လီဗာပူးလ်ရဲ့အဓိကအရည်အချင်းကို ဂန်းနားတွေ ခိုးယူခဲ့တယ်လို့ စွပ်စွဲခဲ့တဲ့ ကာတစ် ဂျုံးစ်
လီဗာပူးလ်ကွင်းလယ်ကြယ်ပွင့် ကာတစ် ဂျုံးစ်က အာဆင်နယ်ဟာ ၎င်းတို့ရဲ့ အလွန်အကျူးအောင်ပွဲခံဟန်ကို ခိုးယူသွားခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။
ဂန်းနားတွေဟာ လီဗာပူးလ်ကို ၃-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ အလွန်အကျွံအောင်ပွဲခံခဲ့တယ်လို့ လီဗာပူးလ်ပရိသတ်တွေနဲ့ လီဗာပူးလ်ဂန္တဝင်တွေရဲ့ ဝေဖန်မှုတွေ ခံခဲ့ရတာဖြစ်ပြီး အာဆင်နယ်အသင်းခေါင်းဆောင် မာတင် အော်ဒီဂွါဒ်ရဲ့ ကင်မရာမန်းဆီက ကင်မရာယူပြီး ဓာတ်ပုံရိုက်ခဲ့တဲ့ဖြစ်စဉ်က အန်းဖီးနဲ့ပတ်သက်သူတွေအားလုံးကို ငါးရံ့ပြာလူးဖြစ်စေခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်နည်းပြ အာတီတာဟာ ပရိသတ်တွေရှေ့မှာ လေထဲ လက်သီးထိုးခဲ့တာကို မြင်တွေ့ခဲ့ရပြီး ကာတစ် ဂျုံးစ်က အဲဒီ အောင်ပွဲခံဟန်ဟာ အန်းဖီးက လီဗာပူးလ် ပရိသတ်တွေရှေ့မှာ ကလော့ပ် အောင်ပွဲခံဟန်ကို ဒဲ့ရွဲ့ခဲ့တာလို့ ယုံကြည်နေတာဖြစ်ပါတယ်။
“နားထောင်။ ဒါကြောင့်ပဲ ကျွန်တော် လေးစားသမှုနဲ့ ပါးစပ်ပိတ်ထားခဲ့တာလို့ ကျွန်တော် ပြောချင်တယ်။ အောင်ပွဲခံဟန်နဲ့ အားလုံးက အဆင်ပြေတယ်။ ဒါပေမယ့် နှစ်ပေါင်းများစွာ ကျွန်တော်တို့က အလွန်အကျူးအောင်ပွဲခံတဲ့အသင်း၊ ကျွန်တော်တို့ ပရိသတ်တွေကိုယ်တိုင် ပြောခဲ့ရတဲ့အသင်း၊ နည်းပြကိုယ်တိုင်ကလည်း အလွန်အကျူးအောင်ပွဲခံခဲ့တယ်ဆိုတာ ခင်ဗျား သိပါတယ်။ သူ ပရိသတ်တွေရှေ့မှာ လေထဲ လက်သီးထိုးတဲ့ပုံစံမျိုးပေါ့။ ဒါတွေအားလုံးက ကျွန်တော်တို့ လုပ်ခဲ့တဲ့အရာတွေပါ။ အဲဒီတော့ သူတို့တွေက ကျွန်တော်တို့ ပုံစံကို ခိုးယူခဲ့တယ်ဆိုတော့ ကျွန်တော်တို့က မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေတယ်ဆိုတာကို ပြသခဲ့တာဖြစ်ပြီး ကျွန်တော်တို့ကို လိုက်ပြီး အတုခိုးနေရတာပေါ့။ ”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: လီဗာပူးလ်ကွင်းလယ်ကြယ်ပွင့် ကာတစ် ဂျုံးစ်က အာဆင်နယ်ဟာ ၎င်းတို့ရဲ့ အလွန်အကျူးအောင်ပွဲခံဟန်ကို ခိုးယူသွားခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News