ဝံပုလွေတွေကို နင်းချေပြီး အမှတ်ပေးဇယားဆက်လက်ဦးဆောင်သွားမယ့် ဆင်ပျံကြီး
လွန်းစ်ကို ၆ ဂိုးပြတ်အနိုင်ယူပြီး ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီဖြစ်တဲ့ အာဆင်နယ်ဟာ ယနေ့ညမှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဝုဗ်ကို အိမ်ကွင်းအမ်းမရိတ်စ်မှာ လက်ခံယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
အာတီတာရဲ့အသင်းဟာ ဗုဒ္ဓဟူးနေ့ညက အမ်းမရိတ်စ်မှာ ပြင်သစ်လီဂူးဝမ်းကလပ်ကို အပြတ်အသတ် ချေမှုန်းခဲ့ပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ရမှတ် ၃၀ နဲ့ ဦးဆောင်နေတာဖြစ်ပါတယ်။
နှစ်ဖက်အသင်း သတင်းများ
အာဆင်နယ်ဘက်မှာ ဖေဘီယို ဗီယာရာ ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်မှာဖြစ်ပြီး ပါတေး၊ တင်းဘား၊ စမစ်ရိုးတို့ ဆက်လက်လွဲချော်ဦးမှာပါ။
ဝုဗ်ဘက်မှာ ပက်ဒရို နီတိုနဲ့ ဂျိုး ဟော့ဂျ်တို့ ဒဏ်ရာကြောင့် ပါဝင်ကစားပေးနိုင်ဦးမှာမဟုတ်ဘဲ ကျန်ကစားသမားတွေကတော့ ဒဏ်ရာပြဿနာကင်းစင်နေပါတယ်။
ဖြစ်နိုင်ဖွယ် ပွဲထွက်လူစာရင်း
အာဆင်နယ်-ရာယာ၊ ဇင်ချန်ကို၊ ဆာလီဘာ၊ ဂါဘရီယဲလ်၊ တိုမိယဆု၊ အိုဒီဂတ်၊ ရိုက်၊ ဟာဗတ်ဇ်၊ ဆာကာ၊ မာတီနယ်လီ၊ ဂျီးဆပ်။
ဝုဗ်-ဂျိုဆေး ဆာ၊ ဒေါ်ဆင်၊ ကေးလ်မန်း၊ တိုတီ၊ ဆီမီဒို၊ လီမီနာ၊ ဂိုးမက်စ်၊ ဘယ်လီဂါဒီ၊ ဒိုဟာတီ၊ ကွန်ညာ၊ ဟွမ်ဟီးချန်း။
ပွဲကြိုသုံးသပ်ချက်
အာဆင်နယ်ဟာ ချန်ပီယံလိဂ်အုပ်စုပထမအကျော့မှာ အနိုင်ယူခဲ့တဲ့ လန်းစ်ကို ၆ ဂိုးပြတ်နဲ့ လက်စားချေနိုင်ခဲ့ပြီးနောက် စိတ်ဓာတ်ပိုင်း အမြင့်မားဆုံးအခြေအနေကို ရောက်ရှိနေမှာဖြစ်ပြီး မာတင် အိုနေးလ်ရဲ့အသင်းဟာ ဂန်းနားတွေရဲ့ တိုက်စစ်ကို ဘယ်လိုမှ ရပ်တန့်နိုင်မှာမဟုတ်ဘဲ နောက်ထပ်တစ်ကြိမ် တိုက်စစ်အားကောင်းကောင်းနဲ့ နိုင်ပွဲရယူသွားတာကို မြင်တွေ့ရဦးမှာပါ။
AM ခန့်မှန်းပွဲပြီးရလဒ်(အာဆင်နယ် ၂-၀ ဝုဗ်)
ပေါလ် မာဆန်ရဲ့ ခန့်မှန်းပွဲပြီးရလဒ်(အာဆင်နယ် ၃-၁ ဝုဗ်)
ခရစ္စ ဆပ်တန်ရဲ့ ခန့်မှန်းပွဲပြီးရလဒ်(အာဆင်နယ် ၂-၀ ဝုဗ်)
Arsenal Myanmar
Ref: Internet
ZAWGYI: လြန္းစ္ကို ၆ ဂိုးျပတ္အႏိုင္ယူၿပီး ခ်န္ပီယံလိဂ္ ၁၆ သင္းရႈံးထြက္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့ၿပီျဖစ္တဲ့ အာဆင္နယ္ဟာ ယေန႔ညမွာ ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ ဝုဗ္ကို အိမ္ကြင္းအမ္းမရိတ္စ္မွာ လက္ခံယွဥ္ၿပိဳင္သြားမွာျဖစ္ပါတယ္။
အာတီတာရဲ႕အသင္းဟာ ဗုဒၶဟူးေန႔ညက အမ္းမရိတ္စ္မွာ ျပင္သစ္လီဂူးဝမ္းကလပ္ကို အျပတ္အသတ္ ေခ်မႈန္းခဲ့ၿပီး ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးမွာ ရမွတ္ ၃၀ နဲ႔ ဦးေဆာင္ေနတာျဖစ္ပါတယ္။
ႏွစ္ဖက္အသင္း သတင္းမ်ား
အာဆင္နယ္ဘက္မွာ ေဖဘီယို ဗီယာရာ ပြဲပယ္ျပစ္ဒဏ္ေၾကာင့္ လြဲေခ်ာ္မွာျဖစ္ၿပီး ပါေတး၊ တင္းဘား၊ စမစ္႐ိုးတို႔ ဆက္လက္လြဲေခ်ာ္ဦးမွာပါ။
ဝုဗ္ဘက္မွာ ပက္ဒ႐ို နီတိုနဲ႔ ဂ်ိဳး ေဟာ့ဂ်္တို႔ ဒဏ္ရာေၾကာင့္ ပါဝင္ကစားေပးႏိုင္ဦးမွာမဟုတ္ဘဲ က်န္ကစားသမားေတြကေတာ့ ဒဏ္ရာျပႆနာကင္းစင္ေနပါတယ္။
ျဖစ္ႏိုင္ဖြယ္ ပြဲထြက္လူစာရင္း
အာဆင္နယ္-ရာယာ၊ ဇင္ခ်န္ကို၊ ဆာလီဘာ၊ ဂါဘရီယဲလ္၊ တိုမိယဆု၊ အိုဒီဂတ္၊ ႐ိုက္၊ ဟာဗတ္ဇ္၊ ဆာကာ၊ မာတီနယ္လီ၊ ဂ်ီးဆပ္။
ဝုဗ္-ဂ်ိဳေဆး ဆာ၊ ေဒၚဆင္၊ ေကးလ္မန္း၊ တိုတီ၊ ဆီမီဒို၊ လီမီနာ၊ ဂိုးမက္စ္၊ ဘယ္လီဂါဒီ၊ ဒိုဟာတီ၊ ကြန္ညာ၊ ဟြမ္ဟီးခ်န္း။
ပြဲႀကိဳသုံးသပ္ခ်က္
အာဆင္နယ္ဟာ ခ်န္ပီယံလိဂ္အုပ္စုပထမအေက်ာ့မွာ အႏိုင္ယူခဲ့တဲ့ လန္းစ္ကို ၆ ဂိုးျပတ္နဲ႔ လက္စားေခ်ႏိုင္ခဲ့ၿပီးေနာက္ စိတ္ဓာတ္ပိုင္း အျမင့္မားဆုံးအေျခအေနကို ေရာက္ရွိေနမွာျဖစ္ၿပီး မာတင္ အိုေနးလ္ရဲ႕အသင္းဟာ ဂန္းနားေတြရဲ႕ တိုက္စစ္ကို ဘယ္လိုမွ ရပ္တန႔္ႏိုင္မွာမဟုတ္ဘဲ ေနာက္ထပ္တစ္ႀကိမ္ တိုက္စစ္အားေကာင္းေကာင္းနဲ႔ ႏိုင္ပြဲရယူသြားတာကို ျမင္ေတြ႕ရဦးမွာပါ။
AM ခန႔္မွန္းပြဲၿပီးရလဒ္(အာဆင္နယ္ ၂-၀ ဝုဗ္)
ေပါလ္ မာဆန္ရဲ႕ ခန႔္မွန္းပြဲၿပီးရလဒ္(အာဆင္နယ္ ၃-၁ ဝုဗ္)
ခရစၥ ဆပ္တန္ရဲ႕ ခန႔္မွန္းပြဲၿပီးရလဒ္(အာဆင္နယ္ ၂-၀ ဝုဗ္)
Arsenal Myanmar
Ref: Internet
- Posted In:
- Team News