EXCLUSIVE : ကီရင် တီယာနေးကို ပေါင်သန်း (၃၀) နဲ့ခေါ်ဖို့ နယူးကာဆယ် ပစ်မှတ်ထား mgsaw

EXCLUSIVE : ကီရင် တီယာနေးကို ပေါင်သန်း (၃၀) နဲ့ခေါ်ဖို့ နယူးကာဆယ် ပစ်မှတ်ထား

ဇင်ချင်ကိုရဲ့နောက်မှာ နေရာပျောက်ဆုံးနေတဲ့ ကီရင် တီယာနေးကို နယူးကာဆယ်အသင်း ပစ်မှတ်ထားလာတာ ဖြစ်ပါတယ်။ အစောပိုင်းက ကောလဟလအဆင့်သာ ဖြစ်ခဲ့ပေမယ့် Telegraph က အခိုင်အမာ ဖော်ပြလာခဲ့ပြီးနောက် စကော့တလန်သား ထွက်ခွာမယ့်သတင်းဟာ သေချာတဲ့သဘော ဆောင်လာတာပါ။

အာဆင်နယ်ကလည်း ရာသီကုန် နွေဈေးကွက်မှာ တီယာနေးရဲ့ အပြောင်းအရွှေ့ကို ခွင့်ပြုချက် ပေးသွားမယ့် အရိပ်အယောင် ပြနေတာကြောင့် နယူးကာဆယ်အတွက် မျှော်လင့်ချက်အများကြီး ရှိနေပါတယ်။

အက်ဒီဟောင်းရဲ့အသင်းဟာ ဘယ်နောက်ခံလူနေရာကို အင်အားဖြည့်တင်းသွားဖို့ အဓိကရည်မှန်းထားပြီး အသက် (၂၅) နှစ်သားရဲ့ အရည်အသွေးတွေကို သဘောကျနေတာ ဖြစ်ပါတယ်။

ပေါင်သန်း (၃၀) လောက်နဲ့ ခေါ်ယူနိုင်လိမ့်မယ်လို့ နယူးကာဆယ်ဘက်က မျှော်မှန်းထားပေမယ့် အာဆင်နယ်ကတော့ စာချုပ်သက်တမ်း (၃) နှစ်ကျန်နေသေးတဲ့ ကစားသမားအတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးမျိုး တောင်းဆိုဖွယ် ရှိပါတယ်။

တီယာနေးဟာ (၂၀၁၉) ခုနှစ် နွေရာသီမှာ စကော့တလန်ကလပ် ဆဲလ်တစ်အသင်းကနေ အာဆင်နယ်အသင်းကို ပေါင် (၂၅) သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။

Arsenal’s Kieran Tierney, left, celebrates scoring his side’s first goal during the Europa League Group A soccer match between Arsenal and FC Zurich at the Emirates stadium in London, Thursday, Nov. 3, 2022. (AP Photo/Frank Augstein)

နည်းပြ အာတေတာ လက်အောက်မှာ အားကိုးရတဲ့ ကစားသမားတဦးအဖြစ် တည်ဆောက်နိုင်ခဲ့ပေမယ့် ဇင်ချင်ကို ရောက်ရှိလာခဲ့ပြီးနောက်မှာ နည်းဗျူဟာပိုင်းအရ ယူကရိန်းသားက ပိုမိုအရေးပါလာတာကြောင့် နေရာပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။

တီယာနေးရဲ့အနာဂတ်ဟာ မာဆေးလ်မှာ အငှားသွားရောက်ကစားကာ ခြေစွမ်းပြသနေတဲ့ ဘယ်နောက်ခံလူ နူနို တာဗာရက်စ်အပေါ် သက်ရောက်နိုင်ကြောင်းလည်း Telegraph သတင်းဌာနကပဲ ဖော်ပြထားပါတယ်။

Ref : Telegraph