ဥရောပရှုံးပွဲကို ချေဖျက်ဖို့ ငှက်ကျားတွေကို ၆ ပွဲဆက်ပရီးမီးယားလိဂ်နိုင်ပွဲယူမယ့် ဂန်းနားများ 1024 715 coyg

ဥရောပရှုံးပွဲကို ချေဖျက်ဖို့ ငှက်ကျားတွေကို ၆ ပွဲဆက်ပရီးမီးယားလိဂ်နိုင်ပွဲယူမယ့် ဂန်းနားများ

အာဆင်နယ်ဟာ စနေနေ့ည နယူးကာဆယ်ကို အိမ်ကွင်း အမ်းမရိတ်စ်မှာ လက်ခံယှဉ်ပြိုင်တဲ့ပွဲမှာ ချန်ပီယံလိဂ်က စိတ်ပျက်စရာရလဒ်ကို ၇၂ နာရီအတွင်း ချေဖျက်ဖို့ ကြိုးပမ်းသွားရမှာဖြစ်ပါတယ်။

ဂန်းနားတွေဟာ ဗုဒ္ဓဟူးနေ့ည ပေါ်တိုမှာ ပွဲကို ထိန်းချုပ်ထားနိုင်ခဲ့ပေမယ့်လည်း ထိရောက်တဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုတွေ မပြုလုပ်နိုင်ခဲ့တာကြောင့် ပထမအကျော့က ဂိုးမရှိသရေနဲ့ပဲ ပွဲပြီးဆုံးသွားတော့မယ်လို့ ထင်ခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂယ်လီနိုရဲ့ အလွန်ကောင်းမွန်တဲ့ ပင်နယ်တီဧရိယာအပြင်ဘက်ကနေ ကန်သွင်းမှုကြောင့် အာဆင်နယ်ဟာ ဒုတိယအကျော့ အိမ်ကွင်းမှာ မဖြစ်မနေ နိုင်ပွဲရယူသွားဖို့ အရေးကြီးလာခဲ့တာဖြစ်ပါတယ်။

နှစ်ဖက်အသင်း သတင်းများ

ဖေဘီယို ဗီယာရာဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်အလယ်မှာ ပွဲနေ့လူစာရင်းထဲ ပြန်ပါလာခဲ့ပေမယ့် အရန်ခုံကနေ ဝင်မကစားခဲ့ရပါဘူး။ ဒီပွဲမှာတော့ ပေါ်တိုကြယ်ပွင့်ဟောင်းအနေနဲ့ ပြန်ကစားပေးနိုင်ဖို့ မျှော်မှန်းထားမှာဖြစ်ပြီး အာတီတာဟာ ဂျေးဇု၊ ဇင်ချန်ကို၊ ပါတေး၊ တိုမိယဆုတို့ မပါဝင်ဘဲ ဗုဒ္ဓဟူးနေ့ညက ကစားခဲ့ရတာဖြစ်ပါတယ်။ ဒီပွဲမှာလည်း အဲဒီကစားသမားတွေထဲက ဘယ်သူ ပြန်ပါလာနိုင်မလဲဆိုတာ စောင့်ကြည့်သွားရမှာဖြစ်ပြီး ဂန်းနားတွေဟာ ပေါ်တိုနဲ့ပွဲမှာ နောက်ထပ် ဒဏ်ရာပြဿနာအသစ်တော့မရှိခဲ့ဘဲ တင်းဘားကလည်း လာမယ့်လမှာ ပြန်ကစားပေးနိုင်မယ်လို့ မျှော်လင့်နေပါတယ်။

နယူးကာဆယ်ကလည်း ဒီပွဲအတွက် ဒဏ်ရာပြဿနာတွေနဲ့ပတ်သက်ပြီး အားတက်စရာ သတင်းအများအပြား ကြားခဲ့ရပြီး နိုဝင်ဘာလကတည်းက မကစားနိုင်ခဲ့တဲ့ ဂျိုး ဝီလော့ခ်က အသင်းဟောင်းနဲ့ ပြန်လည်ရင်ဆိုင်ဖို့ ပြင်ဆင်နေပါတယ်။ အလက်ဇန်းဒါး အီဆက်ခ်ကလည်း ပွဲနေ့လူစာရင်းထဲ ပြန်ပါလာဖို့ရှိနေပြီး ဘုန်းမောက်နဲ့ ၂-၂ သရေကျခဲ့တဲ့ ပြီးခဲ့တဲ့အပတ်ပွဲမှာ လက်ကောက်ဝတ်ဒဏ်ရာရထားတဲ့ ဖေဘီယံ ရှားလည်း ပါဝင်လာနိုင်မှာပါ။ ဒါပေမယ့်လည်း နယူးကာဆယ်ဟာ နစ်ခ် ပုပ်၊ ဂျိုလင်တန်၊ ကယ်လမ် ဝီလ်ဆင်၊ အဲလီးယော့တ် အန်ဒါဆန်၊ အန်သိုနီ ဂေါ်ဒွန်တို့ မပါဝင်ဘဲ ကစားသွားရဦးမှာပါ။

ဖြစ်နိုင်ဖွယ် ပွဲထွက်လူစာရင်း

အာဆင်နယ်-ရာယာ၊ ဝှိုက်၊ ဆာလီဘာ၊ ဂါဘရီယဲလ်၊ ခီဗီယော၊ ရိုက်၊ ဂျော်ဂျင်ညို၊ အော်ဒီဂွါဒ်၊ ဟာဗတ်ဇ်၊ ဆာကာ၊ မာတီနယ်လီ။
နယူးကာဆယ်-ဒူဗရက်ကာ၊ ထရစ်ပီယာ၊ ရှား၊ ဘော့တ်မန်း၊ လီဗရာမန်တို၊ ဂီမာရေးစ်၊ လောင်းစတက်ဖ်၊ မိုင်လီ၊ အယ်လ်မီရွန်၊ ဂေါ်ဒွန်၊ ဘန်းစ်။

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံးပွဲရလဒ်များ

ဒီနှစ်သင်းကြား ၂၇ ကြိမ်တွေ့ဆုံယှဉ်ပြိုင်ခဲ့ရာမှာ အာဆင်နယ်က အကြိမ် ၂၀ နိုင် ၃ ကြိမ်သရေ နယူးကာဆယ်က ၄ ကြိမ်အနိုင်ရခဲ့ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ အာဆင်နယ်က ၄ ပွဲနိုင် ၁ ပွဲရှုံး၊ နယူးကာဆယ်က ၃ ပွဲနိုင် ၂ ပွဲသရေကျခဲ့ပါတယ်။

ပွဲကြိုသုံးသပ်ချက်

နယူးကာဆယ်ဟာ အာဆင်နယ်နဲ့ နောက်ဆုံး ၃ ကြိမ်တွေ့ဆုံခဲ့ရာမှာ ၂ ကြိမ်အထိ စိတ်ပျက်အောင် လုပ်နိုင်ခဲ့ပြီး စနေနေ့ညမှာလည်း အဲဒီအတိုင်း ထပ်လုပ်နိုင်မယ်လို့ မျှော်လင့်နေမှာပါ။ ဒါပေမယ့်လည်း ဧည့်သည်တွေဟာ ဂန်းနားတွေရဲ့ ခံစစ်ကို ကြံ့ကြံ့ခံနိုင်စွမ်းရှိတယ်ဆိုတာကို သက်သေပြသရမှာဖြစ်ပြီး ဒီပွဲမှာတော့ အိမ်ရှင်တွေ ဘာမှမလုပ်နိုင်အောင် ပိတ်ဆို့ထားဖို့ဆိုတာ မလွယ်ကူဘူးဆိုတာ တွေးကြည့်လို့ရပါတယ်။ အာဆင်နယ်ဟာ ဗုဒ္ဓဟူးနေ့မှာ တိုက်စစ်ပိုင်း စိတ်ပျက်စရာကောင်းခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်က ခြေစွမ်းနဲ့ ဘာမှ မဆိုင်ခဲ့တာဖြစ်ပါတယ်။ အမ်းမရိတ်စ်က အာဆင်နယ်ပရိသတ်တွေဟာ ပေါ်တိုနဲ့ပွဲက ရှုံးနိမ့်မှုအတွက် ပြန်လည်တုံ့ပြန်စေချင်နေမှာဖြစ်ပေမယ့်လည်း တော်တော်လေး ကစားရခက်တဲ့ပွဲဖြစ်လာနိုင်ပါတယ်။ ငှက်ကျားတွေဟာ အိမ်ရှင်တွေကို စိတ်ပျက်အောင်လုပ်ဖို့ ခပ်ကြမ်းကြမ်း လူချကစားတဲ့အကွက်အနည်းငယ် အသုံးပြုနိုင်ပြီး ပေါ်တိုအတွက်တော့ အလုပ်ဖြစ်ခဲ့တာဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့ပွဲစဉ်က စွမ်းဆောင်ရည်ကြောင့် စနေနေ့ပွဲစဉ်အတွက် အရမ်းကြီး မစိုးရိမ်သင့်ဘဲ အာဆင်နယ်က အိမ်ကွင်းမှာ အရေးကြီးတဲ့ အနိုင် ၃ မှတ်ကို ရယူသွားနိုင်မယ်ဆိုရင် အံ့အားသင့်စရာ ဖြစ်လာမှာ မဟုတ်ပါဘူး။

AM ခန့်မှန်းပွဲပြီးရလဒ်(အာဆင်နယ် ၂-၁ နယူးကာဆယ်)
ပေါလ် မာဆန်ရဲ့ ခန့်မှန်းပွဲပြီးရလဒ်(အာဆင်နယ် ၃-၁ နယူးကာဆယ်)
ခရစ္စ ဆပ်တန်ရဲ့ ခန့်မှန်းပွဲပြီးရလဒ်(အာဆင်နယ် ၂-၁ နယူးကာဆယ်)

Arsenal Myanmar

Ref: Internet

ZAWGYI: အာဆင္နယ္ဟာ စေနေန႔ည နယူးကာဆယ္ကို အိမ္ကြင္း အမ္းမရိတ္စ္မွာ လက္ခံယွဥ္ၿပိဳင္တဲ့ပြဲမွာ ခ်န္ပီယံလိဂ္က စိတ္ပ်က္စရာရလဒ္ကို ၇၂ နာရီအတြင္း ေခ်ဖ်က္ဖို႔ ႀကိဳးပမ္းသြားရမွာျဖစ္ပါတယ္။

ဂန္းနားေတြဟာ ဗုဒၶဟူးေန႔ည ေပၚတိုမွာ ပြဲကို ထိန္းခ်ဳပ္ထားႏိုင္ခဲ့ေပမယ့္လည္း ထိေရာက္တဲ့ ဂိုးေပါက္ၿခိမ္းေျခာက္မႈေတြ မျပဳလုပ္ႏိုင္ခဲ့တာေၾကာင့္ ပထမအေက်ာ့က ဂိုးမရွိသေရနဲ႔ပဲ ပြဲၿပီးဆုံးသြားေတာ့မယ္လို႔ ထင္ခဲ့ၾကတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဂယ္လီႏိုရဲ႕ အလြန္ေကာင္းမြန္တဲ့ ပင္နယ္တီဧရိယာအျပင္ဘက္ကေန ကန္သြင္းမႈေၾကာင့္ အာဆင္နယ္ဟာ ဒုတိယအေက်ာ့ အိမ္ကြင္းမွာ မျဖစ္မေန ႏိုင္ပြဲရယူသြားဖို႔ အေရးႀကီးလာခဲ့တာျဖစ္ပါတယ္။

ႏွစ္ဖက္အသင္း သတင္းမ်ား

ေဖဘီယို ဗီယာရာဟာ ၿပီးခဲ့တဲ့ရက္သတၱပတ္အလယ္မွာ ပြဲေန႔လူစာရင္းထဲ ျပန္ပါလာခဲ့ေပမယ့္ အရန္ခုံကေန ဝင္မကစားခဲ့ရပါဘူး။ ဒီပြဲမွာေတာ့ ေပၚတိုၾကယ္ပြင့္ေဟာင္းအေနနဲ႔ ျပန္ကစားေပးႏိုင္ဖို႔ ေမွ်ာ္မွန္းထားမွာျဖစ္ၿပီး အာတီတာဟာ ေဂ်းဇု၊ ဇင္ခ်န္ကို၊ ပါေတး၊ တိုမိယဆုတို႔ မပါဝင္ဘဲ ဗုဒၶဟူးေန႔ညက ကစားခဲ့ရတာျဖစ္ပါတယ္။ ဒီပြဲမွာလည္း အဲဒီကစားသမားေတြထဲက ဘယ္သူ ျပန္ပါလာႏိုင္မလဲဆိုတာ ေစာင့္ၾကည့္သြားရမွာျဖစ္ၿပီး ဂန္းနားေတြဟာ ေပၚတိုနဲ႔ပြဲမွာ ေနာက္ထပ္ ဒဏ္ရာျပႆနာအသစ္ေတာ့မရွိခဲ့ဘဲ တင္းဘားကလည္း လာမယ့္လမွာ ျပန္ကစားေပးႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနပါတယ္။

နယူးကာဆယ္ကလည္း ဒီပြဲအတြက္ ဒဏ္ရာျပႆနာေတြနဲ႔ပတ္သက္ၿပီး အားတက္စရာ သတင္းအမ်ားအျပား ၾကားခဲ့ရၿပီး ႏိုဝင္ဘာလကတည္းက မကစားႏိုင္ခဲ့တဲ့ ဂ်ိဳး ဝီေလာ့ခ္က အသင္းေဟာင္းနဲ႔ ျပန္လည္ရင္ဆိုင္ဖို႔ ျပင္ဆင္ေနပါတယ္။ အလက္ဇန္းဒါး အီဆက္ခ္ကလည္း ပြဲေန႔လူစာရင္းထဲ ျပန္ပါလာဖို႔ရွိေနၿပီး ဘုန္းေမာက္နဲ႔ ၂-၂ သေရက်ခဲ့တဲ့ ၿပီးခဲ့တဲ့အပတ္ပြဲမွာ လက္ေကာက္ဝတ္ဒဏ္ရာရထားတဲ့ ေဖဘီယံ ရွားလည္း ပါဝင္လာႏိုင္မွာပါ။ ဒါေပမယ့္လည္း နယူးကာဆယ္ဟာ နစ္ခ္ ပုပ္၊ ဂ်ိဳလင္တန္၊ ကယ္လမ္ ဝီလ္ဆင္၊ အဲလီးေယာ့တ္ အန္ဒါဆန္၊ အန္သိုနီ ေဂၚဒြန္တို႔ မပါဝင္ဘဲ ကစားသြားရဦးမွာပါ။

ျဖစ္ႏိုင္ဖြယ္ ပြဲထြက္လူစာရင္း

အာဆင္နယ္-ရာယာ၊ ဝႈိက္၊ ဆာလီဘာ၊ ဂါဘရီယဲလ္၊ ခီဗီေယာ၊ ႐ိုက္၊ ေဂ်ာ္ဂ်င္ညိဳ၊ ေအာ္ဒီဂြါဒ္၊ ဟာဗတ္ဇ္၊ ဆာကာ၊ မာတီနယ္လီ။
နယူးကာဆယ္-ဒူဗရက္ကာ၊ ထရစ္ပီယာ၊ ရွား၊ ေဘာ့တ္မန္း၊ လီဗရာမန္တို၊ ဂီမာေရးစ္၊ ေလာင္းစတက္ဖ္၊ မိုင္လီ၊ အယ္လ္မီ႐ြန္၊ ေဂၚဒြန္၊ ဘန္းစ္။

ထိပ္တိုက္ေတြ႕ဆုံမႈနဲ႔ ေနာက္ဆုံးပြဲရလဒ္မ်ား

ဒီႏွစ္သင္းၾကား ၂၇ ႀကိမ္ေတြ႕ဆုံယွဥ္ၿပိဳင္ခဲ့ရာမွာ အာဆင္နယ္က အႀကိမ္ ၂၀ ႏိုင္ ၃ ႀကိမ္သေရ နယူးကာဆယ္က ၄ ႀကိမ္အႏိုင္ရခဲ့ပါတယ္။ ေနာက္ဆုံးကစားခဲ့တဲ့ ၅ ပြဲမွာ အာဆင္နယ္က ၄ ပြဲႏိုင္ ၁ ပြဲရႈံး၊ နယူးကာဆယ္က ၃ ပြဲႏိုင္ ၂ ပြဲသေရက်ခဲ့ပါတယ္။

ပြဲႀကိဳသုံးသပ္ခ်က္

နယူးကာဆယ္ဟာ အာဆင္နယ္နဲ႔ ေနာက္ဆုံး ၃ ႀကိမ္ေတြ႕ဆုံခဲ့ရာမွာ ၂ ႀကိမ္အထိ စိတ္ပ်က္ေအာင္ လုပ္ႏိုင္ခဲ့ၿပီး စေနေန႔ညမွာလည္း အဲဒီအတိုင္း ထပ္လုပ္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနမွာပါ။ ဒါေပမယ့္လည္း ဧည့္သည္ေတြဟာ ဂန္းနားေတြရဲ႕ ခံစစ္ကို ႀကံ့ႀကံ့ခံႏိုင္စြမ္းရွိတယ္ဆိုတာကို သက္ေသျပသရမွာျဖစ္ၿပီး ဒီပြဲမွာေတာ့ အိမ္ရွင္ေတြ ဘာမွမလုပ္ႏိုင္ေအာင္ ပိတ္ဆို႔ထားဖို႔ဆိုတာ မလြယ္ကူဘူးဆိုတာ ေတြးၾကည့္လို႔ရပါတယ္။ အာဆင္နယ္ဟာ ဗုဒၶဟူးေန႔မွာ တိုက္စစ္ပိုင္း စိတ္ပ်က္စရာေကာင္းခဲ့ေပမယ့္လည္း ၿပီးခဲ့တဲ့ ပရီးမီးယားလိဂ္က ေျခစြမ္းနဲ႔ ဘာမွ မဆိုင္ခဲ့တာျဖစ္ပါတယ္။ အမ္းမရိတ္စ္က အာဆင္နယ္ပရိသတ္ေတြဟာ ေပၚတိုနဲ႔ပြဲက ရႈံးနိမ့္မႈအတြက္ ျပန္လည္တုံ႔ျပန္ေစခ်င္ေနမွာျဖစ္ေပမယ့္လည္း ေတာ္ေတာ္ေလး ကစားရခက္တဲ့ပြဲျဖစ္လာႏိုင္ပါတယ္။ ငွက္က်ားေတြဟာ အိမ္ရွင္ေတြကို စိတ္ပ်က္ေအာင္လုပ္ဖို႔ ခပ္ၾကမ္းၾကမ္း လူခ်ကစားတဲ့အကြက္အနည္းငယ္ အသုံးျပဳႏိုင္ၿပီး ေပၚတိုအတြက္ေတာ့ အလုပ္ျဖစ္ခဲ့တာျဖစ္ပါတယ္။ ဗုဒၶဟူးေန႔ပြဲစဥ္က စြမ္းေဆာင္ရည္ေၾကာင့္ စေနေန႔ပြဲစဥ္အတြက္ အရမ္းႀကီး မစိုးရိမ္သင့္ဘဲ အာဆင္နယ္က အိမ္ကြင္းမွာ အေရးႀကီးတဲ့ အႏိုင္ ၃ မွတ္ကို ရယူသြားႏိုင္မယ္ဆိုရင္ အံ့အားသင့္စရာ ျဖစ္လာမွာ မဟုတ္ပါဘူး။

AM ခန႔္မွန္းပြဲၿပီးရလဒ္(အာဆင္နယ္ ၂-၁ နယူးကာဆယ္)
ေပါလ္ မာဆန္ရဲ႕ ခန႔္မွန္းပြဲၿပီးရလဒ္(အာဆင္နယ္ ၃-၁ နယူးကာဆယ္)
ခရစၥ ဆပ္တန္ရဲ႕ ခန႔္မွန္းပြဲၿပီးရလဒ္(အာဆင္နယ္ ၂-၁ နယူးကာဆယ္)

Arsenal Myanmar

Ref: Internet