ဒီကလန် ရိုက်ထက်ပိုကောင်းတဲ့သူ စပါးစ်က ခေါ်သွားပြီဆိုတဲ့ အက်ဂ်ဘွန်လဟော
ဒီနွေရာသီရဲ့ အကောင်းဆုံးခေါ်ယူမှုက ဘယ်သူလဲလို့ မေးရင် ချဲလ်ဆီး ပရိသတ်တွေက ကိုင်ဆေဒိုလို့ ပြောကြမှာဖြစ်ပြီး လီဗာပူးလ်ပရိသတ်တွေကတော့ မက်ကယ်လစ္စတာလို့ ပြောကြမှာဖြစ်ပါတယ်။
ယခုနွေရာသီမှာ အကောင်းဆုံး ခေါ်ယူမှုလို့ ပြောလို့ရနိုင်တဲ့ ကစားသမားခေါ်ယူမှုတွေက အနည်းငယ်သာရှိပေမယ့်လည်း ပရိသတ်တွေရဲ့ အာရုံကို အဖမ်းစားနိုင်ဆုံးကတော့ တော့တင်ဟမ်ဟော့စပါးနဲ့ အာဆင်နယ်တို့ရဲ့ အပြောင်းအရွှေ့တွေဖြစ်ပါတယ်။
အမှန်တကယ်လည်း ဂျိမ်းစ် မက်ဒီဆင်နဲ့ ဒီကလန် ရိုက်တို့ဟာ ယခုနွေရာသီမှာ လက်ရှိအချိန်အထိ စိတ်လှုပ်ရှားစရာအကောင်းဆုံး ကစားသမားခေါ်ယူမှုတွေ ဖြစ်ခဲ့ကြတာဖြစ်ပြီး အက်စတန်ဗီလာကြယ်ပွင့်ဟောင်း ဂါဘီ အက်ဂ်ဘွန်လဟောကတော့ စပါးစ်ရဲ့ ခေါ်ယူမှုက ပိုမိုကောင်းမွန်တဲ့ ခေါ်ယူမှုဖြစ်ခဲ့တယ်လို့ talkSPORT ကို ပြောကြားခဲ့ပါတယ်။
အက်ဂ်ဘွန်လဟောက ယခုနွေရာသီအပြောင်းအရွှေ့ကာလမှာ ထိပ်တန်းခေါ်ယူမှု ၅ ခုကို သတ်မှတ်ပေးဖို့ မေးမြန်းခြင်းခံခဲ့ရတာဖြစ်ပြီး ဒီစာရင်းထဲမှာ ဂျိမ်းစ် မက်ဒီဆင်က ထိပ်ဆုံးမှာ ရှိနေမယ်ဆိုတာ တွေးကြည့်လို့ရပါတယ်။
“နံပါတ် ၄ ဂျိမ်းစ် မက်ဒီဆင်က စပါးစ်မှာ ပျောက်ဆုံးနေတဲ့ ကစားသမားမျိုးပါ။ ကျွန်တော် သူ့ကို စောင့်ကြည့်ခဲ့တာ နှစ်တွေတော်တော်ကြာပါပြီ။ ဘရန့်တ်ဖို့ဒ်နဲ့ပွဲမှာ သူကစားတာကို စောင့်ကြည့်ခဲ့တယ်။ သူက ဘောလုံးကို လိုချင်နေတယ်။ သူက ဘောလုံးကို စွဲလမ်းနေတယ်။ ဒါက ခင်ဗျား လိုအပ်တဲ့အရာပဲ။ ကျောနံပါတ် ၁၀ က တစ်ချိန်လုံးဘောလုံးကို လိုချင်နေရမယ်။ အရာအားလုံးကို ဖြစ်လာအောင် လုပ်ချင်နေရမယ်။ သူ့မှာ တည်ကန်ဘော ကန်နိုင်တဲ့အရည်အချင်းရှိတယ်။ သူ့မှာ ဂိုးသွင်းနိုင်စွမ်းလည်းရှိတယ်။ သူ့မှာ အလွန်ကောင်းမွန်တဲ့ ဘောလုံးအထိန်းအသိမ်းလည်းရှိတယ်။ ဒါက စပါးစ် အဲရစ်ဆင်ကို ဆုံးရှုံးခဲ့ရပြီးကတည်းက အသည်းအသန်လိုချင်ခဲ့တဲ့အရာတွေပဲ”
“ဒီကလန် ရိုက်က တကယ်တော့ အကောင်းဆုံးခေါ်ယူမှု မဟုတ်ခဲ့ပါဘူး။ ဟင့်အင်း သူမပါဘူး(ထိပ်တန်းခေါ်ယူမှု ၅ ခုစာရင်းမှာ)။ သူက ထူးချွန်တဲ့ ကစားသမားဖြစ်ပြီး သူက အာဆင်နယ်ကို အများကြီးကူညီပေးမှာပါ။ ဒါပေမယ့် ဒီအာဆင်နယ်အသင်းက ဆာကာ၊ မာတီနယ်လီ၊ ဂျေးဇု၊ အန်ကီးတီးယားရဲ့ သွင်းဂိုးတွေကြောင့် အကူအညီရမှာပါ။ ရိုက်ကတော့ အဓိကကျတဲ့အခန်းကဏ္ဍကနေ ပါဝင်မှာဖြစ်ပေမယ့် အချို့ပွဲတွေမှာတော့ သူ အရမ်းရှေ့တက်မှာမဟုတ်ပါဘူး။ ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News
- Transfer News