အာဆင်နယ်ရဲ့ နိုင်ပွဲကို အသိအမှတ်မပြုဘဲ ညစ်ပြီးကစားခဲ့တယ်လို့ စွပ်စွဲခဲ့တဲ့ ဝုလ်ဗ်စ်နည်းပြ 1024 504 coyg

အာဆင်နယ်ရဲ့ နိုင်ပွဲကို အသိအမှတ်မပြုဘဲ ညစ်ပြီးကစားခဲ့တယ်လို့ စွပ်စွဲခဲ့တဲ့ ဝုလ်ဗ်စ်နည်းပြ

ဝုလ်ဗ်စ်နည်းပြ ဂယ်ရီ အိုနေးလ်က စနေနေ့ညက အမ်းမရိတ်စ်မှာ အာဆင်နယ်ကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ် ပြီးဆုံးခါနီး အချိန်တွေအတွင်း ဂန်းနားတွေရဲ့ အချိန်ဖြုန်းတီးတဲ့ နည်းဗျူဟာကို ပြစ်တင်ကြိမ်းမောင်းခဲ့ပါတယ်။

ဂန်းနားတွေဟာ မြောက်လန်ဒန်မှာ ဘူကာယို ဆာကာနဲ့ မာတင် အော်ဒီဂွါဒ်တို့ရဲ့ သွင်းဂိုးတွေကြောင့် ဦးဆောင်နိုင်ခဲ့တာဖြစ်ပြီး အာတီတာရဲ့အသင်းဟာ ပွဲကို စောစောဖြတ်ထားနိုင်ခဲ့ပေမယ့်လည်း မာတီနယ်လီရဲ့ ကန်ချက် တိုင်ထိထွက်ခဲ့တာကြောင့် နစ်နာခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်း ပြီးဆုံးခါနီးမှာ ဇင်ချန်ကိုရဲ့ ပေါ့ဆမှုကနေတဆင့် ကွန်ညာက ဝုလ်ဗ်စ်အတွက် ချေပဂိုးကို သွင်းယူသွားခဲ့ပေမယ့်လည်း နောက်ထပ် ချေပဂိုးကို သွင်းယူနိုင်ဖို့က တော်တော်လေး နောက်ကျနေခဲ့ပြီ ဖြစ်ပါတယ်။

ပွဲအပြီးမှာ အိုနေးလ်က အာဆင်နယ်ဟာ အချိန်ဆွဲခဲ့ပုံပေါ်တာကြောင့် မပျော်မရွှင်ဖြစ်နေခဲ့ပြီး ဂန်းနားတွေက အချိန်ဖြုန်းတီးခဲ့တယ်လို့ စွပ်စွဲပြောဆိုခဲ့တာဖြစ်ပါတယ်။

“အာဆင်နယ်က ပွဲပြီးခါနီးမှာ ပွဲပြန်စဖို့ တော်တော်လေး ကြာခဲ့တယ်လို့ ထင်တယ်။ ကျွန်တော်တို့ ၉၈ မိနစ်အထိ ကစားရမယ်လို့ ပြောတာခံခဲ့ရတယ်။ ဘာလို့လဲဆိုတော့ ထပ်ဆောင်းအချိန်ပိုကြောင့် နာကျင်အချိန်ပိုက အကြာကြီးရခဲ့တာမို့လို့ပါ။ ဒါပေမယ့် သူတို့တွေ ပွဲပြန်စတင်ဖို့ ၃ ကြိမ်လုပ်ခဲ့ပြီး တစ်ကြိမ်ကို ၄၅ စက္ကန့်လောက်ကြာခဲ့တယ်။ အဲဒီအချိန်မှာ အချိန်ဖြုန်းတီးနေတာကို ထိန်းချုပ်ဖို့ ကြိုးစားနေခဲ့တာကြောင့် ကျွန်တော်တို့ နည်းနည်းတော့ အချိန်ပိုတိုးရမယ်လို့ ခံစားခဲ့မိတယ်။ ကျွန်တော်တို့ ပွဲပြန်စတင်တာကို နှောင့်နှေးအောင်လုပ်လို့ အဝါကတ်ထိတဲ့လူတွေအများကြီး တွေ့ခဲ့ရပြီး ကျွန်တော်တို့ ရခဲ့သင့်တယ်လို့ ထင်ခဲ့တဲ့အချိန်လောက်ကို ရခဲ့တယ်လို့ မခံစားရဘူး။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: ဝုလ္ဗ္စ္နည္းျပ ဂယ္ရီ အိုေနးလ္က စေနေန႔ညက အမ္းမရိတ္စ္မွာ အာဆင္နယ္ကို ၂-၁ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္ ၿပီးဆုံးခါနီး အခ်ိန္ေတြအတြင္း ဂန္းနားေတြရဲ႕ အခ်ိန္ျဖဳန္းတီးတဲ့ နည္းဗ်ဴဟာကို ျပစ္တင္ႀကိမ္းေမာင္းခဲ့ပါတယ္။

ဂန္းနားေတြဟာ ေျမာက္လန္ဒန္မွာ ဘူကာယို ဆာကာနဲ႔ မာတင္ ေအာ္ဒီဂြါဒ္တို႔ရဲ႕ သြင္းဂိုးေတြေၾကာင့္ ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ၿပီး အာတီတာရဲ႕အသင္းဟာ ပြဲကို ေစာေစာျဖတ္ထားႏိုင္ခဲ့ေပမယ့္လည္း မာတီနယ္လီရဲ႕ ကန္ခ်က္ တိုင္ထိထြက္ခဲ့တာေၾကာင့္ နစ္နာခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္း ၿပီးဆုံးခါနီးမွာ ဇင္ခ်န္ကိုရဲ႕ ေပါ့ဆမႈကေနတဆင့္ ကြန္ညာက ဝုလ္ဗ္စ္အတြက္ ေခ်ပဂိုးကို သြင္းယူသြားခဲ့ေပမယ့္လည္း ေနာက္ထပ္ ေခ်ပဂိုးကို သြင္းယူႏိုင္ဖို႔က ေတာ္ေတာ္ေလး ေနာက္က်ေနခဲ့ၿပီ ျဖစ္ပါတယ္။

ပြဲအၿပီးမွာ အိုေနးလ္က အာဆင္နယ္ဟာ အခ်ိန္ဆြဲခဲ့ပုံေပၚတာေၾကာင့္ မေပ်ာ္မ႐ႊင္ျဖစ္ေနခဲ့ၿပီး ဂန္းနားေတြက အခ်ိန္ျဖဳန္းတီးခဲ့တယ္လို႔ စြပ္စြဲေျပာဆိုခဲ့တာျဖစ္ပါတယ္။

“အာဆင္နယ္က ပြဲၿပီးခါနီးမွာ ပြဲျပန္စဖို႔ ေတာ္ေတာ္ေလး ၾကာခဲ့တယ္လို႔ ထင္တယ္။ ကြၽန္ေတာ္တို႔ ၉၈ မိနစ္အထိ ကစားရမယ္လို႔ ေျပာတာခံခဲ့ရတယ္။ ဘာလို႔လဲဆိုေတာ့ ထပ္ေဆာင္းအခ်ိန္ပိုေၾကာင့္ နာက်င္အခ်ိန္ပိုက အၾကာႀကီးရခဲ့တာမို႔လို႔ပါ။ ဒါေပမယ့္ သူတို႔ေတြ ပြဲျပန္စတင္ဖို႔ ၃ ႀကိမ္လုပ္ခဲ့ၿပီး တစ္ႀကိမ္ကို ၄၅ စကၠန႔္ေလာက္ၾကာခဲ့တယ္။ အဲဒီအခ်ိန္မွာ အခ်ိန္ျဖဳန္းတီးေနတာကို ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားေနခဲ့တာေၾကာင့္ ကြၽန္ေတာ္တို႔ နည္းနည္းေတာ့ အခ်ိန္ပိုတိုးရမယ္လို႔ ခံစားခဲ့မိတယ္။ ကြၽန္ေတာ္တို႔ ပြဲျပန္စတင္တာကို ေႏွာင့္ေႏွးေအာင္လုပ္လို႔ အဝါကတ္ထိတဲ့လူေတြအမ်ားႀကီး ေတြ႕ခဲ့ရၿပီး ကြၽန္ေတာ္တို႔ ရခဲ့သင့္တယ္လို႔ ထင္ခဲ့တဲ့အခ်ိန္ေလာက္ကို ရခဲ့တယ္လို႔ မခံစားရဘူး။”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

Arsenal Myanmar

Ref: Internet