ဝက်စ်ဟမ်းကို အပြတ်ကြမ်းပြီး ဇယားထိပ်ကို မျက်ခြေအပြတ်မခံမယ့် အာဆင်နယ် 1024 619 coyg

ဝက်စ်ဟမ်းကို အပြတ်ကြမ်းပြီး ဇယားထိပ်ကို မျက်ခြေအပြတ်မခံမယ့် အာဆင်နယ်

ပြီးခဲ့တဲ့အပတ်က လီဗာပူးလ်နဲ့ပွဲမှာ အရေးကြီးတဲ့ နိုင်ပွဲကို ရယူနိုင်ခဲ့ပြီးနောက် အာဆင်နယ်ဟာ ဝက်စ်ဟမ်းအိမ်ကွင်းကို တနင်္ဂနွေနေ့မှာ သွားရောက်ပြီး နောက်ထပ်နိုင်ပွဲကို ရယူသွားရမှာ ဖြစ်ပါတယ်။

ဂန်းနားတွေဟာ လီဗာပူးလ်နဲ့ပွဲမှာ ဒီရာသီရဲ့ အကောင်းဆုံးပွဲစဉ်တွေထဲက တစ်ပွဲကို ကစားခဲ့ပြီး ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်တဲ့အသင်းဆိုတာကို အကောင်းဆုံး သက်သေပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီအပတ်မှာ ၄ ပွဲဆက်နိုင်ပွဲကို မရယူနိုင်ဘူးဆိုရင်တော့ သိပ်တော့ အကြောင်းထူးမှာမဟုတ်ဘဲ ဒီရာသီ ပထမအကျော့ အမ်းမရိတ်စ်မှာ ကစားခဲ့တဲ့ ဒီဇင်ဘာလနှောင်းပိုင်းကာလတုန်းက ဂန်းနားတွေ ပုံမှန်ခြေစွမ်းပျောက်ဆုံးနေတာကြောင့် ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ဒေးဗစ် မိုရက်စ်ရဲ့အသင်းဟာ ၂၀၂၄ ခုနှစ်ကို ဆိုးရွားတဲ့ ပုံစံနဲ့ စတင်ခဲ့ပြီး ပြီးခဲ့တဲ့အပတ်က မန်ချက်စတာယူနိုက်တက်ကို ၃ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ ခြေစွမ်းနဲ့ ဂန်းနားတွေကို ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။

နှစ်ဖက်အသင်း သတင်းများ

ဝက်စ်ဟမ်းဟာ ဒီရာသီမှာ ဒဏ်ရာပြဿနာတော်တော်လေး ကင်းတဲ့အသင်းဖြစ်ပေမယ့်လည်း ခြေသလုံးဒဏ်ရာကြောင့် အဓိကကစားသမားဖြစ်တဲ့ လူးကပ်စ် ပါကယ်တာမပါဘဲ ကစားသွားရမှာပါ။ တိုက်စစ်မှူး အန်တိုနီကလည်း လွဲချော်ဦးမှာဖြစ်ပြီး မိုဟာမက် ကူးဒက်စ်ကတော့ ဂါနာ အာဖရိကဖလားပြိုင်ပွဲက ပြုတ်ခဲ့လို့ ပြန်ရောက်နေပြီဖြစ်တာကြောင့် နောက်ဆုံး ပရီးမီးယားလိဂ် ၂ ပွဲမှာ ပွဲထွက်ခဲ့တာဖြစ်ပါတယ်။

ဇင်ချန်ကိုက ပြီးခဲ့တဲ့အပတ်မှာ နောက်ထပ် ဒဏ်ရာရခဲ့ပြီး ပထမပိုင်းအပြီးမှာပဲ လူစားလဲခံခဲ့ရပါတယ်။ တနင်္ဂနွေနေ့မှာ ပွဲထွက်ကစားဖို့ ကြံ့ခိုင်မှုမပြည့်ဝဘူးဆိုရင် အာတီတာအနေနဲ့ ခီဗီယော သို့မဟုတ် တိုမိယဆုကို သုံးသွားဖို့များပါတယ်။ ဂျေးဇုရဲ့ ဒူးဒဏ်ရာကလည်း မရေရာမသေချာတဲ့အခြေအနေမှာရှိနေပြီးပြန်ကစားနိုင်ရင်တောင် လူစားဝင်ကစားသမားအဖြစ်နဲ့ပဲ ကစားရနိုင်လို့ ကိုင် ဟာဗတ်ဇ်ပဲ တိုက်စစ်မှာ ဆက်ပါလာမှာပါ။ တင်းဘား၊ ပါတေးနဲ့ ဗီယာရာတို့ကလည်း ဆက်လက် လွဲချော်ဦးမှာပါ။

ဖြစ်နိုင်ဖွယ် ပွဲထွက်လူစာရင်း

ဝက်စ်ဟမ်း-အာရီယိုလာ၊ ကူဖယ်၊ ဇူးမား၊ အေဂတ်၊ အီမာဆန်၊ ဖိလစ်ပ်စ်၊ အယ်လ်ဗာရက်ဇ်၊ ကူးဒက်စ်၊ ဝါ့ဒ်-ပရောက်စ်၊ ဆူးချက်၊ ဘိုဝင်။
အာဆင်နယ်-ရာယာ၊ ဝှိုက်၊ ဆာလီဘာ၊ ဂါဘရီယဲလ်၊ တိုမိယဆု၊ ရိုက်၊ ဂျော်ဂျင်ညို၊ အော်ဒီဂွါဒ်၊ ဆာကာ၊ မာတီနယ်လီ၊ ဟာဗတ်ဇ်။

ပွဲကြိုသုံးသပ်ချက်

ဝက်စ်ဟမ်းဟာ ၂၀၂၃ ခုနှစ်မှာ အာဆင်နယ်အတွက် အန္တရာယ်ရှိတဲ့အသင်းဖြစ်ခဲ့ပြီး ဒီရာသီမှာ ၂ ကြိမ်အထိ အနိုင်ယူနိုင်ခဲ့တာပါ။ အရှေ့လန်ဒန်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဂန်းနားတွေရဲ့ ဆုဖလားမျှော်လင့်ချက်အတွက် ထိုးနှက်ချက်ဖြစ်ခဲ့တဲ့နေရာဖြစ်ခဲ့တာကြောင့် ဧည့်သည်ဂန်းနားတွေဟာ ဒီအပတ်မှာ သတိကြီးကြီးနဲ့ ကစားသွားရမှာပါ။ ဒါပေမယ့်လည်း အာဆင်နယ်ဟာ ၂၀၂၄ ခုနှစ်မှာ တော်တော်လေး အခြေအနေဆိုးနေတဲ့ ဝက်စ်ဟမ်းကို ရင်ဆိုင်ရမှာဖြစ်ပြီး ပါကယ်တာ မပါလို့ ထက်မြက်မှုမရှိတော့တဲ့ တိုက်စစ်ကို ထိန်းချုပ်နိုင်မှာ သေချာပါတယ်။ ဒါပေမယ့်လည်း မိုရက်စ်ရဲ့ နည်းဗျူဟာ တနင်္ဂနွေနေ့မှာ အာတီတာကို ဒုက္ခပေးနိုင်ဦးမှာဖြစ်ပေမယ့်လည်း အာဆင်နယ်ဟာ ဝက်စ်ဟမ်းကို တစ်ရာသီအတွင်းမှာ ၃ ကြိမ်အထိ မရှုံးနိုင်တော့ပါဘူး။ အိမ်ရှင်တွေဟာ ပြီးခဲ့တဲ့အပတ်က အိုးထရက်ဖို့ဒ်မှာ သရဲနီတွေကို ခြေပြတ်ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ခြေစွမ်းအရဆိုရင် နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ပွဲကြမ်းနေတဲ့ ဂန်းနားတွေကို နိုင်ဖို့က မဖြစ်နိုင်တော့ပါဘူး။

AM ခန့်မှန်းပွဲပြီးရလဒ်-(ဝက်စ်ဟမ်း ၁-၂ အာဆင်နယ်)
ပေါလ် မာဆန်ရဲ့ ခန့်မှန်းပွဲပြီးရလဒ်-(ဝက်စ်ဟမ်း ၁-၂ အာဆင်နယ်)
ခရစ္စ ဆပ်တန်ရဲ့ ခန့်မှန်းပွဲပြီးရလဒ်-(ဝက်စ်ဟမ်း ၀-၂ အာဆင်နယ်)

Arsenal Myanmar

Ref: Internet

ZAWGYI: ၿပီးခဲ့တဲ့အပတ္က လီဗာပူးလ္နဲ႔ပြဲမွာ အေရးႀကီးတဲ့ ႏိုင္ပြဲကို ရယူႏိုင္ခဲ့ၿပီးေနာက္ အာဆင္နယ္ဟာ ဝက္စ္ဟမ္းအိမ္ကြင္းကို တနဂၤေႏြေန႔မွာ သြားေရာက္ၿပီး ေနာက္ထပ္ႏိုင္ပြဲကို ရယူသြားရမွာ ျဖစ္ပါတယ္။

ဂန္းနားေတြဟာ လီဗာပူးလ္နဲ႔ပြဲမွာ ဒီရာသီရဲ႕ အေကာင္းဆုံးပြဲစဥ္ေတြထဲက တစ္ပြဲကို ကစားခဲ့ၿပီး ပရီးမီးယားလိဂ္ဖလားကို စိန္ေခၚႏိုင္တဲ့အသင္းဆိုတာကို အေကာင္းဆုံး သက္ေသျပသႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဒီအပတ္မွာ ၄ ပြဲဆက္ႏိုင္ပြဲကို မရယူႏိုင္ဘူးဆိုရင္ေတာ့ သိပ္ေတာ့ အေၾကာင္းထူးမွာမဟုတ္ဘဲ ဒီရာသီ ပထမအေက်ာ့ အမ္းမရိတ္စ္မွာ ကစားခဲ့တဲ့ ဒီဇင္ဘာလေႏွာင္းပိုင္းကာလတုန္းက ဂန္းနားေတြ ပုံမွန္ေျခစြမ္းေပ်ာက္ဆုံးေနတာေၾကာင့္ ၂-၀ နဲ႔ ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။

ေဒးဗစ္ မိုရက္စ္ရဲ႕အသင္းဟာ ၂၀၂၄ ခုႏွစ္ကို ဆိုး႐ြားတဲ့ ပုံစံနဲ႔ စတင္ခဲ့ၿပီး ၿပီးခဲ့တဲ့အပတ္က မန္ခ်က္စတာယူႏိုက္တက္ကို ၃ ဂိုးျပတ္နဲ႔ ရႈံးနိမ့္ခဲ့တဲ့ ေျခစြမ္းနဲ႔ ဂန္းနားေတြကို ရင္ဆိုင္သြားရမွာ ျဖစ္ပါတယ္။

ႏွစ္ဖက္အသင္း သတင္းမ်ား

ဝက္စ္ဟမ္းဟာ ဒီရာသီမွာ ဒဏ္ရာျပႆနာေတာ္ေတာ္ေလး ကင္းတဲ့အသင္းျဖစ္ေပမယ့္လည္း ေျခသလုံးဒဏ္ရာေၾကာင့္ အဓိကကစားသမားျဖစ္တဲ့ လူးကပ္စ္ ပါကယ္တာမပါဘဲ ကစားသြားရမွာပါ။ တိုက္စစ္မႉး အန္တိုနီကလည္း လြဲေခ်ာ္ဦးမွာျဖစ္ၿပီး မိုဟာမက္ ကူးဒက္စ္ကေတာ့ ဂါနာ အာဖရိကဖလားၿပိဳင္ပြဲက ျပဳတ္ခဲ့လို႔ ျပန္ေရာက္ေနၿပီျဖစ္တာေၾကာင့္ ေနာက္ဆုံး ပရီးမီးယားလိဂ္ ၂ ပြဲမွာ ပြဲထြက္ခဲ့တာျဖစ္ပါတယ္။

ဇင္ခ်န္ကိုက ၿပီးခဲ့တဲ့အပတ္မွာ ေနာက္ထပ္ ဒဏ္ရာရခဲ့ၿပီး ပထမပိုင္းအၿပီးမွာပဲ လူစားလဲခံခဲ့ရပါတယ္။ တနဂၤေႏြေန႔မွာ ပြဲထြက္ကစားဖို႔ ႀကံ့ခိုင္မႈမျပည့္ဝဘူးဆိုရင္ အာတီတာအေနနဲ႔ ခီဗီေယာ သို႔မဟုတ္ တိုမိယဆုကို သုံးသြားဖို႔မ်ားပါတယ္။ ေဂ်းဇုရဲ႕ ဒူးဒဏ္ရာကလည္း မေရရာမေသခ်ာတဲ့အေျခအေနမွာရွိေနၿပီးျပန္ကစားႏိုင္ရင္ေတာင္ လူစားဝင္ကစားသမားအျဖစ္နဲ႔ပဲ ကစားရႏိုင္လို႔ ကိုင္ ဟာဗတ္ဇ္ပဲ တိုက္စစ္မွာ ဆက္ပါလာမွာပါ။ တင္းဘား၊ ပါေတးနဲ႔ ဗီယာရာတို႔ကလည္း ဆက္လက္ လြဲေခ်ာ္ဦးမွာပါ။

ျဖစ္ႏိုင္ဖြယ္ ပြဲထြက္လူစာရင္း

ဝက္စ္ဟမ္း-အာရီယိုလာ၊ ကူဖယ္၊ ဇူးမား၊ ေအဂတ္၊ အီမာဆန္၊ ဖိလစ္ပ္စ္၊ အယ္လ္ဗာရက္ဇ္၊ ကူးဒက္စ္၊ ဝါ့ဒ္-ပေရာက္စ္၊ ဆူးခ်က္၊ ဘိုဝင္။
အာဆင္နယ္-ရာယာ၊ ဝႈိက္၊ ဆာလီဘာ၊ ဂါဘရီယဲလ္၊ တိုမိယဆု၊ ႐ိုက္၊ ေဂ်ာ္ဂ်င္ညိဳ၊ ေအာ္ဒီဂြါဒ္၊ ဆာကာ၊ မာတီနယ္လီ၊ ဟာဗတ္ဇ္။

ပြဲႀကိဳသုံးသပ္ခ်က္

ဝက္စ္ဟမ္းဟာ ၂၀၂၃ ခုႏွစ္မွာ အာဆင္နယ္အတြက္ အႏၲရာယ္ရွိတဲ့အသင္းျဖစ္ခဲ့ၿပီး ဒီရာသီမွာ ၂ ႀကိမ္အထိ အႏိုင္ယူႏိုင္ခဲ့တာပါ။ အေရွ႕လန္ဒန္ဟာ ၿပီးခဲ့တဲ့ရာသီတုန္းက ဂန္းနားေတြရဲ႕ ဆုဖလားေမွ်ာ္လင့္ခ်က္အတြက္ ထိုးႏွက္ခ်က္ျဖစ္ခဲ့တဲ့ေနရာျဖစ္ခဲ့တာေၾကာင့္ ဧည့္သည္ဂန္းနားေတြဟာ ဒီအပတ္မွာ သတိႀကီးႀကီးနဲ႔ ကစားသြားရမွာပါ။ ဒါေပမယ့္လည္း အာဆင္နယ္ဟာ ၂၀၂၄ ခုႏွစ္မွာ ေတာ္ေတာ္ေလး အေျခအေနဆိုးေနတဲ့ ဝက္စ္ဟမ္းကို ရင္ဆိုင္ရမွာျဖစ္ၿပီး ပါကယ္တာ မပါလို႔ ထက္ျမက္မႈမရွိေတာ့တဲ့ တိုက္စစ္ကို ထိန္းခ်ဳပ္ႏိုင္မွာ ေသခ်ာပါတယ္။ ဒါေပမယ့္လည္း မိုရက္စ္ရဲ႕ နည္းဗ်ဴဟာ တနဂၤေႏြေန႔မွာ အာတီတာကို ဒုကၡေပးႏိုင္ဦးမွာျဖစ္ေပမယ့္လည္း အာဆင္နယ္ဟာ ဝက္စ္ဟမ္းကို တစ္ရာသီအတြင္းမွာ ၃ ႀကိမ္အထိ မရႈံးႏိုင္ေတာ့ပါဘူး။ အိမ္ရွင္ေတြဟာ ၿပီးခဲ့တဲ့အပတ္က အိုးထရက္ဖို႔ဒ္မွာ သရဲနီေတြကို ေျချပတ္ဂိုးျပတ္နဲ႔ ရႈံးနိမ့္ခဲ့တဲ့ေျခစြမ္းအရဆိုရင္ ႏွစ္သစ္မွာ စိတ္သစ္လူသစ္နဲ႔ ပြဲၾကမ္းေနတဲ့ ဂန္းနားေတြကို ႏိုင္ဖို႔က မျဖစ္ႏိုင္ေတာ့ပါဘူး။

AM ခန႔္မွန္းပြဲၿပီးရလဒ္-(ဝက္စ္ဟမ္း ၁-၂ အာဆင္နယ္)
ေပါလ္ မာဆန္ရဲ႕ ခန႔္မွန္းပြဲၿပီးရလဒ္-(ဝက္စ္ဟမ္း ၁-၂ အာဆင္နယ္)
ခရစၥ ဆပ္တန္ရဲ႕ ခန႔္မွန္းပြဲၿပီးရလဒ္-(ဝက္စ္ဟမ္း ၀-၂ အာဆင္နယ္)

Arsenal Myanmar

Ref: Internet