ငှက်ကျားတွေရဲ့ပြဿနာကို အခွင့်ကောင်းယူပြီး လူခေါ်ဖို့ တိုက်တွန်းခဲ့တဲ့ ဖာဒီနန် 1024 504 coyg

ငှက်ကျားတွေရဲ့ပြဿနာကို အခွင့်ကောင်းယူပြီး လူခေါ်ဖို့ တိုက်တွန်းခဲ့တဲ့ ဖာဒီနန်

အာဆင်နယ်ဟာ ငွေကြေးပိုင်းနဲ့ပတ်သက်ပြီး ကြီးမားတဲ့ ဆုံးဖြတ်ချက် ချမှတ်ဖို့ ကြိုးပမ်းနေတာကြောင့် နယူးကာဆယ်က အလက်ဇန်းဒါး အီဆက်ခ်ကို ခေါ်ယူဖို့ တောင်းဆိုခြင်းခံခဲ့ရပါတယ်။

ငှက်ကျားတွေဟာ ဆော်ဒီအာရေဗျပိုင်ရှင်တွေ ရောက်လာပြီးကတည်းက ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ခဲ့ပြီး အဲဒီအချိန်ကာလအတွင်း အီဆက်ခ်က နယူးကာဆယ်ယူနိုက်တက်အတွက် အဓိကကစားသမားခေါ်ယူမှုဖြစ်ခဲ့တာဖြစ်ပါတယ်။

ဆွီဒင် တိုက်စစ်မှူးဟာ ရီးရဲလ်ဆိုစီဒက်ကနေ ပြောင်းရွှေ့လာပြီးကတည်းက ပရီးမီးယားလိဂ်မှာ ၃၈ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၂၀ အထိ သွင်းယူပြီး ဥရောပရဲ့ အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်ကြောင်း သက်သေပြသခဲ့တာဖြစ်ပါတယ်။

နယူးကာဆယ်ဟာ မကြာသေးမီက ပေါင်သန်း ၁၅၀ အရှုံးပေါ်ခဲ့ကြောင်း ကြေညာခဲ့ပြီး ပရီးမီးယားလိဂ်စည်းမျဉ်းတွေက ထိပ်တန်းအသင်းကြီးတွေနဲ့ ကွာဟချက်ကို လျှော့ချနိုင်အောင် ငွေကြေးသုံးစွဲနိုင်စွမ်းကို အဟန့်အတားအဖြစ် ရှိနေတာဖြစ်ပါတယ်။

ဒါကြောင့် နယူးကာဆယ်အနေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြန်လည် ပြုလုပ်နိုင်ဖို့အတွက် ထိပ်တန်းကစားသမားတွေထဲက အချို့ကို ရောင်းထုတ်ပြီး ငွေရှာသွားရတော့မယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

“အလက်ဇန်းဒါး အီဆက်ခ်က မန်စီးတီးနဲ့ပွဲမှာ အဆက်မပြတ် နောက်ကနေ ပန်းတက်ပြေးလွှားမှုတွေ လုပ်ခဲ့တယ်။ ကျွန်တော်သာ အာဆင်နယ်ဆိုရင် ရှိသမျှပုံအောပြီး သူ့ကို ဝယ်မှာပါ။ ဘာကြောင့်လဲဆိုတော့ သူတို့တွေ ငွေသုံးလို့မရလို့ပါ။ သူတို့တွေ အကျိုးအမြတ်နဲ့ ရေရှည်ရပ်တည်နိုင်ရေးစည်းမျဉ်းတွေကြောင့် ရုန်းကန်နေရလို့ပါ။ သူ ရီးရဲလ်မက်ဒရစ်လိုအသင်းမျိုးကို မသွားခင် နောက်ထပ် အသင်းကြီးတစ်သင်းကို ပြောင်းမယ်လို့ ကျွန်တော် ထင်တယ်။ သူတို့တွေ နောက်ထပ် လူမဝယ်ခင်မှာ ကစားသမားအချို့ကို ရောင်းမှဖြစ်မယ့်အခြေအနေဖြစ်နေတာကို ကျွန်တော်မြင်ခဲ့တယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ဖလားမျှော်လင့်ချက်အတွက် တိုက်စစ်အင်အား ပိုမိုကောင်းမွန်လာအောင် ယခုလမှာ တိုက်စစ်မှူးတစ်ဦး ခေါ်ယူဖို့ သတင်းတွေ ထွက်ပေါ်နေပြီး အာတီတာရဲ့အသင်းမှာ ဂိုးသွင်းသေချာတဲ့ တိုက်စစ်မှူးမရှိတာကြောင့် ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ ရလဒ်ကောင်းတွေ မရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဘရူနို ဂီမာရေးစ်ကလည်း နယူးကာဆယ်ကနေ ထွက်ခွာဖို့ သတင်းတွေ ထွက်ပေါ်နေတဲ့ နောက်ထပ်တစ်ကစားသမားတစ်ဦးဖြစ်ပြီး ဥရောပ ထိပ်တန်းအသင်းကြီးတွေက စာချုပ်လျော်ကြေး ပေါင် ၉၉ သန်းထည့်သွင်းချုပ်ဆိုထားတဲ့ ဘရာဇီးလ်ကွင်းလယ်လူကို စောင့်ကြည့်နေကြပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: အာဆင္နယ္ဟာ ေငြေၾကးပိုင္းနဲ႔ပတ္သက္ၿပီး ႀကီးမားတဲ့ ဆုံးျဖတ္ခ်က္ ခ်မွတ္ဖို႔ ႀကိဳးပမ္းေနတာေၾကာင့္ နယူးကာဆယ္က အလက္ဇန္းဒါး အီဆက္ခ္ကို ေခၚယူဖို႔ ေတာင္းဆိုျခင္းခံခဲ့ရပါတယ္။

ငွက္က်ားေတြဟာ ေဆာ္ဒီအာေရဗ်ပိုင္ရွင္ေတြ ေရာက္လာၿပီးကတည္းက ႀကီးႀကီးမားမား ရင္းႏွီးျမႇဳပ္ႏွံမႈေတြ ျပဳလုပ္ခဲ့ၿပီး အဲဒီအခ်ိန္ကာလအတြင္း အီဆက္ခ္က နယူးကာဆယ္ယူႏိုက္တက္အတြက္ အဓိကကစားသမားေခၚယူမႈျဖစ္ခဲ့တာျဖစ္ပါတယ္။

ဆြီဒင္ တိုက္စစ္မႉးဟာ ရီးရဲလ္ဆိုစီဒက္ကေန ေျပာင္းေ႐ႊ႕လာၿပီးကတည္းက ပရီးမီးယားလိဂ္မွာ ၃၈ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၂၀ အထိ သြင္းယူၿပီး ဥေရာပရဲ႕ အေကာင္းဆုံးတိုက္စစ္မႉးေတြထဲက တစ္ဦးျဖစ္ေၾကာင္း သက္ေသျပသခဲ့တာျဖစ္ပါတယ္။

နယူးကာဆယ္ဟာ မၾကာေသးမီက ေပါင္သန္း ၁၅၀ အရႈံးေပၚခဲ့ေၾကာင္း ေၾကညာခဲ့ၿပီး ပရီးမီးယားလိဂ္စည္းမ်ဥ္းေတြက ထိပ္တန္းအသင္းႀကီးေတြနဲ႔ ကြာဟခ်က္ကို ေလွ်ာ့ခ်ႏိုင္ေအာင္ ေငြေၾကးသုံးစြဲႏိုင္စြမ္းကို အဟန႔္အတားအျဖစ္ ရွိေနတာျဖစ္ပါတယ္။

ဒါေၾကာင့္ နယူးကာဆယ္အေနနဲ႔ ရင္းႏွီးျမႇဳပ္ႏွံမႈေတြ ျပန္လည္ ျပဳလုပ္ႏိုင္ဖို႔အတြက္ ထိပ္တန္းကစားသမားေတြထဲက အခ်ိဳ႕ကို ေရာင္းထုတ္ၿပီး ေငြရွာသြားရေတာ့မယ္ဆိုတဲ့ အဓိပၸာယ္ျဖစ္ပါတယ္။

“အလက္ဇန္းဒါး အီဆက္ခ္က မန္စီးတီးနဲ႔ပြဲမွာ အဆက္မျပတ္ ေနာက္ကေန ပန္းတက္ေျပးလႊားမႈေတြ လုပ္ခဲ့တယ္။ ကြၽန္ေတာ္သာ အာဆင္နယ္ဆိုရင္ ရွိသမွ်ပုံေအာၿပီး သူ႔ကို ဝယ္မွာပါ။ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔ေတြ ေငြသုံးလို႔မရလို႔ပါ။ သူတို႔ေတြ အက်ိဳးအျမတ္နဲ႔ ေရရွည္ရပ္တည္ႏိုင္ေရးစည္းမ်ဥ္းေတြေၾကာင့္ ႐ုန္းကန္ေနရလို႔ပါ။ သူ ရီးရဲလ္မက္ဒရစ္လိုအသင္းမ်ိဳးကို မသြားခင္ ေနာက္ထပ္ အသင္းႀကီးတစ္သင္းကို ေျပာင္းမယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ သူတို႔ေတြ ေနာက္ထပ္ လူမဝယ္ခင္မွာ ကစားသမားအခ်ိဳ႕ကို ေရာင္းမွျဖစ္မယ့္အေျခအေနျဖစ္ေနတာကို ကြၽန္ေတာ္ျမင္ခဲ့တယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ဟာ ပရီးမီးယားလိဂ္ဖလားေမွ်ာ္လင့္ခ်က္အတြက္ တိုက္စစ္အင္အား ပိုမိုေကာင္းမြန္လာေအာင္ ယခုလမွာ တိုက္စစ္မႉးတစ္ဦး ေခၚယူဖို႔ သတင္းေတြ ထြက္ေပၚေနၿပီး အာတီတာရဲ႕အသင္းမွာ ဂိုးသြင္းေသခ်ာတဲ့ တိုက္စစ္မႉးမရွိတာေၾကာင့္ ၿပီးခဲ့တဲ့ပြဲစဥ္ေတြမွာ ရလဒ္ေကာင္းေတြ မရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ဘ႐ူႏို ဂီမာေရးစ္ကလည္း နယူးကာဆယ္ကေန ထြက္ခြာဖို႔ သတင္းေတြ ထြက္ေပၚေနတဲ့ ေနာက္ထပ္တစ္ကစားသမားတစ္ဦးျဖစ္ၿပီး ဥေရာပ ထိပ္တန္းအသင္းႀကီးေတြက စာခ်ဳပ္ေလ်ာ္ေၾကး ေပါင္ ၉၉ သန္းထည့္သြင္းခ်ဳပ္ဆိုထားတဲ့ ဘရာဇီးလ္ကြင္းလယ္လူကို ေစာင့္ၾကည့္ေနၾကပါတယ္။

Arsenal Myanmar

Ref: Internet