မန်ယူနိုက်တက် တိုက်စစ်မှူးကို အမ်းမရိတ်စ်လာဖို့ ဆွေးနွေးခဲ့တဲ့ အာတီတာ
အာဆင်နယ်နည်းပြ အာတီတာဟာ မန်ချက်စတာယူနိုက်တက်မှာ ရုန်းကန်နေရတဲ့ တိုက်စစ်မှူးကို အမ်းမရိတ်စ်ကို ဒီနွေရာသီမှာ ပြောင်းလာဖို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
အင်္ဂလန်ရဲ့ ယူရို ၂၀၂၄ ပဏာမလူစာရင်းထဲကနေ ချန်လှပ်ခံခဲ့ရတဲ့ ရက်ရှ်ဖို့ဒ်ဟာ ၂၀၂၂ ခုနှစ်ကတည်းက အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာဖို့ သတင်းတွေ အခိုင်အမာထွက်ပေါ်ခဲ့သူဖြစ်ပြီး အဲရစ် တန်ဟက်က အင်္ဂလန်တိုက်စစ်မှူးအသင်းကနေ ထွက်ခွာမှာကို တားဆီးခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီ တန်ဟက်လက်အောက်မှာ ပြန်လည်သက်ဝင်လာတဲ့ ရက်ရှ်ဖို့ဒ်ဟာ ပြိုင်ပွဲစုံ ၅၆ ပွဲမှာ သွင်းဂိုး ၃၀ နဲ့ ဂိုးဖန်တီးမှု ၁၀ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပေမယ့်လည်း ၂၀၂၃-၂၀၂၄ ရာသီမှာတော့ နောက်ထပ်စိတ်ပျက်စရာ ရာသီကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။
အင်္ဂလန်တိုက်စစ်မှူးဟာ မန်ချက်စတာယူနိုက်တက်အတွက် ၄၃ ပွဲမှာ သွင်းဂိုး ၈ ဂိုးနဲ့ ဂိုးဖန်တီးမှု ၅ ကြိမ်သာ ပြုလုပ်ပေးနိုင်ခဲ့တာဖြစ်ပြီး စနေနေ့က ဝင်ဘလေမှာ မန်စီးတီးကို အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာတော့ ရက်ရှ်ဖို့ဒ်က ပွဲထွက်ခွင့်ရခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း အသင်းအတွက် တိုက်ရိုက်ဂိုးပါဝင်ပတ်သက်မှု မပြုလုပ်နိုင်ခဲ့တဲ့နောက် ၇၄ မိနစ်မှာ လူစားလဲခံခဲ့ရတာဖြစ်ပြီး ရက်ရှ်ဖို့ဒ်ဟာ မန်ချက်စတာယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ၄ နှစ်အထိ ကျန်ရှိနေသေးတာကြောင့် မကြာသေးမီက သတင်းတွေအရ အသင်းမှာ ဆက်နေချင်တယ်လို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့်လည်း AFCAMDEN လို့ အမည်ရတဲ့ X အကောင့်က အာတီတာနဲ့ ရက်ရှ်ဖို့ဒ်တို့ဟာ ဒီနွေရာသီမှာ အမ်းမရိတ်စ်ကို ပြောင်းရွှေ့နိုင်ခြေနဲ့ပတ်သက်ပြီး စကားပြောဆိုခဲ့ကြတယ်လို့ ဖော်ပြခဲ့ပြီး စပိန်လူမျိုးနည်းပြဟာ အင်္ဂလန်တိုက်စစ်မှူးကို အင်အားဖြည့်တင်းဖို့လိုအပ်နေတဲ့ တိုက်စစ်အတွက် ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။
အာဆင်နယ်က ရက်ရှ်ဖို့ဒ်ကို စိတ်ဝင်စားနေတာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့်လည်း မန်ချက်စတာယူနိုက်တက်ကတော့ ပရီးမီးယားလိဂ်ရဲ့ အကြီးမားဆုံးပြိုင်ဘက်တွေထဲက တစ်သင်းနဲ့ အလုပ်လုပ်ချင်စိတ်မရှိတာက အပြောင်းအရွှေ့အတွက် အတားအဆီးဖြစ်လာနိုင်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI:
အာဆင္နယ္နည္းျပ အာတီတာဟာ မန္ခ်က္စတာယူႏိုက္တက္မွာ ႐ုန္းကန္ေနရတဲ့ တိုက္စစ္မႉးကို အမ္းမရိတ္စ္ကို ဒီေႏြရာသီမွာ ေျပာင္းလာဖို႔ ေျပာဆိုခဲ့တယ္လို႔ သိရပါတယ္။
အဂၤလန္ရဲ႕ ယူ႐ို ၂၀၂၄ ပဏာမလူစာရင္းထဲကေန ခ်န္လွပ္ခံခဲ့ရတဲ့ ရက္ရွ္ဖို႔ဒ္ဟာ ၂၀၂၂ ခုႏွစ္ကတည္းက အိုးထရက္ဖို႔ဒ္ကေန ထြက္ခြာဖို႔ သတင္းေတြ အခိုင္အမာထြက္ေပၚခဲ့သူျဖစ္ၿပီး အဲရစ္ တန္ဟက္က အဂၤလန္တိုက္စစ္မႉးအသင္းကေန ထြက္ခြာမွာကို တားဆီးခဲ့တာျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ရာသီ တန္ဟက္လက္ေအာက္မွာ ျပန္လည္သက္ဝင္လာတဲ့ ရက္ရွ္ဖို႔ဒ္ဟာ ၿပိဳင္ပြဲစုံ ၅၆ ပြဲမွာ သြင္းဂိုး ၃၀ နဲ႔ ဂိုးဖန္တီးမႈ ၁၀ ႀကိမ္အထိ ျပဳလုပ္ႏိုင္ခဲ့ေပမယ့္လည္း ၂၀၂၃-၂၀၂၄ ရာသီမွာေတာ့ ေနာက္ထပ္စိတ္ပ်က္စရာ ရာသီကို ပိုင္ဆိုင္ခဲ့တာျဖစ္ပါတယ္။
အဂၤလန္တိုက္စစ္မႉးဟာ မန္ခ်က္စတာယူႏိုက္တက္အတြက္ ၄၃ ပြဲမွာ သြင္းဂိုး ၈ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၅ ႀကိမ္သာ ျပဳလုပ္ေပးႏိုင္ခဲ့တာျဖစ္ၿပီး စေနေန႔က ဝင္ဘေလမွာ မန္စီးတီးကို အႏိုင္ရခဲ့တဲ့ အက္ဖ္ေအဖလား ဗိုလ္လုပြဲမွာေတာ့ ရက္ရွ္ဖို႔ဒ္က ပြဲထြက္ခြင့္ရခဲ့တာျဖစ္ပါတယ္။
ဒါေပမယ့္လည္း အသင္းအတြက္ တိုက္႐ိုက္ဂိုးပါဝင္ပတ္သက္မႈ မျပဳလုပ္ႏိုင္ခဲ့တဲ့ေနာက္ ၇၄ မိနစ္မွာ လူစားလဲခံခဲ့ရတာျဖစ္ၿပီး ရက္ရွ္ဖို႔ဒ္ဟာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ စာခ်ဳပ္သက္တမ္း ၄ ႏွစ္အထိ က်န္ရွိေနေသးတာေၾကာင့္ မၾကာေသးမီက သတင္းေတြအရ အသင္းမွာ ဆက္ေနခ်င္တယ္လို႔ ေျပာဆိုခဲ့တယ္လို႔ သိရပါတယ္။
ဒါေပမယ့္လည္း AFCAMDEN လို႔ အမည္ရတဲ့ X အေကာင့္က အာတီတာနဲ႔ ရက္ရွ္ဖို႔ဒ္တို႔ဟာ ဒီေႏြရာသီမွာ အမ္းမရိတ္စ္ကို ေျပာင္းေ႐ႊ႕ႏိုင္ေျခနဲ႔ပတ္သက္ၿပီး စကားေျပာဆိုခဲ့ၾကတယ္လို႔ ေဖာ္ျပခဲ့ၿပီး စပိန္လူမ်ိဳးနည္းျပဟာ အဂၤလန္တိုက္စစ္မႉးကို အင္အားျဖည့္တင္းဖို႔လိုအပ္ေနတဲ့ တိုက္စစ္အတြက္ ေခၚယူခ်င္ေနတယ္လို႔ သိရပါတယ္။
အာဆင္နယ္က ရက္ရွ္ဖို႔ဒ္ကို စိတ္ဝင္စားေနတာ ျဖစ္ေကာင္းျဖစ္ႏိုင္ေပမယ့္လည္း မန္ခ်က္စတာယူႏိုက္တက္ကေတာ့ ပရီးမီးယားလိဂ္ရဲ႕ အႀကီးမားဆုံးၿပိဳင္ဘက္ေတြထဲက တစ္သင္းနဲ႔ အလုပ္လုပ္ခ်င္စိတ္မရွိတာက အေျပာင္းအေ႐ႊ႕အတြက္ အတားအဆီးျဖစ္လာႏိုင္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Transfer News