လီဗာပူးလ်နဲ့အာဆင်နယ်ပြိုင် ဘယ်သူနိုင်မလဲ ဟောကိန်းထုတ်လိုက်တဲ့ အီယန် ရိုက်
ယခုအပတ် ပရီးမီးယားလိဂ်ပွဲကြီးပွဲကောင်းအဖြစ် လီဗာပူးလ်နဲ့ အာဆင်နယ်တို့ ယှဉ်ပြိုင်ကစားသွားမယ့် ပွဲစဉ်မတိုင်ခင် အာဆင်နယ်ဂန္တဝင် အီယန် ရိုက်က ဟောကိန်းထုတ်ခဲ့ပါတယ်။
ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံး တိုက်ပွဲမှာ ရှားရှားပါးပါး မန်ချက်စတာစီးတီး မပါဝင်ဘဲ လီဗာပူးလ်နဲ့ အာဆင်နယ်တို့က ဒီရာသီမှာ လက်ရှိအချိန်အထိ ထိပ်ဆုံးက ဦးဆောင်နေကြတာ ဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် နှစ်သင်းစလုံး တစ်သင်းနဲ့တစ်သင်း အခုလိုအချိန်မှာ တွေ့ချင်လားဆိုရင် မတွေ့ချင်ဘူးလို့ ဖြေကြမှာဖြစ်ပြီး အီယန် ရိုက်နဲ့ ကာရေဂါတို့ကလည်း စနေနေ့မှာ ကစားသွားမယ့် ပွဲရလဒ်ကို ငြင်းခုံခဲ့ကြပါတယ်။
အာတီတာရဲ့အသင်းဟာ ပြီးခဲ့တဲ့ရာသီတုန်းက အန်းဖီးမှာ အနိုင်ရခဲ့သင့်ပေမယ့်လည်း ၂-၀ နဲ့ ဦးဆောင်ထားနိုင်မှုကို လွှင့်ပစ်ခဲ့တာဖြစ်ပြီး အဲဒီပွဲစဉ်ရလဒ်ဟာ ဆုဖလားစိန်ခေါ်မှုအတွက် ထိခိုက်မှု ကြီးမားခဲ့တဲ့ရလဒ်တစ်ခုဖြစ်ခဲ့ပါတယ်။ အီယန် ရိုက်က အာဆင်နယ်ရဲ့ ဆုဖလားစိန်ခေါ်နိုင်မယ့် အခွင့်အရေးကို ယုံကြည်ချက်ရှိနေပေမယ့်လည်း ကာရေဂါက ပြီးခဲ့တဲ့တစ်ခေါက်တုန်းက လီဗာပူးလ်အိမ်ကွင်းမှာ ဘာဖြစ်ခဲ့လဲဆိုတာကို လျင်လျင်မြန်မြန်ပဲ ပြန်သတိပေးခဲ့တာဖြစ်ပါတယ်။
“ကျွန်တော်တို့ သူတို့ကို အနိုင်ယူနိုင်လိမ့်မယ်လို့ ထင်တယ်”လို့ အီယန် ရိုက်က ပြောဆိုခဲ့ချိန်မှာ ကာရေဂါက “ဒါက မနှစ်တုန်းက အာဆင်နယ် လိဂ်ဖလားကို ဆုံးရှုံးခဲ့ရမှု စတင်ခဲ့တဲ့နေရာပါ။ ဒီနေ့မှာ အစပြုခဲ့တာပါ။ အဲဒီ ၂-၀ နဲ့ ဦးဆောင်ထားနိုင်မှုပေါ့။”လို့ ပြန်လည်ပြောဆိုခဲ့တာဖြစ်ပါတယ်။
အီယန် ရိုက်က “မန်ချက်စတာယူနိုက်တက်ပရိသတ်တွေအနေနဲ့ အခုအချိန်မှာ ဘောလုံးနဲ့ပတ်သက်ပြီး ဟာသတွေ အများကြီး မပြောသင့်ပါဘူး။ ကျွန်တော် အာဆင်နယ်အနိုင်ရမယ့်ဘက်က ရှိနေမှာပါ။ ပြီးခဲ့တဲ့ရာသီက ကိစ္စနဲပပတ်သက်ပြီး ခင်ဗျား ပြောခဲ့တာကို ယုံကြည်ပြီး ဒီအသင်းအတွက် တစ်ခုခုဖြစ်ဖို့ ဘီးလုံးက စပြီး လှုပ်ခဲ့တာပါ။ ကျွန်တော်တို့ အာဆင်နယ်က ၂-၁ နဲ့ အနိုင်ရသွားမယ့်ဘက်က ရှိနေပါတယ်။”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: ယခုအပတ္ ပရီးမီးယားလိဂ္ပြဲႀကီးပြဲေကာင္းအျဖစ္ လီဗာပူးလ္နဲ႔ အာဆင္နယ္တို႔ ယွဥ္ၿပိဳင္ကစားသြားမယ့္ ပြဲစဥ္မတိုင္ခင္ အာဆင္နယ္ဂႏၲဝင္ အီယန္ ႐ိုက္က ေဟာကိန္းထုတ္ခဲ့ပါတယ္။
ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံး တိုက္ပြဲမွာ ရွားရွားပါးပါး မန္ခ်က္စတာစီးတီး မပါဝင္ဘဲ လီဗာပူးလ္နဲ႔ အာဆင္နယ္တို႔က ဒီရာသီမွာ လက္ရွိအခ်ိန္အထိ ထိပ္ဆုံးက ဦးေဆာင္ေနၾကတာ ျဖစ္ပါတယ္။ ပြင့္ပြင့္လင္းလင္း ေျပာရရင္ ႏွစ္သင္းစလုံး တစ္သင္းနဲ႔တစ္သင္း အခုလိုအခ်ိန္မွာ ေတြ႕ခ်င္လားဆိုရင္ မေတြ႕ခ်င္ဘူးလို႔ ေျဖၾကမွာျဖစ္ၿပီး အီယန္ ႐ိုက္နဲ႔ ကာေရဂါတို႔ကလည္း စေနေန႔မွာ ကစားသြားမယ့္ ပြဲရလဒ္ကို ျငင္းခုံခဲ့ၾကပါတယ္။
အာတီတာရဲ႕အသင္းဟာ ၿပီးခဲ့တဲ့ရာသီတုန္းက အန္းဖီးမွာ အႏိုင္ရခဲ့သင့္ေပမယ့္လည္း ၂-၀ နဲ႔ ဦးေဆာင္ထားႏိုင္မႈကို လႊင့္ပစ္ခဲ့တာျဖစ္ၿပီး အဲဒီပြဲစဥ္ရလဒ္ဟာ ဆုဖလားစိန္ေခၚမႈအတြက္ ထိခိုက္မႈ ႀကီးမားခဲ့တဲ့ရလဒ္တစ္ခုျဖစ္ခဲ့ပါတယ္။ အီယန္ ႐ိုက္က အာဆင္နယ္ရဲ႕ ဆုဖလားစိန္ေခၚႏိုင္မယ့္ အခြင့္အေရးကို ယုံၾကည္ခ်က္ရွိေနေပမယ့္လည္း ကာေရဂါက ၿပီးခဲ့တဲ့တစ္ေခါက္တုန္းက လီဗာပူးလ္အိမ္ကြင္းမွာ ဘာျဖစ္ခဲ့လဲဆိုတာကို လ်င္လ်င္ျမန္ျမန္ပဲ ျပန္သတိေပးခဲ့တာျဖစ္ပါတယ္။
“ကြၽန္ေတာ္တို႔ သူတို႔ကို အႏိုင္ယူႏိုင္လိမ့္မယ္လို႔ ထင္တယ္”လို႔ အီယန္ ႐ိုက္က ေျပာဆိုခဲ့ခ်ိန္မွာ ကာေရဂါက “ဒါက မႏွစ္တုန္းက အာဆင္နယ္ လိဂ္ဖလားကို ဆုံးရႈံးခဲ့ရမႈ စတင္ခဲ့တဲ့ေနရာပါ။ ဒီေန႔မွာ အစျပဳခဲ့တာပါ။ အဲဒီ ၂-၀ နဲ႔ ဦးေဆာင္ထားႏိုင္မႈေပါ့။”လို႔ ျပန္လည္ေျပာဆိုခဲ့တာျဖစ္ပါတယ္။
အီယန္ ႐ိုက္က “မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြအေနနဲ႔ အခုအခ်ိန္မွာ ေဘာလုံးနဲ႔ပတ္သက္ၿပီး ဟာသေတြ အမ်ားႀကီး မေျပာသင့္ပါဘူး။ ကြၽန္ေတာ္ အာဆင္နယ္အႏိုင္ရမယ့္ဘက္က ရွိေနမွာပါ။ ၿပီးခဲ့တဲ့ရာသီက ကိစၥနဲပပတ္သက္ၿပီး ခင္ဗ်ား ေျပာခဲ့တာကို ယုံၾကည္ၿပီး ဒီအသင္းအတြက္ တစ္ခုခုျဖစ္ဖို႔ ဘီးလုံးက စၿပီး လႈပ္ခဲ့တာပါ။ ကြၽန္ေတာ္တို႔ အာဆင္နယ္က ၂-၁ နဲ႔ အႏိုင္ရသြားမယ့္ဘက္က ရွိေနပါတယ္။”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Legends' Talk
- Team News