အာဆင်ဝင်းဂါးရဲ့ စပါးစ်နဲ့ပတ်သက်တဲ့ သုံးသပ်ချက်ကို သဘောတူခဲ့တဲ့ အာတီတာ 1024 504 coyg

အာဆင်ဝင်းဂါးရဲ့ စပါးစ်နဲ့ပတ်သက်တဲ့ သုံးသပ်ချက်ကို သဘောတူခဲ့တဲ့ အာတီတာ

မီခေးလ် အာတီတာဟာ တော့တင်ဟမ်ဟော့စပါးက ဆုဖလားပြိုင်ပွဲထဲမှာ ရှိနေတယ်ဆိုတဲ့ အာဆင်ဝင်းဂါးရဲ့ အမြင်ကို သဘောတူညီခဲ့ပါတယ်။

စပိန်လူမျိုးနည်းပြဟာ ယနေ့ည စိန့် ဂျိမ်းစ်ပါ့ခ်မှာ သွားရောက်ပြီး နယူးကာဆယ်နဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိစံချိန်ကို ဆက်လက်ထိန်းသိမ်းဖို့ ရည်မှန်းနေမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ရာသီကုန်မှာ အသင်းခေါင်းဆောင် ဟာရီ ကိန်းကို ဆုံးရှုံးခဲ့ရတဲ့ တော့တင်ဟမ်ဟော့စပါးဟာ ရာသီ ၃ ပုံ ၁ ပုံနီးပါးကျိုးတဲ့အချိန်အထိ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေဆဲဖြစ်ပါတယ်။

လိဂ်ဖလားရော ဥရောပပြိုင်ပွဲပါ ကစားရဖို့ မရှိတဲ့ အန်ဂီ ပိုစတီကိုဂလူရဲ့ အသင်းက ယခုရာသီမှာ ဂိုးသွင်းအများဆုံးအသင်းတွေထဲက တစ်သင်းဖြစ်နေတာဖြစ်ပြီး တနင်္လာနေ့မှာ ချဲလ်ဆီးကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

“သူတို့တွေက ဇယားထိပ်မှာ ရှိနေပြီး သူတို့တွေ ရှိနေတဲ့နေရာမှာ ရှိနေရတာက ကောင်းမြတ်မှုပါ။ ”လို့ အာတီတာက မြောက်လန်ဒန်ပြိုင်ဘက်အကြောင်း မေးမြန်းခြင်းခံခဲ့ရချိန်မှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အာဆင်ဝင်းဂါးက ပြီးခဲ့တဲ့အပတ်က ယခုရာသီ လက်ရှိအချိန်အထိ စပါးစ်ရဲ့ ခြေစွမ်းကို အကဲဖြတ်ခဲ့ချိန်မှာ ဆုဖလား စိန်ခေါ်နိုင်ခြေနဲ့ပတ်သက်ပြီး “ကျွန်တော် ခံစားရတဲ့အတိုင်းပဲ အမြဲတမ်း ပြောခဲ့တာပါ။ စပါးစ်က လိဂ်ဖလားအတွက် စိန်ခေါ်သူတွေထဲက တစ်သီးဖြစ်လိမ့်မယ်လို့ ကျွန်တော် နက်နက်ရှိုင်းရှိုင်းယုံကြည်နေပါတယ်။ သူတို့တွေ အရမ်းကောင်းတဲ့ကစားသမားဖြစ်တဲ့ ဂျိမ်းစ် မက်ဒီဆင်ကို ဝယ်ယူခဲ့တယ်။ သူက နိမ့်ပါးတဲ့ ကွင်းလယ်ခံစစ်ကနေ ကွင်းလယ်တိုက်စစ်ကို ချိတ်ဆက်ပေးပြီး အသင်းအတွက် နည်းစနစ်ပိုင်း ဖန်တီးနိုင်စွမ်းအချို့ ဖြည့်စွက်ပေးခဲ့ပါတယ်။ သူတို့တွေ လုံးဝကို ထူးခြားတဲ့ ဗန်ဒဗင်ကို ခေါ်ယူခဲ့တယ်။ သူတို့တွေ ခံစစ်မှာ အားနည်းချက်ရှိနေခဲ့ပြီး ပြီးခဲ့တဲ့ရာသီတုန်းက လိုရစ်ကလည်း အကောင်းဆုံးရာသီကို မပိုင်ဆိုင်ခဲ့ဘူး။ ဆွန်ရဲ့ အလယ်ကို ပြောင်းရွှေ့ကစားမှုက အရမ်းကောင်းမွန်ပုံပေါ်ပါတယ်။ ”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

စပါးစ်နဲ့ အာဆင်နယ်တို့ ၂ သင်းစလုံးဟာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ၂ မှတ်အကွာနဲ့ ရပ်တည်နေကြပြီး နယူးကာဆယ်ဟာ အဆင့် ၆ နေရာမှာ ရမှတ် ၁၇ မှတ်နဲ့ ရပ်တည်နေတာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်သမိုင်းမှာ ဒီ ၃ သင်း(စပါးစ်၊ အာဆင်နယ်၊ မန်စီးတီး)တို့ဟာ ပထမဆုံး ၁၀ ပွဲအပြီး ရမှတ် ၂၄ မှတ်နဲ့အထက် ရရှိထားတာ ပထမဆုံးအကြိမ်ဖြစ်ပြီး အာတီတာက “ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ဒီလိဂ်မှာ ဖြစ်ခဲ့တာတွေက မကြုံစဖူးတွေပါ။ ဘယ်တုန်းကမှ အခုအသင်းတွေရဲ့ အဆင့်အတန်းတွေ၊ ရမှတ်ပမာဏတွေလောက် မဖြစ်ခဲ့ဖူးပါဘူး။ ဒီလို အဆင့်အတန်းမျိုးရှိတဲ့အသင်းအရေအတွက်ကလည်း မြင့်တက်လာနေတယ်။ ဒါကြောင့်ပဲ ဒီလိဂ်ကို အရင်တုန်းကနဲ့ နှိုင်းယှဉ်တာက ကျွန်တော့်အတွက် အချိန်သက်သက်မဲ့ဖြုန်းတီးမှုလို့ ပြောတာပါ။ အရင်တုန်းကနဲ့ လုံးဝကို ကွဲပြားခြားနားပြီး ဒါက မတူညီတဲ့ အခင်းအကျင်းတွေမှာ ကျွန်တော်တို့ နေ့တိုင်းလုပ်နေတဲ့အရာတွေအပေါ်မှာပါ တောင်းဆိုမှုတွေ ရှိလာပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: မီေခးလ္ အာတီတာဟာ ေတာ့တင္ဟမ္ေဟာ့စပါးက ဆုဖလားၿပိဳင္ပြဲထဲမွာ ရွိေနတယ္ဆိုတဲ့ အာဆင္ဝင္းဂါးရဲ႕ အျမင္ကို သေဘာတူညီခဲ့ပါတယ္။

စပိန္လူမ်ိဳးနည္းျပဟာ ယေန႔ည စိန႔္ ဂ်ိမ္းစ္ပါ့ခ္မွာ သြားေရာက္ၿပီး နယူးကာဆယ္နဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး ပရီးမီးယားလိဂ္မွာ ရႈံးပြဲမရွိစံခ်ိန္ကို ဆက္လက္ထိန္းသိမ္းဖို႔ ရည္မွန္းေနမွာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ၿပီးခဲ့တဲ့ရာသီကုန္မွာ အသင္းေခါင္းေဆာင္ ဟာရီ ကိန္းကို ဆုံးရႈံးခဲ့ရတဲ့ ေတာ့တင္ဟမ္ေဟာ့စပါးဟာ ရာသီ ၃ ပုံ ၁ ပုံနီးပါးက်ိဳးတဲ့အခ်ိန္အထိ ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးမွာ ရပ္တည္ေနဆဲျဖစ္ပါတယ္။

လိဂ္ဖလားေရာ ဥေရာပၿပိဳင္ပြဲပါ ကစားရဖို႔ မရွိတဲ့ အန္ဂီ ပိုစတီကိုဂလူရဲ႕ အသင္းက ယခုရာသီမွာ ဂိုးသြင္းအမ်ားဆုံးအသင္းေတြထဲက တစ္သင္းျဖစ္ေနတာျဖစ္ၿပီး တနလၤာေန႔မွာ ခ်ဲလ္ဆီးကို အိမ္ကြင္းမွာ လက္ခံယွဥ္ၿပိဳင္သြားရမွာ ျဖစ္ပါတယ္။

“သူတို႔ေတြက ဇယားထိပ္မွာ ရွိေနၿပီး သူတို႔ေတြ ရွိေနတဲ့ေနရာမွာ ရွိေနရတာက ေကာင္းျမတ္မႈပါ။ ”လို႔ အာတီတာက ေျမာက္လန္ဒန္ၿပိဳင္ဘက္အေၾကာင္း ေမးျမန္းျခင္းခံခဲ့ရခ်ိန္မွာ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

အာဆင္ဝင္းဂါးက ၿပီးခဲ့တဲ့အပတ္က ယခုရာသီ လက္ရွိအခ်ိန္အထိ စပါးစ္ရဲ႕ ေျခစြမ္းကို အကဲျဖတ္ခဲ့ခ်ိန္မွာ ဆုဖလား စိန္ေခၚႏိုင္ေျခနဲ႔ပတ္သက္ၿပီး “ကြၽန္ေတာ္ ခံစားရတဲ့အတိုင္းပဲ အၿမဲတမ္း ေျပာခဲ့တာပါ။ စပါးစ္က လိဂ္ဖလားအတြက္ စိန္ေခၚသူေတြထဲက တစ္သီးျဖစ္လိမ့္မယ္လို႔ ကြၽန္ေတာ္ နက္နက္ရႈိင္းရႈိင္းယုံၾကည္ေနပါတယ္။ သူတို႔ေတြ အရမ္းေကာင္းတဲ့ကစားသမားျဖစ္တဲ့ ဂ်ိမ္းစ္ မက္ဒီဆင္ကို ဝယ္ယူခဲ့တယ္။ သူက နိမ့္ပါးတဲ့ ကြင္းလယ္ခံစစ္ကေန ကြင္းလယ္တိုက္စစ္ကို ခ်ိတ္ဆက္ေပးၿပီး အသင္းအတြက္ နည္းစနစ္ပိုင္း ဖန္တီးႏိုင္စြမ္းအခ်ိဳ႕ ျဖည့္စြက္ေပးခဲ့ပါတယ္။ သူတို႔ေတြ လုံးဝကို ထူးျခားတဲ့ ဗန္ဒဗင္ကို ေခၚယူခဲ့တယ္။ သူတို႔ေတြ ခံစစ္မွာ အားနည္းခ်က္ရွိေနခဲ့ၿပီး ၿပီးခဲ့တဲ့ရာသီတုန္းက လိုရစ္ကလည္း အေကာင္းဆုံးရာသီကို မပိုင္ဆိုင္ခဲ့ဘူး။ ဆြန္ရဲ႕ အလယ္ကို ေျပာင္းေ႐ႊ႕ကစားမႈက အရမ္းေကာင္းမြန္ပုံေပၚပါတယ္။ ”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

စပါးစ္နဲ႔ အာဆင္နယ္တို႔ ၂ သင္းစလုံးဟာ အမွတ္ေပးဇယားထိပ္ဆုံးမွာ ၂ မွတ္အကြာနဲ႔ ရပ္တည္ေနၾကၿပီး နယူးကာဆယ္ဟာ အဆင့္ ၆ ေနရာမွာ ရမွတ္ ၁၇ မွတ္နဲ႔ ရပ္တည္ေနတာ ျဖစ္ပါတယ္။

ပရီးမီးယားလိဂ္သမိုင္းမွာ ဒီ ၃ သင္း(စပါးစ္၊ အာဆင္နယ္၊ မန္စီးတီး)တို႔ဟာ ပထမဆုံး ၁၀ ပြဲအၿပီး ရမွတ္ ၂၄ မွတ္နဲ႔အထက္ ရရွိထားတာ ပထမဆုံးအႀကိမ္ျဖစ္ၿပီး အာတီတာက “ၿပီးခဲ့တဲ့ ၅ ႏွစ္အတြင္း ဒီလိဂ္မွာ ျဖစ္ခဲ့တာေတြက မႀကဳံစဖူးေတြပါ။ ဘယ္တုန္းကမွ အခုအသင္းေတြရဲ႕ အဆင့္အတန္းေတြ၊ ရမွတ္ပမာဏေတြေလာက္ မျဖစ္ခဲ့ဖူးပါဘူး။ ဒီလို အဆင့္အတန္းမ်ိဳးရွိတဲ့အသင္းအေရအတြက္ကလည္း ျမင့္တက္လာေနတယ္။ ဒါေၾကာင့္ပဲ ဒီလိဂ္ကို အရင္တုန္းကနဲ႔ ႏႈိင္းယွဥ္တာက ကြၽန္ေတာ့္အတြက္ အခ်ိန္သက္သက္မဲ့ျဖဳန္းတီးမႈလို႔ ေျပာတာပါ။ အရင္တုန္းကနဲ႔ လုံးဝကို ကြဲျပားျခားနားၿပီး ဒါက မတူညီတဲ့ အခင္းအက်င္းေတြမွာ ကြၽန္ေတာ္တို႔ ေန႔တိုင္းလုပ္ေနတဲ့အရာေတြအေပၚမွာပါ ေတာင္းဆိုမႈေတြ ရွိလာပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

Arsenal Myanmar

Ref: Internet