အာတီတာနဲ့ အီဒူးတို့ရဲ့ နွေရာသီပစ်မှတ်အတွက် ထောက်ခံချက်ပေးလိုက်တဲ့ မာတီနက်ဇ်
ပေါ်တူဂီနည်းပြ ရောဘတ်တို မာတီနက်ဇ်က စပို့တင်းတိုက်စစ်မှူး ဗစ်တာ ဂယော်ကီရက်စ်ဟာ ဒီရာသီ ဥရောပရဲ့ အကောင်းဆုံးကစားသမားခေါ်ယူမှုတွေထဲက တစ်ခုဖြစ်ခဲ့တယ်လို့ ယုံကြည်နေပါတယ်။
ဂယော်ကီရက်စ်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ ကိုဗင်ထရီစီးတီးကနေ ယူရို ၂၄ သန်းနဲ့ ပြောင်းရွှေ့ပြီးကတည်းက စပို့တင်းလစ္စဘွန်းမှာ ချက်ချင်း ခြေစွမ်းပြသနိုင်ခဲ့သူဖြစ်ပြီး ပေါ်တူဂီကလပ်အတွက် ၃၉ ပွဲမှာ ၃၆ ဂိုးအထိ သွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။
အသက် ၂၅ နှစ်အရွယ်ကစားသမားရဲ့ စွမ်းဆောင်ရည်ဟာ ဥရောပတလွှားက ထိပ်တန်းကလပ်အများအပြားကို အချက်ပေးသံဖြစ်လာခဲ့ပြီး အာဆင်နယ်နဲ့ ချဲလ်ဆီးတို့လို ရာသီကုန်မှာ တိုက်စစ်မှူးသစ် ခေါ်ယူချင်တဲ့အသင်းတွေအတွက် ပစ်မှတ်ဖြစ်လာခဲ့တာဖြစ်ပါတယ်။
မာတီနက်ဇ်ရဲ့ ပေါ်တူဂီအသင်းဟာ ကြာသပတေးနေ့ညနေ ဆွီဒင်နဲ့ ကစားရမယ့် ခြေစမ်းပွဲမှာ ဂယော်ကီရက်စ်ကို ဘာမှမလုပ်နိုင်အောင် ထိန်းသိမ်းထားနိုင်မယလို့ မျှော်လင့်နေမှာ ဖြစ်ပါတယ်။
“ကျွန်တော့်အတွက်တော့ သူက ပြီးခဲ့တဲ့ နွေရာသီဥရောပစျေးကွက်တစ်ခုလုံးမှာ အကောင်းဆုံးကစားသမားခေါ်ယူမှုတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ သူ ပေါ်တူဂီဘောလုံးလောကမှာ ကစားနေတာက သူ့အတွက် ထူးခြားဆန်းကြယ်မှုပါ။ ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
ချဲလ်ဆီးဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ဂယော်ကီရက်စ်အတွက် ယူရို ၈၅ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့်လည်း စပို့တင်းလစ္စဘွန်းက ကြယ်ပွင့်တိုက်စစ်မှူးကို ရောင်းထုတ်ဖို့ ငြင်းဆန်ခဲ့ပြီး စာချုပ်လျော်ကြေးယူရိုသန်း ၁၀၀ ပေးမှ ရောင်းချသွားဖွယ်ရှိပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: ေပၚတူဂီနည္းျပ ေရာဘတ္တို မာတီနက္ဇ္က စပို႔တင္းတိုက္စစ္မႉး ဗစ္တာ ဂေယာ္ကီရက္စ္ဟာ ဒီရာသီ ဥေရာပရဲ႕ အေကာင္းဆုံးကစားသမားေခၚယူမႈေတြထဲက တစ္ခုျဖစ္ခဲ့တယ္လို႔ ယုံၾကည္ေနပါတယ္။
ဂေယာ္ကီရက္စ္ဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ကိုဗင္ထရီစီးတီးကေန ယူ႐ို ၂၄ သန္းနဲ႔ ေျပာင္းေ႐ႊ႕ၿပီးကတည္းက စပို႔တင္းလစၥဘြန္းမွာ ခ်က္ခ်င္း ေျခစြမ္းျပသႏိုင္ခဲ့သူျဖစ္ၿပီး ေပၚတူဂီကလပ္အတြက္ ၃၉ ပြဲမွာ ၃၆ ဂိုးအထိ သြင္းယူထားႏိုင္ခဲ့တာျဖစ္ပါတယ္။
အသက္ ၂၅ ႏွစ္အ႐ြယ္ကစားသမားရဲ႕ စြမ္းေဆာင္ရည္ဟာ ဥေရာပတလႊားက ထိပ္တန္းကလပ္အမ်ားအျပားကို အခ်က္ေပးသံျဖစ္လာခဲ့ၿပီး အာဆင္နယ္နဲ႔ ခ်ဲလ္ဆီးတို႔လို ရာသီကုန္မွာ တိုက္စစ္မႉးသစ္ ေခၚယူခ်င္တဲ့အသင္းေတြအတြက္ ပစ္မွတ္ျဖစ္လာခဲ့တာျဖစ္ပါတယ္။
မာတီနက္ဇ္ရဲ႕ ေပၚတူဂီအသင္းဟာ ၾကာသပေတးေန႔ညေန ဆြီဒင္နဲ႔ ကစားရမယ့္ ေျခစမ္းပြဲမွာ ဂေယာ္ကီရက္စ္ကို ဘာမွမလုပ္ႏိုင္ေအာင္ ထိန္းသိမ္းထားႏိုင္မယလို႔ ေမွ်ာ္လင့္ေနမွာ ျဖစ္ပါတယ္။
“ကြၽန္ေတာ့္အတြက္ေတာ့ သူက ၿပီးခဲ့တဲ့ ေႏြရာသီဥေရာပေစ်းကြက္တစ္ခုလုံးမွာ အေကာင္းဆုံးကစားသမားေခၚယူမႈေတြထဲက တစ္ခုျဖစ္ခဲ့ပါတယ္။ သူ ေပၚတူဂီေဘာလုံးေလာကမွာ ကစားေနတာက သူ႔အတြက္ ထူးျခားဆန္းၾကယ္မႈပါ။ ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။
ခ်ဲလ္ဆီးဟာ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမွာ ဂေယာ္ကီရက္စ္အတြက္ ယူ႐ို ၈၅ သန္းနဲ႔ ကမ္းလွမ္းခဲ့ေပမယ့္လည္း စပို႔တင္းလစၥဘြန္းက ၾကယ္ပြင့္တိုက္စစ္မႉးကို ေရာင္းထုတ္ဖို႔ ျငင္းဆန္ခဲ့ၿပီး စာခ်ဳပ္ေလ်ာ္ေၾကးယူ႐ိုသန္း ၁၀၀ ေပးမွ ေရာင္းခ်သြားဖြယ္ရွိပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News