အာတီတာလက်အောက်က အာဆင်နယ်နဲ့ အရင်က အာဆင်နယ်ကို နှိုင်းယှဉ်ခဲ့တဲ့ ဖာဘရီဂတ်စ်
ဖာဘရီဂတ်စ်ဟာ ပြီးခဲ့တဲ့နှစ်မှာ အာဆင်နယ် လေ့ကျင့်ရေးကွင်းကို ပုံမှန်လည်ပတ်ခဲ့သူဖြစ်ပြီး အာတီတာရဲ့ ကစားဟန်ကို အံ့ဩခဲ့ပြီး ၂၀၁၁ ခုနှစ်တုန်းက စွန့်ခွာခဲ့တဲ့ အသင်းနဲ့ လုံးဝမတူညီတော့ဘူးလို့ ယုံကြည်နေပါတယ်။
စပိန်ဂန္တဝင်ကွင်းလယ်ကစားသမားဟာ ယူအီးအက်ဖ်အေရဲ့ အေ လိုင်စင် ရရှိခဲ့ပြီးဖြစ်တာကြောင့် ဂန်းနားတွေရဲ့ လန်ဒန်ကိုလ်နီကွင်းကို ဒါဇင်ဝက်ကျော် လာရောက်လည်ပတ်ခဲ့တာဖြစ်ပြီး အဲဒါကြောင့် အာတီတာနဲ့ အီဒူးတို့ကို မေးခွန်းတွေ ထုတ်ခွင့်ရခဲ့သလို အပြောင်းအလဲကြောင့်လည်း အံ့အားသင့်ခဲ့ရတာဖြစ်ပါတယ်။
“ကျွန်တော် အရင်တုန်းက ဒီနေရာမှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့သူလိုမျိုးဖြစ်ခဲ့ပါတယ်။ ဝင်ပေါက်တစ်ခုပဲ ရင်းရင်းနှီးနှီးရှိတော့တယ်။ ကျန်တဲ့အရာတွေအားလုံး၊ အဆောက်အအုံတစ်ခုလုံးက လုံးဝကို အသစ်ပဲ။ အများကြီး ပိုကြီးလာတယ်။ သူတို့တွေမှာ ရှိတဲ့ ပြန်လည်ကုစားမှုနဲ့သက်ဆိုင်တဲ့ အရင်းအမြစ်တွေကလည်း အရမ်းကောင်းမွန်တယ်။ ထိပ်တန်းအဆင့်ပါပဲ။ ပြီးတော့ လူတွေပေါ့။ ကျွန်တော် ကစားခဲ့တဲ့အချိန်တုန်းက ရှိခဲ့တဲ့ လူ ၃၀၀ ထဲက ၃၊ ၄ ယောက်လောက် ရှိနေသေးတယ်။ ၁၂ နှစ်အတွင်းမှာ ဘယ်လောက်အထိ ပြောင်းလဲသွားခဲ့ပြီလဲဆိုတာ စဉ်းစားကြည့်ပေါ့။ ဒါပေမယ့် အရေးအကြီးဆုံးအရာက အသင်းက ကြီးထွားလာနေပြီး ကောင်းကောင်း လုပ်နိုင်နေပါတယ်။”
ဖာဘရီဂတ်စ်ဟာ အာတီတာလက်အောက်က အာဆင်နယ်ကစားဟန်ကို အပြည့်အဝ နှစ်သက်သဘောကျပြီး ကစားသမားသစ် ခေါ်ယူတဲ့အပိုင်းမှာ မန်စီးတီး၊ ဘရိုက်တန်တို့နဲ့အတူ အကောင်းဆုံး ၃ သင်းထဲက တစ်သင်းဖြစ်တယ်လို့ ယူဆထားတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ၂၀၁၀ ကမ္ဘာ့ဖလားချန်ပီယံက ပြီးခဲ့တဲ့ရာသီ ဆာလီဘာ ဒဏ်ရာရသွားချိန်မှာ အသင်းက အသားကျနိုင်ဖို့ ရုန်းကန်ခဲ့ရတာကို ထောက်ပြခဲ့ပြီး ယခုရာသီ ချန်ပီယံ မန်စီးတီးကို ကျော်ဖြတ်နိုင်ချင်တယ်ဆိုရင် အဲဒီအခက်အခဲကို ကျော်ဖြတ်ဖို့က စိန်ခေါ်မှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
“အာဆင်နယ်က ၃-၁-၃-၃ စကားကွက်ကို အသုံးပြုနေပြီး ဘောလုံးရှေ့မှာ ကစားသမား ၆ ဦးရှိနေပါတယ်။ အဲဒါက နည်းပြက သူ့ရဲ့ ခံစစ်ကစားသမားတွေကို ပိုပြီးလျင်လျင်မြန်မြန်နဲ့ ဘောလုံးကို ပြန်လည်ဆယ်ယူနိုင်မယ်လို့ ယုံကြည်မှုပေးထားတာပါ။ အဲဒီတော့ သူတို့တွေ နည်းနည်းပိုပြီးတော့ တိုက်စစ်ကစားနိုင်ပါတယ်။ ဒါပေမယ့် ဆာလီဘာ ကစားတဲ့အချိန်နဲ့ ဒဏ်ရာရချိန်မှာ ကွာခြားချက်ကို ခင်ဗျား မြင်နိုင်ပါတယ်။ မီခေးလ်က ခင်ဗျားကို သူ့ကိုယ်သူ ပြောသလိုနဲ့ သူတို့တွေ ကစားနိုင်တဲ့ပုံစံအတိုင်း မဟုတ်ဘူးလို့ ပြောလိမ့်မယ်။”လို့ ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: ဖာဘရီဂတ္စ္ဟာ ၿပီးခဲ့တဲ့ႏွစ္မွာ အာဆင္နယ္ ေလ့က်င့္ေရးကြင္းကို ပုံမွန္လည္ပတ္ခဲ့သူျဖစ္ၿပီး အာတီတာရဲ႕ ကစားဟန္ကို အံ့ဩခဲ့ၿပီး ၂၀၁၁ ခုႏွစ္တုန္းက စြန႔္ခြာခဲ့တဲ့ အသင္းနဲ႔ လုံးဝမတူညီေတာ့ဘူးလို႔ ယုံၾကည္ေနပါတယ္။
စပိန္ဂႏၲဝင္ကြင္းလယ္ကစားသမားဟာ ယူအီးအက္ဖ္ေအရဲ႕ ေအ လိုင္စင္ ရရွိခဲ့ၿပီးျဖစ္တာေၾကာင့္ ဂန္းနားေတြရဲ႕ လန္ဒန္ကိုလ္နီကြင္းကို ဒါဇင္ဝက္ေက်ာ္ လာေရာက္လည္ပတ္ခဲ့တာျဖစ္ၿပီး အဲဒါေၾကာင့္ အာတီတာနဲ႔ အီဒူးတို႔ကို ေမးခြန္းေတြ ထုတ္ခြင့္ရခဲ့သလို အေျပာင္းအလဲေၾကာင့္လည္း အံ့အားသင့္ခဲ့ရတာျဖစ္ပါတယ္။
“ကြၽန္ေတာ္ အရင္တုန္းက ဒီေနရာမွာ ဘယ္တုန္းကမွ မရွိခဲ့ဖူးတဲ့သူလိုမ်ိဳးျဖစ္ခဲ့ပါတယ္။ ဝင္ေပါက္တစ္ခုပဲ ရင္းရင္းႏွီးႏွီးရွိေတာ့တယ္။ က်န္တဲ့အရာေတြအားလုံး၊ အေဆာက္အအုံတစ္ခုလုံးက လုံးဝကို အသစ္ပဲ။ အမ်ားႀကီး ပိုႀကီးလာတယ္။ သူတို႔ေတြမွာ ရွိတဲ့ ျပန္လည္ကုစားမႈနဲ႔သက္ဆိုင္တဲ့ အရင္းအျမစ္ေတြကလည္း အရမ္းေကာင္းမြန္တယ္။ ထိပ္တန္းအဆင့္ပါပဲ။ ၿပီးေတာ့ လူေတြေပါ့။ ကြၽန္ေတာ္ ကစားခဲ့တဲ့အခ်ိန္တုန္းက ရွိခဲ့တဲ့ လူ ၃၀၀ ထဲက ၃၊ ၄ ေယာက္ေလာက္ ရွိေနေသးတယ္။ ၁၂ ႏွစ္အတြင္းမွာ ဘယ္ေလာက္အထိ ေျပာင္းလဲသြားခဲ့ၿပီလဲဆိုတာ စဥ္းစားၾကည့္ေပါ့။ ဒါေပမယ့္ အေရးအႀကီးဆုံးအရာက အသင္းက ႀကီးထြားလာေနၿပီး ေကာင္းေကာင္း လုပ္ႏိုင္ေနပါတယ္။”
ဖာဘရီဂတ္စ္ဟာ အာတီတာလက္ေအာက္က အာဆင္နယ္ကစားဟန္ကို အျပည့္အဝ ႏွစ္သက္သေဘာက်ၿပီး ကစားသမားသစ္ ေခၚယူတဲ့အပိုင္းမွာ မန္စီးတီး၊ ဘ႐ိုက္တန္တို႔နဲ႔အတူ အေကာင္းဆုံး ၃ သင္းထဲက တစ္သင္းျဖစ္တယ္လို႔ ယူဆထားတာျဖစ္ပါတယ္။
ဒါေပမယ့္လည္း ၂၀၁၀ ကမာၻ႔ဖလားခ်န္ပီယံက ၿပီးခဲ့တဲ့ရာသီ ဆာလီဘာ ဒဏ္ရာရသြားခ်ိန္မွာ အသင္းက အသားက်ႏိုင္ဖို႔ ႐ုန္းကန္ခဲ့ရတာကို ေထာက္ျပခဲ့ၿပီး ယခုရာသီ ခ်န္ပီယံ မန္စီးတီးကို ေက်ာ္ျဖတ္ႏိုင္ခ်င္တယ္ဆိုရင္ အဲဒီအခက္အခဲကို ေက်ာ္ျဖတ္ဖို႔က စိန္ေခၚမႈျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။
“အာဆင္နယ္က ၃-၁-၃-၃ စကားကြက္ကို အသုံးျပဳေနၿပီး ေဘာလုံးေရွ႕မွာ ကစားသမား ၆ ဦးရွိေနပါတယ္။ အဲဒါက နည္းျပက သူ႔ရဲ႕ ခံစစ္ကစားသမားေတြကို ပိုၿပီးလ်င္လ်င္ျမန္ျမန္နဲ႔ ေဘာလုံးကို ျပန္လည္ဆယ္ယူႏိုင္မယ္လို႔ ယုံၾကည္မႈေပးထားတာပါ။ အဲဒီေတာ့ သူတို႔ေတြ နည္းနည္းပိုၿပီးေတာ့ တိုက္စစ္ကစားႏိုင္ပါတယ္။ ဒါေပမယ့္ ဆာလီဘာ ကစားတဲ့အခ်ိန္နဲ႔ ဒဏ္ရာရခ်ိန္မွာ ကြာျခားခ်က္ကို ခင္ဗ်ား ျမင္ႏိုင္ပါတယ္။ မီေခးလ္က ခင္ဗ်ားကို သူ႔ကိုယ္သူ ေျပာသလိုနဲ႔ သူတို႔ေတြ ကစားႏိုင္တဲ့ပုံစံအတိုင္း မဟုတ္ဘူးလို႔ ေျပာလိမ့္မယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Legends' Talk
- Team News