ဝက်စ်ဟမ်းနဲ့ပွဲမှာ နယူးကာဆယ်နဲ့ပွဲအတွက် လူစာရင်းကို သဲလွန်စပေးခဲ့တဲ့ အာတီတာ 1024 538 coyg

ဝက်စ်ဟမ်းနဲ့ပွဲမှာ နယူးကာဆယ်နဲ့ပွဲအတွက် လူစာရင်းကို သဲလွန်စပေးခဲ့တဲ့ အာတီတာ

အာဆင်နယ်နည်းပြ မီခေးလ် အာတီတာဟာ ဝက်စ်ဟမ်းကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညနေ ကာရာဘောင်းဖလားပွဲစဉ်အတွက် ပွဲထွက်လူစာရင်းကို အပြောင်းအလဲတွေ အများအပြား ပြုလုပ်ခဲ့ပါတယ်။

မန်ချက်စတာစီးတီးကနေ ပြောင်းရွှေ့လာခဲ့တဲ့အချိန်ကတည်းက ဂန်းနားတွေအတွက် ပြသနေခဲ့တဲ့ အကျိုးသက်ရောက်မှုတွေအတွက် ချီးကျူးခြင်းခံခဲ့ရတဲ့ ဇင်ချန်ကိုဟာ ဝက်စ်ဟမ်းနဲ့ပွဲက စွမ်းဆောင်ရည်ကြောင့် ပြစ်တင်ဝေဖန်ခြင်းခံခဲ့ရပါတယ်။

ယူကရိန်းနောက်ခံလူဟာ မကြာခဏ အာဆင်နယ်က ဘောလုံးပိုင်ဆိုင်မှု ရရှိနေတဲ့အချိန်မှာ ကွင်းလယ်ကို ဝင်ကစားခဲ့ပေမယ့်လည်း ဂန်းနားတွေအတွက် ကူးဒက်စ်ရဲ့ သွင်းဂိုးကို ခွင့်ပြုခဲ့ရစေတာ ဖြစ်ပါတယ်။ ဂါနာကွင်းလယ်ကြယ်ပွင့်ဟာ ထောင့်ဖြတ်ကန်တင်ပေးပို့လိုက်တဲ့ ဘောလုံးကို တစ်ချက်ထိန်းပြီး အဆုံးသတ်သွားခဲ့တာဖြစ်ပြီး ကွင်းလယ်မှာ အနေများခဲ့တဲ့ ဇင်ချန်ကိုရဲ့ အငိုက်မိမှုကို အခွင့်ကောင်း ယူခဲ့တာဖြစ်ပါတယ်။

ကူးဒက်စ်ဟာ ဘယ်နောက်ခံနေရာမှာ နေရာလွတ်ကို ရှာဖွေတွေ့ရှိခဲ့ပြီး ဘယ်ခြေနဲ့ တစ်ချက်ခေါက်ပြီး အာရွန် ရမ်းစ်ဒေးလ် ဘယ်လိုမှ မကာကွယ်နိုင်အောင် ကန်သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်ကြောင့် ပရိသတ်အများစုဟာ အာတီတာကို ဘယ်နောက်ခံနေရာအတွက် တိုမိယဆုကို ပိုမိုအခွင့်အရေးပေးဖို့ တောင်းဆိုနေကြပြီး ခံစစ်မှာ ဗဟိုခံစစ်ကစားသမား ၄ ဦးအထိထားတဲ့ ဂွါဒီယိုလာရဲ့ နည်းဗျူဟာကို ကော်ပီကူးစေချင်နေတာဖြစ်ပါတယ်။

ဂျပန်နောက်ခံလူဟာ ဇင်ချန်ကိုရဲ့ အခန်းကဏ္ဍအတိုင်း ပါဝင်ကစားပေးနိုင်တယ်ဆိုတာကို သက်သေပြသထားနိုင်ခဲ့သူဖြစ်ပြီး ခံစစ်ကစားချိန်မှာ ကာဗာပိုလုပ်နိုင်သလို ဘောလုံးပိုင်ဆိုင်မှုရရှိနေချိန်မှာလည်း ခြိမ်းခြောက်မှု ပိုမို ပြုလုပ်နိုင်ခြေရှိပါတယ်။

အာတီတာရဲ့ ဝက်စ်ဟမ်းနဲ့ ပွဲမှာ တိုမိယဆုကို အနားပေးခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ ယခုလာမယ့် နယူးကာဆယ်နဲ့ပွဲစဉ်မှာ ပွဲထွက်ခွင့်ပေးသွားနိုင်တယ်ဆိုတာကို သဲလွန်စပေးခဲ့တာဖြစ်နိုင်ပြီး အသက် ၂၄ နှစ်အရွယ် နောက်ခံလူဟာ ရှက်ဖီးကို ၅-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ နောက်ကျ လူစားဝင်ကစားသမားအဖြစ်နဲ့ ဂိုးသွင်းယူပေးနိုင်ခဲ့ပြီးနောက် လက်ရှိမှာ ဇင်ချန်ကိုရဲ့နေရာမှာ အစားထိုးခံရဖွယ်ရှိနေပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: အာဆင္နယ္နည္းျပ မီေခးလ္ အာတီတာဟာ ဝက္စ္ဟမ္းကို ၃-၁ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ ဗုဒၶဟူးေန႔ညေန ကာရာေဘာင္းဖလားပြဲစဥ္အတြက္ ပြဲထြက္လူစာရင္းကို အေျပာင္းအလဲေတြ အမ်ားအျပား ျပဳလုပ္ခဲ့ပါတယ္။

မန္ခ်က္စတာစီးတီးကေန ေျပာင္းေ႐ႊ႕လာခဲ့တဲ့အခ်ိန္ကတည္းက ဂန္းနားေတြအတြက္ ျပသေနခဲ့တဲ့ အက်ိဳးသက္ေရာက္မႈေတြအတြက္ ခ်ီးက်ဴးျခင္းခံခဲ့ရတဲ့ ဇင္ခ်န္ကိုဟာ ဝက္စ္ဟမ္းနဲ႔ပြဲက စြမ္းေဆာင္ရည္ေၾကာင့္ ျပစ္တင္ေဝဖန္ျခင္းခံခဲ့ရပါတယ္။

ယူကရိန္းေနာက္ခံလူဟာ မၾကာခဏ အာဆင္နယ္က ေဘာလုံးပိုင္ဆိုင္မႈ ရရွိေနတဲ့အခ်ိန္မွာ ကြင္းလယ္ကို ဝင္ကစားခဲ့ေပမယ့္လည္း ဂန္းနားေတြအတြက္ ကူးဒက္စ္ရဲ႕ သြင္းဂိုးကို ခြင့္ျပဳခဲ့ရေစတာ ျဖစ္ပါတယ္။ ဂါနာကြင္းလယ္ၾကယ္ပြင့္ဟာ ေထာင့္ျဖတ္ကန္တင္ေပးပို႔လိုက္တဲ့ ေဘာလုံးကို တစ္ခ်က္ထိန္းၿပီး အဆုံးသတ္သြားခဲ့တာျဖစ္ၿပီး ကြင္းလယ္မွာ အေနမ်ားခဲ့တဲ့ ဇင္ခ်န္ကိုရဲ႕ အငိုက္မိမႈကို အခြင့္ေကာင္း ယူခဲ့တာျဖစ္ပါတယ္။

ကူးဒက္စ္ဟာ ဘယ္ေနာက္ခံေနရာမွာ ေနရာလြတ္ကို ရွာေဖြေတြ႕ရွိခဲ့ၿပီး ဘယ္ေျခနဲ႔ တစ္ခ်က္ေခါက္ၿပီး အာ႐ြန္ ရမ္းစ္ေဒးလ္ ဘယ္လိုမွ မကာကြယ္ႏိုင္ေအာင္ ကန္သြင္းယူသြားခဲ့တာ ျဖစ္ပါတယ္။

ဒီျဖစ္စဥ္ေၾကာင့္ ပရိသတ္အမ်ားစုဟာ အာတီတာကို ဘယ္ေနာက္ခံေနရာအတြက္ တိုမိယဆုကို ပိုမိုအခြင့္အေရးေပးဖို႔ ေတာင္းဆိုေနၾကၿပီး ခံစစ္မွာ ဗဟိုခံစစ္ကစားသမား ၄ ဦးအထိထားတဲ့ ဂြါဒီယိုလာရဲ႕ နည္းဗ်ဴဟာကို ေကာ္ပီကူးေစခ်င္ေနတာျဖစ္ပါတယ္။

ဂ်ပန္ေနာက္ခံလူဟာ ဇင္ခ်န္ကိုရဲ႕ အခန္းက႑အတိုင္း ပါဝင္ကစားေပးႏိုင္တယ္ဆိုတာကို သက္ေသျပသထားႏိုင္ခဲ့သူျဖစ္ၿပီး ခံစစ္ကစားခ်ိန္မွာ ကာဗာပိုလုပ္ႏိုင္သလို ေဘာလုံးပိုင္ဆိုင္မႈရရွိေနခ်ိန္မွာလည္း ၿခိမ္းေျခာက္မႈ ပိုမို ျပဳလုပ္ႏိုင္ေျခရွိပါတယ္။

အာတီတာရဲ႕ ဝက္စ္ဟမ္းနဲ႔ ပြဲမွာ တိုမိယဆုကို အနားေပးခဲ့တဲ့ ဆုံးျဖတ္ခ်က္ဟာ ယခုလာမယ့္ နယူးကာဆယ္နဲ႔ပြဲစဥ္မွာ ပြဲထြက္ခြင့္ေပးသြားႏိုင္တယ္ဆိုတာကို သဲလြန္စေပးခဲ့တာျဖစ္ႏိုင္ၿပီး အသက္ ၂၄ ႏွစ္အ႐ြယ္ ေနာက္ခံလူဟာ ရွက္ဖီးကို ၅-၀ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ ေနာက္က် လူစားဝင္ကစားသမားအျဖစ္နဲ႔ ဂိုးသြင္းယူေပးႏိုင္ခဲ့ၿပီးေနာက္ လက္ရွိမွာ ဇင္ခ်န္ကိုရဲ႕ေနရာမွာ အစားထိုးခံရဖြယ္ရွိေနပါတယ္။

Arsenal Myanmar

Ref: Internet