အီဒူးနဲ့အာတီတာတို့ ချီးမွမ်းခဲ့တဲ့ ကစားသမားကို ခေါ်ယူဖို့ အခွင့်အရေးရှိနေတဲ့ အာဆင်နယ်
အာဆင်နယ်ဟာ ဝုလ်ဗ်စ်တောင်ပံကြယ်ပွင့် ပက်ဒရို နီတိုကို ကာလရှည် ခေါ်ယူဖို့ ကြိုးပမ်းနေမှုကို အဆုံးသတ်ဖို့ ရွှေရောင်အခွင့်အရေး ရရှိခဲ့တယ်လို့ သိရပါတယ်။
ပေါ်တူဂီတောင်ပံကစားသမားဟာ ယခုရာသီမှာ ဝုလ်ဗ်စ်အသင်းအတွက် နောက်ထပ်တစ်ကြိမ် ထူးချွန်တဲ့ ကစားသမားဖြစ်ခဲ့သူဖြစ်ပေမယ့်လည်း ဝံပုလွေတွေဟာ FFP ရဲ့ မညှာမတာ ဒဏ်ခတ်မှုကို ရှောင်လွှဲနိုင်အောင် ကြယ်ပွင့်ကစားသမားကို ရောင်းထုတ်ဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။
ဝုလ်ဗ်စ်ဟာ ပရီးမီးယားလိဂ်ရဲ့ အမြတ်အစွန်းနဲ့ ရေရှည်ရပ်တည်နိုင်ရေးစည်းမျဉ်းတွေနဲ့ မငြိစွန်းချင်ဘဲ ဒီရာသီမှာ အဲဗာတန်နဲ့ နော်တင်ဟမ် ဖောရက်စ်တို့ဟာ အရေးယူခြင်းခံခဲ့ရပြီးဖြစ်တာက အသက် ၂၃ နှစ်အရွယ် ကစားသမားကို ရောင်းထုတ်ဖို့ ဖြစ်လာစေခဲ့တာဖြစ်ပါတယ်။
ဝုလ်ဗ်စ်အသင်းဟာ လာမယ့် နွေရာသီမှာ ကစားသမားခေါ်ယူမှုတွေ ပြုလုပ်နိုင်ဖို့အတွက်ဆိုရင် ပက်ဒရို နီတိုကို ရောင်းထုတ်မှ ဖြစ်နိုင်မှာဖြစ်ပြီး ပေါ်တူဂီကြယ်ပွင့်ဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၅ ပွဲအထိ ပါဝင်ကစားပေးထားရာမှာ သွင်းဂိုး ၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၈ ကြိမ်အထိ ပြုလုပ်ထားတာဖြစ်ပါတယ်။
The Sun ရဲ့သတင်းအရ ဝုလ်ဗ်စ်ဟာ လာမယ့် ၂၀၂၄-၂၀၂၅ ရာသီမတိုင်ခင် နီတိုကို ရောင်းထုတ်သွားဖို့ စီစဉ်ထားပြီးဖြစ်တယ်လို့ သိရပြီး ပေါ်တူဂီကြယ်ပွင့်ရဲ့ စာချုပ်ဟာ ၂၀၂၇ ခုနှစ်မှာ သက်တမ်းကုန်ဆုံးမှာဖြစ်တာကြောင့် ကြယ်ပွင့်ကစားသမားကို မဝေးလှတဲ့အနာဂတ်မှာ အလွတ်နဲ့ ထွက်ခွာခွင့်ပေးရမှာကို စိုးရိမ်စရာမလိုဘဲ စျေးကောင်းကောင်း တောင်းနိုင်မှာဖြစ်ပါတယ်။
ဂန်းနားတွေဟာ ပေါ်တူဂီတောင်ပံကြယ်ပွင့်ကို ခေါ်ယူဖို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာ ကြာခဲ့ပြီဖြစ်ပြီး နီတိုကို အာဆင်နယ်အားကစားဒါရိုက်တာ အီဒူးနဲ့ နည်းပြ အာတီတာတို့က အသိအမှတ်ပြု ချီးကျူးခဲ့ကြတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။
ဒါပေမယ့်လည်း အာဆင်နယ်အနေနဲ့ နီတိုအတွက် ပြောင်းရွှေ့ကြေး ဘယ်လောက်အထိ ပေးချေလိုတဲ့ဆန္ဒရှိမလဲဆိုတာက အသင်းက ကစားသမားတွေ ရောင်းထုတ်နိုင်မလားဆိုတဲ့အပေါ်မှာ မူတည်နေပြီး ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ကစားသမားအများအပြားနဲ့သတင်းထွက်ခဲ့ပေမယ့် နွေရာသီတုန်းက ပေါင်သန်း ၂၀၀ ကျော်အထိ သုံးစွဲခဲ့တာကြောင့် ကစားသမားသစ်တစ်ဦးမှ မခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: အာဆင္နယ္ဟာ ဝုလ္ဗ္စ္ေတာင္ပံၾကယ္ပြင့္ ပက္ဒ႐ို နီတိုကို ကာလရွည္ ေခၚယူဖို႔ ႀကိဳးပမ္းေနမႈကို အဆုံးသတ္ဖို႔ ေ႐ႊေရာင္အခြင့္အေရး ရရွိခဲ့တယ္လို႔ သိရပါတယ္။
ေပၚတူဂီေတာင္ပံကစားသမားဟာ ယခုရာသီမွာ ဝုလ္ဗ္စ္အသင္းအတြက္ ေနာက္ထပ္တစ္ႀကိမ္ ထူးခြၽန္တဲ့ ကစားသမားျဖစ္ခဲ့သူျဖစ္ေပမယ့္လည္း ဝံပုေလြေတြဟာ FFP ရဲ႕ မညႇာမတာ ဒဏ္ခတ္မႈကို ေရွာင္လႊဲႏိုင္ေအာင္ ၾကယ္ပြင့္ကစားသမားကို ေရာင္းထုတ္ဖို႔ ျပင္ဆင္ေနၿပီလို႔ သိရပါတယ္။
ဝုလ္ဗ္စ္ဟာ ပရီးမီးယားလိဂ္ရဲ႕ အျမတ္အစြန္းနဲ႔ ေရရွည္ရပ္တည္ႏိုင္ေရးစည္းမ်ဥ္းေတြနဲ႔ မၿငိစြန္းခ်င္ဘဲ ဒီရာသီမွာ အဲဗာတန္နဲ႔ ေနာ္တင္ဟမ္ ေဖာရက္စ္တို႔ဟာ အေရးယူျခင္းခံခဲ့ရၿပီးျဖစ္တာက အသက္ ၂၃ ႏွစ္အ႐ြယ္ ကစားသမားကို ေရာင္းထုတ္ဖို႔ ျဖစ္လာေစခဲ့တာျဖစ္ပါတယ္။
ဝုလ္ဗ္စ္အသင္းဟာ လာမယ့္ ေႏြရာသီမွာ ကစားသမားေခၚယူမႈေတြ ျပဳလုပ္ႏိုင္ဖို႔အတြက္ဆိုရင္ ပက္ဒ႐ို နီတိုကို ေရာင္းထုတ္မွ ျဖစ္ႏိုင္မွာျဖစ္ၿပီး ေပၚတူဂီၾကယ္ပြင့္ဟာ ဒီရာသီမွာ ပရီးမီးယားလိဂ္ပြဲစဥ္ ၁၅ ပြဲအထိ ပါဝင္ကစားေပးထားရာမွာ သြင္းဂိုး ၂ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၈ ႀကိမ္အထိ ျပဳလုပ္ထားတာျဖစ္ပါတယ္။
The Sun ရဲ႕သတင္းအရ ဝုလ္ဗ္စ္ဟာ လာမယ့္ ၂၀၂၄-၂၀၂၅ ရာသီမတိုင္ခင္ နီတိုကို ေရာင္းထုတ္သြားဖို႔ စီစဥ္ထားၿပီးျဖစ္တယ္လို႔ သိရၿပီး ေပၚတူဂီၾကယ္ပြင့္ရဲ႕ စာခ်ဳပ္ဟာ ၂၀၂၇ ခုႏွစ္မွာ သက္တမ္းကုန္ဆုံးမွာျဖစ္တာေၾကာင့္ ၾကယ္ပြင့္ကစားသမားကို မေဝးလွတဲ့အနာဂတ္မွာ အလြတ္နဲ႔ ထြက္ခြာခြင့္ေပးရမွာကို စိုးရိမ္စရာမလိုဘဲ ေစ်းေကာင္းေကာင္း ေတာင္းႏိုင္မွာျဖစ္ပါတယ္။
ဂန္းနားေတြဟာ ေပၚတူဂီေတာင္ပံၾကယ္ပြင့္ကို ေခၚယူဖို႔ သတင္းေတြ ထြက္ေပၚေနခဲ့တာ ၾကာခဲ့ၿပီျဖစ္ၿပီး နီတိုကို အာဆင္နယ္အားကစားဒါ႐ိုက္တာ အီဒူးနဲ႔ နည္းျပ အာတီတာတို႔က အသိအမွတ္ျပဳ ခ်ီးက်ဴးခဲ့ၾကတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။
ဒါေပမယ့္လည္း အာဆင္နယ္အေနနဲ႔ နီတိုအတြက္ ေျပာင္းေ႐ႊ႕ေၾကး ဘယ္ေလာက္အထိ ေပးေခ်လိုတဲ့ဆႏၵရွိမလဲဆိုတာက အသင္းက ကစားသမားေတြ ေရာင္းထုတ္ႏိုင္မလားဆိုတဲ့အေပၚမွာ မူတည္ေနၿပီး ၿပီးခဲ့တဲ့ ဇန္နဝါရီမွာ ကစားသမားအမ်ားအျပားနဲ႔သတင္းထြက္ခဲ့ေပမယ့္ ေႏြရာသီတုန္းက ေပါင္သန္း ၂၀၀ ေက်ာ္အထိ သုံးစြဲခဲ့တာေၾကာင့္ ကစားသမားသစ္တစ္ဦးမွ မေခၚယူႏိုင္ခဲ့တာျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News