အောင်ပွဲခံတာကအစလိုက်ပြောနေတဲ့ ကာရေဂါကို ပြန်တုံ့ပြန်ခဲ့တဲ့ ဆီးမန်း 644 429 coyg

အောင်ပွဲခံတာကအစလိုက်ပြောနေတဲ့ ကာရေဂါကို ပြန်တုံ့ပြန်ခဲ့တဲ့ ဆီးမန်း

အာဆင်နယ်ဂန္တဝင် ဒေးဗစ် ဆီးမန်းက ဆုဖလားပြိုင်ဘက် လီဗာပူးလ်ကို ၃-၁ နဲ့ အနိုင်ရခဲ့ပြီးနောက် အာဆင်နယ်ရဲ့ အောင်ပွဲခံပုံကို ဝေဖန်ခဲ့တဲ့ ကာရေဂါရဲ့ ဝေဖန်မှုကို တုံ့ပြန်ခဲ့ပြီး အာတီတာရဲ့အသင်းအနေနဲ့ ဒီလို ကြီးမားတဲ့နိုင်ပွဲအတွက် ပျော်ရွှင်ခွင့်ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဂန်းနားတွေဟာ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ၅ မှတ်အထိ ဖြတ်ထားတဲ့ လီဗာပူးလ်ကို ဆာကာ၊ မာတီနယ်လီနဲ့ ထရော့ဆာ့ဒ်တို့ရဲ့ သွင်းဂိုးတွေကြောင့် ၂ မှတ်အထိ ကွာဟမှုကို လျှော့ချနိုင်ခဲ့ပြီး ခက်ခဲတဲ့ ဆောင်းရာသီကာလအပြီး ၃ ပွဲဆက်တိုက် နိုင်ပွဲလည်း ဖြစ်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် အမ်းမရိတ်စ်မှာ အာဆင်နယ်ပရိသတ်တွေကြား ပျော်ရွှင်စွာနဲ့ အောင်ပွဲခံပုံတွေကို မြင်တွေ့ခဲ့ရတာဖြစ်ပြီး အမှတ်ပေးဇယားဦးဆောင်သူတွေဖြစ်တဲ့ လီဗာပူးလ်အတွက်ကတော့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ဒုတိယမြောက် ရှုံးပွဲဖြစ်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ရဲ့ အသင်းခေါင်းဆောင် မာတင် အော်ဒီဂွါဒ်ဟာ အသင်းရဲ့ သက်တော်ရှည် ဝါရင့်ဓာတ်ပုံဆရာကြီးဖြစ်တဲ့ စတူးဝပ် မက်ဖားလိန်းကို ပွဲအပြီးမှာ ဓာတ်ပုံရိုက်ပေးခဲ့ပြီး နော်ဝေကွင်းလယ်လူရဲ့ အောင်ပွဲခံဟန်က လီဗာပူးလ်ဂန္တဝင် ကာရေဂါအတွက် မျက်စိစပါးမွှေးစူးစရာဖြစ်ခဲ့တာဖြစ်ပါတယ်။

ကာရေဂါက အော်ဒီဂွါဒ်နဲ့ အာဆင်နယ်ကစားသမားတွေအနေနဲ့ ဥမင်လျှောက်လမ်းထဲကို ဝင်သွားသင့်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပြီး လီဗာပူးလ်နောက်ခံလူဟောင်းရဲ့ မှတ်ချက်ဟာ အာဆင်နယ်ဂန္တဝင်တွေဖြစ်တဲ့ အီယန် ရိုက်နဲ့ ရေးပါလာတို့လို ဂန်းနားကြယ်ပွင့်ဟောင်းတွေရဲ့ ဒေါသတကြီး တုံ့ပြန်မှုနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

အာဆင်နယ်ရဲ့ နိုင်ပွဲအကြောင်း ပြန်ပြောရာမှာ အာဆင်နယ်ဂန္တဝင်ဂိုးသမားကြီး ဒေးဗစ် ဆီးမန်းက “လီဗာပူးလ်က အရမ်းမဆိုးခဲ့ပါဘူး။ ဒါပေမယ့် အာဆင်နယ်ဆီကနေ ဘာမှ မယူနိုင်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ သူတို့တွေ ပွဲကို စတင်ခဲ့တဲ့ပုံက အရမ်းကောင်းခဲ့လို့ပါ။ ကျွန်တော် စိတ်အားထက်သန်မှုကို ချစ်မြတ်နိုးတယ်။ အာတီတာနဲ့ပတ်သက်ပြီးရော ကျွန်တော်တို့ အောင်ပွဲခံခဲ့တာတွေကိုပါ ပြောခဲ့တာတွေ အများကြီးရှိခဲ့ပါတယ်။ ကျွန်တော်ကတော့ အဲဒီလိုအောင်ပွဲခံတာ နှစ်သက်တယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ နည်းနည်းတော့ များသွားပါတယ်။ ကျွန်တော် ဘယ်လို ပြောချင်လဲ ခင်ဗျားသိလား။ စိတ်အေးအေးထားပြီး အရှုံးကို လက်ခံလိုက်စမ်းပါ(ရယ်လျက်)။ ဒါပေမယ့် အဲဒါက ပွဲစဉ်အတွင်းမှာ ဖြစ်ခဲ့တာတွေကြောင့်ပါ။ အာဆင်နယ်က အဲဒီပွဲကိုသာ ရှုံးရင် ကျွန်တော်တို့ ဆုဖလားပြိုင်ပွဲကနေ ထွက်ရပြီ။ ကျွန်တော်တို့ လီဗာပူးလ်နဲ့ ၈မှတ်ကွာသွားမယ်။ မန်စီးတီးဆို ၂ ပွဲအထိ ကစားဖို့ ကျန်နေသေးတယ်။ အဲဒီတော့ အဲဒီလိုသာ ဖြစ်ခဲ့ရင် အရမ်းကို စိတ်ပျက်စရာဖြစ်ခဲ့ပါလိမ့်မယ်။ အဲဒီအောင်ပွဲခံမှုက ကျွန်တော်တို့သာ ရှုံးခဲ့ရင် ဘာဖြစ်သွားနိုင်လဲဆိုတာကို သိနေတာကြောင့်လို့ ထင်ပါတယ်။ စိတ်သက်သာရာရသွားတာပေါ့။ အဲဒီလို ဖြစ်ခဲ့တာပါ ”

“ကျွန်တော် ကာရေဂါက အော်ဒီဂွါဒ်နဲ့ ဓာတ်ပုံဆရာကို မကျေမနပ်နဲ့ ပြောနေတာကို ကြားရတဲ့အချိန်မှာ ရယ်မောခဲ့မိပါတယ်။ ကျွန်တော် ဖြစ်သွားတာက အိုး အရှုံးကို လက်ခံဖို့ ခက်နေတာလား ဂျေမီပေါ့(ရယ်လျက်)။ အိုး ဘုရားသခင် မင်းရော ဘယ်တုန်းကမှ အောင်ပွဲမခံခဲ့ဖူးဘူးလားပေါ့။ စတူးဝပ်က ကျွန်တော် အာဆင်နယ်မှာ ကစားနေခဲ့တဲ့အချိန်ကတည်းက ရှိနေခဲ့တာပါ။ သူက အာဆင်နယ်ဆိုတာ ရှိခဲ့တဲ့ ပထမဆုံးနေ့ကတည်းက ရှိနေခဲ့ပြီး အားလုံးက စတူးဝပ်ကို ချစ်ကြတယ်။ သူက အာဆင်နယ်နဲ့ပတ်သက်ပြီး အရမ်းကို စိတ်အားထက်သန်တဲ့သူပါ။ သူက အာဆင်နယ်အကြောင်း အကုန်သိတယ်။ အာဆင်နယ်နဲ့ပတ်သက်တဲ့အရာအားလုံးကို ချစ်တယ်။ ကျွန်တော် အဲဒါကို သဘောကျတယ်။ အဲဒီ အပြန်အလှန် ဓာတ်ပုံ ပြန်ရိုက်ပေးတာလေးကို ကျွန်တော် သဘောကျတယ်။ စတူးဝပ်က သူ့နောက်မှာ ပရိသတ်တွေရှိနေစေချင်ပြီး ပရိသတ်တွေအားလုံးကလည်း သူ့နောက်မှာ ရှိနေခဲ့ကြလို့ပါ။ အာဆင်နယ်အတွက် ရက်ကောင်းရက်သာဖြစ်ခဲ့တယ်။ တကယ်ကို ကောင်းတဲ့နေ့ပါ။ ကျွန်တော် သူတို့ ကစားခဲ့တဲ့ပုံစံအတွက် အောင်ပွဲခံခဲ့တာနဲ့ပတ်သက်ပြီး အာတီတာနဲ့ အသင်းသားတွေကို ဘာမှ ပြောစရာမရှိပါဘူး။ ဘာလို့လဲဆိုတော့ အာဆင်နယ်အတွက် အဲဒါက ကြီးမားတဲ့ ရလဒ်တစ်ခုဖြစ်ခဲ့လို့ပါ”လို့ ပြောဆိုခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: အာဆင္နယ္ဂႏၲဝင္ ေဒးဗစ္ ဆီးမန္းက ဆုဖလားၿပိဳင္ဘက္ လီဗာပူးလ္ကို ၃-၁ နဲ႔ အႏိုင္ရခဲ့ၿပီးေနာက္ အာဆင္နယ္ရဲ႕ ေအာင္ပြဲခံပုံကို ေဝဖန္ခဲ့တဲ့ ကာေရဂါရဲ႕ ေဝဖန္မႈကို တုံ႔ျပန္ခဲ့ၿပီး အာတီတာရဲ႕အသင္းအေနနဲ႔ ဒီလို ႀကီးမားတဲ့ႏိုင္ပြဲအတြက္ ေပ်ာ္႐ႊင္ခြင့္ရွိတယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ဂန္းနားေတြဟာ အမွတ္ေပးဇယား ထိပ္ဆုံးမွာ ၅ မွတ္အထိ ျဖတ္ထားတဲ့ လီဗာပူးလ္ကို ဆာကာ၊ မာတီနယ္လီနဲ႔ ထေရာ့ဆာ့ဒ္တို႔ရဲ႕ သြင္းဂိုးေတြေၾကာင့္ ၂ မွတ္အထိ ကြာဟမႈကို ေလွ်ာ့ခ်ႏိုင္ခဲ့ၿပီး ခက္ခဲတဲ့ ေဆာင္းရာသီကာလအၿပီး ၃ ပြဲဆက္တိုက္ ႏိုင္ပြဲလည္း ျဖစ္ခဲ့တာျဖစ္ပါတယ္။

ဒါေၾကာင့္ အမ္းမရိတ္စ္မွာ အာဆင္နယ္ပရိသတ္ေတြၾကား ေပ်ာ္႐ႊင္စြာနဲ႔ ေအာင္ပြဲခံပုံေတြကို ျမင္ေတြ႕ခဲ့ရတာျဖစ္ၿပီး အမွတ္ေပးဇယားဦးေဆာင္သူေတြျဖစ္တဲ့ လီဗာပူးလ္အတြက္ကေတာ့ ဒီရာသီ ပရီးမီးယားလိဂ္မွာ ဒုတိယေျမာက္ ရႈံးပြဲျဖစ္ခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ရဲ႕ အသင္းေခါင္းေဆာင္ မာတင္ ေအာ္ဒီဂြါဒ္ဟာ အသင္းရဲ႕ သက္ေတာ္ရွည္ ဝါရင့္ဓာတ္ပုံဆရာႀကီးျဖစ္တဲ့ စတူးဝပ္ မက္ဖားလိန္းကို ပြဲအၿပီးမွာ ဓာတ္ပုံ႐ိုက္ေပးခဲ့ၿပီး ေနာ္ေဝကြင္းလယ္လူရဲ႕ ေအာင္ပြဲခံဟန္က လီဗာပူးလ္ဂႏၲဝင္ ကာေရဂါအတြက္ မ်က္စိစပါးေမႊးစူးစရာျဖစ္ခဲ့တာျဖစ္ပါတယ္။

ကာေရဂါက ေအာ္ဒီဂြါဒ္နဲ႔ အာဆင္နယ္ကစားသမားေတြအေနနဲ႔ ဥမင္ေလွ်ာက္လမ္းထဲကို ဝင္သြားသင့္တယ္လို႔ ေျပာဆိုခဲ့တာျဖစ္ၿပီး လီဗာပူးလ္ေနာက္ခံလူေဟာင္းရဲ႕ မွတ္ခ်က္ဟာ အာဆင္နယ္ဂႏၲဝင္ေတြျဖစ္တဲ့ အီယန္ ႐ိုက္နဲ႔ ေရးပါလာတို႔လို ဂန္းနားၾကယ္ပြင့္ေဟာင္းေတြရဲ႕ ေဒါသတႀကီး တုံ႔ျပန္မႈနဲ႔ ရင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။

အာဆင္နယ္ရဲ႕ ႏိုင္ပြဲအေၾကာင္း ျပန္ေျပာရာမွာ အာဆင္နယ္ဂႏၲဝင္ဂိုးသမားႀကီး ေဒးဗစ္ ဆီးမန္းက “လီဗာပူးလ္က အရမ္းမဆိုးခဲ့ပါဘူး။ ဒါေပမယ့္ အာဆင္နယ္ဆီကေန ဘာမွ မယူႏိုင္ခဲ့ဘူး။ ဘာလို႔လဲဆိုေတာ့ သူတို႔ေတြ ပြဲကို စတင္ခဲ့တဲ့ပုံက အရမ္းေကာင္းခဲ့လို႔ပါ။ ကြၽန္ေတာ္ စိတ္အားထက္သန္မႈကို ခ်စ္ျမတ္ႏိုးတယ္။ အာတီတာနဲ႔ပတ္သက္ၿပီးေရာ ကြၽန္ေတာ္တို႔ ေအာင္ပြဲခံခဲ့တာေတြကိုပါ ေျပာခဲ့တာေတြ အမ်ားႀကီးရွိခဲ့ပါတယ္။ ကြၽန္ေတာ္ကေတာ့ အဲဒီလိုေအာင္ပြဲခံတာ ႏွစ္သက္တယ္။ ပြင့္ပြင့္လင္းလင္း ေျပာရရင္ေတာ့ နည္းနည္းေတာ့ မ်ားသြားပါတယ္။ ကြၽန္ေတာ္ ဘယ္လို ေျပာခ်င္လဲ ခင္ဗ်ားသိလား။ စိတ္ေအးေအးထားၿပီး အရႈံးကို လက္ခံလိုက္စမ္းပါ(ရယ္လ်က္)။ ဒါေပမယ့္ အဲဒါက ပြဲစဥ္အတြင္းမွာ ျဖစ္ခဲ့တာေတြေၾကာင့္ပါ။ အာဆင္နယ္က အဲဒီပြဲကိုသာ ရႈံးရင္ ကြၽန္ေတာ္တို႔ ဆုဖလားၿပိဳင္ပြဲကေန ထြက္ရၿပီ။ ကြၽန္ေတာ္တို႔ လီဗာပူးလ္နဲ႔ ၈မွတ္ကြာသြားမယ္။ မန္စီးတီးဆို ၂ ပြဲအထိ ကစားဖို႔ က်န္ေနေသးတယ္။ အဲဒီေတာ့ အဲဒီလိုသာ ျဖစ္ခဲ့ရင္ အရမ္းကို စိတ္ပ်က္စရာျဖစ္ခဲ့ပါလိမ့္မယ္။ အဲဒီေအာင္ပြဲခံမႈက ကြၽန္ေတာ္တို႔သာ ရႈံးခဲ့ရင္ ဘာျဖစ္သြားႏိုင္လဲဆိုတာကို သိေနတာေၾကာင့္လို႔ ထင္ပါတယ္။ စိတ္သက္သာရာရသြားတာေပါ့။ အဲဒီလို ျဖစ္ခဲ့တာပါ ”

“ကြၽန္ေတာ္ ကာေရဂါက ေအာ္ဒီဂြါဒ္နဲ႔ ဓာတ္ပုံဆရာကို မေက်မနပ္နဲ႔ ေျပာေနတာကို ၾကားရတဲ့အခ်ိန္မွာ ရယ္ေမာခဲ့မိပါတယ္။ ကြၽန္ေတာ္ ျဖစ္သြားတာက အိုး အရႈံးကို လက္ခံဖို႔ ခက္ေနတာလား ေဂ်မီေပါ့(ရယ္လ်က္)။ အိုး ဘုရားသခင္ မင္းေရာ ဘယ္တုန္းကမွ ေအာင္ပြဲမခံခဲ့ဖူးဘူးလားေပါ့။ စတူးဝပ္က ကြၽန္ေတာ္ အာဆင္နယ္မွာ ကစားေနခဲ့တဲ့အခ်ိန္ကတည္းက ရွိေနခဲ့တာပါ။ သူက အာဆင္နယ္ဆိုတာ ရွိခဲ့တဲ့ ပထမဆုံးေန႔ကတည္းက ရွိေနခဲ့ၿပီး အားလုံးက စတူးဝပ္ကို ခ်စ္ၾကတယ္။ သူက အာဆင္နယ္နဲ႔ပတ္သက္ၿပီး အရမ္းကို စိတ္အားထက္သန္တဲ့သူပါ။ သူက အာဆင္နယ္အေၾကာင္း အကုန္သိတယ္။ အာဆင္နယ္နဲ႔ပတ္သက္တဲ့အရာအားလုံးကို ခ်စ္တယ္။ ကြၽန္ေတာ္ အဲဒါကို သေဘာက်တယ္။ အဲဒီ အျပန္အလွန္ ဓာတ္ပုံ ျပန္႐ိုက္ေပးတာေလးကို ကြၽန္ေတာ္ သေဘာက်တယ္။ စတူးဝပ္က သူ႔ေနာက္မွာ ပရိသတ္ေတြရွိေနေစခ်င္ၿပီး ပရိသတ္ေတြအားလုံးကလည္း သူ႔ေနာက္မွာ ရွိေနခဲ့ၾကလို႔ပါ။ အာဆင္နယ္အတြက္ ရက္ေကာင္းရက္သာျဖစ္ခဲ့တယ္။ တကယ္ကို ေကာင္းတဲ့ေန႔ပါ။ ကြၽန္ေတာ္ သူတို႔ ကစားခဲ့တဲ့ပုံစံအတြက္ ေအာင္ပြဲခံခဲ့တာနဲ႔ပတ္သက္ၿပီး အာတီတာနဲ႔ အသင္းသားေတြကို ဘာမွ ေျပာစရာမရွိပါဘူး။ ဘာလို႔လဲဆိုေတာ့ အာဆင္နယ္အတြက္ အဲဒါက ႀကီးမားတဲ့ ရလဒ္တစ္ခုျဖစ္ခဲ့လို႔ပါ”လို႔ ေျပာဆိုခဲ့ပါတယ္။

Arsenal Myanmar

Ref: Internet