အာဆင်နယ်အသင်း ဒေးဗစ် ရာယာကို ခေါ်ယူဖို့ ကြိုးစားလာရခြင်းရဲ့ အဓိက အကြောင်းရင်း ၂ ခု 1024 664 official

အာဆင်နယ်အသင်း ဒေးဗစ် ရာယာကို ခေါ်ယူဖို့ ကြိုးစားလာရခြင်းရဲ့ အဓိက အကြောင်းရင်း ၂ ခု

အာဆင်နယ်အသင်းဟာ အသက် ၂၇ နှစ်အရွယ်ဂိုးသမား ဒေးဗစ် ရာယာကို ခေါ်ယူဖို့ ပြင်ဆင်လာတယ်တို့ သတင်းများ ထွက်ရှိလာခဲ့ပါတယ်။ The Athletic သတင်းထောက် ဒေးဗစ် အွန်းစတိုင်းရဲ့ ပြောကြားချက်အရ ရာယာဟာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိထားတဲ့ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ချင်ပြီး လက်ရှိအချိန်မှာ တရားဝင် ကမ်းလှမ်းမှုတော့ ရရှိထားခြင်း မရှိသေးဘူးလို့ သိရပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ မကြာသေးမီက ပြီးခဲ့တဲ့ရာသီ ဘရန့်တ်ဖို့ဒ်အတွက် ပရီးမီးယားလိဂ် ၃၈ ပွဲစလုံး ပါဝင်ကစားပေးခဲ့တဲ့ ဒေးဗစ် ရာယာကို ခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံးအခြေအနေမှာရှိခဲ့ပေမယ့်လည်း အပြီးသတ်ဝယ်ယူခွင့်ပါဝင်တဲ့ အငှားစာချုပ်နဲ့သာခေါ်ယူချင်ခဲ့တာဖြစ်ပါတယ်။

အဲဒီကမ်းလှမ်းမှုကို ဘရန့်တ်ဖို့ဒ်အသင်းကရော ဒေးဗစ် ရာယာကပါ သဘောမကျခဲ့တာကြောင့် အပြောင်းအရွှေ့က ပျက်ပြယ်သွားခဲ့ပြီဖြစ်တယ်လို့ ဖက်ဘရီဇီယို ရိုမာနိုက ပြောကြားခဲ့ပြီး စပိန်ဂိုးသမားဟာ လန်ဒန်မှာပဲ ဆက်နေချင်သလို အာတီတာရဲ့ စိတ်လှုပ်ရှားဖွယ် စီမံကိန်းမှာလည်း ပါဝင်ချင်တာကြောင့် အမ်းမရိတ်စ်ကိုပဲ ပြောင်းရွှေ့ချင်နေတာဖြစ်ပါတယ်။

ဂန်းနားတွေဟာ ရာယာကို စိတ်ဝင်စားနေတဲ့ အခြားပြိုင်ဘက်အသင်းတွေ ရန်ကနေ ကာကွယ်နိုင်ဖို့ မကြာမီအချိန်အတွင်း တရားဝင်ကမ်းလှမ်းမှု ပြုလုပ်သွားမယ်လို့ ရိုမာနိုက ပြောကြားခဲ့ပြီး စပိန်ဂိုးသမားဟာ ပြီးခဲ့တဲ့ဇွန်လကုန်တုန်းက တော့တင်ဟမ်ဟော့စပါးနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့ပေမယ်လည်း နောက်ဆုံးမှာတော့ စပါးစ်က ဘရန့်တ်ဖို့ဒ် တောင်းတဲ့ဈေးမပေးနိုင်လို့ ပွဲပျက်ခဲ့တာဖြစ်ပါတယ်။

ရမ်းစ်ဒေးလ်လိုပဲ ရာယာဟာ ဖိအားတွေအောက်မှာ ဘောလုံးလက်ခံရယူနိုင်ပြီး နောက်တန်းကနေ တိုက်စစ်ဆင်နိုင်အောင် ဘောလုံးပေးပို့နိုင်စွမ်းရှိတဲ့ ကစားသမားဖြစ်ပြီး ဘရန့်တ်ဖို့ဒ် နည်းပြ သောမတ်စ် ဖရန့်ခ်ကတော့ ကြယ်ပွင့်ကစားသမားအတွက် ပေါင်သန်း ၄၀ လောက်လိုချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော် မျှော်လင့်မိပါတယ်။ ကျွန်တော်တို့ သူ့ကို ရောင်းချဖို့ စောင့်မျှော်နေပါတယ်။ ဒေးဗစ်ကလည်း သွားချင်မှာပါ။ ဒါက ကျွန်တော်တို့အတွက် အဆင်ပြေပါတယ်။ အသင်းတစ်သင်းက သူ့ကို ဝယ်ယူချင်တယ်ဆိုရင် သူတို့တွေ ဈေးနှုန်းကို သိဖို့ လိုအပ်ပါတယ်။ အဲဒီတော့ ဒါက ရိုးရှင်းတဲ့ပုံပေါ်တယ်လို့ ကျွန်တော် ခန့်မှန်းမိတယ်။ ဒါပေမယ့် အဲဒါက အရမ်းခက်ခဲပုံလည်း ပေါ်ပါတယ်။ သူက ပေါင်သန်း ၄၀ တန်တယ်။ ကျွန်တော် သူ့အတွက် အဲဒီလောက်ရချင်တယ်။ သူက ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးဂိုးသမား ၄ ဦးထဲက တစ်ဦးဖြစ်ခဲ့ပါတယ်။ ” လို့ သောမတ်စ် ဖရန့်ခ်က ပြောဆိုခဲ့တာဖြစ်ပါတယ်။

ရမ်းစ်ဒေးလ်ရော ရာယာပါ ပြီးခဲ့တဲ့ရာသီမှာ သက်ဆိုင်ရာအသင်းကိုယ်စီအတွက် ပရီးမီးယားလိဂ်ပွဲစဉ် အားလုံး ပါဝင်ကစားပေးခဲ့ပြီး အင်္ဂလန်ဂိုးသမားက ပေးဂိုး မရှိပွဲစဉ် ပိုမို ပိုင်ဆိုင်ခဲ့ပေမယ့်လည်း ဘရန့်တ်ဖို့ဒ်ဂိုးသမားရဲ့ ဂိုးကာကွယ်မှုရာခိုင်နှုန်း(၇၇.၇)ဟာ ဂန်းနားဂိုးသမား(၇၀.၃ ရာခိုင်နှုန်း)ထက် ပိုမိုများပြားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ ရမ်းစ်ဒေးလ်ဟာ ဂိုးပေးခဲ့ရတဲ့ အမှား ၂ ကြိမ်အထိ ကျူးလွန်မိခဲ့ပြီး ယခုရာသီကြိုမှာလည်း မန်ချက်စတာယူနိုက်တက်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ အမှားတစ်ကြိမ် ကျူးလွန်ခဲ့ပြီးဖြစ်ပါတယ်။

အမ်းမရိတ်စ်က တာဝန်ရှိသူတွေကြားမှာ ဒေးဗစ် ရာယာဟာ အာရွန် ရမ်းစ်ဒေးလ်ကို မလိုအပ်တဲ့ အမှားတွေ မကျူးလွန်မိအောင်နဲ့ အလားအလာရှိသလောက် လက်စွမ်းတက်လာအောင် လိုအပ်တဲ့ ယှဉ်ပြိုင်မှုပေးနိုင်မယ်လို့ မျှော်လင့်ချက်တွေရှိနေတာဖြစ်ပါတယ်။ ဘရန့်တ်ဖို့ဒ်အသင်းက ပေါင် သန်း ၄၀ လောက် အလိုရှိနေတဲ့ ဒေးဗစ် ရာယာကို အာဆင်နယ်အသင်းခေါ်ယူချင်တဲ့ အချက်က ဒီအချက်တစ်တည်းသာ မဟုတ်ပဲ တခြား အဓိက အချက်တစ်ခုလည်း ရှိနေပါတယ်။

ဒါကတော့ အာဆင်နယ်အသင်းဟာလာမယ့်ရာသီမှာ အဓိကဆုဖလားပြိုင်ပွဲ ၄ ခုအထိ ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတုန်းက ယူရိုပါလိဂ်ပြိုင်ပွဲမှာ ရမ်းစ်ဒေးလ်ကို အနားပေးပြီး အရန်ဂိုးသမား မတ် တာနာကို သုံးခဲ့တာဖြစ်ပါတယ်။

မနှစ်က နုရင်ဘတ်နဲ့ ရာသီကြိုခြေစမ်းပွဲ၊ စပို့တင်းနဲ့ ယူရိုပါလိဂ်ပွဲတွေမှာ မထင်မှတ်တဲ့ အမှားတွေ မှားခဲ့တဲ့ မတ် တာနာဟာ ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲတွေမှာ ရမ်းစ်ဒေးလ် မပါဝင်နိုင်ချိန်တွေမှာ အရံသင့်ထည့်သုံးလို့ မရနိုင်ဘူးလို့ အာတီတာအနေနဲ့ ခံစားနေရတာဖြစ်နိုင်ပြီး အဓိက ဆုဖလားတွေကို ရယူဖို့ ရည်မှန်းချက်ထားတဲ့ အာဆင်နယ်အသင်းအတွက် စိတ်ချရတဲ့ ဘောလုံးကိုင်ကစားနိုင်တဲ့ နောက်ထပ်ဂိုးသမားတစ်ဦးကို မဖြစ်မနေ ခေါ်ယူဖို့ လိုအပ်နေတာဖြစ်တဲ့အတွက် ရာယာကို ခေါ်ယူဖို့ အားစိုက်လုပ်ဆောင်လာခြင်းဖြစ်တယ်လို့ သုံးသပ် ဖော်ပြလိုက်ရပါတယ်။

Arsenal Myanmar
Photos Credit to owner

ZawGyi:အာဆင္နယ္အသင္းဟာ အသက္ ၂၇ ႏွစ္အ႐ြယ္ဂိုးသမား ေဒးဗစ္ ရာယာကို ေခၚယူဖို႔ ျပင္ဆင္လာတယ္တို႔ သတင္းမ်ား ထြက္ရွိလာခဲ့ပါတယ္။ The Athletic သတင္းေထာက္ ေဒးဗစ္ အြန္းစတိုင္းရဲ႕ ေျပာၾကားခ်က္အရ ရာယာဟာ ခ်န္ပီယံလိဂ္ဝင္ခြင့္ ရရွိထားတဲ့ အာဆင္နယ္အသင္းကို ေျပာင္းေ႐ႊ႕ခ်င္ၿပီး လက္ရွိအခ်ိန္မွာ တရားဝင္ ကမ္းလွမ္းမႈေတာ့ ရရွိထားျခင္း မရွိေသးဘူးလို႔ သိရပါတယ္။

ဘိုင္ယန္ျမဴးနစ္အသင္းဟာ မၾကာေသးမီက ၿပီးခဲ့တဲ့ရာသီ ဘရန႔္တ္ဖို႔ဒ္အတြက္ ပရီးမီးယားလိဂ္ ၃၈ ပြဲစလုံး ပါဝင္ကစားေပးခဲ့တဲ့ ေဒးဗစ္ ရာယာကို ေခၚယူႏိုင္ဖို႔ အနီးစပ္ဆုံးအေျခအေနမွာရွိခဲ့ေပမယ့္လည္း အၿပီးသတ္ဝယ္ယူခြင့္ပါဝင္တဲ့ အငွားစာခ်ဳပ္နဲ႔သာေခၚယူခ်င္ခဲ့တာျဖစ္ပါတယ္။

အဲဒီကမ္းလွမ္းမႈကို ဘရန႔္တ္ဖို႔ဒ္အသင္းကေရာ ေဒးဗစ္ ရာယာကပါ သေဘာမက်ခဲ့တာေၾကာင့္ အေျပာင္းအေ႐ႊ႕က ပ်က္ျပယ္သြားခဲ့ၿပီျဖစ္တယ္လို႔ ဖက္ဘရီဇီယို ႐ိုမာႏိုက ေျပာၾကားခဲ့ၿပီး စပိန္ဂိုးသမားဟာ လန္ဒန္မွာပဲ ဆက္ေနခ်င္သလို အာတီတာရဲ႕ စိတ္လႈပ္ရွားဖြယ္ စီမံကိန္းမွာလည္း ပါဝင္ခ်င္တာေၾကာင့္ အမ္းမရိတ္စ္ကိုပဲ ေျပာင္းေ႐ႊ႕ခ်င္ေနတာျဖစ္ပါတယ္။

ဂန္းနားေတြဟာ ရာယာကို စိတ္ဝင္စားေနတဲ့ အျခားၿပိဳင္ဘက္အသင္းေတြ ရန္ကေန ကာကြယ္ႏိုင္ဖို႔ မၾကာမီအခ်ိန္အတြင္း တရားဝင္ကမ္းလွမ္းမႈ ျပဳလုပ္သြားမယ္လို႔ ႐ိုမာႏိုက ေျပာၾကားခဲ့ၿပီး စပိန္ဂိုးသမားဟာ ၿပီးခဲ့တဲ့ဇြန္လကုန္တုန္းက ေတာ့တင္ဟမ္ေဟာ့စပါးနဲ႔ ပုဂၢိဳလ္ေရးသေဘာတူညီမႈ ရရွိခဲ့ေပမယ္လည္း ေနာက္ဆုံးမွာေတာ့ စပါးစ္က ဘရန႔္တ္ဖို႔ဒ္ ေတာင္းတဲ့ေဈးမေပးႏိုင္လို႔ ပြဲပ်က္ခဲ့တာျဖစ္ပါတယ္။

ရမ္းစ္ေဒးလ္လိုပဲ ရာယာဟာ ဖိအားေတြေအာက္မွာ ေဘာလုံးလက္ခံရယူႏိုင္ၿပီး ေနာက္တန္းကေန တိုက္စစ္ဆင္ႏိုင္ေအာင္ ေဘာလုံးေပးပို႔ႏိုင္စြမ္းရွိတဲ့ ကစားသမားျဖစ္ၿပီး ဘရန႔္တ္ဖို႔ဒ္ နည္းျပ ေသာမတ္စ္ ဖရန႔္ခ္ကေတာ့ ၾကယ္ပြင့္ကစားသမားအတြက္ ေပါင္သန္း ၄၀ ေလာက္လိုခ်င္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“ကြၽန္ေတာ္ ေမွ်ာ္လင့္မိပါတယ္။ ကြၽန္ေတာ္တို႔ သူ႔ကို ေရာင္းခ်ဖို႔ ေစာင့္ေမွ်ာ္ေနပါတယ္။ ေဒးဗစ္ကလည္း သြားခ်င္မွာပါ။ ဒါက ကြၽန္ေတာ္တို႔အတြက္ အဆင္ေျပပါတယ္။ အသင္းတစ္သင္းက သူ႔ကို ဝယ္ယူခ်င္တယ္ဆိုရင္ သူတို႔ေတြ ေဈးႏႈန္းကို သိဖို႔ လိုအပ္ပါတယ္။ အဲဒီေတာ့ ဒါက ႐ိုးရွင္းတဲ့ပုံေပၚတယ္လို႔ ကြၽန္ေတာ္ ခန႔္မွန္းမိတယ္။ ဒါေပမယ့္ အဲဒါက အရမ္းခက္ခဲပုံလည္း ေပၚပါတယ္။ သူက ေပါင္သန္း ၄၀ တန္တယ္။ ကြၽန္ေတာ္ သူ႔အတြက္ အဲဒီေလာက္ရခ်င္တယ္။ သူက ၿပီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ္ရဲ႕အေကာင္းဆုံးဂိုးသမား ၄ ဦးထဲက တစ္ဦးျဖစ္ခဲ့ပါတယ္။ ” လို႔ ေသာမတ္စ္ ဖရန႔္ခ္က ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ရမ္းစ္ေဒးလ္ေရာ ရာယာပါ ၿပီးခဲ့တဲ့ရာသီမွာ သက္ဆိုင္ရာအသင္းကိုယ္စီအတြက္ ပရီးမီးယားလိဂ္ပြဲစဥ္ အားလုံး ပါဝင္ကစားေပးခဲ့ၿပီး အဂၤလန္ဂိုးသမားက ေပးဂိုး မရွိပြဲစဥ္ ပိုမို ပိုင္ဆိုင္ခဲ့ေပမယ့္လည္း ဘရန႔္တ္ဖို႔ဒ္ဂိုးသမားရဲ႕ ဂိုးကာကြယ္မႈရာခိုင္ႏႈန္း(၇၇.၇)ဟာ ဂန္းနားဂိုးသမား(၇၀.၃ ရာခိုင္ႏႈန္း)ထက္ ပိုမိုမ်ားျပားခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရာသီမွာ ရမ္းစ္ေဒးလ္ဟာ ဂိုးေပးခဲ့ရတဲ့ အမွား ၂ ႀကိမ္အထိ က်ဴးလြန္မိခဲ့ၿပီး ယခုရာသီႀကိဳမွာလည္း မန္ခ်က္စတာယူႏိုက္တက္ကို ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္မွာ အမွားတစ္ႀကိမ္ က်ဴးလြန္ခဲ့ၿပီးျဖစ္ပါတယ္။

အမ္းမရိတ္စ္က တာဝန္ရွိသူေတြၾကားမွာ ေဒးဗစ္ ရာယာဟာ အာ႐ြန္ ရမ္းစ္ေဒးလ္ကို မလိုအပ္တဲ့ အမွားေတြ မက်ဴးလြန္မိေအာင္နဲ႔ အလားအလာရွိသေလာက္ လက္စြမ္းတက္လာေအာင္ လိုအပ္တဲ့ ယွဥ္ၿပိဳင္မႈေပးႏိုင္မယ္လို႔ ေမွ်ာ္လင့္ခ်က္ေတြရွိေနတာျဖစ္ပါတယ္။ ဘရန႔္တ္ဖို႔ဒ္အသင္းက ေပါင္ သန္း ၄၀ ေလာက္ အလိုရွိေနတဲ့ ေဒးဗစ္ ရာယာကို အာဆင္နယ္အသင္းေခၚယူခ်င္တဲ့ အခ်က္က ဒီအခ်က္တစ္တည္းသာ မဟုတ္ပဲ တျခား အဓိက အခ်က္တစ္ခုလည္း ရွိေနပါတယ္။

ဒါကေတာ့ အာဆင္နယ္အသင္းဟာလာမယ့္ရာသီမွာ အဓိကဆုဖလားၿပိဳင္ပြဲ ၄ ခုအထိ ပါဝင္ယွဥ္ၿပိဳင္သြားမွာျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီတုန္းက ယူ႐ိုပါလိဂ္ၿပိဳင္ပြဲမွာ ရမ္းစ္ေဒးလ္ကို အနားေပးၿပီး အရန္ဂိုးသမား မတ္ တာနာကို သုံးခဲ့တာျဖစ္ပါတယ္။

မႏွစ္က ႏုရင္ဘတ္နဲ႔ ရာသီႀကိဳေျခစမ္းပြဲ၊ စပို႔တင္းနဲ႔ ယူ႐ိုပါလိဂ္ပြဲေတြမွာ မထင္မွတ္တဲ့ အမွားေတြ မွားခဲ့တဲ့ မတ္ တာနာဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲနဲ႔ ပရီးမီးယားလိဂ္ၿပိဳင္ပြဲေတြမွာ ရမ္းစ္ေဒးလ္ မပါဝင္ႏိုင္ခ်ိန္ေတြမွာ အရံသင့္ထည့္သုံးလို႔ မရႏိုင္ဘူးလို႔ အာတီတာအေနနဲ႔ ခံစားေနရတာျဖစ္ႏိုင္ၿပီး အဓိက ဆုဖလားေတြကို ရယူဖို႔ ရည္မွန္းခ်က္ထားတဲ့ အာဆင္နယ္အသင္းအတြက္ စိတ္ခ်ရတဲ့ ေဘာလုံးကိုင္ကစားႏိုင္တဲ့ ေနာက္ထပ္ဂိုးသမားတစ္ဦးကို မျဖစ္မေန ေခၚယူဖို႔ လိုအပ္ေနတာျဖစ္တဲ့အတြက္ ရာယာကို ေခၚယူဖို႔ အားစိုက္လုပ္ေဆာင္လာျခင္းျဖစ္တယ္လို႔ သုံးသပ္ ေဖာ္ျပလိုက္ရပါတယ္။

Arsenal Myanmar
Photos Credit to owner