အာဆင်နယ်အတွက် နောက်ဆုံးပွဲအဖြစ် ပါဝင်ကစားပေးရဖွယ်ရှိနေတဲ့ ပေါင်သန်း ၃၀ တန်ကြယ်ပွင့်
အာဆင်နယ်ဟာ ဒီအပတ် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘရန့်တ်ဖို့ဒ်နဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရဖို့ ရှိနေပြီး အာရွန် ရမ်းစ်ဒေးလ်ဟာ အဲဒီပွဲမှာ ဂန်းနားတွေအတွက် နောက်ဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားပေးသွားဖွယ်ရှိနေပါတယ်။
အာတီတာဟာ ဒီရာသီမှာ ကြီးမားတဲ့ ဆုံးဖြတ်ချက်အချို့ ချမှတ်ခဲ့ပြီး အဲဒီ ဆုံးဖြတ်ချက်အားလုံးဟာ အခုအချိန်အထိတော့ အလုပ်ဖြစ်နေတာဖြစ်ပါတယ်။ အဲဒီ ဆုံးဖြတ်ချက်တွေထဲမှာ ဒေးဗစ် ရာယာကို အာရွန် ရမ်းစ်ဒေးလ်ရဲ့နေရာမှာ ကျောနံပါတ် ၁ အဖြစ် အသုံးပြုဖို့လည်း ပါဝင်ခဲ့ပြီး စပိန်ဂိုးသမားဟာ ဘရန့်တ်ဖို့ဒ်ရဲ့ ကစားသမားဖြစ်နေဆဲဖြစ်တာကြောင့် ပါဝင်ကစားပေးနိုင်ခြင်းရှိမှာမဟုတ်တာဖြစ်ပါတယ်။
ဒါကြောင့် အာတီတာဟာ အရန်ခုံထိုင်နေရတဲ့ အာရွန် ရမ်းစ်ဒေးလ်ကို ပွဲထွက်ခွင့်ပေးသွားမှာဖြစ်ပြီး ဂန်းနားတွေဟာ ၂၀၂၁ ခုနှစ် နွေရာသီမှာ ရှက်ဖီးယူနိုက်တက်ကနေ အင်္ဂလန်ဂိုးသမားကို ပေါင်သန်း ၃၀ နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
အဲဒီအချိန်တုန်းက ပရိသတ်အများစုဟာ နောက်ဆုံးကစားခဲ့တဲ့ ၂ ရာသီစလုံးမှာ တန်းဆင်းခဲ့ရတဲ့ ရမ်းစ်ဒေးလ်လို ကစားသမားမျိုးအတွက် ပေါင်သန်း ၃၀ အထိ ပေးဝယ်ခဲ့တဲ့အပေါ်မှာ ဆန့်ကျင်ခဲ့ကြပေမယ့်လည်း အာတီတာက အင်္ဂလန်ဂိုးသမားဟာ အသင်းအတွက် လိုအပ်နေတဲ့ကစားသမားမျိုးလို့ အခိုင်အမာ ပြောဆိုပြီး အရခေါ်ယူခဲ့တာဖြစ်ပါတယ်။
အင်္ဂလန်ဂိုးသမားဟာ အမ်းမရိတ်စ်က ပရိသတ်တွေရဲ့ အချစ်တော် လျင်လျင်မြန်မြန်ဖြစ်လာခဲ့ပြီး အလွန်ကောင်းမွန်တဲ့ လက်စွမ်းပြသနိုင်ခဲ့တာကြောင့် ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးဂိုးသမားတွေထဲက တစ်ဦးဖြစ်ခဲ့သလို PFA ရဲ့ တစ်ရာသီတာအကောင်းဆုံးအသင်းထဲမှာတောင် ရွေးချယ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း အာရွန် ရမ်းစ်ဒေးလ်ရဲ့ တောက်ပမှုဟာ ဒီရာသီမစခင် နွေရာသီအပြောင်းအရွှေ့ကာလမှာ ဘရန့်တ်ဖို့ဒ်ကနေ ဒေးဗစ် ရာယာကို အငှားနဲ့ ခေါ်ယူလိုက်ချိန်မှာတော့ မှေးမှိန်ပျောက်ကွယ်သွားခဲ့ပြီး စက်တင်ဘာလအစ မန်ယူနိုက်တက်ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးကတည်းက ပြီးခဲ့တဲ့နိုဝင်ဘာလက ဘရန့်တ်ဖို့ဒ်နဲ့ ကစားခဲ့ရတဲ့ တစ်ပွဲသာ ပရီးမီးယားလိဂ်မှာ ပွဲထွက်ပါဝင်ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။
ဒီတစ်ကြိမ်မှာလည်း ပျားတွေက အမ်းမရိတ်စ်ကို လာကစားကြမှာဖြစ်ပြီး ရာယာက ပါဝင်ကစားပေးဖို့ အခွင့်မရှိတာကြောင့် ရမ်းစ်ဒေးလ်ပဲ နောက်ထပ်တစ်ကြိမ် ပွဲထွက်ကစားပေးသွားရမှာဖြစ်ပြီး အင်္ဂလန်ဂိုးသမားဟာ ဒီနွေရာသီမှာ အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေတာကြောင့် ဒီပွဲက ဂန်းနားတွေအတွက် နောက်ဆုံးပွဲထွက်ပါဝင်ကစားပေးခဲ့တဲ့ပွဲစဉ်ဖြစ်လာဖွယ်ရှိနေတာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: အာဆင္နယ္ဟာ ဒီအပတ္ ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ ဘရန႔္တ္ဖို႔ဒ္နဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရဖို႔ ရွိေနၿပီး အာ႐ြန္ ရမ္းစ္ေဒးလ္ဟာ အဲဒီပြဲမွာ ဂန္းနားေတြအတြက္ ေနာက္ဆုံးပြဲစဥ္အျဖစ္ ပါဝင္ကစားေပးသြားဖြယ္ရွိေနပါတယ္။
အာတီတာဟာ ဒီရာသီမွာ ႀကီးမားတဲ့ ဆုံးျဖတ္ခ်က္အခ်ိဳ႕ ခ်မွတ္ခဲ့ၿပီး အဲဒီ ဆုံးျဖတ္ခ်က္အားလုံးဟာ အခုအခ်ိန္အထိေတာ့ အလုပ္ျဖစ္ေနတာျဖစ္ပါတယ္။ အဲဒီ ဆုံးျဖတ္ခ်က္ေတြထဲမွာ ေဒးဗစ္ ရာယာကို အာ႐ြန္ ရမ္းစ္ေဒးလ္ရဲ႕ေနရာမွာ ေက်ာနံပါတ္ ၁ အျဖစ္ အသုံးျပဳဖို႔လည္း ပါဝင္ခဲ့ၿပီး စပိန္ဂိုးသမားဟာ ဘရန႔္တ္ဖို႔ဒ္ရဲ႕ ကစားသမားျဖစ္ေနဆဲျဖစ္တာေၾကာင့္ ပါဝင္ကစားေပးႏိုင္ျခင္းရွိမွာမဟုတ္တာျဖစ္ပါတယ္။
ဒါေၾကာင့္ အာတီတာဟာ အရန္ခုံထိုင္ေနရတဲ့ အာ႐ြန္ ရမ္းစ္ေဒးလ္ကို ပြဲထြက္ခြင့္ေပးသြားမွာျဖစ္ၿပီး ဂန္းနားေတြဟာ ၂၀၂၁ ခုႏွစ္ ေႏြရာသီမွာ ရွက္ဖီးယူႏိုက္တက္ကေန အဂၤလန္ဂိုးသမားကို ေပါင္သန္း ၃၀ နဲ႔ ေခၚယူခဲ့တာ ျဖစ္ပါတယ္။
အဲဒီအခ်ိန္တုန္းက ပရိသတ္အမ်ားစုဟာ ေနာက္ဆုံးကစားခဲ့တဲ့ ၂ ရာသီစလုံးမွာ တန္းဆင္းခဲ့ရတဲ့ ရမ္းစ္ေဒးလ္လို ကစားသမားမ်ိဳးအတြက္ ေပါင္သန္း ၃၀ အထိ ေပးဝယ္ခဲ့တဲ့အေပၚမွာ ဆန႔္က်င္ခဲ့ၾကေပမယ့္လည္း အာတီတာက အဂၤလန္ဂိုးသမားဟာ အသင္းအတြက္ လိုအပ္ေနတဲ့ကစားသမားမ်ိဳးလို႔ အခိုင္အမာ ေျပာဆိုၿပီး အရေခၚယူခဲ့တာျဖစ္ပါတယ္။
အဂၤလန္ဂိုးသမားဟာ အမ္းမရိတ္စ္က ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ လ်င္လ်င္ျမန္ျမန္ျဖစ္လာခဲ့ၿပီး အလြန္ေကာင္းမြန္တဲ့ လက္စြမ္းျပသႏိုင္ခဲ့တာေၾကာင့္ ၿပီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ္မွာ အေကာင္းဆုံးဂိုးသမားေတြထဲက တစ္ဦးျဖစ္ခဲ့သလို PFA ရဲ႕ တစ္ရာသီတာအေကာင္းဆုံးအသင္းထဲမွာေတာင္ ေ႐ြးခ်ယ္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။
ဒါေပမယ့္လည္း အာ႐ြန္ ရမ္းစ္ေဒးလ္ရဲ႕ ေတာက္ပမႈဟာ ဒီရာသီမစခင္ ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလမွာ ဘရန႔္တ္ဖို႔ဒ္ကေန ေဒးဗစ္ ရာယာကို အငွားနဲ႔ ေခၚယူလိုက္ခ်ိန္မွာေတာ့ ေမွးမွိန္ေပ်ာက္ကြယ္သြားခဲ့ၿပီး စက္တင္ဘာလအစ မန္ယူႏိုက္တက္ကို အႏိုင္ရခဲ့တဲ့ ပြဲစဥ္အၿပီးကတည္းက ၿပီးခဲ့တဲ့ႏိုဝင္ဘာလက ဘရန႔္တ္ဖို႔ဒ္နဲ႔ ကစားခဲ့ရတဲ့ တစ္ပြဲသာ ပရီးမီးယားလိဂ္မွာ ပြဲထြက္ပါဝင္ကစားခြင့္ရခဲ့တာျဖစ္ပါတယ္။
ဒီတစ္ႀကိမ္မွာလည္း ပ်ားေတြက အမ္းမရိတ္စ္ကို လာကစားၾကမွာျဖစ္ၿပီး ရာယာက ပါဝင္ကစားေပးဖို႔ အခြင့္မရွိတာေၾကာင့္ ရမ္းစ္ေဒးလ္ပဲ ေနာက္ထပ္တစ္ႀကိမ္ ပြဲထြက္ကစားေပးသြားရမွာျဖစ္ၿပီး အဂၤလန္ဂိုးသမားဟာ ဒီေႏြရာသီမွာ အသင္းကေန ထြက္ခြာဖို႔ ျပင္ဆင္ေနတာေၾကာင့္ ဒီပြဲက ဂန္းနားေတြအတြက္ ေနာက္ဆုံးပြဲထြက္ပါဝင္ကစားေပးခဲ့တဲ့ပြဲစဥ္ျဖစ္လာဖြယ္ရွိေနတာျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News