်မှာ ဝုလ်ဗ်စ်နဲ့ ရှိနေခဲ့တဲ့ ကာလတုန်းက တောက်ပခဲ့သူဖြစ်ပြီး ဆော်ဒီ အာရေဗျကို အံ့အားသင့်ဖွယ် ပြောင်းရွှေ့ခဲ့ပြီးနောက် ဆုဖလားစိန်ခေါ်နေတဲ့ အာဆင်နယ်လို အသင်းမျိုးမှာ ဘာလုပ်ပြနိုင်မလဲဆိုတာ စိတ်ဝင်တစား…

read more
ပါတေးရဲ့နေရာမှာ ပေါင် ၄၂ သန်းတန်ကစားသမားနဲ့ အစားထိုးသွားတော့မယ့် အာဆင်နယ် 1024 576 coyg

ပါတေးရဲ့နေရာမှာ ပေါင် ၄၂ သန်းတန်ကစားသမားနဲ့ အစားထိုးသွားတော့မယ့် အာဆင်နယ်

အာတီတာရဲ့ အာဆင်နယ်ဟာ ဒဏ်ရာပြဿနာတွေကြောင့် အမြဲလိုလို ရုန်းကန်နေရတဲ့ သောမတ်စ် ပါတေးရဲ့ နေရာမှာ မန်ချက်စတာစီးတီးကွင်းလယ်လူ ကယ်လ်ဗင် ဖိလစ်ပ်စ်နဲ့ အစားထိုးချင်နေတယ်လို့ သိရပါတယ်။ Tuttojuve ရဲ့ ဖော်ပြချက်အရ အာဆင်နယ်ဟာ ဂါနာကွင်းလယ်လူရဲ့နေရာမှာ အစားထိုးခေါ်ယူမှုအဖြစ် မန်ချက်စတာစီးတီးမှာ ပုံမှန်ပွဲထွက်ခွင့်မရဖြစ်နေတဲ့ ကယ်လ်ဗင် ဖိလစ်ပ်စ်ကို ခေါ်ယူဖို့ ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။ ပါတေးဟာ ဒီရာသီမှာလည်း ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရပေမယ့်လည်း…

read more
ဇန်နဝါရီအတွက် အာတီတာကို အဖြေပေးလိုက်ပြီဖြစ်တဲ့ အာဆင်နယ် 1024 504 coyg

ဇန်နဝါရီအတွက် အာတီတာကို အဖြေပေးလိုက်ပြီဖြစ်တဲ့ အာဆင်နယ်

အာဆင်နယ်ဟာ ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်မှာ နည်းပြ အာတီတာကို ငွေကြေးသုံးစွဲခွင့်ပေးလိုက်ပြီလို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ အာဆင်နယ် ထိပ်ပိုင်းတာဝန်ရှိသူတွေဟာ ကစားသမားတစ်ဦးအတွက် ပေါင်သန်း ၅၀ လောက်အထိ သုံးစွဲချင်တဲ့ဆန္ဒရှိနေပြီး ဆုဖလားစိန်ခေါ်နေတဲ့ အသင်းအတွက် လိုအပ်တဲ့ ငွေကြေးတွေ ဆက်လက် ထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့ ဖော်ပြခဲ့တဲ့ Football Insider ရဲ့ သတင်းအရ သိရပါတယ်။ လက်ရှိမှာ အမှတ်ပေးဇယားထိပ်ဆုံးက မန်ချက်စတာစီးတီးနဲ့ ၁…

read more