အာဆင်နယ်ရဲ့စိတ်ဝင်စားခြင်းခံနေရချိန်မှာ အနာဂတ်ကို အဖြေပေးခဲ့တဲ့ လော်တာရို မာတီနက်ဇ်
လော်တာရို မာတီနက်ဇ်ဟာ စီးရီးအေမှာ နောက်ထပ် ဂိုးသွင်းကောင်းတဲ့ ရာသီကို ပိုင်ဆိုင်ခဲ့ပြီးနောက် အနာဂတ်နဲ့ပတ်သက်ပြီး အဖြေပေးခဲ့ပါတယ်။
အာဂျင်တီးနားတိုက်စစ်မှူးဟာ အင်တာမီလန်ကို စီးရီးအေချန်ပီယံဖြစ်အောင် သွင်းဂိုးတွေနဲ့ ကူညီပေးနိုင်ခဲ့ပြီးနောက် အီတလီစီးရီးအေရဲ့ တစ်ရာသီတာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ၂၀၂၁ ခုနှစ်ကတည်းက လော်တာရို မာတီနက်ဇ်ကို စောင့်ကြည့်နေခဲ့တာဖြစ်ပြီး အပြောင်းအရွှေ့စျေးကွက်ဖွင့်ဖို့ နီးကပ်လာချိန်မှာ ဂန်းနားတွေရဲ့ ပစ်မှတ်စာရင်းထဲမှာ ဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ ဒီရာသီမှာ သွင်းဂိုးတွေ အထင်ကြီးဖွယ် သွင်းယူနိုင်ခဲ့ပေမယ့်လည်း အင်တာမီလန်အတွက် လော်တာရို မာတီနက်ဇ် လုပ်ဆောင်ပေးခဲ့သလိုမျိုး ဂိုးပေါက်ရှေ့မှာ တစ်ရာသီကို ဂိုး ၂၀ လောက် သွင်းယူပေးနိုင်တဲ့ တိုက်စစ်မှူးမျိုး ကင်းမဲ့နေခဲ့တာဖြစ်ပါတယ်။
အာတီတာရဲ့ အသင်းဟာ လာမယ့် နွေရာသီအပြောင်းအရွှေ့စျေးကွက်မှာ အဲဒီပြဿနာကို ဖြေရှင်းဖို့ ကြိုးပမ်းသွားတော့မှာဖြစ်ပြီး ကာလရှည် စောင့်ကြည့်ခဲ့တဲ့ လော်တာရို မာတီနက်ဇ်ကို ခေါ်ယူနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ မာတီနက်ဇ်က လက်ရှိမှာတော့ သူ့ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး အဖြေပေးလိုက်ပြီဖြစ်ပြီး အင်တာမီလန်အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့အတွက် ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။
“ကျွန်တော်တို့ သဘောတူညီမှုရဖို့ နီးစပ်နေပါပြီ။ ပျောက်ဆုံးနေရာ အရာတော်တော်များများတော့ ရှိနေပါတယ်။ ကျွန်တော် ပြောခဲ့တာက ဒီအပတ်မှာပဲ သဘောတူညီမှု အပြီးသတ်ချင်တယ်ဆိုတာပါ။ ဘာလို့လဲဆိုတော့ ရာသီက ဒီအပတ်မှာ ပြီးဆုံးပြီဖြစ်ပြီး ကိုပါအမေရိကပြိုင်ပွဲမတိုင်ခင် အရာအားလုံး အပြီးသတ်ပြီးသားဖြစ်ချင်လို့ပါ”လို့ ပြောဆိုခဲ့ပါတယ်။
အင်တာမီလန်နဲ့ လော်တာရို မာတီနက်ဇ်တို့ စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှု ဒီအပတ်ထဲမှာ မရရှိခဲ့ရင်တော့ အာဆင်နယ်အနေနဲ့ အာဂျင်တီးနားတိုက်စစ်မှူးကို ခေါ်ယူနိုင်ဖို့ အခွင့်အရေးရှိလာမှာဖြစ်ပြီး ၂ နှစ်ဆက်တိုက် အမှတ်ပေးဖလားချန်ပီယံဖြစ်ဖို့ လက်တစ်ကမ်းအလိုမှ လွဲချော်ခဲ့တဲ့ ဂန်းနားတွေကို အင်တာမီလန်ကြယ်ပွင့်က ချန်ပီယံဖြစ်အောင် ကူညီပေးနိုင်မယ့်ကစားသမားဆိုတာ သေချာပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI:
ေလာ္တာ႐ို မာတီနက္ဇ္ဟာ စီးရီးေအမွာ ေနာက္ထပ္ ဂိုးသြင္းေကာင္းတဲ့ ရာသီကို ပိုင္ဆိုင္ခဲ့ၿပီးေနာက္ အနာဂတ္နဲ႔ပတ္သက္ၿပီး အေျဖေပးခဲ့ပါတယ္။
အာဂ်င္တီးနားတိုက္စစ္မႉးဟာ အင္တာမီလန္ကို စီးရီးေအခ်န္ပီယံျဖစ္ေအာင္ သြင္းဂိုးေတြနဲ႔ ကူညီေပးႏိုင္ခဲ့ၿပီးေနာက္ အီတလီစီးရီးေအရဲ႕ တစ္ရာသီတာအေကာင္းဆုံးကစားသမားဆုကို ရရွိခဲ့တာ ျဖစ္ပါတယ္။ အာဆင္နယ္ဟာ ၂၀၂၁ ခုႏွစ္ကတည္းက ေလာ္တာ႐ို မာတီနက္ဇ္ကို ေစာင့္ၾကည့္ေနခဲ့တာျဖစ္ၿပီး အေျပာင္းအေ႐ႊ႕ေစ်းကြက္ဖြင့္ဖို႔ နီးကပ္လာခ်ိန္မွာ ဂန္းနားေတြရဲ႕ ပစ္မွတ္စာရင္းထဲမွာ ဆက္လက္ရွိေနဆဲ ျဖစ္ပါတယ္။
အာဆင္နယ္ဟာ ဒီရာသီမွာ သြင္းဂိုးေတြ အထင္ႀကီးဖြယ္ သြင္းယူႏိုင္ခဲ့ေပမယ့္လည္း အင္တာမီလန္အတြက္ ေလာ္တာ႐ို မာတီနက္ဇ္ လုပ္ေဆာင္ေပးခဲ့သလိုမ်ိဳး ဂိုးေပါက္ေရွ႕မွာ တစ္ရာသီကို ဂိုး ၂၀ ေလာက္ သြင္းယူေပးႏိုင္တဲ့ တိုက္စစ္မႉးမ်ိဳး ကင္းမဲ့ေနခဲ့တာျဖစ္ပါတယ္။
အာတီတာရဲ႕ အသင္းဟာ လာမယ့္ ေႏြရာသီအေျပာင္းအေ႐ႊ႕ေစ်းကြက္မွာ အဲဒီျပႆနာကို ေျဖရွင္းဖို႔ ႀကိဳးပမ္းသြားေတာ့မွာျဖစ္ၿပီး ကာလရွည္ ေစာင့္ၾကည့္ခဲ့တဲ့ ေလာ္တာ႐ို မာတီနက္ဇ္ကို ေခၚယူႏိုင္ဖို႔ ေမွ်ာ္လင့္ေနတာ ျဖစ္ပါတယ္။ မာတီနက္ဇ္က လက္ရွိမွာေတာ့ သူ႔ရဲ႕ အနာဂတ္နဲ႔ပတ္သက္ၿပီး အေျဖေပးလိုက္ၿပီျဖစ္ၿပီး အင္တာမီလန္အသင္းနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔အတြက္ ေျပာဆိုေဆြးေႏြးမႈေတြ ျပဳလုပ္ေနတယ္လို႔ ထုတ္ေဖာ္ေျပာဆိုလိုက္တာျဖစ္ပါတယ္။
“ကြၽန္ေတာ္တို႔ သေဘာတူညီမႈရဖို႔ နီးစပ္ေနပါၿပီ။ ေပ်ာက္ဆုံးေနရာ အရာေတာ္ေတာ္မ်ားမ်ားေတာ့ ရွိေနပါတယ္။ ကြၽန္ေတာ္ ေျပာခဲ့တာက ဒီအပတ္မွာပဲ သေဘာတူညီမႈ အၿပီးသတ္ခ်င္တယ္ဆိုတာပါ။ ဘာလို႔လဲဆိုေတာ့ ရာသီက ဒီအပတ္မွာ ၿပီးဆုံးၿပီျဖစ္ၿပီး ကိုပါအေမရိကၿပိဳင္ပြဲမတိုင္ခင္ အရာအားလုံး အၿပီးသတ္ၿပီးသားျဖစ္ခ်င္လို႔ပါ”လို႔ ေျပာဆိုခဲ့ပါတယ္။
အင္တာမီလန္နဲ႔ ေလာ္တာ႐ို မာတီနက္ဇ္တို႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ သေဘာတူညီမႈ ဒီအပတ္ထဲမွာ မရရွိခဲ့ရင္ေတာ့ အာဆင္နယ္အေနနဲ႔ အာဂ်င္တီးနားတိုက္စစ္မႉးကို ေခၚယူႏိုင္ဖို႔ အခြင့္အေရးရွိလာမွာျဖစ္ၿပီး ၂ ႏွစ္ဆက္တိုက္ အမွတ္ေပးဖလားခ်န္ပီယံျဖစ္ဖို႔ လက္တစ္ကမ္းအလိုမွ လြဲေခ်ာ္ခဲ့တဲ့ ဂန္းနားေတြကို အင္တာမီလန္ၾကယ္ပြင့္က ခ်န္ပီယံျဖစ္ေအာင္ ကူညီေပးႏိုင္မယ့္ကစားသမားဆိုတာ ေသခ်ာပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News