အမ်းမရိတ်စ်က ထွက်ရတဲ့အကြောင်းအရင်းအမှန်ကို ထုတ်ပြောလာတဲ့ ချာကာ
ဂရာနစ် ချာကာက အာဆင်နယ်အသင်းကနေ လေဗာကူဆင်အသင်းကို ပေါင် ၂၁ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီးနောက် စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ချင်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဆွစ်ဇာလန်ကွင်းလယ်လူဟာ အမ်းမရိတ်စ်မှာ ၇ နှစ်ကြာ ကစားပေးခဲ့ပြီးနောက် ယခုလအစောပိုင်းမှာ ဇာဘီ အလွန်ဆိုရဲ့ ဘွန်ဒက်စ်လီဂါကလပ်ကို အပြီးသတ် ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာ ပရီးမီးယားလိဂ်ပွဲစဉ် ၁ ပွဲသာ လွဲချော်ခဲ့တဲ့အထိ အားကိုးရတဲ့ ကစားသမားကို လက်လွှတ်ခဲ့ရတဲ့အတွက် ဂန်းနားပရိသတ်တွေအတွက် စိတ်ပျက်စရာဖြစ်ခဲ့တာဖြစ်ပါတယ်။
ချာကာဟာ မကြာသေးမီက အာဆင်နယ်ကနေ ထွက်ခွာရတာက ဇနီးဖြစ်သူဟာ အင်္ဂလန်မှာ မပျော်မရွှင်ဖြစ်နေတာကြောင့် ဖြစ်တယ်လို့ အကြောင်းပြခဲ့ပြီး အာဆင်နယ်မှာ ကျောနံပါတ် ၈ အဖြစ် ကစားခဲ့ပေမယ့်လည်း ဂျာမနီမှာ ကျောနံပါတ် ၆ အဖြစ် ကစားသွားဖို့ စောင့်မျှော်နေတာဖြစ်ပါတယ်။
အာတီတာသာဆိုရင်တော့ ချာကာကို ကျောနံပါတ် ၆ အဖြစ် အသုံးပြုမှာမဟုတ်ဘဲ ဆွစ်ဇာလန်ကြယ်ပွင့်ဟာ ဂန်းနားတွေအတွက် ပွဲပေါင်း ၂၀၀ ကျော် ပါဝင်ကစားပေးခဲ့ရာမှာ အက်ဖ်အေဖလား ၂ ကြိမ်အပါအဝင် ဆုဖလား ၄ လုံးအထိ ရရှိခဲ့တာဖြစ်ပါတယ်။
ချာကာဟာ ပြီးခဲ့တဲ့ရာသီ ဘွန်ဒက်စ်လီဂါမှာ အဆင့် ၆ နေရာနဲ့ ရာသီပြီးဆုံးနိုင်ခဲ့တဲ့ လေဗာကူဆင်နဲ့အတူ ဆုဖလားတွေ ပိုမိုရရှိဖို့ မျှော်လင့်နေမှာဖြစ်ပြီး စပိန်သတင်းစာ Marca နဲ့ အင်တာဗျူးမှာ ဂန်းနားကြယ်ပွင့်ဟောင်းက အာဆင်နယ်ကို ဘာကြောင့် စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့ရတာလဲဆိုတာကို ရှင်းပြခဲ့တာဖြစ်ပါတယ်။
“ကျွန်တော် အာဆင်နယ်မှာ ကြီးကျယ်ခမ်းနားတဲ့ ၇ နှစ်တာကို ကုန်ဆုံးခဲ့ပါတယ်။ ကျွန်တော် သူတို့နဲ့ ရင်ဆိုင်ပြီး မကစားချင်ပါဘူး။ ကျွန်တော့်အတွက်တော့ အသင်းကို စွန့်ခွာရတာ ဒါမှမဟုတ် အသင်းက ကျွန်တော့်ကို ထွက်ခွင့်ပေးရတာ မလွယ်ခဲ့ပါဘူး။ ကျွန်တော် အီဒူးနဲ့ အာတီတာတို့ဆီကနေ လေးစားမှုနဲ့ ချစ်ခြင်းတရားတွေကို ခံစားခဲ့ရပေမယ့် ကျွန်တော် လေဗာကူဆင်မှာ စိန်ခေါ်မှုအသစ်တွေ ရင်ဆိုင်ချင်ခဲ့ပါတယ်။ ကျောနံပါတ် ၆ အဖြစ်ကစားရတာက လွယ်ကူမှာမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ အရမ်းကောင်းတဲ့အရာတွေကို ရရှိနိုင်ပါတယ်။ ရည်မှန်းချက်က ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ဖြစ်ပြီး ကျွန်တော်က အိပ်မက်မက်တတ်တဲ့သူမဟုတ်ပေမယ့်လည်း ကျွန်တော်တို့ တစ်စုံတရာ အနိုင်ရနိုင်တယ်ဆိုတဲ့ ခံစားချက်ရှိပါတယ်။”
ချာကာက ဇာဘီ အလွန်ဆိုဟာ လေဗာကူဆင်အသင်းကို ပြောင်းရွှေ့ချင်လာအောင် ဆွဲဆောင်ရာမှာ အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်လို့ ဝန်ခံခဲ့ပြီး နည်းပြဟောင်း အာတီတာနဲ့ နှိုင်းယှဉ်ခဲ့ပါတယ်။
“သူတို့တွေမှာ အရမ်းဆင်တူတဲ့ အတွေးအခေါ်တွေရှိပါတယ်။ မီခေးလ်က မယုံနိုင်စရာကောင်းပါတယ်။ နည်းပြတစ်ယောက်အနေနဲ့တင်မဟုတ်ပါဘူး။ ဇာဘီလည်း အတူတူပဲလို့ ကျွန်တော် ထင်တယ်။ ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- Former Players' Talks
- Team News