ရာယာကို ခေါ်ပြီးရင် အာတီတာ ပြုလုပ်ဖို့ ကျန်နေသေးတဲ့အပြောင်းအရွှေ့တစ်ခု 600 469 coyg

ရာယာကို ခေါ်ပြီးရင် အာတီတာ ပြုလုပ်ဖို့ ကျန်နေသေးတဲ့အပြောင်းအရွှေ့တစ်ခု

အာဆင်နယ်ဟာ ဘရန့်တ်ဖို့ဒ်အသင်းက ဂိုးသမား ဒေးဗစ် ရာယာကို အာရွန် ရမ်းစ်ဒေးလ်အတွက် ပြင်းထန်တဲ့ ယှဉ်ပြိုင်မှုပေးနိုင်အောင် ခေါ်ယူသွားဖို့ စိတ်ဝင်စားနေပါတယ်။

ရာယာဟာ အာဆင်နယ်နည်းပြရဲ့ ကာလရှည် သဘောကျနှစ်သက်ခြင်း ခံခဲ့ရသူဖြစ်ပြီး ကိန်းဂဏန်းပိုင်းအရ အာရွန် ရမ်းစ်ဒေးလ်ထက်တောင် ပိုမို သာလွန်တဲ့ လက်စွမ်းပြသနိုင်ခဲ့တာကြောင့် စပိန်ဂိုးသမားလို ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ကစားသမားကို ခေါ်တာ အာဆင်နယ်အတွက် အရှုံးမရှိနိုင်တဲ့ကိစ္စဖြစ်ပါတယ်။

 

ဒီအပြောင်းအရွှေ့က အာဆင်နယ်ရဲ့ နွေရာသီအပြောင်းအရွှေ့လုပ်ငန်းစဉ်ကို ပြီးပြည့်စုံလုနီးပါးဖြစ်စေမှာဖြစ်ပြီး နောက်ထပ် ယှဉ်ပြိုင်မှု လိုအပ်နေတဲ့ တစ်နေရာကတော့ ညာတောင်ပံဖြစ်နိုင်သလို အထောင်တိုက်စစ်လည်း ဖြစ်နိုင်ပါတယ်။

ဆာကာဟာ ညာတောင်ပံမှာ ပြိုင်ဘက်မရှိ ပွဲထွက်ကစားသမားဖြစ်ပေမယ့်လည်း ဘယ်တောင်ပံက မာတီနယ်လီကတော့ ထရော့ဆာ့ဒ်နဲ့ စမစ် ရိုးတို့ ရှိနေတာဖြစ်ပြီး ဂါဘရီယဲလ် ဂျေးဇုကလည်း ဆာကာနည်းတူ အထောင်တိုက်စစ်မှာ ပြိုင်ဘက်မရှိဖြစ်နေတာဖြစ်ပါတယ်။

ထရော့ဆာ့ဒ်နဲ့ ခိုင် ဟာဗတ်ဇ်တို့က ဘရာဇီးလ်တိုက်စစ်မှူးကို ယှဉ်ပြိုင်မှုအချို့ ပေးစွမ်းနိုင်ပေမယ့်လည်း အာတီတာရဲ့ ပထမဦးစားပေးက တခြားနေရာမှာ ရှိနေပုံပေါ်ပြီး မိုဟာမက် ကူးဒက်စ်ဟာ ဖြစ်နိုင်ခြေအရှိဆုံး ရွေးချယ်စရာလို့ အပြောများဆုံးနာမည်ဖြစ်ပါတယ်။

ဂါနာကြယ်ပွင့်က တောင်ပံနေရာရော အထောင်တိုက်စစ်နေရာအတွက်ပါ ယှဉ်ပြိုင်မှုပေးနိုင်မှာဖြစ်ပြီး အရည်အသွေးပိုင်းအရ ရိစ် နယ်ဆန်ထက် ဆာကာကို ပိုပြီးတော့ ယှဉ်ပြိုင်နိုင်စွမ်းရှိသလို လက်ရှိအသင်းမှာ ရှိနေတဲ့ ကစားသမားတွေထက် အထောင်တိုက်စစ်နေရာအတွက် ပိုပြီး အားကိုးလို့ရနိုင်မှာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းက အိုင်းယက်ကြယ်ပွင့်ကို အလွန်စိတ်ဝင်စားနေပြီး ကစားသမားရဲ့ ကိုယ်စားလှယ်တွေနဲ့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပေမယ့်လည်း အာဆင်နယ်ကတော့ လက်ရှိမှာ လူပိုတွေ ရှင်းထုတ်ဖို့ လုပ်နေတာပဲ အာရုံစိုက်နေတာကြောင့် စိတ်ဝင်စားမှုကို တရားဝင် ထုတ်ပြရခြင်းမရှိသေးပုံပေါ်ပါတယ်။

 

တကယ်လို့ ကူးဒက်စ်ကိုသာ ခေါ်ယူနိုင်ခြင်းမရှိခဲ့ဘူးဆိုရင် အာဆင်နယ်ညာတောင်ပံကို အမှန်တကယ် ယှဉ်ပြိုင်မှုပေးနိုင်စွမ်းရှိတဲ့ ကစားသမားတွေ ရှိပေမယ့်လည်း စျေးချိုချိုနဲ့ ရနိုင်တဲ့ကစားသမားကတော့ ရှားမှာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet