အမ်ဘာပေရဲ့သတင်း၊ ပါတေး အခြေအနေတွေအပါအဝင် အာတီတာ ပြောခဲ့သမျှ
အာဆင်နယ်နည်းပြ အာတီတာဟာ စနေနေ့ညနေ တာ့ဖ် မိုးမှာ ဘန်လေနဲ့ ယှဉ်ပြိုင်ကစားရမယ့် ပရီးမီးယားလိဂ်ပွဲမတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ အမ်ဘာပေရဲ့ အပြောင်းအရွှေ့သတင်း၊ ပါတေး ပြန်လာတော့မလား၊ အသင်းသတင်းတွေကို အဖြေပေးခဲ့ပါတယ်။
မေး- ရွိုင်း ဟော့ဒ်ဆန်အခြေအနေဘယ်လိုလဲ။
ဖြေ- ကျွန်တော် အတိအကျအသေးစိတ်မသိပါဘူ။ သူ အများကြီး ပိုကောင်းလာမယ်လို့ မျှော်လင့်ပါတယ်။ အဲဒီလိုသာဖြစ်ခဲ့ရင် သူ မနက်ဖြန် ချက်ချင်း ပြန်လာမယ်ဆိုတာ ကျွန်တော် သိတယ်။
မေး- ကြီးမားတဲ့နိုင်ပွဲကနေ ဆက်သွားနိုင်ဖို့ အရေးပါပုံကို ပြောပြပေးပါဦး။
ဖြေ- ရှုံးပွဲထက် ပိုပြီး မြန်တယ်။ ရှုံးပွဲက တစ်ခါတလေ ရင်ထဲမှာ ၄၈ နာရီလောက် ရှိနေတတ်တယ်။ ကျွန်တော်တို့ အနိုင်ပွဲရတဲ့အခါမှာ အဲဒါက ပိုကောင်းတဲ့ အင်အားကို ဖန်တီးဖို့ တွန်းအားဖြစ်ရမယ်။
မေး- ဟာဗတ်ဇ်အပေါ် ဘယ်လိုမြင်လဲ။
ဖြေ- ကျွန်တော် သူ့ကို ချစ်မြတ်နိုးတယ်။ ကျွန်တော်တို့အားလုံးသူ့ကို လူတစ်ယောက်အနေနဲ့ရော ကစားသမားတစ်ယောက်အနေနဲ့ပါ ချစ်ကြတယ်လို့ ထင်တယ်။ သူ လူတွေကို ဆွဲဆောင်ခဲ့တဲ့၊ ကစားပုံကို အကျိုးသက်ရောက်မှု ပြသခဲ့တဲ့ အခိုက်အတန့် ၂ ကြိမ်၊ ၃ ကြိမ်လောက် ရှိခဲ့ပါတယ်။
မေး- ရာယာအပေါ်မှာရော ဘယ်လိုထင်လဲ။
ဖြေ- ဒေးဗစ်နဲ့ပတ်သက်ပြီး အထူးသဖြင့် ကျွန်တော် သဘောကျမိတာက သူ ဂိုးပေါက်မှာ လုပ်တဲ့အရာတွေနဲ့ ခင်ဗျား မမြင်လိုက်ဘဲနဲ့တောင် သူ ကာကွယ်ခဲ့တာတွေကိုပါ။ သူ့မှာ အရမ်းကို စိန်ခေါ်မှုပြင်းထန်တဲ့ပတ်ဝန်းကျင်ရှိခဲ့ပေမယ့် အဲဒီလိုဖြစ်ခဲ့တဲ့အချိန်ကို ကျွန်တော် နှစ်သက်တယ်။ ဘယ်အခိုက်အတန့်တွေလဲဆိုတာ ကျွန်တော် ခင်ဗျားကို ပြောမှာမဟုတ်ဘူး။ ပွဲကို ထပ်ကြည့်လိုက်ပေါ့။
မေး- ဖေဘီယိုက ပေါ်တိုနဲ့ပွဲမှာ ပြန်ပါလာနိုင်ခြေရှိလား။
ဖြေ- အခွင့်အရေးရှိပါတယ်။
မေး-အမ်ဘာပေ ရီးရဲလ်မက်ဒရစ်နဲ့ သတင်းထွက်နေတဲ့အပေါ်မှာရော။
ဖြေ- အရည်အသွေးရှိတဲ့ကစားသမားတစ်ယောက်ဖြစ်နေတဲ့အခါမှာ ကျွန်တော်တို့ စကားဝိုင်းထဲမှာ အမြဲတမ်းရှိနေမှာပါ။ ဒါပေမယ့် ခင်ဗျား ပြောခဲ့တဲ့အတိုင်းဆို ကွဲပြားခြားနားတဲ့ပုံ ပေါ်ပါတယ်။
မေး- သွင်းဂိုးတွေ တိုးတက်လာအောင် ဘာလုပ်ခဲ့လဲ။
ဖြေ-ဘာမှမလုပ်ဘူး။ အသင်းကို သူတို့ရဲ့ အားသာချက်အပေါ်မှာ အလုပ်လုပ်ခိုင်းတယ်။ တစ်ခါတလေ အဲဒါက ကစားသမားတွေကို ပိုပြီးတော့ ယုံကြည်မှု ရှိလာဖို့အတွက် စည်းရုံးရတာမျိုးပါ။ ဒါက အသင်းအတွက် တစ်ရာသီလုံးလိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုပါ။ ဘာလို့လဲဆိုတော့ ပြိုင်ဘက်တွေက အရမ်းကို ထက်မြက်နေလို့ပါ။
မေး- လူစာရင်းအလှည့်ကျ အသုံးပြုတာကရော။
ဖြေ- အင်း ကျွန်တော်တို့ တစ်ပွဲချင်းစီပဲ သွားရမှာပါ။ ပြီးခဲ့တဲ့အပတ်တွေမှာ တချို့နေရာတွေမှာ ကျွန်တော်တို့အတွက် ရွေးချယ်စရာမရှိခဲ့ဘူး။ ကျွန်တော်တို့ ရှိတဲ့ကစားသမားအင်အားနဲ့ ပွဲထဲမှာ အပြောင်းအလဲတွေ လုပ်ခဲ့ရတယ်။ ကျွန်တော်တို့ သူတို့ကို စီမံခန့်ခွဲနိုင်အောင် ကြိုးစားခဲ့တယ်။
မေး- ပါတေးအခြေအနေကရော။
ဖြေ- ကြီးမားတဲ့ ဒဏ်ရာမဟုတ်ပါဘူး။ သောမတ်စ် ပါတေးက တကယ်ကောင်းကောင်း တိုးတက်လာနေပါတယ်။ အရမ်းကောင်းနေတဲ့ပုံပေါ်ပြီး သူက ကွင်းထဲတောင် ရောက်နေပါပြီ။လာမယ့်ရက်သတ္တပတ်တွေအတွင်း ပြန်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်။
မေး- အသင်းသတင်း ဘာထူးသေးလဲ။
ဖြေ- နောက်ဆုံးရသတင်းကတော့ သူတို့တွေထဲက အချို့က တခြားကစားသမားတွေထက် ပိုပြီးတိုးတက်လာခဲ့ပါတယ်။ ကျွန်တော်တို့ ဒီနေ့လေ့ကျင့်ရေးအစီအစဉ် ရှိတယ်။ ကျွန်တော်တို့ မနက်ဖြန်အတွက် ကစားသမားအနည်းငယ် ပြန်ရလာလိမ့်မယ်လို့ မျှော်လင့်ပြီး အကောင်းမြင်ထားပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: အာဆင္နယ္နည္းျပ အာတီတာဟာ စေနေန႔ညေန တာ့ဖ္ မိုးမွာ ဘန္ေလနဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ ပရီးမီးယားလိဂ္ပြဲမတိုင္ခင္ ပြဲႀကိဳသတင္းစာရွင္းလင္းပြဲမွာ အမ္ဘာေပရဲ႕ အေျပာင္းအေ႐ႊ႕သတင္း၊ ပါေတး ျပန္လာေတာ့မလား၊ အသင္းသတင္းေတြကို အေျဖေပးခဲ့ပါတယ္။
ေမး- ႐ြိဳင္း ေဟာ့ဒ္ဆန္အေျခအေနဘယ္လိုလဲ။
ေျဖ- ကြၽန္ေတာ္ အတိအက်အေသးစိတ္မသိပါဘူ။ သူ အမ်ားႀကီး ပိုေကာင္းလာမယ္လို႔ ေမွ်ာ္လင့္ပါတယ္။ အဲဒီလိုသာျဖစ္ခဲ့ရင္ သူ မနက္ျဖန္ ခ်က္ခ်င္း ျပန္လာမယ္ဆိုတာ ကြၽန္ေတာ္ သိတယ္။
ေမး- ႀကီးမားတဲ့ႏိုင္ပြဲကေန ဆက္သြားႏိုင္ဖို႔ အေရးပါပုံကို ေျပာျပေပးပါဦး။
ေျဖ- ရႈံးပြဲထက္ ပိုၿပီး ျမန္တယ္။ ရႈံးပြဲက တစ္ခါတေလ ရင္ထဲမွာ ၄၈ နာရီေလာက္ ရွိေနတတ္တယ္။ ကြၽန္ေတာ္တို႔ အႏိုင္ပြဲရတဲ့အခါမွာ အဲဒါက ပိုေကာင္းတဲ့ အင္အားကို ဖန္တီးဖို႔ တြန္းအားျဖစ္ရမယ္။
ေမး- ဟာဗတ္ဇ္အေပၚ ဘယ္လိုျမင္လဲ။
ေျဖ- ကြၽန္ေတာ္ သူ႔ကို ခ်စ္ျမတ္ႏိုးတယ္။ ကြၽန္ေတာ္တို႔အားလုံးသူ႔ကို လူတစ္ေယာက္အေနနဲ႔ေရာ ကစားသမားတစ္ေယာက္အေနနဲ႔ပါ ခ်စ္ၾကတယ္လို႔ ထင္တယ္။ သူ လူေတြကို ဆြဲေဆာင္ခဲ့တဲ့၊ ကစားပုံကို အက်ိဳးသက္ေရာက္မႈ ျပသခဲ့တဲ့ အခိုက္အတန႔္ ၂ ႀကိမ္၊ ၃ ႀကိမ္ေလာက္ ရွိခဲ့ပါတယ္။
ေမး- ရာယာအေပၚမွာေရာ ဘယ္လိုထင္လဲ။
ေျဖ- ေဒးဗစ္နဲ႔ပတ္သက္ၿပီး အထူးသျဖင့္ ကြၽန္ေတာ္ သေဘာက်မိတာက သူ ဂိုးေပါက္မွာ လုပ္တဲ့အရာေတြနဲ႔ ခင္ဗ်ား မျမင္လိုက္ဘဲနဲ႔ေတာင္ သူ ကာကြယ္ခဲ့တာေတြကိုပါ။ သူ႔မွာ အရမ္းကို စိန္ေခၚမႈျပင္းထန္တဲ့ပတ္ဝန္းက်င္ရွိခဲ့ေပမယ့္ အဲဒီလိုျဖစ္ခဲ့တဲ့အခ်ိန္ကို ကြၽန္ေတာ္ ႏွစ္သက္တယ္။ ဘယ္အခိုက္အတန႔္ေတြလဲဆိုတာ ကြၽန္ေတာ္ ခင္ဗ်ားကို ေျပာမွာမဟုတ္ဘူး။ ပြဲကို ထပ္ၾကည့္လိုက္ေပါ့။
ေမး- ေဖဘီယိုက ေပၚတိုနဲ႔ပြဲမွာ ျပန္ပါလာႏိုင္ေျခရွိလား။
ေျဖ- အခြင့္အေရးရွိပါတယ္။
ေမး-အမ္ဘာေပ ရီးရဲလ္မက္ဒရစ္နဲ႔ သတင္းထြက္ေနတဲ့အေပၚမွာေရာ။
ေျဖ- အရည္အေသြးရွိတဲ့ကစားသမားတစ္ေယာက္ျဖစ္ေနတဲ့အခါမွာ ကြၽန္ေတာ္တို႔ စကားဝိုင္းထဲမွာ အၿမဲတမ္းရွိေနမွာပါ။ ဒါေပမယ့္ ခင္ဗ်ား ေျပာခဲ့တဲ့အတိုင္းဆို ကြဲျပားျခားနားတဲ့ပုံ ေပၚပါတယ္။
ေမး- သြင္းဂိုးေတြ တိုးတက္လာေအာင္ ဘာလုပ္ခဲ့လဲ။
ေျဖ-ဘာမွမလုပ္ဘူး။ အသင္းကို သူတို႔ရဲ႕ အားသာခ်က္အေပၚမွာ အလုပ္လုပ္ခိုင္းတယ္။ တစ္ခါတေလ အဲဒါက ကစားသမားေတြကို ပိုၿပီးေတာ့ ယုံၾကည္မႈ ရွိလာဖို႔အတြက္ စည္း႐ုံးရတာမ်ိဳးပါ။ ဒါက အသင္းအတြက္ တစ္ရာသီလုံးလိုအပ္တဲ့ ျပဳျပင္ေျပာင္းလဲမႈပါ။ ဘာလို႔လဲဆိုေတာ့ ၿပိဳင္ဘက္ေတြက အရမ္းကို ထက္ျမက္ေနလို႔ပါ။
ေမး- လူစာရင္းအလွည့္က် အသုံးျပဳတာကေရာ။
ေျဖ- အင္း ကြၽန္ေတာ္တို႔ တစ္ပြဲခ်င္းစီပဲ သြားရမွာပါ။ ၿပီးခဲ့တဲ့အပတ္ေတြမွာ တခ်ိဳ႕ေနရာေတြမွာ ကြၽန္ေတာ္တို႔အတြက္ ေ႐ြးခ်ယ္စရာမရွိခဲ့ဘူး။ ကြၽန္ေတာ္တို႔ ရွိတဲ့ကစားသမားအင္အားနဲ႔ ပြဲထဲမွာ အေျပာင္းအလဲေတြ လုပ္ခဲ့ရတယ္။ ကြၽန္ေတာ္တို႔ သူတို႔ကို စီမံခန႔္ခြဲႏိုင္ေအာင္ ႀကိဳးစားခဲ့တယ္။
ေမး- ပါေတးအေျခအေနကေရာ။
ေျဖ- ႀကီးမားတဲ့ ဒဏ္ရာမဟုတ္ပါဘူး။ ေသာမတ္စ္ ပါေတးက တကယ္ေကာင္းေကာင္း တိုးတက္လာေနပါတယ္။ အရမ္းေကာင္းေနတဲ့ပုံေပၚၿပီး သူက ကြင္းထဲေတာင္ ေရာက္ေနပါၿပီ။လာမယ့္ရက္သတၱပတ္ေတြအတြင္း ျပန္လာႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။
ေမး- အသင္းသတင္း ဘာထူးေသးလဲ။
ေျဖ- ေနာက္ဆုံးရသတင္းကေတာ့ သူတို႔ေတြထဲက အခ်ိဳ႕က တျခားကစားသမားေတြထက္ ပိုၿပီးတိုးတက္လာခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ ဒီေန႔ေလ့က်င့္ေရးအစီအစဥ္ ရွိတယ္။ ကြၽန္ေတာ္တို႔ မနက္ျဖန္အတြက္ ကစားသမားအနည္းငယ္ ျပန္ရလာလိမ့္မယ္လို႔ ေမွ်ာ္လင့္ၿပီး အေကာင္းျမင္ထားပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News