သရေခံကန်ပြီး ဘိုင်ယန်ကို ပင်နယ်တီအထိ ဆွဲခေါ်ဖို့ ကြိုးစားရမယ့် အာဆင်နယ်
ဒီနေ့ည ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အဖြစ် ဘိုင်ယန်မြူးနစ်အိမ်ကွင်းကို ဂန်းနားတို့ သွားရောက်ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ပထမအကျော့က သရေကျခဲ့တဲ့အတွက် နှစ်သင်းစလုံး သူတင်ကိုယ်တင် ကစားသွားမှာမို့လို့ ကြည့်ကောင်းတဲ့ပွဲဖြစ်လာမှာ သေချာပါတယ်။
နှစ်ဖက်အသင်း သတင်းများ
ဘိုင်ယန်မြူးနစ်ဘက်မှာ အယ်လ်ဖွန်ဆို ဒေးဗီးစ် ပွဲပယ်ကျခံရမှာဖြစ်တာကြောင့် ပါဝင်နိုင်မှာမဟုတ်ဘဲ ဂနာဘရီနဲ့ ကိုးမန်းတို့လည်း လွဲချော်မှာ ဖြစ်ပါတယ်။ ဆာချာ ဘိုဝီ၊ ဘူနာ ဆား၊ ဘွတ်ချ်မန်း၊ မာရူဆစ်တို့လည်း ဆက်လက် လွဲချော်ဦးမှာဖြစ်ပြီး နူအာကတော့ ပါဝင်ကစားပေးသွားမယ်လို့ တူဟယ်က အတည်ပြုခဲ့ပါတယ်။
အာဆင်နယ်ဘက်မှာ အသင်းခေါင်းဆောင် မာတင် အော်ဒီဂွါဒ်က အက်စတန် ဗီလာကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ မဖော်ပြနိုင်တဲ့ ဒဏ်ရာပြဿနာကြောင့် ပွဲချိန်ပြည့်မကစားပေးနိုင်ခဲ့ပေမယ့် အင်္ဂါနေ့ကတော့ အသင်းဖော်တွေအားလုံးနဲ့ ပုံမှန်လေ့ကျင့်ရေးပြန်ဆင်းနိုင်ခဲ့တာကြောင့် ဒီပွဲမှာ ပါဝင်ကစားပေးသွားနိုင်မယ်ဆိုတာ သေချာပါတယ်။ တင်းဘားကတော့ ကြံ့ခိုင်မှုပြန်ရအောင် လုပ်နေရတုန်းမို့လို့ ဒီပွဲကို ဆက်လက်လွဲချော်ဦးမှာဖြစ်ပါတယ်။
ဖြစ်နိုင်ဖွယ် ပွဲထွက်လူစာရင်း
ဘိုင်ယန်-နူအာ၊ ကင်းမစ်ချ်၊ ဒိုင်ယာ၊ ဒီလိုက်တ်၊ ဂွါရဲရိုး၊ လိုင်မာ၊ ဂိုရက်စ်ကာ၊ မူလာ၊ မူစီအားလား၊ ဆာနေး၊ ကိန်း။
အာဆင်နယ်-ရာယာ၊ ဝှိုက်၊ ဆာလီဘာ၊ ဂါဘရီယဲလ်၊ တိုမိယဆု၊ အော်ဒီဂွါဒ်၊ ဂျော်ဂျင်ညို၊ ရိုက်၊ ဆာကာ၊ ဟာဗတ်ဇ်၊ မာတီနယ်လီ။
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံးပွဲရလဒ်များ
ဒီနှစ်သင်းကြား ၁၁ ကြိမ်တွေ့ဆုံခဲ့ရာမှာ ဘိုင်ယန်က ၅ ကြိမ်နိုင် ၂ ကြိမ်သရေ အာဆင်နယ်က ၄ ကြိမ်အနိုင်ရခဲ့ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ ဘိုင်ယန်က ၂ ပွဲနိုင် ၁ ပွဲသရေ ၂ ပွဲရှုံး၊ အာဆင်နယ်က ၂ ပွဲနိုင် ၂ ပွဲသရေ ၁ ပွဲရှုံးခဲ့ပါတယ်။
ပွဲကြိုသုံးသပ်ချက်
ဘိုင်ယန်မြူးနစ်နည်းပြ တူဟယ်က ပထမအကျော့တုန်းက ပွဲကစားချိန်အများစုကို နည်းဗျူဟာပိုင်း အသာစီးရယူနိုင်ခဲ့ပြီး အာတီတာရဲ့အသင်းဟာ ဗီလာနဲ့ပွဲမှာ အညှာအတာကင်းမဲ့မှု ပျောက်ဆုံးနေခဲ့တဲ့အတွက် စိုးရိမ်စရာဖြစ်နေပါတယ်။ ဘိုင်ယန်မြူးနစ်ကတော့ နားရက်အပိုရခဲ့တာကြောင့် ဂန်းနားတို့ထက်စာရင် အနည်းငယ်ပိုလန်းဆန်းနေနိုင်ပြီး အာဆင်နယ်အတွက် အကောင်းဆုံးအခင်းအကျင်းက သရေရအောင် ခံကစားပြီး ပင်နယ်တီထိ ဆွဲခေါ်ဖို့ပါ။ ဒါပေမယ့်လည်း မြူးနစ်မှာ ကစားရမှာလည်းဖြစ်၊ ဥရောပအတွေ့အကြုံပိုသာတဲ့ အိမ်ရှင်တွေကပဲ ကျဉ်းမြောင်းတဲ့ရလဒ်နဲ့ အနိုင်ရသွားဖွယ်ရှိပါတယ်။
AM ခန့်မှန်းပွဲပြီးရလဒ်(ဘိုင်ယန် ၂-၁ အာဆင်နယ်)
Arsenal Myanmar
Ref: Internet
ZAWGYI:
ဒီေန႔ည ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ ဒုတိယအေက်ာ့ပြဲစဥ္အျဖစ္ ဘိုင္ယန္ျမဴးနစ္အိမ္ကြင္းကို ဂန္းနားတို႔ သြားေရာက္ယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး ပထမအေက်ာ့က သေရက်ခဲ့တဲ့အတြက္ ႏွစ္သင္းစလုံး သူတင္ကိုယ္တင္ ကစားသြားမွာမို႔လို႔ ၾကည့္ေကာင္းတဲ့ပြဲျဖစ္လာမွာ ေသခ်ာပါတယ္။
ႏွစ္ဖက္အသင္း သတင္းမ်ား
ဘိုင္ယန္ျမဴးနစ္ဘက္မွာ အယ္လ္ဖြန္ဆို ေဒးဗီးစ္ ပြဲပယ္က်ခံရမွာျဖစ္တာေၾကာင့္ ပါဝင္ႏိုင္မွာမဟုတ္ဘဲ ဂနာဘရီနဲ႔ ကိုးမန္းတို႔လည္း လြဲေခ်ာ္မွာ ျဖစ္ပါတယ္။ ဆာခ်ာ ဘိုဝီ၊ ဘူနာ ဆား၊ ဘြတ္ခ်္မန္း၊ မာ႐ူဆစ္တို႔လည္း ဆက္လက္ လြဲေခ်ာ္ဦးမွာျဖစ္ၿပီး ႏူအာကေတာ့ ပါဝင္ကစားေပးသြားမယ္လို႔ တူဟယ္က အတည္ျပဳခဲ့ပါတယ္။
အာဆင္နယ္ဘက္မွာ အသင္းေခါင္းေဆာင္ မာတင္ ေအာ္ဒီဂြါဒ္က အက္စတန္ ဗီလာကို ရႈံးနိမ့္ခဲ့တဲ့ပြဲမွာ မေဖာ္ျပႏိုင္တဲ့ ဒဏ္ရာျပႆနာေၾကာင့္ ပြဲခ်ိန္ျပည့္မကစားေပးႏိုင္ခဲ့ေပမယ့္ အဂၤါေန႔ကေတာ့ အသင္းေဖာ္ေတြအားလုံးနဲ႔ ပုံမွန္ေလ့က်င့္ေရးျပန္ဆင္းႏိုင္ခဲ့တာေၾကာင့္ ဒီပြဲမွာ ပါဝင္ကစားေပးသြားႏိုင္မယ္ဆိုတာ ေသခ်ာပါတယ္။ တင္းဘားကေတာ့ ႀကံ့ခိုင္မႈျပန္ရေအာင္ လုပ္ေနရတုန္းမို႔လို႔ ဒီပြဲကို ဆက္လက္လြဲေခ်ာ္ဦးမွာျဖစ္ပါတယ္။
ျဖစ္ႏိုင္ဖြယ္ ပြဲထြက္လူစာရင္း
ဘိုင္ယန္-ႏူအာ၊ ကင္းမစ္ခ်္၊ ဒိုင္ယာ၊ ဒီလိုက္တ္၊ ဂြါရဲ႐ိုး၊ လိုင္မာ၊ ဂိုရက္စ္ကာ၊ မူလာ၊ မူစီအားလား၊ ဆာေနး၊ ကိန္း။
အာဆင္နယ္-ရာယာ၊ ဝႈိက္၊ ဆာလီဘာ၊ ဂါဘရီယဲလ္၊ တိုမိယဆု၊ ေအာ္ဒီဂြါဒ္၊ ေဂ်ာ္ဂ်င္ညိဳ၊ ႐ိုက္၊ ဆာကာ၊ ဟာဗတ္ဇ္၊ မာတီနယ္လီ။
ထိပ္တိုက္ေတြ႕ဆုံမႈနဲ႔ ေနာက္ဆုံးပြဲရလဒ္မ်ား
ဒီႏွစ္သင္းၾကား ၁၁ ႀကိမ္ေတြ႕ဆုံခဲ့ရာမွာ ဘိုင္ယန္က ၅ ႀကိမ္ႏိုင္ ၂ ႀကိမ္သေရ အာဆင္နယ္က ၄ ႀကိမ္အႏိုင္ရခဲ့ပါတယ္။ ေနာက္ဆုံးကစားခဲ့တဲ့ ၅ ပြဲမွာ ဘိုင္ယန္က ၂ ပြဲႏိုင္ ၁ ပြဲသေရ ၂ ပြဲရႈံး၊ အာဆင္နယ္က ၂ ပြဲႏိုင္ ၂ ပြဲသေရ ၁ ပြဲရႈံးခဲ့ပါတယ္။
ပြဲႀကိဳသုံးသပ္ခ်က္
ဘိုင္ယန္ျမဴးနစ္နည္းျပ တူဟယ္က ပထမအေက်ာ့တုန္းက ပြဲကစားခ်ိန္အမ်ားစုကို နည္းဗ်ဴဟာပိုင္း အသာစီးရယူႏိုင္ခဲ့ၿပီး အာတီတာရဲ႕အသင္းဟာ ဗီလာနဲ႔ပြဲမွာ အညႇာအတာကင္းမဲ့မႈ ေပ်ာက္ဆုံးေနခဲ့တဲ့အတြက္ စိုးရိမ္စရာျဖစ္ေနပါတယ္။ ဘိုင္ယန္ျမဴးနစ္ကေတာ့ နားရက္အပိုရခဲ့တာေၾကာင့္ ဂန္းနားတို႔ထက္စာရင္ အနည္းငယ္ပိုလန္းဆန္းေနႏိုင္ၿပီး အာဆင္နယ္အတြက္ အေကာင္းဆုံးအခင္းအက်င္းက သေရရေအာင္ ခံကစားၿပီး ပင္နယ္တီထိ ဆြဲေခၚဖို႔ပါ။ ဒါေပမယ့္လည္း ျမဴးနစ္မွာ ကစားရမွာလည္းျဖစ္၊ ဥေရာပအေတြ႕အႀကဳံပိုသာတဲ့ အိမ္ရွင္ေတြကပဲ က်ဥ္းေျမာင္းတဲ့ရလဒ္နဲ႔ အႏိုင္ရသြားဖြယ္ရွိပါတယ္။
AM ခန႔္မွန္းပြဲၿပီးရလဒ္(ဘိုင္ယန္ ၂-၁ အာဆင္နယ္)
Arsenal Myanmar
Ref: Internet
- Posted In:
- Team News