အာဆင်နယ်နဲ့ တွေ့ဆုံမှုဟာ မမျှတတဲ့ တိုက်ပွဲလို့ ပြောလိုက်တဲ့ ပေါ်တိုဒုဥက္ကဌ 1024 504 coyg

အာဆင်နယ်နဲ့ တွေ့ဆုံမှုဟာ မမျှတတဲ့ တိုက်ပွဲလို့ ပြောလိုက်တဲ့ ပေါ်တိုဒုဥက္ကဌ

ပေါ်တိုဒုဥက္ကဌ ဗစ်တာ ဘိုင်ယာက ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်မှာ ၎င်းရဲ့အသင်းနဲ့ အာဆင်နယ်တို့ ကျရောက်နေမှုဟာ မမျှတတဲ့ တိုက်ပွဲဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အာတီတာရဲ့အသင်းဟာ အုပ်စုဘီရဲ့ အုပ်စုဗိုလ်အဖြစ်နဲ့ ရှုံးထွက်တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး အုပ်စု H ကနေ အုပ်စုဒုတိယအဖြစ် ရှုံးထွက်တက်ခဲ့တဲ့ ပေါ်တိုနဲ့ ၁၆ အသင်းရှုံးထွက်အဆင့်မှာ တွေ့ဆုံနေတာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ လက်ရှိ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ရမှတ် ၁ မှတ်အသာနဲ့ ဦးဆောင်နေပြီး ပေါ်တိုက ပေါ်တူဂီပရီးမီးယားလိဂ်မှာ အမှတ်ပေးဇယားဦးဆောင်သူ စပို့တင်းလစ္စဘွန်းနဲ့ ၃ မှတ်အကွာ တတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

ဘိုင်ယာက အာဆင်နယ်ရဲ့ အပြောင်းအရွှေ့စျေးကွက်ထဲက ဘဏ္ဍာရေးအင်အားက ချန်ပီယံလိဂ်ရှုံးထွက်အဆင့်မှာ ဂန်းနားတွေကို ရှင်းရှင်းလင်းလင်း အသာစီး ရရှိစေခဲ့တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“သူတို့တွေအရမ်းကို ရှုပ်ထွေးတဲ့ ပွဲတွေ ကစားရပါလိမ့်မယ်။ ကျွန်တော်တို့က ဒီပြိုင်ပွဲမှာ အရမ်းကို သီးခြားဆန်တဲ့ ဒီအင်န်အေရှိပါတယ်။ ကျွန်တော်တို့ ဘယ်သူ့ကိုမှ မကြောက်ပါဘူး။ ကျွန်တော်တို့ အကောင်းဆုံးလုပ်နိုင်တာကို လုပ်သွားမှာပါ။ ကျွန်တော်တို့က အရမ်းကို ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး ဒီလိုအခိုက်အတန့်တွေကို ပျော်ရွှင်ခံစားသွားမှာပါ။ ကျွန်တော် ဘာတွေဖြစ်လာနိုင်လဲဆိုတာကို ယုံကြည်မှု အပြည့်အဝ ရှိပါတယ်။”

ဘိုင်ယာက ဆက်လက်ပြီး အာဆင်နယ်အသင်းဟာ မယုံနိုင်စရာကောင်းတဲ့ လုပ်ဆောင်နိုင်စွမ်းရှိတဲ့အသင်းအဖြစ် ချီးကျူးခဲ့ပါတယ်။

“သူတို့တွေမှာ အရမ်းကို စိတ်ဝင်စားစရာကောင်းတဲ့ မြန်ဆန်မှုနဲ့အတူ လူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အရည်အသွေးရှိတဲ့အသင်းပါ။ သူတို့တွေက တော်တော်အားကောင်းနေပြီး ကမ္ဘာပေါ်က အဓိကလိဂ်တွေထဲက တစ်ခုမှာ ကစားနေတာပါ။ အာဆင်နယ်က ကံဆိုးစွာနဲ့ ကျွန်တော်တို့မှာ မရှိတဲ့ လက်နက်တွေ ရှိနေပါတယ်။ သူတို့တွေရဲ့ ဘဏ္ဍာရေးအင်အားက သူတို့ကို အကောင်းဆုံးကစားသမားတွေနဲ့ အမြင့်မားဆုံးအရည်အချင်းရှိတဲ့ကစားသမားတွေကို ဝယ်ယူလို့ရစေပါတယ်။ ပြောရရင် ကျွန်တော်တို့ရဲ့ ဖေဘီယို ဗီယာရာနဲ့တုန်းကလိုပေါ့။ ဒါပေမယ့် ကျွန်တော်တို့ ဒီအကြောင်းပြချက်နဲ့ ပုန်းကွယ်နေမှာမဟုတ်ပါဘူး။ တကယ်တော့ ဒါက မမျှတတဲ့ တိုက်ပွဲပါ။ ဒါပေမယ့် ကျွန်တော်တို့မှာ ရှိတဲ့ စစ်မှန်တဲ့ ထူးခြားဆန်းကြယ်မှုတွေကို စွမ်းဆောင်ပြသသွားမှာပါ။”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: ေပၚတိုဒုဥကၠဌ ဗစ္တာ ဘိုင္ယာက ခ်န္ပီယံလိဂ္ ၁၆ သင္းရႈံးထြက္အဆင့္မွာ ၎ရဲ႕အသင္းနဲ႔ အာဆင္နယ္တို႔ က်ေရာက္ေနမႈဟာ မမွ်တတဲ့ တိုက္ပြဲျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အာတီတာရဲ႕အသင္းဟာ အုပ္စုဘီရဲ႕ အုပ္စုဗိုလ္အျဖစ္နဲ႔ ရႈံးထြက္တက္ေရာက္ႏိုင္ခဲ့တာျဖစ္ၿပီး အုပ္စု H ကေန အုပ္စုဒုတိယအျဖစ္ ရႈံးထြက္တက္ခဲ့တဲ့ ေပၚတိုနဲ႔ ၁၆ အသင္းရႈံးထြက္အဆင့္မွာ ေတြ႕ဆုံေနတာ ျဖစ္ပါတယ္။

အာဆင္နယ္ဟာ လက္ရွိ ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးမွာ ရမွတ္ ၁ မွတ္အသာနဲ႔ ဦးေဆာင္ေနၿပီး ေပၚတိုက ေပၚတူဂီပရီးမီးယားလိဂ္မွာ အမွတ္ေပးဇယားဦးေဆာင္သူ စပို႔တင္းလစၥဘြန္းနဲ႔ ၃ မွတ္အကြာ တတိယေနရာမွာ ရပ္တည္ေနတာျဖစ္ပါတယ္။

ဘိုင္ယာက အာဆင္နယ္ရဲ႕ အေျပာင္းအေ႐ႊ႕ေစ်းကြက္ထဲက ဘ႑ာေရးအင္အားက ခ်န္ပီယံလိဂ္ရႈံးထြက္အဆင့္မွာ ဂန္းနားေတြကို ရွင္းရွင္းလင္းလင္း အသာစီး ရရွိေစခဲ့တယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“သူတို႔ေတြအရမ္းကို ရႈပ္ေထြးတဲ့ ပြဲေတြ ကစားရပါလိမ့္မယ္။ ကြၽန္ေတာ္တို႔က ဒီၿပိဳင္ပြဲမွာ အရမ္းကို သီးျခားဆန္တဲ့ ဒီအင္န္ေအရွိပါတယ္။ ကြၽန္ေတာ္တို႔ ဘယ္သူ႔ကိုမွ မေၾကာက္ပါဘူး။ ကြၽန္ေတာ္တို႔ အေကာင္းဆုံးလုပ္ႏိုင္တာကို လုပ္သြားမွာပါ။ ကြၽန္ေတာ္တို႔က အရမ္းကို ယွဥ္ၿပိဳင္ႏိုင္စြမ္းရွိၿပီး ဒီလိုအခိုက္အတန႔္ေတြကို ေပ်ာ္႐ႊင္ခံစားသြားမွာပါ။ ကြၽန္ေတာ္ ဘာေတြျဖစ္လာႏိုင္လဲဆိုတာကို ယုံၾကည္မႈ အျပည့္အဝ ရွိပါတယ္။”

ဘိုင္ယာက ဆက္လက္ၿပီး အာဆင္နယ္အသင္းဟာ မယုံႏိုင္စရာေကာင္းတဲ့ လုပ္ေဆာင္ႏိုင္စြမ္းရွိတဲ့အသင္းအျဖစ္ ခ်ီးက်ဴးခဲ့ပါတယ္။

“သူတို႔ေတြမွာ အရမ္းကို စိတ္ဝင္စားစရာေကာင္းတဲ့ ျမန္ဆန္မႈနဲ႔အတူ လူငယ္ေတြနဲ႔ ဖြဲ႕စည္းထားတဲ့ အရည္အေသြးရွိတဲ့အသင္းပါ။ သူတို႔ေတြက ေတာ္ေတာ္အားေကာင္းေနၿပီး ကမာၻေပၚက အဓိကလိဂ္ေတြထဲက တစ္ခုမွာ ကစားေနတာပါ။ အာဆင္နယ္က ကံဆိုးစြာနဲ႔ ကြၽန္ေတာ္တို႔မွာ မရွိတဲ့ လက္နက္ေတြ ရွိေနပါတယ္။ သူတို႔ေတြရဲ႕ ဘ႑ာေရးအင္အားက သူတို႔ကို အေကာင္းဆုံးကစားသမားေတြနဲ႔ အျမင့္မားဆုံးအရည္အခ်င္းရွိတဲ့ကစားသမားေတြကို ဝယ္ယူလို႔ရေစပါတယ္။ ေျပာရရင္ ကြၽန္ေတာ္တို႔ရဲ႕ ေဖဘီယို ဗီယာရာနဲ႔တုန္းကလိုေပါ့။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ဒီအေၾကာင္းျပခ်က္နဲ႔ ပုန္းကြယ္ေနမွာမဟုတ္ပါဘူး။ တကယ္ေတာ့ ဒါက မမွ်တတဲ့ တိုက္ပြဲပါ။ ဒါေပမယ့္ ကြၽန္ေတာ္တို႔မွာ ရွိတဲ့ စစ္မွန္တဲ့ ထူးျခားဆန္းၾကယ္မႈေတြကို စြမ္းေဆာင္ျပသသြားမွာပါ။”လို႔ ေျပာၾကားခဲ့ပါတယ္။

Arsenal Myanmar

Ref: Internet