အမ်းမရိတ်စ်မှာ အမှားမခံဘဲ ချဲလ်ဆီးကို အနိုင်ယူပြီး ဇယားထိပ်မှာ ဆက်ဦးဆောင်မယ့် အာဆင်နယ် 1024 504 coyg

အမ်းမရိတ်စ်မှာ အမှားမခံဘဲ ချဲလ်ဆီးကို အနိုင်ယူပြီး ဇယားထိပ်မှာ ဆက်ဦးဆောင်မယ့် အာဆင်နယ်

အာဆင်နယ်ဟာ ယနေ့ညမှာ လန်ဒန်ပြိုင်ဘက်တွေဖြစ်တဲ့ ချဲလ်ဆီးကို အိမ်ကွင်း အမ်းမရိတ်စ်မှာ လက်ခံယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

ဂန်းနားတွေဟာ စနေနေ့က မိုလီနာကွင်းမှာ ဝုဗ်ကို ၂-၀ နဲ့ အဝေးကွင်းနိုင်ပွဲ ရယူပြီး နိုင်ပွဲပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့ပြီးနောက် အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ပြန်လည်တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာစီးတီးဟာ ကြာသပတေးနေ့ ဘရိုက်တန်နဲ့ ရင်ဆိုင်ကစားမယ့်ပွဲဆိုရင် အာဆင်နယ်ထက် ၂ ပွဲလျော့နေမှာဖြစ်ပြီး ပြီးခဲ့တဲ့အပတ်မှာ ဂွါဒီယိုလာရဲ့အသင်းက ချဲလ်ဆီးရဲ့ အက်ဖ်အေဖလားအိပ်မက်ကို အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။

ဒီရာသီ စတမ်းဖို့ဒ် ဘရစ်ချ်မှာ ပထမအကြိမ် တွေ့ဆုံခဲ့တုန်းက အာဆင်နယ်နဲ့ ချဲလ်ဆီးတို့ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့ပြီး အာတီတာရဲ့အသင်းက ၂-၀ နဲ့ ရှုံးနိမ့်နေရာကနေ ချေပဂိုးတွေ ပြန်လိုက်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

နှစ်ဖက်အသင်း သတင်းများ

အာဆင်နယ်ဘက်မှာ ဝုဗ်နဲ့ ကစားခဲ့တဲ့ စနေနေ့ပွဲအပြီး ဘာဒဏ်ရာပြဿနာစိုးရိမ်စရာမှ ထပ်မရှိခဲ့ဘဲ တင်းဘားပဲ ဆက်လွဲချော်မှာပါ။ အာတီတာက ဘယ်နောက်ခံနေရာမှာ တိုမိယဆုကို ပွဲထွက်ခွင့်ပေးသွားဖွယ်ရှိပြီး ထရော့ဆာ့ဒ်လည်း တိုက်စစ်ဘယ်တောင်ပံမှာ ပါဝင်လာနိုင်ပါတယ်။ ဂျော်ဂျင်ညိုနဲ့ ဟာဗတ်ဇ်တို့လည်း အသင်းဟောင်းနဲ့ ပြန်ရင်ဆိုင်ရမယ့်ပွဲမှာ ပွဲထွက်ခွင့်ရရှိဖို့ များပါတယ်။

ချဲလ်ဆီးဘက်မှာတော့ ဒဏ်ရာရကစားသမားတွေ တော်တော်လေး များနေပြီး ရီးစ်ဂျိမ်းစ်၊ အူဂိုချူကဝူ၊ လာဗီယာ၊ အန်ကွန်ကူ၊ ဖိုဖာနာတို့ လွဲချော်မှာဖြစ်ပြီး ပြီးခဲ့တဲ့အပတ်မှာ ဒဏ်ရာကြောင့်လူစားလဲခံခဲ့ရတဲ့ လီဗိုင်း ကိုဝီလ်၊ မာလိုဂူစတိုတို့လည်း ပါဝင်ကစားပေးဖို့ မသေချာပါဘူး။ စတားလင်းနဲ့ ဒီဆာဆီတို့ ပွဲထွက်လူစာရင်းထဲ ပြန်လာနိုင်ပြီး တနင်္လာနေ့က လေ့ကျင့်ရေးမှာ မတွေ့ခဲ့တဲ့ ပါလ်မာလည်း ညာတောင်ပံမှာ ပွဲထွက်လာဖို့ များပါတယ်။

ဖြစ်နိုင်ဖွယ် ပွဲထွက်လူစာရင်း

အာဆင်နယ်-ရာယာ၊ ဝှိုက်၊ ဆာလီဘာ၊ ဂါဘရီယဲလ်၊ တိုမိယဆု၊ ဂျော်ဂျင်ညို၊ ရိုက်၊ အော်ဒီဂွါဒ်၊ ဆာကာ၊ ထရော့ဆာ့ဒ်၊ ဟာဗတ်ဇ်။
ချဲလ်ဆီး-ပက်ထရိုဗစ်၊ ဒီဆာဆီ၊ ဆေးလ်ဗား၊ ချာလိုဘက်၊ ချေးဝဲလ်၊ ကိုင်ဆေဒို၊ ဖာနန်ဒက်ဇ်၊ ပါလ်မာ၊ ဂယ်လေဂါ၊ စတားလင်း၊ ဂျက်ခ်ဆင်။

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံးပွဲရလဒ်များ

ဒီနှစ်သင်းကြား ၃၉ ကြိမ်တွေ့ဆုံခဲ့ရာမှာ အာဆင်နယ်က ၁၆ ကြိမ်နိုင် ၈ ကြိမ်သရေ ချဲလ်ဆီးက ၁၅ ကြိမ်အနိုင်ရခဲ့ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ အာဆင်နယ်က ၂ ပွဲနိုင် ၁ ပွဲသရေ ၂ ပွဲရှုံး၊ ချဲလ်ဆီးက ၂ ပွဲနိုင် ၂ ပွဲသရေ ၁ ပွဲရှုံးခဲ့ပါတယ်။

ပွဲကြိုသုံးသပ်ချက်

ချဲလ်ဆီးက ပထမအကျော့ စတမ်းဖို့ဒ်ဘရစ်ချ်မှာတုန်းက ပုံစံကောင်းပြသနိုင်ခဲ့ပြီး ပွဲပြီးခါနီးမှ ခြေစွမ်းပိုင်းကျဆင်းသွားခဲ့လို့ ဂိုးတွေ ပြန်ပေးခဲ့ရတာပါ။ ပြီးခဲ့တဲ့အပတ်ကလည်း မန်စီးတီးကို အနိုင်ယူနိုင်တဲ့ ခြေစွမ်းမျိုးနဲ့ ကစားခဲ့ပေမယ့် ဂိုးရှေ့မှာ ဂျက်ခ်ဆင်က ကြက်ဆင်လို ဟိုပြေးဒီပြေးဖြစ်နေခဲ့လို့ ရှုံးနိမ့်ခဲ့တာပါ။ ဒါကြောင့် ဒီနေ့ညပွဲမှာ ဧည့်သည်တွေဆီက ယှဉ်ပြိုင်နိုင်စွမ်းကို မြင်တွေ့ရနိုင်တယ်လို့ မျှော်လင့်မိပြီး စပါးစ်နည်းပြဟောင်း ပိုချက်တီနို ဦးဆောင်တဲ့ ချဲလ်ဆီးက လန်ဒန်ပြိုင်ဘက်တွေရဲ့ ဆုဖလားစိန်ခေါ်မှုကို အနှောင့်အယှက်ပေးချင်နေမှာပါ။

ဂန်းနားတွေဟာ စနေနေ့က ဝုဗ်ရဲ့ ဒဏ်ရာပြဿနာများပြားနေမှုကို အခွင့်ကောင်းယူနိုင်ခဲ့ပေမယ့် စွမ်းဆောင်ရည်ပိုင်းကတော့ အားရစရာ သိပ်မရှိခဲ့ပါဘူး။ ချဲလ်ဆီးအနေနဲ့ အာဆင်နယ်ကို ခက်ခဲတဲ့ ညတစ်ညဖြစ်အောင် လုပ်နိုင်မှာသေချာပေမယ့် ပိုချက်တီနိုရဲ့အသင်းက အဝေးကွင်းမှာ ကြီးမားတဲ့ရလဒ်တွေ ရယူနိုင်စွမ်း ရှိမလားဆိုရင် နိုးပါပဲ။ အစ်တီဟတ်မှာတုန်းက ကောင်းခဲ့ပေမယ့် အမ်းမရိတ်စ်မှာတော့ အမြင့်ဆုံးသရေပဲ မှန်းနိုင်မှာဖြစ်ပြီး ဂန်းနားတွေကပဲ ကျဉ်းမြောင်းတဲ့ရလဒ်နဲ့ ဇယားထိပ်မှာ ဆက်လက်ဦးဆောင်သွားဖို့ မြင်ပါတယ်။
AM ခန့်မှန်းပွဲပြီးရလဒ်(အာဆင်နယ် ၂-၁ ချဲလ်ဆီး)

Arsenal Myanmar

Ref: Internet

ZAWGYI:
အာဆင္နယ္ဟာ ယေန႔ညမွာ လန္ဒန္ၿပိဳင္ဘက္ေတြျဖစ္တဲ့ ခ်ဲလ္ဆီးကို အိမ္ကြင္း အမ္းမရိတ္စ္မွာ လက္ခံယွဥ္ၿပိဳင္သြားရမွာ ျဖစ္ပါတယ္။

ဂန္းနားေတြဟာ စေနေန႔က မိုလီနာကြင္းမွာ ဝုဗ္ကို ၂-၀ နဲ႔ အေဝးကြင္းႏိုင္ပြဲ ရယူၿပီး ႏိုင္ပြဲေပ်ာက္ဆုံးေနမႈကို အဆုံးသတ္ႏိုင္ခဲ့ၿပီးေနာက္ အမွတ္ေပးဇယားထိပ္ဆုံးေနရာကို ျပန္လည္တက္လွမ္းႏိုင္ခဲ့တာျဖစ္ပါတယ္။ မန္ခ်က္စတာစီးတီးဟာ ၾကာသပေတးေန႔ ဘ႐ိုက္တန္နဲ႔ ရင္ဆိုင္ကစားမယ့္ပြဲဆိုရင္ အာဆင္နယ္ထက္ ၂ ပြဲေလ်ာ့ေနမွာျဖစ္ၿပီး ၿပီးခဲ့တဲ့အပတ္မွာ ဂြါဒီယိုလာရဲ႕အသင္းက ခ်ဲလ္ဆီးရဲ႕ အက္ဖ္ေအဖလားအိပ္မက္ကို အဆုံးသတ္ခဲ့တာျဖစ္ပါတယ္။

ဒီရာသီ စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ပထမအႀကိမ္ ေတြ႕ဆုံခဲ့တုန္းက အာဆင္နယ္နဲ႔ ခ်ဲလ္ဆီးတို႔ တစ္ဖက္ ၂ ဂိုးစီ သေရက်ခဲ့ၿပီး အာတီတာရဲ႕အသင္းက ၂-၀ နဲ႔ ရႈံးနိမ့္ေနရာကေန ေခ်ပဂိုးေတြ ျပန္လိုက္သြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။

ႏွစ္ဖက္အသင္း သတင္းမ်ား

အာဆင္နယ္ဘက္မွာ ဝုဗ္နဲ႔ ကစားခဲ့တဲ့ စေနေန႔ပြဲအၿပီး ဘာဒဏ္ရာျပႆနာစိုးရိမ္စရာမွ ထပ္မရွိခဲ့ဘဲ တင္းဘားပဲ ဆက္လြဲေခ်ာ္မွာပါ။ အာတီတာက ဘယ္ေနာက္ခံေနရာမွာ တိုမိယဆုကို ပြဲထြက္ခြင့္ေပးသြားဖြယ္ရွိၿပီး ထေရာ့ဆာ့ဒ္လည္း တိုက္စစ္ဘယ္ေတာင္ပံမွာ ပါဝင္လာႏိုင္ပါတယ္။ ေဂ်ာ္ဂ်င္ညိဳနဲ႔ ဟာဗတ္ဇ္တို႔လည္း အသင္းေဟာင္းနဲ႔ ျပန္ရင္ဆိုင္ရမယ့္ပြဲမွာ ပြဲထြက္ခြင့္ရရွိဖို႔ မ်ားပါတယ္။

ခ်ဲလ္ဆီးဘက္မွာေတာ့ ဒဏ္ရာရကစားသမားေတြ ေတာ္ေတာ္ေလး မ်ားေနၿပီး ရီးစ္ဂ်ိမ္းစ္၊ အူဂိုခ်ဴကဝူ၊ လာဗီယာ၊ အန္ကြန္ကူ၊ ဖိုဖာနာတို႔ လြဲေခ်ာ္မွာျဖစ္ၿပီး ၿပီးခဲ့တဲ့အပတ္မွာ ဒဏ္ရာေၾကာင့္လူစားလဲခံခဲ့ရတဲ့ လီဗိုင္း ကိုဝီလ္၊ မာလိုဂူစတိုတို႔လည္း ပါဝင္ကစားေပးဖို႔ မေသခ်ာပါဘူး။ စတားလင္းနဲ႔ ဒီဆာဆီတို႔ ပြဲထြက္လူစာရင္းထဲ ျပန္လာႏိုင္ၿပီး တနလၤာေန႔က ေလ့က်င့္ေရးမွာ မေတြ႕ခဲ့တဲ့ ပါလ္မာလည္း ညာေတာင္ပံမွာ ပြဲထြက္လာဖို႔ မ်ားပါတယ္။

ျဖစ္ႏိုင္ဖြယ္ ပြဲထြက္လူစာရင္း

အာဆင္နယ္-ရာယာ၊ ဝႈိက္၊ ဆာလီဘာ၊ ဂါဘရီယဲလ္၊ တိုမိယဆု၊ ေဂ်ာ္ဂ်င္ညိဳ၊ ႐ိုက္၊ ေအာ္ဒီဂြါဒ္၊ ဆာကာ၊ ထေရာ့ဆာ့ဒ္၊ ဟာဗတ္ဇ္။
ခ်ဲလ္ဆီး-ပက္ထ႐ိုဗစ္၊ ဒီဆာဆီ၊ ေဆးလ္ဗား၊ ခ်ာလိုဘက္၊ ေခ်းဝဲလ္၊ ကိုင္ေဆဒို၊ ဖာနန္ဒက္ဇ္၊ ပါလ္မာ၊ ဂယ္ေလဂါ၊ စတားလင္း၊ ဂ်က္ခ္ဆင္။

ထိပ္တိုက္ေတြ႕ဆုံမႈနဲ႔ ေနာက္ဆုံးပြဲရလဒ္မ်ား

ဒီႏွစ္သင္းၾကား ၃၉ ႀကိမ္ေတြ႕ဆုံခဲ့ရာမွာ အာဆင္နယ္က ၁၆ ႀကိမ္ႏိုင္ ၈ ႀကိမ္သေရ ခ်ဲလ္ဆီးက ၁၅ ႀကိမ္အႏိုင္ရခဲ့ပါတယ္။ ေနာက္ဆုံးကစားခဲ့တဲ့ ၅ ပြဲမွာ အာဆင္နယ္က ၂ ပြဲႏိုင္ ၁ ပြဲသေရ ၂ ပြဲရႈံး၊ ခ်ဲလ္ဆီးက ၂ ပြဲႏိုင္ ၂ ပြဲသေရ ၁ ပြဲရႈံးခဲ့ပါတယ္။

ပြဲႀကိဳသုံးသပ္ခ်က္

ခ်ဲလ္ဆီးက ပထမအေက်ာ့ စတမ္းဖို႔ဒ္ဘရစ္ခ်္မွာတုန္းက ပုံစံေကာင္းျပသႏိုင္ခဲ့ၿပီး ပြဲၿပီးခါနီးမွ ေျခစြမ္းပိုင္းက်ဆင္းသြားခဲ့လို႔ ဂိုးေတြ ျပန္ေပးခဲ့ရတာပါ။ ၿပီးခဲ့တဲ့အပတ္ကလည္း မန္စီးတီးကို အႏိုင္ယူႏိုင္တဲ့ ေျခစြမ္းမ်ိဳးနဲ႔ ကစားခဲ့ေပမယ့္ ဂိုးေရွ႕မွာ ဂ်က္ခ္ဆင္က ၾကက္ဆင္လို ဟိုေျပးဒီေျပးျဖစ္ေနခဲ့လို႔ ရႈံးနိမ့္ခဲ့တာပါ။ ဒါေၾကာင့္ ဒီေန႔ညပြဲမွာ ဧည့္သည္ေတြဆီက ယွဥ္ၿပိဳင္ႏိုင္စြမ္းကို ျမင္ေတြ႕ရႏိုင္တယ္လို႔ ေမွ်ာ္လင့္မိၿပီး စပါးစ္နည္းျပေဟာင္း ပိုခ်က္တီႏို ဦးေဆာင္တဲ့ ခ်ဲလ္ဆီးက လန္ဒန္ၿပိဳင္ဘက္ေတြရဲ႕ ဆုဖလားစိန္ေခၚမႈကို အေႏွာင့္အယွက္ေပးခ်င္ေနမွာပါ။

ဂန္းနားေတြဟာ စေနေန႔က ဝုဗ္ရဲ႕ ဒဏ္ရာျပႆနာမ်ားျပားေနမႈကို အခြင့္ေကာင္းယူႏိုင္ခဲ့ေပမယ့္ စြမ္းေဆာင္ရည္ပိုင္းကေတာ့ အားရစရာ သိပ္မရွိခဲ့ပါဘူး။ ခ်ဲလ္ဆီးအေနနဲ႔ အာဆင္နယ္ကို ခက္ခဲတဲ့ ညတစ္ညျဖစ္ေအာင္ လုပ္ႏိုင္မွာေသခ်ာေပမယ့္ ပိုခ်က္တီႏိုရဲ႕အသင္းက အေဝးကြင္းမွာ ႀကီးမားတဲ့ရလဒ္ေတြ ရယူႏိုင္စြမ္း ရွိမလားဆိုရင္ ႏိုးပါပဲ။ အစ္တီဟတ္မွာတုန္းက ေကာင္းခဲ့ေပမယ့္ အမ္းမရိတ္စ္မွာေတာ့ အျမင့္ဆုံးသေရပဲ မွန္းႏိုင္မွာျဖစ္ၿပီး ဂန္းနားေတြကပဲ က်ဥ္းေျမာင္းတဲ့ရလဒ္နဲ႔ ဇယားထိပ္မွာ ဆက္လက္ဦးေဆာင္သြားဖို႔ ျမင္ပါတယ္။
AM ခန႔္မွန္းပြဲၿပီးရလဒ္(အာဆင္နယ္ ၂-၁ ခ်ဲလ္ဆီး)

Arsenal Myanmar

Ref: Internet