အာတီတာက ဘာစီလိုနာနည်းပြလောင်းတွေထဲက တစ်ဦးလို့ ယုံနေတဲ့ ပီကေး 644 429 coyg
အာတီတာက ဘာစီလိုနာနည်းပြလောင်းတွေထဲက တစ်ဦးလို့ ယုံနေတဲ့ ပီကေး
ဂျရတ် ပီကေးက အာဆင်နယ်နည်းပြ အာတီတာဟာ ဘာစီလိုနာနည်းပြ ဇာဗီ ဟာနန်ဒက်ဇ်ရဲ့ နေရာမှာ အစားထိုးနိုင်ခြေရှိတဲ့ နည်းပြလောင်းတွေထဲက တစ်ဦးဆိုတာ သိသာထင်ရှားတယ်လို့ ယုံကြည်နေပါတယ်။
စပိန်လာလီဂါချန်ပီယံတွေဟာ လက်ရှိမှာ ရာသီကုန် အသင်းနဲ့ လမ်းခွဲမယ်လို့ ဇန်နဝါရီလမှာ ကြေညာခဲ့တဲ့ နည်းပြ ဇာဗီရဲ့နေရာမှာ အစားထိုးခန့်အပ်ဖို့ နည်းပြသစ် ရှာဖွေနေကြတာဖြစ်ပါတယ်။ ဘာစီလိုနာမှာ ဇာဗီနဲ့အတူ ၇ ရာသီကြာအတူတူ တွဲကစားခဲ့တဲ့ ဂန္တဝင်နောက်ခံကစားသမား ပီကေးက အသင်းဖော်ဟောင်းအနေနဲ့ ဒီနွေရာသီမှာ နူးကမ့်ကို စွန့်ခွာဖို့ ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ဖွယ်ရှိတယ်လို့ ခံစားနေရတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဇာဗီသာ စိတ်မပြောင်းဘဲ ဘာစီလိုနာကို စွန့်ခွာခဲ့မယ်ဆိုရင်တော့ အာတီတာနဲ့ ဂွါဒီယိုလာတို့ဟာ အသင်းတာဝန်ရှိသူတွေအတွက် ရှင်းလင်းပြတ်သားတဲ့ ရွေးချယ်စရာ ၂ ခုဖြစ်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
“၁၀၀ ရာခိုင်နှုန်း မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ ကျွန်တော် မထင်ဘူး။ ရာသီဘယ်လိုအဆုံးသတ်သွားမလဲဆိုတာ ကြည့်တာပေါ့။ သူ(ဇာဗီ)ဆက်နေလိမ့်မယ်လို့ ကျွန်တော် ထင်တာပဲ။ ဘာဆာကို နည်းပြဖို့ဆိုရင် ခင်ဗျားက ထူးခြားတဲ့ပုံစံမျိုးရှိတဲ့နည်းပြဖြစ်ဖို့လိုပြီး ဘာဆာကစားတဲ့ပုံစံကို နားလည်ဖို့လိုတယ်။ အဲဒီတော့ ရွေးချယ်စရာက တော်တော်လေး နည်းပါတယ်။ သိသာထင်ရှားတဲ့သူတွေကတော့ ဂွါဒီယိုယာနဲ့ အာတီတာပါ။ ဂွါဒီယိုလာက အရင်တုန်းက ဒီမှာ နည်းပြခဲ့ဖူးတယ်။ သူက အခုအချိန်မှာ အကောင်းဆုံးနည်းပြပါ။ အာတီတာကလည်း ကောင်းမွန်တဲ့နည်းပြတစ်ယောက်ဖြစ်ပါလိမ့်မယ်။ သူက ဘာစီလိုနာကို နားလည်ပြီး အရင်တုန်းက ဘာဆာအတွက် ကစားပေးဖူးတယ်။”
ဂွါဒီယိုလာက ဘာစီလိုနာကို ဒုတိယအကြိမ် နည်းပြပါ့မလားလို့ မေးမြန်းခဲ့ရာမှာ ပီကေးက “ခင်ဗျား သူ့ကို မေးရမှာပါ။ ကျွန်တော်ကတော့ သူနဲ့ တခါတလေ စကားပြောဖြစ်တုန်းပါပဲ။ သူနဲ့ ဘာစီလိုနာပရိသတ်တွေက သူ ပြန်လာတာမြင်ချင်ကြလိမ့်မယ်ဆိုတာ ကျွန်တော် သေချာပါတယ်။”လို့ ပြောဆိုခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI:
Arsenal Myanmar
Ref: Internet