အာဆင်နယ်နဲ့ အာတီတာအပေါ် ပရီးမီးယားလိဂ်ပြိုင်ဘက်တွေရဲ့ အမြင် 1024 504 coyg

အာဆင်နယ်နဲ့ အာတီတာအပေါ် ပရီးမီးယားလိဂ်ပြိုင်ဘက်တွေရဲ့ အမြင်

အာဆင်နယ်ဟာ နိုင်ငံတကာပွဲစဉ်အားလပ်ရက်ကို ပရီးမီးယားလိဂ်မှာ ရမှတ် ၁၀ မှတ်နဲ့ ရှုံးပွဲမရှိသေးတဲ့ ၆ သင်းထဲက တစ်သင်းအဖြစ်နဲ့ ဖြတ်သန်းနေတာဖြစ်ပါတယ်။

ဂန်းနားတွေဟာ ပြီးခဲ့တဲ့ရာသီကလောက် မကောင်းသေးဘူးလို့ ခံစားချက်တွေ ရှိနေပေမယ့်လည်း နည်းပြ အာတီတာက ရာသီအစောပိုင်းရက်သတ္တပတ်တွေမှာ ပေါင် ၆၅ သန်းတန် ကိုင် ဟာဗတ်ဇ်နဲ့ အံဝင်မယ့် ကစားကွက်တွေ လျှောက်စမ်းနေတာဖြစ်ပြီး ကစားကွက် အခိုင်အမာ ရရှိသွားရင် ဒီထက်ပိုကောင်းတာတွေကို မျှော်လင့်နိုင်မှာဖြစ်ပါတယ်။

ဒီရာသီ လက်ရှိအချိန်အထိ အာဆင်နယ်နဲ့ အာတီတာတို့အပေါ်မှာ ပြိုင်ဘက်ပရီးမီးယားလိဂ်ကလပ်တွေနဲ့ ကစားသမားတွေက ဘာတွေ ပြောခဲ့ကြလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

ဂွါဒီယိုလာရဲ့ ဒီကလန် ရိုက်အပေါ် အမြင်

မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဒီကလန် ရိုက်အနေနဲ့ အာဆင်နယ်ကို ပြောင်းဖို့ ဆုံးဖြတ်တာ မှန်ကန်ပြီး ဂန်းနားတွေရဲ့ကမ်းလှမ်းမှုက မယုံနိုင်စရာကောင်းခဲ့တယ်လို့ ထောက်ခံပြောဆိုခဲ့ပြီး အင်္ဂလန်ကြယ်ပွင့်ဟာ တကယ်အရေးပါတဲ့ကစားသမားဖြစ်တာကြောင့် ဂန်းနားတွေက မယုံနိုင်စရာကစားသမားကို ခေါ်ယူနိုင်ခဲ့တာဖြစ်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ပင်နယ်တီနဲ့ ကွန်မြူနတီဒိုင်းလုပွဲမှာ ရှုံးနိမ့်ပြီးနောက် ဂွါဒီယိုလာရဲ့မှတ်ချက်

မန်စီးတီးနည်းပြ ဂွါဒီယိုလာက ကွန်မြူနတီဒိုင်းလုပွဲကို ၃ ပွဲဆက်ရှုံးပေမယ့် ပရီးမီးယားလိဂ်ဖလားတွေကို ဆက်တိုက် အနိုင်ရခဲ့တယ်လို့ ပြောဆိုခဲ့ပြီး သူမတူအောင် ထူးခြားတဲ့အသင်းနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

စတိဗ်ကူးပါးရဲ့ အာဆင်နယ်အပေါ် အမြင်

အာဆင်နယ်က အရမ်းကောင်းမွန်တယ်လို့ ရာသီအဖွင့်ပွဲမှာ ဂန်းနားတွေကို ၂-၁ နဲ့ရှုံးနိမ့်ပြီးနောက် စတိဗ် ကူးပါးက ဝန်ခံခဲ့ပြီး အရမ်းကောင်းတဲ့ပုံစံနဲ့ ကစားနေတဲ့ အလွန်ထူးချွန်တဲ့အသင်းလို့ ဖောရက်စ်နည်းပြက ချီးကျူးခဲ့ပါတယ်။

အာဆင်နယ်အပေါ် မာကို ဆေးလ်ဗားရဲ့အမြင်

အမ်းမရိတ်စ်မှာ ၂-၂ သရေကျပြီးနောက် မာကို ဆေးလ်ဗားက ဂန်းနားတွေဟာ ပြီးခဲ့တဲ့ရာသီကထက်တောင် ပိုအားကောင်းလာပြီး နွေရာသီမှာ ကစားသမားခေါ်ယူမှုတွေက အထင်ကြီးစရာကောင်းခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ဂန်းနားလူစာရင်းထဲက ကစားသမားတွေရဲ့ အရည်အသွေးနဲ့ နည်းပြ အာတီတာကြောင့် နောက်ထပ်တစ်ကြိမ် ပရီးမီးယားလိဂ်ဖလား စိန်ခေါ်သူတွေဖြစ်လာဦးမယ်လို့ မာကို ဆေးလ်ဗားက ထောက်ခံခဲ့တာဖြစ်ပါတယ်။

အာတီတာကို ချီးကျူးခဲ့တဲ့ ရွိုင်း ဟော့ဒ်ဆန်

ခရစ္စတယ်ပဲလေ့စ်နည်းပြ ရွိုင်း ဟော့ဒ်ဆန်က အာဆင်နယ်မှာ အာတီတာလုပ်ခဲ့တဲ့အလုပ်တွေအတွက် အလွန်လေးစားမိပြီး မန်စီးတီးကို ကပ်ရှုံးခဲ့တဲ့အတွက် ကိုယ်ချင်းစာမိတယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒီရာသီမှာ ပိုအားကောင်းတဲ့ပုံစံနဲ့ ပြန်လာမှာဖြစ်ပြီး ရာသီကုန်မှာ ဆုဖလားတွေအတွက် တိုက်ပွဲဝင်သွားမယ့်အသင်းလို့အားလုံးက မျှော်မှန်းထားတဲ့ စုဖွဲ့မှုကောင်းတဲ့ အသင်းဆိုတာ ရင်ဆိုင်ကစားချိန်မှာ သိခဲ့ရတယ်လို့ ပဲလေ့စ်နည်းပြက ပြောဆိုခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တဲ့အပေါ် တန်ဟက်ရဲ့ မှတ်ချက်

အဲရစ် တန်ဟက်က အမ်းမရိတ်စ်မှာ မန်ချက်စတာယူနိုက်တက်က ရှုံးနိမ့်ခဲ့ပေမယ့်လည်း စွမ်းဆောင်ရည်ပိုင်း ပိုကောင်းခဲ့ပြီး ဂါနာချိုရဲ့ လူကျွံဘောကို မှားယွင်းတဲ့ရှုထောင့်ကနေ ကြည့်ခဲ့သလို ဟွိုင်လွန်းရဲ့ ပင်နယ်တီကိုလည်း မပေးခဲ့တာကြောင့် ရှုံးနိမ့်ခဲ့တာလို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒီကလန် ရိုက်ရဲ့ သွင်းဂိုးက လူကျွံနေခဲ့တာကို လက်ခံရမှာဖြစ်ပြီး ဒိုင်လူကြီးတွေဆီကနေ ဖြေရှင်းချက်ရရင်လည်း ရလဒ်က ပြောင်းလို့မရတော့လို့ လက်ခံရမှာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

အာဆင်နယ်အပေါ် ဖာနန်ဒက်စ်ရဲ့အမြင်

ဘရူနို ဖာနန်ဒက်စ်က သရေရလဒ်ရအောင် ကြိုးစားနေတုန်း တတိယဂိုးပေးလိုက်ရပြီး ရှုံးနိမ့်ခဲ့တဲ့ပုံစံကြောင့် အရမ်းခက်ခဲခဲ့တယ်လို့ ပြောကြားခဲ့ပေမယ့်လည်း ဂန်းနားတွေက အသင်းကောင်းဖြစ်ပြီး မန်ယူနိုက်တက်အတွက် ပြဿနာတွေ အများကြီး ဖန်တီးနိုင်ခဲ့တယ်လို့ ချီးကျူးခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: အာဆင္နယ္ဟာ ႏိုင္ငံတကာပြဲစဥ္အားလပ္ရက္ကို ပရီးမီးယားလိဂ္မွာ ရမွတ္ ၁၀ မွတ္နဲ႔ ရႈံးပြဲမရွိေသးတဲ့ ၆ သင္းထဲက တစ္သင္းအျဖစ္နဲ႔ ျဖတ္သန္းေနတာျဖစ္ပါတယ္။

ဂန္းနားေတြဟာ ၿပီးခဲ့တဲ့ရာသီကေလာက္ မေကာင္းေသးဘူးလို႔ ခံစားခ်က္ေတြ ရွိေနေပမယ့္လည္း နည္းျပ အာတီတာက ရာသီအေစာပိုင္းရက္သတၱပတ္ေတြမွာ ေပါင္ ၆၅ သန္းတန္ ကိုင္ ဟာဗတ္ဇ္နဲ႔ အံဝင္မယ့္ ကစားကြက္ေတြ ေလွ်ာက္စမ္းေနတာျဖစ္ၿပီး ကစားကြက္ အခိုင္အမာ ရရွိသြားရင္ ဒီထက္ပိုေကာင္းတာေတြကို ေမွ်ာ္လင့္ႏိုင္မွာျဖစ္ပါတယ္။

ဒီရာသီ လက္ရွိအခ်ိန္အထိ အာဆင္နယ္နဲ႔ အာတီတာတို႔အေပၚမွာ ၿပိဳင္ဘက္ပရီးမီးယားလိဂ္ကလပ္ေတြနဲ႔ ကစားသမားေတြက ဘာေတြ ေျပာခဲ့ၾကလဲဆိုတာ ေဖာ္ျပေပးလိုက္ပါတယ္။

ဂြါဒီယိုလာရဲ႕ ဒီကလန္ ႐ိုက္အေပၚ အျမင္

မန္စီးတီးနည္းျပ ဂြါဒီယိုလာက ဒီကလန္ ႐ိုက္အေနနဲ႔ အာဆင္နယ္ကို ေျပာင္းဖို႔ ဆုံးျဖတ္တာ မွန္ကန္ၿပီး ဂန္းနားေတြရဲ႕ကမ္းလွမ္းမႈက မယုံႏိုင္စရာေကာင္းခဲ့တယ္လို႔ ေထာက္ခံေျပာဆိုခဲ့ၿပီး အဂၤလန္ၾကယ္ပြင့္ဟာ တကယ္အေရးပါတဲ့ကစားသမားျဖစ္တာေၾကာင့္ ဂန္းနားေတြက မယုံႏိုင္စရာကစားသမားကို ေခၚယူႏိုင္ခဲ့တာျဖစ္တယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ပင္နယ္တီနဲ႔ ကြန္ျမဴနတီဒိုင္းလုပြဲမွာ ရႈံးနိမ့္ၿပီးေနာက္ ဂြါဒီယိုလာရဲ႕မွတ္ခ်က္

မန္စီးတီးနည္းျပ ဂြါဒီယိုလာက ကြန္ျမဴနတီဒိုင္းလုပြဲကို ၃ ပြဲဆက္ရႈံးေပမယ့္ ပရီးမီးယားလိဂ္ဖလားေတြကို ဆက္တိုက္ အႏိုင္ရခဲ့တယ္လို႔ ေျပာဆိုခဲ့ၿပီး သူမတူေအာင္ ထူးျခားတဲ့အသင္းနဲ႔ ရင္ဆိုင္ခဲ့ရတာျဖစ္တယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

စတိဗ္ကူးပါးရဲ႕ အာဆင္နယ္အေပၚ အျမင္

အာဆင္နယ္က အရမ္းေကာင္းမြန္တယ္လို႔ ရာသီအဖြင့္ပြဲမွာ ဂန္းနားေတြကို ၂-၁ နဲ႔ရႈံးနိမ့္ၿပီးေနာက္ စတိဗ္ ကူးပါးက ဝန္ခံခဲ့ၿပီး အရမ္းေကာင္းတဲ့ပုံစံနဲ႔ ကစားေနတဲ့ အလြန္ထူးခြၽန္တဲ့အသင္းလို႔ ေဖာရက္စ္နည္းျပက ခ်ီးက်ဴးခဲ့ပါတယ္။

အာဆင္နယ္အေပၚ မာကို ေဆးလ္ဗားရဲ႕အျမင္

အမ္းမရိတ္စ္မွာ ၂-၂ သေရက်ၿပီးေနာက္ မာကို ေဆးလ္ဗားက ဂန္းနားေတြဟာ ၿပီးခဲ့တဲ့ရာသီကထက္ေတာင္ ပိုအားေကာင္းလာၿပီး ေႏြရာသီမွာ ကစားသမားေခၚယူမႈေတြက အထင္ႀကီးစရာေကာင္းခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ဂန္းနားလူစာရင္းထဲက ကစားသမားေတြရဲ႕ အရည္အေသြးနဲ႔ နည္းျပ အာတီတာေၾကာင့္ ေနာက္ထပ္တစ္ႀကိမ္ ပရီးမီးယားလိဂ္ဖလား စိန္ေခၚသူေတြျဖစ္လာဦးမယ္လို႔ မာကို ေဆးလ္ဗားက ေထာက္ခံခဲ့တာျဖစ္ပါတယ္။

အာတီတာကို ခ်ီးက်ဴးခဲ့တဲ့ ႐ြိဳင္း ေဟာ့ဒ္ဆန္

ခရစၥတယ္ပဲေလ့စ္နည္းျပ ႐ြိဳင္း ေဟာ့ဒ္ဆန္က အာဆင္နယ္မွာ အာတီတာလုပ္ခဲ့တဲ့အလုပ္ေတြအတြက္ အလြန္ေလးစားမိၿပီး မန္စီးတီးကို ကပ္ရႈံးခဲ့တဲ့အတြက္ ကိုယ္ခ်င္းစာမိတယ္လို႔ ေျပာဆိုခဲ့ပါတယ္။ ဒီရာသီမွာ ပိုအားေကာင္းတဲ့ပုံစံနဲ႔ ျပန္လာမွာျဖစ္ၿပီး ရာသီကုန္မွာ ဆုဖလားေတြအတြက္ တိုက္ပြဲဝင္သြားမယ့္အသင္းလို႔အားလုံးက ေမွ်ာ္မွန္းထားတဲ့ စုဖြဲ႕မႈေကာင္းတဲ့ အသင္းဆိုတာ ရင္ဆိုင္ကစားခ်ိန္မွာ သိခဲ့ရတယ္လို႔ ပဲေလ့စ္နည္းျပက ေျပာဆိုခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ကို ရႈံးနိမ့္ခဲ့တဲ့အေပၚ တန္ဟက္ရဲ႕ မွတ္ခ်က္

အဲရစ္ တန္ဟက္က အမ္းမရိတ္စ္မွာ မန္ခ်က္စတာယူႏိုက္တက္က ရႈံးနိမ့္ခဲ့ေပမယ့္လည္း စြမ္းေဆာင္ရည္ပိုင္း ပိုေကာင္းခဲ့ၿပီး ဂါနာခ်ိဳရဲ႕ လူကြၽံေဘာကို မွားယြင္းတဲ့ရႈေထာင့္ကေန ၾကည့္ခဲ့သလို ဟြိဳင္လြန္းရဲ႕ ပင္နယ္တီကိုလည္း မေပးခဲ့တာေၾကာင့္ ရႈံးနိမ့္ခဲ့တာလို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။ ဒီကလန္ ႐ိုက္ရဲ႕ သြင္းဂိုးက လူကြၽံေနခဲ့တာကို လက္ခံရမွာျဖစ္ၿပီး ဒိုင္လူႀကီးေတြဆီကေန ေျဖရွင္းခ်က္ရရင္လည္း ရလဒ္က ေျပာင္းလို႔မရေတာ့လို႔ လက္ခံရမွာျဖစ္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

အာဆင္နယ္အေပၚ ဖာနန္ဒက္စ္ရဲ႕အျမင္

ဘ႐ူႏို ဖာနန္ဒက္စ္က သေရရလဒ္ရေအာင္ ႀကိဳးစားေနတုန္း တတိယဂိုးေပးလိုက္ရၿပီး ရႈံးနိမ့္ခဲ့တဲ့ပုံစံေၾကာင့္ အရမ္းခက္ခဲခဲ့တယ္လို႔ ေျပာၾကားခဲ့ေပမယ့္လည္း ဂန္းနားေတြက အသင္းေကာင္းျဖစ္ၿပီး မန္ယူႏိုက္တက္အတြက္ ျပႆနာေတြ အမ်ားႀကီး ဖန္တီးႏိုင္ခဲ့တယ္လို႔ ခ်ီးက်ဴးခဲ့ပါတယ္။

Arsenal Myanmar

Ref: Internet