အက်ဖ်အေက ရှုံးကြွေးကို အမ်းမရိတ်စ်မှာ အကျေပြန်ဆပ်မယ့် ဂန်းနားများ
အာဆင်နယ်ရဲ့ ဆုဖလားစိန်ခေါ်မှုဟာ ယနေ့ည ကစားမယ့် ပွဲစဉ်ရလဒ်ကြောင့် နှောင့်နှေးနိုင်ပြီး ဂန်းနားတွေဟာ အမ်းမရိတ်စ်မှာ အမှတ်ပေးဇယားဦးဆောင်သူ လီဗာပူးလ်ကို လက်ခံယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
ဂန်းနားတွေဟာ ယခုရာသီမှာ နောက်ထပ်တစ်ကြိမ် ပရီးမီးယားလိဂ်ဖလားအတွက် ယှဉ်ပြိုင်နိုင်ဖို့ မျှော်လင့်နေပေမယ့်လည်း လက်ရှိမှာ လီဗာပူးလ်နဲ့ ၅ မှတ်ကွာဟနေပြီး မန်ချက်စတာစီးတီးကလည်း ဇယားထိပ်က ကလော့ပ်ရဲ့အသင်းကို အမီလိုက်နေတာဖြစ်ပါတယ်။
အာတီတာရဲ့အသင်းဟာ အင်္ဂါနေ့ညက နော်တင်ဟမ် ဖောရက်စ်ကို စီးတီးဂရောင်းမှာ ၂-၁ နဲ့ အနိုင်ရခဲ့သလို လီဗာပူးလ်ကလည်း ဗုဒ္ဓဟူးနေ့ည အန်းဖီးမှာ ချဲလ်ဆီးကို ၄-၁ နဲ့ အထင်ကြီးဖွယ် နိုင်ပွဲ ရယူနိုင်ခဲ့တာကြောင့် အမှတ်ပေးဇယားထိပ်ဆုံးမှာ ရမှတ်ဖြတ် ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။
နှစ်ဖက်အသင်း သတင်းများ
အာတီတာအနေနဲ့ ယနေ့ပွဲစဉ်မှာ ဖောရက်စ်ကို အနိုင်ရခဲ့တဲ့ပွဲမတိုင်ခင် လေ့ကျင့်ရေးပြန်ဆင်းခဲ့တဲ့ ပါတေး ကြံ့ခိုင်မှု ပြည့်ဝနေဖို့ မျှော်လင့်နေမှာဖြစ်ပေမယ့်လည်း ဂါနာကွင်းလယ်လူကတော့ ဒီပွဲမှာ ပါဝင်နိုင်ဦးမှာမဟုတ်ပါဘူး။ တင်းဘားနဲ့ ဗီယာရာတို့ ဆက်လက်လွဲချော်ဦးမှာဖြစ်ပြီး စမစ် ရိုးကတော့ စီးတီးဂရောင်းမှာ တောက်ပတဲ့ခြေစွမ်းပြသခဲ့ပေမယ့်လည်း ဒီလိုပွဲမျိုးမှာ ဟာဗတ်ဇ်ကို ပိုသုံးချင်တဲ့ အာတီတာရဲ့ ချန်လှပ်ခြင်းကို ခံရဦးမှာ ဖြစ်ပါတယ်။
လီဗာပူးလ်ဘက်မှာ ဆဘော့ဆလိုင်း၊ အာနိုး၊ ရောဘတ်ဆန်တို့ ပြီးခဲ့တဲ့ပွဲမှာ ပြန်ကစားပေးနိုင်ခဲ့ကြပေမယ့်လည်း အမ်းမရိတ်စ်မှာ ဒီ ၃ ယောက်စလုံး ပွဲထွက်ခွင့်ရမယ်လို့ အာမခံချက်မရှိပါဘူး။ ဆဘော့ဆလိုင်းက ကွင်းလယ်က ပွဲထွက်ခွင့်နေရာကို ထိန်းသိမ်းနိုင်ပြီး အာနိုးလည်း ပြန်ပါလာနိုင်ပေမယ့်လည်း ဂျိုး ဂိုးမက်ဇ်က ရောဘတ်ဆန်ရဲ့ ဘယ်နောက်ခံနေရာမှာ ပွဲထွက်လာနိုင်ပါတယ်။ လီဗာပူးလ်ဟာ အယ်လ်ကန်တာရာ၊ ဘာဆက်တစ်၊ ဆာလား၊ ဆီမီကတ်စ်တို့ မပါဘဲ ကစားသွားရမှာဖြစ်ပြီး ဂျိုရယ် မာတစ်ပ်ကလည်း ရာသီကုန်အထိ လွဲချော်မှာ ဖြစ်ပါတယ်။
ဖြစ်နိုင်ဖွယ် ပွဲထွက်လူစာရင်း
အာဆင်နယ်- ရာယာ၊ ဝှိုက်၊ ဆာလီဘာ၊ ဂါဘရီယဲလ်၊ ဇင်ချန်ကို၊ ရိုက်၊ အော်ဒီဂွါဒ်၊ ဟာဗတ်ဇ်၊ ဆာကာ၊ ဂျေးဇု၊ မာတီနယ်လီ။
လီဗာပူးလ်-အယ်လစ်ဆန်၊ အာနိုး၊ ကိုနာတီ၊ ဗန်ဒိုက်၊ ဂိုးမက်ဇ်၊ မက္ကယ်လစ္စတာ၊ ဆဘော့ဇ်ဆလိုင်း၊ ဂျုံးစ်၊ ဒီယက်ဇ်၊ နူးညက်ဇ်၊ ဂျိုတာ။
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံးပွဲရလဒ်များ
ဒီနှစ်သင်းကြား ၃၄ ကြိမ်တွေ့ခဲ့ရာမှာ အာဆင်နယ်က ၉ ကြိမ်နိုင် ၁၁ ကြိမ်သရေ လီဗာပူးလ်က ၁၄ ကြိမ်အနိုင်ရခဲ့ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ အာဆင်နယ်က ၂ ပွဲနိုင် ၃ ပွဲရှုံး၊ လီဗာပူးလ်က ၄ ပွဲနိုင် ၁ ပွဲသရေကျခဲ့ပါတယ်။
ပွဲကြိုသုံးသပ်ချက်
ပြီးခဲ့တဲ့ အက်ဖ်အေဖလားပွဲတုန်းက မတူညီတဲ့အရာတွေကို မြင်တွေ့ရနိုင်ပြီး နှစ်သင်းစလုံးက ပွဲထွက် ၁၁ ဦးစာရင်းမှာ အပြောင်းအလဲတွေ ပြုလုပ်သွားမှာပါ။ အထူးသဖြင့် လီဗာပူးလ်က ပိုအားကောင်းလာမှာဖြစ်ပြီး အာဆင်နယ်ကလည်း ကလော့ပ်ကို အံ့အားသင့်အောင် ကျောနံပါတ် ၁၀ နှစ်ဦး ကစားကွက်ပုံစံကနေ ပြောင်းလဲသွားဖွယ်ရှိပါတယ်။ ဂန်းနားတွေအတွက် ကြီးမားတဲ့ပွဲတစ်ပွဲဖြစ်ပြီး ဆုဖလားစိန်ခေါ်နိုင်စွမ်းရှိတာ သေချာတယ်ဆိုရင် ဒီပွဲကို မဖြစ်မနေ အနိုင်ကစားပြဖို့ လိုမှာဖြစ်ပါတယ်။ ဒီပွဲနိုင်ရင် လီဗာပူးလ်နဲ့ ရမှတ် ကွာဟမှုကို လျှော့ချနိုင်မှာဖြစ်ပြီး တစ်ပွဲလျော့နေတဲ့ မန်စီးတီးကိုလည်း ကျော်ဖြတ်ပြီးသား ဖြစ်သွားမှာပါ။ လီဗာပူးလ်ရဲ့ တရကြမ်း တိုက်စစ်ဆင်မှုနဲ့ အာတီတာရဲ့ စည်းအထပ်ထပ်ချထားပြီး ထိန်းချုပ်ကစားဖို့ ကြိုးစားတဲ့ ကစားကွက်တို့ ထိပ်တိုက်တွေ့ဆုံမှုမှာ ဘယ်သူအနိုင်ရသွားမလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေပြီး ဒီပွဲမှာ အပြန်အလှန်သွင်းဂိုးတွေနဲ့ သရေကျသွားမယ်ဆိုရင် အံ့အားသင့်စရာမရှိပါဘူး။
AM ခန့်မှန်းပွဲပြီးရလဒ်(အာဆင်နယ် ၂-၂ လီဗာပူးလ်)
ဒေးဗစ် ဂျုံးစ်ရဲ့ ခန့်မှန်းပွဲပြီးရလဒ်(အာဆင်နယ် ၁-၂ လီဗာပူးလ်)
ပေါလ် မာဆန်ရဲ့ ခန့်မှန်းပွဲပြီးရလဒ်(အာဆင်နယ် ၂-၂ လီဗာပူးလ်)
ခရစ္စ ဆပ်တန်ရဲ့ ခန့်မှန်းပွဲပြီးရလဒ်(အာဆင်နယ် ၂-၁ လီဗာပူးလ်)
Arsenal Myanmar
Ref: Internet
ZAWGYI: အာဆင္နယ္ရဲ႕ ဆုဖလားစိန္ေခၚမႈဟာ ယေန႔ည ကစားမယ့္ ပြဲစဥ္ရလဒ္ေၾကာင့္ ေႏွာင့္ေႏွးႏိုင္ၿပီး ဂန္းနားေတြဟာ အမ္းမရိတ္စ္မွာ အမွတ္ေပးဇယားဦးေဆာင္သူ လီဗာပူးလ္ကို လက္ခံယွဥ္ၿပိဳင္သြားမွာ ျဖစ္ပါတယ္။
ဂန္းနားေတြဟာ ယခုရာသီမွာ ေနာက္ထပ္တစ္ႀကိမ္ ပရီးမီးယားလိဂ္ဖလားအတြက္ ယွဥ္ၿပိဳင္ႏိုင္ဖို႔ ေမွ်ာ္လင့္ေနေပမယ့္လည္း လက္ရွိမွာ လီဗာပူးလ္နဲ႔ ၅ မွတ္ကြာဟေနၿပီး မန္ခ်က္စတာစီးတီးကလည္း ဇယားထိပ္က ကေလာ့ပ္ရဲ႕အသင္းကို အမီလိုက္ေနတာျဖစ္ပါတယ္။
အာတီတာရဲ႕အသင္းဟာ အဂၤါေန႔ညက ေနာ္တင္ဟမ္ ေဖာရက္စ္ကို စီးတီးဂေရာင္းမွာ ၂-၁ နဲ႔ အႏိုင္ရခဲ့သလို လီဗာပူးလ္ကလည္း ဗုဒၶဟူးေန႔ည အန္းဖီးမွာ ခ်ဲလ္ဆီးကို ၄-၁ နဲ႔ အထင္ႀကီးဖြယ္ ႏိုင္ပြဲ ရယူႏိုင္ခဲ့တာေၾကာင့္ အမွတ္ေပးဇယားထိပ္ဆုံးမွာ ရမွတ္ျဖတ္ ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။
ႏွစ္ဖက္အသင္း သတင္းမ်ား
အာတီတာအေနနဲ႔ ယေန႔ပြဲစဥ္မွာ ေဖာရက္စ္ကို အႏိုင္ရခဲ့တဲ့ပြဲမတိုင္ခင္ ေလ့က်င့္ေရးျပန္ဆင္းခဲ့တဲ့ ပါေတး ႀကံ့ခိုင္မႈ ျပည့္ဝေနဖို႔ ေမွ်ာ္လင့္ေနမွာျဖစ္ေပမယ့္လည္း ဂါနာကြင္းလယ္လူကေတာ့ ဒီပြဲမွာ ပါဝင္ႏိုင္ဦးမွာမဟုတ္ပါဘူး။ တင္းဘားနဲ႔ ဗီယာရာတို႔ ဆက္လက္လြဲေခ်ာ္ဦးမွာျဖစ္ၿပီး စမစ္ ႐ိုးကေတာ့ စီးတီးဂေရာင္းမွာ ေတာက္ပတဲ့ေျခစြမ္းျပသခဲ့ေပမယ့္လည္း ဒီလိုပြဲမ်ိဳးမွာ ဟာဗတ္ဇ္ကို ပိုသုံးခ်င္တဲ့ အာတီတာရဲ႕ ခ်န္လွပ္ျခင္းကို ခံရဦးမွာ ျဖစ္ပါတယ္။
လီဗာပူးလ္ဘက္မွာ ဆေဘာ့ဆလိုင္း၊ အာႏိုး၊ ေရာဘတ္ဆန္တို႔ ၿပီးခဲ့တဲ့ပြဲမွာ ျပန္ကစားေပးႏိုင္ခဲ့ၾကေပမယ့္လည္း အမ္းမရိတ္စ္မွာ ဒီ ၃ ေယာက္စလုံး ပြဲထြက္ခြင့္ရမယ္လို႔ အာမခံခ်က္မရွိပါဘူး။ ဆေဘာ့ဆလိုင္းက ကြင္းလယ္က ပြဲထြက္ခြင့္ေနရာကို ထိန္းသိမ္းႏိုင္ၿပီး အာႏိုးလည္း ျပန္ပါလာႏိုင္ေပမယ့္လည္း ဂ်ိဳး ဂိုးမက္ဇ္က ေရာဘတ္ဆန္ရဲ႕ ဘယ္ေနာက္ခံေနရာမွာ ပြဲထြက္လာႏိုင္ပါတယ္။ လီဗာပူးလ္ဟာ အယ္လ္ကန္တာရာ၊ ဘာဆက္တစ္၊ ဆာလား၊ ဆီမီကတ္စ္တို႔ မပါဘဲ ကစားသြားရမွာျဖစ္ၿပီး ဂ်ိဳရယ္ မာတစ္ပ္ကလည္း ရာသီကုန္အထိ လြဲေခ်ာ္မွာ ျဖစ္ပါတယ္။
ျဖစ္ႏိုင္ဖြယ္ ပြဲထြက္လူစာရင္း
အာဆင္နယ္- ရာယာ၊ ဝႈိက္၊ ဆာလီဘာ၊ ဂါဘရီယဲလ္၊ ဇင္ခ်န္ကို၊ ႐ိုက္၊ ေအာ္ဒီဂြါဒ္၊ ဟာဗတ္ဇ္၊ ဆာကာ၊ ေဂ်းဇု၊ မာတီနယ္လီ။
လီဗာပူးလ္-အယ္လစ္ဆန္၊ အာႏိုး၊ ကိုနာတီ၊ ဗန္ဒိုက္၊ ဂိုးမက္ဇ္၊ မကၠယ္လစၥတာ၊ ဆေဘာ့ဇ္ဆလိုင္း၊ ဂ်ဳံးစ္၊ ဒီယက္ဇ္၊ ႏူးညက္ဇ္၊ ဂ်ိဳတာ။
ထိပ္တိုက္ေတြ႕ဆုံမႈနဲ႔ ေနာက္ဆုံးပြဲရလဒ္မ်ား
ဒီႏွစ္သင္းၾကား ၃၄ ႀကိမ္ေတြ႕ခဲ့ရာမွာ အာဆင္နယ္က ၉ ႀကိမ္ႏိုင္ ၁၁ ႀကိမ္သေရ လီဗာပူးလ္က ၁၄ ႀကိမ္အႏိုင္ရခဲ့ပါတယ္။ ေနာက္ဆုံးကစားခဲ့တဲ့ ၅ ပြဲမွာ အာဆင္နယ္က ၂ ပြဲႏိုင္ ၃ ပြဲရႈံး၊ လီဗာပူးလ္က ၄ ပြဲႏိုင္ ၁ ပြဲသေရက်ခဲ့ပါတယ္။
ပြဲႀကိဳသုံးသပ္ခ်က္
ၿပီးခဲ့တဲ့ အက္ဖ္ေအဖလားပြဲတုန္းက မတူညီတဲ့အရာေတြကို ျမင္ေတြ႕ရႏိုင္ၿပီး ႏွစ္သင္းစလုံးက ပြဲထြက္ ၁၁ ဦးစာရင္းမွာ အေျပာင္းအလဲေတြ ျပဳလုပ္သြားမွာပါ။ အထူးသျဖင့္ လီဗာပူးလ္က ပိုအားေကာင္းလာမွာျဖစ္ၿပီး အာဆင္နယ္ကလည္း ကေလာ့ပ္ကို အံ့အားသင့္ေအာင္ ေက်ာနံပါတ္ ၁၀ ႏွစ္ဦး ကစားကြက္ပုံစံကေန ေျပာင္းလဲသြားဖြယ္ရွိပါတယ္။ ဂန္းနားေတြအတြက္ ႀကီးမားတဲ့ပြဲတစ္ပြဲျဖစ္ၿပီး ဆုဖလားစိန္ေခၚႏိုင္စြမ္းရွိတာ ေသခ်ာတယ္ဆိုရင္ ဒီပြဲကို မျဖစ္မေန အႏိုင္ကစားျပဖို႔ လိုမွာျဖစ္ပါတယ္။ ဒီပြဲႏိုင္ရင္ လီဗာပူးလ္နဲ႔ ရမွတ္ ကြာဟမႈကို ေလွ်ာ့ခ်ႏိုင္မွာျဖစ္ၿပီး တစ္ပြဲေလ်ာ့ေနတဲ့ မန္စီးတီးကိုလည္း ေက်ာ္ျဖတ္ၿပီးသား ျဖစ္သြားမွာပါ။ လီဗာပူးလ္ရဲ႕ တရၾကမ္း တိုက္စစ္ဆင္မႈနဲ႔ အာတီတာရဲ႕ စည္းအထပ္ထပ္ခ်ထားၿပီး ထိန္းခ်ဳပ္ကစားဖို႔ ႀကိဳးစားတဲ့ ကစားကြက္တို႔ ထိပ္တိုက္ေတြ႕ဆုံမႈမွာ ဘယ္သူအႏိုင္ရသြားမလဲဆိုတာ စိတ္ဝင္စားစရာေကာင္းေနၿပီး ဒီပြဲမွာ အျပန္အလွန္သြင္းဂိုးေတြနဲ႔ သေရက်သြားမယ္ဆိုရင္ အံ့အားသင့္စရာမရွိပါဘူး။
AM ခန႔္မွန္းပြဲၿပီးရလဒ္(အာဆင္နယ္ ၂-၂ လီဗာပူးလ္)
ေဒးဗစ္ ဂ်ဳံးစ္ရဲ႕ ခန႔္မွန္းပြဲၿပီးရလဒ္(အာဆင္နယ္ ၁-၂ လီဗာပူးလ္)
ေပါလ္ မာဆန္ရဲ႕ ခန႔္မွန္းပြဲၿပီးရလဒ္(အာဆင္နယ္ ၂-၂ လီဗာပူးလ္)
ခရစၥ ဆပ္တန္ရဲ႕ ခန႔္မွန္းပြဲၿပီးရလဒ္(အာဆင္နယ္ ၂-၁ လီဗာပူးလ္)
Arsenal Myanmar
Ref: Internet
- Posted In:
- Team News