အဲဗာတန်ကို ဂန်းနားတွေ အနိုင်မရနိုင်ဘူးလို့ ဟောကိန်းထုတ်ခဲ့တဲ့ ဘာဘာတော့ဗ်နဲ့ နောက်ဆုံးရဂန်းနားသတင်းများ 1024 504 coyg

အဲဗာတန်ကို ဂန်းနားတွေ အနိုင်မရနိုင်ဘူးလို့ ဟောကိန်းထုတ်ခဲ့တဲ့ ဘာဘာတော့ဗ်နဲ့ နောက်ဆုံးရဂန်းနားသတင်းများ

-ဘောလုံးဝေဖန်သုံးသပ်သူ ခရစ္စ ဆပ်တန်က တနင်္ဂနွေနေ့ ဂွတ်ဒီဆင်ပါ့ခ်မှာ အာဆင်နယ်က အနိုင်ရသွားလိမ့်မယ် ဟောကိန်းထုတ်ခဲ့ပြီး ဂန်းနားတွေဟာ ပြီးခဲ့တဲ့တစ်ခေါက် အဲဗာတန်အိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ရာမှာ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ အာတီတာဟာ အာဆင်နယ်ဟာ အဲဗာတန်နဲ့ ဂွတ်ဒီဆင်ပါ့ခ်မှာ နောက်ဆုံးတွေ့ဆုံယှဉ်ပြိုင်ခဲ့တဲ့ ၅ ပွဲမှာ ၄ ပွဲရှုံး ၁ပွဲသရေ ကျခဲ့တာဖြစ်ပေမယ့်လည်း ဆပ်တန်က ၂-၁ နဲ့ အဝေးကွင်းနိုင်ပွဲရမယ်လို့ ဟောကိန်းထုတ်ခဲ့တာဖြစ်ပါတယ်။

-မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း ဒီမီတာ ဘာဘာတော့ဗ်က အဲဗာတန်ဟာ ရာသီသစ်ကို ကောင်းကောင်းမစတင်နိုင်ခဲ့တာကြောင့် ရမှတ်တွေ ရဖို့လိုအပ်နေပြီး ခုလုပ်နေတဲ့ပုံစံနဲ့ဆို ရာသီကောင်းကို ပိုင်ဆိုင်နိုင်မှာမဟုတ်ပေမယ့် တနင်္ဂနွေနေ့မှာတော့ အံ့အားသင့်ဖွယ်ကောင်းတဲ့ သရေ ၁ မှတ်ကို ရယူသွားနိုင်လိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့တာ ဖြစ်ပါတယ်။

– ချဲလ်ဆီးဂိုးသမားဟောင်း အက်စ်မီရာ ဘီဂိုဗစ်က အသင်းဟောင်းရဲ့ အပြောင်းအရွှေ့ မဟာဗျူဟာကို ပြစ်တင်ဝေဖန်ခဲ့ပြီး ဘရိုက်တန်ကနေ မွိုက်စ် ကိုင်ဆေဒိုကို ခေါ်ယူခဲ့တာကိုတောင် မှားယွင်းတဲ့လုပ်ဆောင်မှုလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဘီဂိုဗစ်က ချဲလ်ဆီးရဲ့ ကစားသမားသစ်ခေါ်ယူဖို့အတွက် ချဉ်းကပ်ပုံအသစ်ဟာ ရိုမန် အေဗရာမိုဗစ်ချ်လက်ထက်အတွင်း ဆုဖလားတွေ ရရှိခဲ့တဲ့ အသင်းသမိုင်းအရ လုံးဝကို ထူးဆန်းနေတယ်လို့ ခံစားနေရပြီး အာဆင်နယ်နဲ့အပြိုင် ဒီကလန် ရိုက်ကို ခေါ်ရမယ့်အစား ကိုင်ဆေဒိုကို သွားခေါ်လိုက်တဲ့အမှားကြောင့် အမှတ်ပေးဇယားအလယ်က အသင်းဖြစ်နေတာလို့တောင် ဝေဖန်ခဲ့တာဖြစ်ပါတယ်။

-အာဆင်နယ်နောက်ခံလူ တိုမီယဆုက အမ်းမရိတ်စ်က ၎င်းရဲ့ပွဲထွက်နေရာအတွက် တိုက်ပွဲဝင်နေပြီး ဂျပန်နဲ့အတူ ယုံကြည်မှု ပြန်လည်ရရှိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ အသက် ၂၄ နှစ်အရွယ် နောက်ခံလူဟာ ယခုရာသီ အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ် ၄ ပွဲမှာ တစ်ပွဲသာ ပွဲထွက်ပါဝင်ခွင့်ရခဲ့ပေမယ့်လည်း လက်ရှိမှာတော့ တင်းဘားနဲ့ ပါတေး ဒဏ်ရာရရှိနေမှုကြောင့် ပွဲ့စားချိန် ပိုမိုရရှိလာတော့မှာဖြစ်ပါတယ်။ တိုမီယဆုက ဂျာမနီကို ၄-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဂျပန်နောက်တန်းမှာ ပါဝင်ကစားပေးခဲ့ပြီး အာဆင်နယ်က တောင်းဆိုမှုမြင့်မားတဲ့ပတ်ဝန်းကျင်ကို ပြန်သွားဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

-အာဆင်နယ်နည်းပြ အာတီတာဟာ ကိုင် ဟာဗတ်ဇ်ထက် စမစ် ရိုးက ပိုမိုကောင်းမွန်တဲ့ ရွေးချယ်စရာဖြစ်တယ်လို့ ပြောကြားခြင်းခံခဲ့ရပြီး ဂျာမန်ကြယ်ပွင့်ဟာ ယခုနွေရာသီမှာ ချဲလ်ဆီးကနေ ပြောင်းရွှေ့လာပြီးကတည်းက ခြေစွမ်းပြသနိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။ ဟာဗတ်ဇ်က နိုင်ငံတကာပွဲစဉ်အားလပ်ရက်အတွင်း မြောက်လန်ဒန်က ၎င်းရဲ့ ကစားသမားဘဝ စတင်မှုနဲ့ပတ်သက်ပြီး စိုးရိမ်မှုမရှိဘူးလို့ ပြောဆိုခဲ့ပေမယ့်လည်း ဂျာမိန်း ပင်းနန့်က သဘောမတူခဲ့ဘဲ ချဲလ်ဆီးကြယ်ပွင့်ဟောင်းအနေနဲ့ ဒီအခြေအနေကို ပြောင်းလဲပစ်နိုင်မယ့် အနေအထားမရှိဘဲ ဟာဗတ်ဇ်က ကစားသမားကောင်းဖြစ်ပေမယ့် အာဆင်နယ်မှာ ပိုမိုကောင်းမွန်တဲ့ ရွေးချယ်စရာဖြစ်တဲ့ စမစ် ရိုးရှိနေပြီးသားဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI:

-ေဘာလုံးေဝဖန္သုံးသပ္သူ ခရစၥ ဆပ္တန္က တနဂၤေႏြေန႔ ဂြတ္ဒီဆင္ပါ့ခ္မွာ အာဆင္နယ္က အႏိုင္ရသြားလိမ့္မယ္ ေဟာကိန္းထုတ္ခဲ့ၿပီး ဂန္းနားေတြဟာ ၿပီးခဲ့တဲ့တစ္ေခါက္ အဲဗာတန္အိမ္ကြင္းကို သြားေရာက္ယွဥ္ၿပိဳင္ရာမွာ ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။ အာတီတာဟာ အာဆင္နယ္ဟာ အဲဗာတန္နဲ႔ ဂြတ္ဒီဆင္ပါ့ခ္မွာ ေနာက္ဆုံးေတြ႕ဆုံယွဥ္ၿပိဳင္ခဲ့တဲ့ ၅ ပြဲမွာ ၄ ပြဲရႈံး ၁ပြဲသေရ က်ခဲ့တာျဖစ္ေပမယ့္လည္း ဆပ္တန္က ၂-၁ နဲ႔ အေဝးကြင္းႏိုင္ပြဲရမယ္လို႔ ေဟာကိန္းထုတ္ခဲ့တာျဖစ္ပါတယ္။

-မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္မႉးေဟာင္း ဒီမီတာ ဘာဘာေတာ့ဗ္က အဲဗာတန္ဟာ ရာသီသစ္ကို ေကာင္းေကာင္းမစတင္ႏိုင္ခဲ့တာေၾကာင့္ ရမွတ္ေတြ ရဖို႔လိုအပ္ေနၿပီး ခုလုပ္ေနတဲ့ပုံစံနဲ႔ဆို ရာသီေကာင္းကို ပိုင္ဆိုင္ႏိုင္မွာမဟုတ္ေပမယ့္ တနဂၤေႏြေန႔မွာေတာ့ အံ့အားသင့္ဖြယ္ေကာင္းတဲ့ သေရ ၁ မွတ္ကို ရယူသြားႏိုင္လိမ့္မယ္လို႔ ေဟာကိန္းထုတ္ခဲ့တာ ျဖစ္ပါတယ္။

– ခ်ဲလ္ဆီးဂိုးသမားေဟာင္း အက္စ္မီရာ ဘီဂိုဗစ္က အသင္းေဟာင္းရဲ႕ အေျပာင္းအေ႐ႊ႕ မဟာဗ်ဴဟာကို ျပစ္တင္ေဝဖန္ခဲ့ၿပီး ဘ႐ိုက္တန္ကေန မြိဳက္စ္ ကိုင္ေဆဒိုကို ေခၚယူခဲ့တာကိုေတာင္ မွားယြင္းတဲ့လုပ္ေဆာင္မႈလို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ ဘီဂိုဗစ္က ခ်ဲလ္ဆီးရဲ႕ ကစားသမားသစ္ေခၚယူဖို႔အတြက္ ခ်ဥ္းကပ္ပုံအသစ္ဟာ ႐ိုမန္ ေအဗရာမိုဗစ္ခ်္လက္ထက္အတြင္း ဆုဖလားေတြ ရရွိခဲ့တဲ့ အသင္းသမိုင္းအရ လုံးဝကို ထူးဆန္းေနတယ္လို႔ ခံစားေနရၿပီး အာဆင္နယ္နဲ႔အၿပိဳင္ ဒီကလန္ ႐ိုက္ကို ေခၚရမယ့္အစား ကိုင္ေဆဒိုကို သြားေခၚလိုက္တဲ့အမွားေၾကာင့္ အမွတ္ေပးဇယားအလယ္က အသင္းျဖစ္ေနတာလို႔ေတာင္ ေဝဖန္ခဲ့တာျဖစ္ပါတယ္။

-အာဆင္နယ္ေနာက္ခံလူ တိုမီယဆုက အမ္းမရိတ္စ္က ၎ရဲ႕ပြဲထြက္ေနရာအတြက္ တိုက္ပြဲဝင္ေနၿပီး ဂ်ပန္နဲ႔အတူ ယုံၾကည္မႈ ျပန္လည္ရရွိခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ အသက္ ၂၄ ႏွစ္အ႐ြယ္ ေနာက္ခံလူဟာ ယခုရာသီ အာဆင္နယ္ရဲ႕ ပရီးမီးယားလိဂ္ ၄ ပြဲမွာ တစ္ပြဲသာ ပြဲထြက္ပါဝင္ခြင့္ရခဲ့ေပမယ့္လည္း လက္ရွိမွာေတာ့ တင္းဘားနဲ႔ ပါေတး ဒဏ္ရာရရွိေနမႈေၾကာင့္ ပြဲ႕စားခ်ိန္ ပိုမိုရရွိလာေတာ့မွာျဖစ္ပါတယ္။ တိုမီယဆုက ဂ်ာမနီကို ၄-၁ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ ဂ်ပန္ေနာက္တန္းမွာ ပါဝင္ကစားေပးခဲ့ၿပီး အာဆင္နယ္က ေတာင္းဆိုမႈျမင့္မားတဲ့ပတ္ဝန္းက်င္ကို ျပန္သြားဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

-အာဆင္နယ္နည္းျပ အာတီတာဟာ ကိုင္ ဟာဗတ္ဇ္ထက္ စမစ္ ႐ိုးက ပိုမိုေကာင္းမြန္တဲ့ ေ႐ြးခ်ယ္စရာျဖစ္တယ္လို႔ ေျပာၾကားျခင္းခံခဲ့ရၿပီး ဂ်ာမန္ၾကယ္ပြင့္ဟာ ယခုေႏြရာသီမွာ ခ်ဲလ္ဆီးကေန ေျပာင္းေ႐ႊ႕လာၿပီးကတည္းက ေျခစြမ္းျပသႏိုင္ျခင္းမရွိေသးတာျဖစ္ပါတယ္။ ဟာဗတ္ဇ္က ႏိုင္ငံတကာပြဲစဥ္အားလပ္ရက္အတြင္း ေျမာက္လန္ဒန္က ၎ရဲ႕ ကစားသမားဘဝ စတင္မႈနဲ႔ပတ္သက္ၿပီး စိုးရိမ္မႈမရွိဘူးလို႔ ေျပာဆိုခဲ့ေပမယ့္လည္း ဂ်ာမိန္း ပင္းနန႔္က သေဘာမတူခဲ့ဘဲ ခ်ဲလ္ဆီးၾကယ္ပြင့္ေဟာင္းအေနနဲ႔ ဒီအေျခအေနကို ေျပာင္းလဲပစ္ႏိုင္မယ့္ အေနအထားမရွိဘဲ ဟာဗတ္ဇ္က ကစားသမားေကာင္းျဖစ္ေပမယ့္ အာဆင္နယ္မွာ ပိုမိုေကာင္းမြန္တဲ့ ေ႐ြးခ်ယ္စရာျဖစ္တဲ့ စမစ္ ႐ိုးရွိေနၿပီးသားျဖစ္တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

Arsenal Myanmar

Ref: Internet