အာဆင်နယ်မှာ အံ့ဩဖွယ်စွမ်းရည်ရှိတဲ့ ကစားသမားရှိနေတယ်ဆိုတဲ့ လိုင်နီကာ 1024 683 coyg

အာဆင်နယ်မှာ အံ့ဩဖွယ်စွမ်းရည်ရှိတဲ့ ကစားသမားရှိနေတယ်ဆိုတဲ့ လိုင်နီကာ

ဂယ်ရီ လိုင်နီကာဟာ အာဆင်နယ်ကြယ်ပွင့် ဘူကာယို ဆာကာနဲ့ပတ်သက်ပြီး ချီးကျူးပြောဆိုခဲ့ပြီး ဂန်းနားတောင်ပံကစားသမား ကစားတာကို ကြည့်ရတာ နှစ်သက်မိတယ်လို့ ဝန်ခံခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ် ကစားသမားဟာ ပရီးမီးယားလိဂ်က အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ဂန်းနားတွေအတွက် ပြီးခဲ့တဲ့နှစ်တွေအတွင်း ရင်သပ်ရှုမောဖွယ် စွမ်းဆောင်ရည်ကို ပြသခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။

ဆာကာဟာ ဒီရာသီမှာ အကောင်းဆုံးပုံစံမှာ ရှိမနေသေးတာတောင်မှပဲ ဂယ်ရီ လိုင်နီကာ အပါအဝင် အားလုံးက စိတ်ဝင်တစား စောင့်ကြည့်ရတဲ့ ခြေစွမ်းမျိုး ပြသနေတာဖြစ်ပြီး အင်္ဂလန်ကြယ်ပွင့်ဟာ အကောင်းဆုံးပုံစံရှိနေချိန်မှာ အသင်းအတွက် အရေးအပါဆုံးကစားသမားဖြစ်ပါတယ်။

ဆာကာဟာ လျင်မြန်မှု၊ ဘောလုံးနဲ့အတူ ထူးခြားဆန်းကြယ်တဲ့အရာတွေကို လုပ်ပြနိုင်စွမ်းရှိမှု၊ ဂိုးဖန်တီးမှု၊ ဂိုးသွင်းယူမှုတို့ ပြုလုပ်နိုင်ပြီး ကမ္ဘာပေါ်က သူ့အသက်အရွယ်တန်းထဲက ကစားသမားတွေအားလုံးထဲမှာ အကောင်းဆုံးကစားသမားဖြစ်ပါတယ်။

အာဆင်နယ်ပရိသတ်တွေကလည်း ဆာကာကို ချွင်းချက်မရှိ ချစ်မြတ်နိုးကြပြီး အင်္ဂလန်ဂန္တဝင်တိုက်စစ်မှူး ဂယ်ရီ လိုင်နီကာကလည်း ဂန်းနားကြယ်ပွင့်ရဲ့ အမာခံ ပရိသတ်တစ်ဦး ဖြစ်ပုံပေါ်ပါတယ်။ ဘောလုံးဝေဖန်သုံးသပ်သူက အသက် ၂၂ နှစ်အရွယ်ကစားသမား ကစားတာကို ကြည့်ရတာကို နှစ်သက်မိတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပြီး ဆာကာဟာ ကွင်းထဲမှာရှိနေတဲ့အချိန်မှာ ဘယ်တုန်းကမှ မှားယွင်းတဲ့ဆုံးဖြတ်ချက်မျိုး မချခဲ့လုနီးပါးပဲဆိုတာကို သတိပြုမိခဲ့တာဖြစ်ပါတယ်။

“ဘူကာယိုက အံ့အားသင့်ဖွယ် အရည်အချင်းရှိတဲ့ ကစားသမားလို့ ကျွန်တော်ထင်တယ်။ သူကစားတာကို ကြည့်ရတာ နှစ်သက်မိတယ်။ သူ့ရဲ့ ကွင်းတွင်း ဆုံးဖြတ်ချက်ချမှတ်မှုတွေက ထူးခြားတယ်လို့ ကျွန်တော် ထင်တယ်။ ခင်ဗျား ကျွန်တော်တို့ ကြည့်တဲ့ ရှုထောင့်ကနေ ပွဲကို ကြည့်ရတဲ့အခါမှာ အဲဒါက အများကြီးပိုလွယ်ကူပါတယ်။ ဒါပေမယ့် သူက ခင်ဗျား ဘောလုံးကို ပေးမယ်လို့ တွေးလိုက်တဲ့အခါတိုင်း ပေးလိုက်တဲ့ ကစားသမားတွေထဲက တစ်ဦးပါ။ သူ့ကြည့်ရတာ အမြဲတမ်း မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ခဲ့တဲ့ပုံပဲပါ။ အဲဒီတော့ သူက ပွဲကို သူရှိနေတဲ့နေရာထက် ကျော်လွန်ပြီး မြင်နေတာပဲ။ ”လို့ ပြောကြားခဲ့ပါတယ်။

ဘူကာယို ဆာကာဟာ ဒီရာသီမှာ အာဆင်နယ်အတွက် ပြိုင်ပွဲစုံ ၂၅ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ တိုက်ရိုက်သွင်းဂိုး ပါဝင်ပတ်သက်ပြီး ၂၀ ဂိုးအထိ ရှိခဲ့တာကြောင့် ပြီးခဲ့တဲ့ရာသီလောက် မကောင်းရင်တောင် ဂန်းနားတွေအတွက် ထူးခြားကောင်းမွန်နေဆဲဖြစ်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: ဂယ္ရီ လိုင္နီကာဟာ အာဆင္နယ္ၾကယ္ပြင့္ ဘူကာယို ဆာကာနဲ႔ပတ္သက္ၿပီး ခ်ီးက်ဴးေျပာဆိုခဲ့ၿပီး ဂန္းနားေတာင္ပံကစားသမား ကစားတာကို ၾကည့္ရတာ ႏွစ္သက္မိတယ္လို႔ ဝန္ခံခဲ့ပါတယ္။

အသက္ ၂၂ ႏွစ္အ႐ြယ္ ကစားသမားဟာ ပရီးမီးယားလိဂ္က အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးျဖစ္ၿပီး ဂန္းနားေတြအတြက္ ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း ရင္သပ္ရႈေမာဖြယ္ စြမ္းေဆာင္ရည္ကို ျပသခဲ့တဲ့ ကစားသမားျဖစ္ပါတယ္။

ဆာကာဟာ ဒီရာသီမွာ အေကာင္းဆုံးပုံစံမွာ ရွိမေနေသးတာေတာင္မွပဲ ဂယ္ရီ လိုင္နီကာ အပါအဝင္ အားလုံးက စိတ္ဝင္တစား ေစာင့္ၾကည့္ရတဲ့ ေျခစြမ္းမ်ိဳး ျပသေနတာျဖစ္ၿပီး အဂၤလန္ၾကယ္ပြင့္ဟာ အေကာင္းဆုံးပုံစံရွိေနခ်ိန္မွာ အသင္းအတြက္ အေရးအပါဆုံးကစားသမားျဖစ္ပါတယ္။

ဆာကာဟာ လ်င္ျမန္မႈ၊ ေဘာလုံးနဲ႔အတူ ထူးျခားဆန္းၾကယ္တဲ့အရာေတြကို လုပ္ျပႏိုင္စြမ္းရွိမႈ၊ ဂိုးဖန္တီးမႈ၊ ဂိုးသြင္းယူမႈတို႔ ျပဳလုပ္ႏိုင္ၿပီး ကမာၻေပၚက သူ႔အသက္အ႐ြယ္တန္းထဲက ကစားသမားေတြအားလုံးထဲမွာ အေကာင္းဆုံးကစားသမားျဖစ္ပါတယ္။

အာဆင္နယ္ပရိသတ္ေတြကလည္း ဆာကာကို ခြၽင္းခ်က္မရွိ ခ်စ္ျမတ္ႏိုးၾကၿပီး အဂၤလန္ဂႏၲဝင္တိုက္စစ္မႉး ဂယ္ရီ လိုင္နီကာကလည္း ဂန္းနားၾကယ္ပြင့္ရဲ႕ အမာခံ ပရိသတ္တစ္ဦး ျဖစ္ပုံေပၚပါတယ္။ ေဘာလုံးေဝဖန္သုံးသပ္သူက အသက္ ၂၂ ႏွစ္အ႐ြယ္ကစားသမား ကစားတာကို ၾကည့္ရတာကို ႏွစ္သက္မိတယ္လို႔ ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီး ဆာကာဟာ ကြင္းထဲမွာရွိေနတဲ့အခ်ိန္မွာ ဘယ္တုန္းကမွ မွားယြင္းတဲ့ဆုံးျဖတ္ခ်က္မ်ိဳး မခ်ခဲ့လုနီးပါးပဲဆိုတာကို သတိျပဳမိခဲ့တာျဖစ္ပါတယ္။

“ဘူကာယိုက အံ့အားသင့္ဖြယ္ အရည္အခ်င္းရွိတဲ့ ကစားသမားလို႔ ကြၽန္ေတာ္ထင္တယ္။ သူကစားတာကို ၾကည့္ရတာ ႏွစ္သက္မိတယ္။ သူ႔ရဲ႕ ကြင္းတြင္း ဆုံးျဖတ္ခ်က္ခ်မွတ္မႈေတြက ထူးျခားတယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ ခင္ဗ်ား ကြၽန္ေတာ္တို႔ ၾကည့္တဲ့ ရႈေထာင့္ကေန ပြဲကို ၾကည့္ရတဲ့အခါမွာ အဲဒါက အမ်ားႀကီးပိုလြယ္ကူပါတယ္။ ဒါေပမယ့္ သူက ခင္ဗ်ား ေဘာလုံးကို ေပးမယ္လို႔ ေတြးလိုက္တဲ့အခါတိုင္း ေပးလိုက္တဲ့ ကစားသမားေတြထဲက တစ္ဦးပါ။ သူ႔ၾကည့္ရတာ အၿမဲတမ္း မွန္ကန္တဲ့ဆုံးျဖတ္ခ်က္ေတြ ခ်မွတ္ႏိုင္ခဲ့တဲ့ပုံပဲပါ။ အဲဒီေတာ့ သူက ပြဲကို သူရွိေနတဲ့ေနရာထက္ ေက်ာ္လြန္ၿပီး ျမင္ေနတာပဲ။ ”လို႔ ေျပာၾကားခဲ့ပါတယ္။

ဘူကာယို ဆာကာဟာ ဒီရာသီမွာ အာဆင္နယ္အတြက္ ၿပိဳင္ပြဲစုံ ၂၅ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ တိုက္႐ိုက္သြင္းဂိုး ပါဝင္ပတ္သက္ၿပီး ၂၀ ဂိုးအထိ ရွိခဲ့တာေၾကာင့္ ၿပီးခဲ့တဲ့ရာသီေလာက္ မေကာင္းရင္ေတာင္ ဂန္းနားေတြအတြက္ ထူးျခားေကာင္းမြန္ေနဆဲျဖစ္တယ္လို႔ ဆိုရမွာ ျဖစ္ပါတယ္။

Arsenal Myanmar

Ref: Internet