လီဗာပူးလ်နဲ့ပွဲက ဘယ်လောက်အထိ အရေးကြီးလဲဆိုတာ အာတီတာကို သတိပေးခဲ့တဲ့ ဖာဘရီဂတ်စ် 644 454 coyg

လီဗာပူးလ်နဲ့ပွဲက ဘယ်လောက်အထိ အရေးကြီးလဲဆိုတာ အာတီတာကို သတိပေးခဲ့တဲ့ ဖာဘရီဂတ်စ်

အာဆင်နယ်ဂန္တဝင်ကွင်းလယ်ကစားသမားဟောင်း ဖာဘရီဂတ်စ်က ယခုအပတ် လီဗာပူးလ်နဲ့ ကစားရမယ့်ပွဲစဉ်မတိုင်ခင် ဂန်းနားတွေအနေနဲ့ နောက်ထပ် ရမှတ်တွေလျော့ကျလို့ မဖြစ်တော့ဘူးလို့ ပြောဆိုခဲ့ပါတယ်။

အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ဆောင်းရာသီကာလအတွင်းမှာ ရလဒ်ပိုင်းတွေ စိုးရိမ်ဖွယ် ဆိုးရွားခဲ့ပေမယ့်လည်း ခရစ္စတယ် ပဲလေ့စ်နဲ့ ဖောရက်စ်တို့ကို နှစ်သစ်မှာ ဆက်တိုက် အနိုင်ရခဲ့ပြီးနောက် ဆုဖလားပြိုင်ပွဲထဲ ပြန်လည်ဝင်ရောက်လာနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မြောက်လန်ဒန်ထိပ်သီးအသင်းကြီးဟာ အမ်းမရိတ်စ်မှာ ၁၅ ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့တဲ့ လီဗာပူးလ်ကို လက်ခံယှဉ်ပြိုင်ရမယ့် ခက်ခဲတဲ့အလုပ်တစ်ခုနဲ့ ရင်ဆိုင်ရမှာကို သိရှိနေပြီး ကလော့ပ်ရဲ့အသင်းဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်အလယ်မှာ ချဲလ်ဆီးကို ၄-၁ နဲ့ အနိုင်ယူခဲ့တာဖြစ်ပါတယ်။

ဒီဇင်ဘာ ၂၃ ရက်နေ့က အန်းဖီးမှာ ကစားခဲ့တဲ့ ပွဲစဉ်တုန်းက ၁-၁ သရေကျခဲ့ကြပြီး နှစ်သင်းစလုံးဟာ ပရီးမီးယားလိဂ်ဖလားကို မန်စီးတီးလက်ထဲကနေ လုယူသွားဖို့ ကြိုးပမ်းနေတာကြောင့် တနင်္ဂနွေနေ့ ကစားမယ့်ပွဲရလဒ်က အသက်တမျှ အရေးကြီးနေတာဖြစ်ပါတယ်။

လီဗာပူးလ်ဟာ အာဆင်နယ်ကိုသာ အနိုင်ယူနိုင်ခဲ့မယ်ဆိုရင် ၁ ပွဲလျော့နေတဲ့ ဒုတိယနေရာက မန်စီးတီးကို နောက်ထပ် ရမှတ်ပိုမိုဖြတ်ထားနိုင်မှာဖြစ်ပြီး ဂန်းနားတွေသာ အနိုင်ရခဲ့မယ်ဆိုရင်တော့ မန်စီးတီးထက် ၃ မှတ်အသာနဲ့ ဒုတိယနေရာကို ယာယီတက်လှမ်းနိုင်မှာဖြစ်ပါတယ်။

အာဆင်နယ်အသင်းခေါင်းဆောင် ဖာဘရီဂတ်စ်က အမ်းမရိတ်စ်က ကစားသမားတွေကို သွတ်သွင်းခဲ့တဲ့ အတွေးအခေါ်နဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာအတွက် အာတီတာကို ချီးကျူးခဲ့ပေမယ့်လည်း တနင်္ဂနွေနေ့ပွဲစဉ်ဟာ ဂန်းနားတွေအနေနဲ့ နှစ်ပေါင်း ၂၀ ကျော် ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဖလားကို စောင့်ဆိုင်းနေရမှုကို အဆုံးသတ်ဖို့ အလေးအနက် ရည်မှန်းထားတယ်ဆိုရင် မဖြစ်မနေရယူရမယ့် ကြီးမားတဲ့အခွင့်အရေးဖြစ်တယ်လို့ အာတီတာကို သတိပေးခဲ့တာဖြစ်ပါတယ်။

“သူတို့တွေက ငယ်ရွယ်တယ်။ သူတို့တွေက ရဲရင့်တယ်။ သူတို့တွေ စိတ်ခံစားချက်ပြင်းထန်ကြပြီး သူတို့တွေက တကယ်ပဲ ပွဲစဉ်တိုင်းကို အနိုင်ကစားချင်ကြတယ်။ ကျွန်တော်တို့ မရှုံးနိမ့်တဲ့အကြောင်းကို ပြောမယ်ဆိုရင် ဂျိုဆေး မော်ရင်ဟိုရဲ့ အင်တာမီလန်၊ မော်ရင်ဟိုရဲ့ ချဲလ်ဆီးတို့ကို အမှတ်ရလိုက်ပါ။ သူတို့တွေက အရမ်း အတွေ့အကြုံရှိခဲ့ကြတယ်။ သူတို့တွေက ဘာလုပ်ရမလဲဆိုတာကို အတိအကျသိကြတယ်။ ဒီလိုပွဲမျိုးမှာ ဘယ်လိုကစားရမလဲဆိုတာကို သိကြတယ်။ အာဆင်နယ်မှာကျတော့ ကျွန်တော် တွေ့ကြုံခဲ့ရတာကို ပြောမှာပါ။ ကျွန်တော်တို့ ဒီလိုမျိုး အရာကို လုပ်ဖို့ ကြိုးစားတဲ့အချိန်တိုင်း ကောင်းသင့်သလောက် မကောင်းခဲ့ဘူး။ ကျွန်တော်တို့မှာ ရှိနေခဲ့တဲ့ ကစားသမားမျိုးတွေက အသက်အရွယ်ရော၊ အတွေ့အကြုံပိုင်းအရပါ ကောင်းသင့်သလောက် မကောင်းခဲ့ဘူး။ ကျွန်တော်တို့ အမြဲတမ်း အနိုင်ရချင်ခဲ့ပြီး ၃ မှတ်လိုချင်ခဲ့ပါတယ်။ အနည်းဆုံးတော့ ကျွန်တော်တို့ ကြိုးစားခဲ့ကြပါတယ်”

“သရေရဖို့အတွက်ပဲ ကစားခဲ့ရတယ်။ ဒါက ခင်ဗျား ကစားနေကျမဟုတ်တဲ့ မတူညီတဲ့ပုံစံနဲ့ ကစားရမယ်ဆိုတဲ့အဓိပ္ပာယ်ပဲ။ ကျွန်တော်တို့က အဲဒီလို ကစားတဲ့နေရာမှာ သိပ်မကောင်းဘူး။ ကျွန်တော်တို့ ရိုးရိုးသားသားပဲ ပြောဖို့ လိုပါတယ်။မီခေးလ်က သူ အနိုင်ရချင်တယ်ဆိုတာကို နည်းနည်းတော့ သိမယ်လို့ ကျွန်တော် ထင်တယ်။ အဲဒါက ကွာဟမှုကို လျှော့ချနိုင်ဖို့အတွက် သူတို့အတွက် ကြီးမားတဲ့အခွင့်အရေးကြီးပဲ။ ကျွန်တော့်အမြင်ကတော့ သူတို့တွေ တကယ်ပဲ နိုင်ပွဲရအောင် ကစားသွားလိမ့်မယ်။ သူတို့တွေ တတ်နိုင်သမျှ စောစော ကွာဟမှုကို လျှော့ချဖို့ ကြိုးပမ်းသွားမယ်လို့ ကျွန်တော် ပြောရလိမ့်မယ်။ ဘာလို့လဲဆိုတော့ အခုက ပရီးမီးယားလိဂ်ဖလားက ဘယ်နေရာမှာ ရှိနေမလဲဆိုတာကို စပြီး ဆုံးဖြတ်တော့မယ့်အချိန်ဖြစ်နေပြီမို့လို့ပါ။ ရာသီကုန်တဲ့အထိ ဘယ်သူတွေက ထိပ်ဆုံး ၃ သင်း ဒါမှမဟုတ် ၂ သင်းဖြစ်နေမလဲဆိုတာ ဆုံးဖြတ်တော့မယ့်အချိန်ပါ။ အာဆင်နယ်က အမှတ်တွေ ထပ်လျော့လို့မရတော့ဘူး။ ရာသီအစောပိုင်းမှာပဲ ရှိသေးပေမယ့် ဒီအချိန်က ခင်ဗျား ဘယ်သူက ချန်ပီယံအစစ်အမှန်တွေလဲဆိုတာကို စပြီး မြင်တွေ့ ခံစားလို့ရနေပြီဖြစ်တဲ့အချိန်ပါ။ ဘယ်သူက အဆုံးအထိ တောင့်ခံထားနိုင်မလဲ၊ တောင့်မခံနိုင်ဘူးလဲဆိုတာကို စမြင်ရပြီဖြစ်တဲ့အချိန်ပါ”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: အာဆင္နယ္ဂႏၲဝင္ကြင္းလယ္ကစားသမားေဟာင္း ဖာဘရီဂတ္စ္က ယခုအပတ္ လီဗာပူးလ္နဲ႔ ကစားရမယ့္ပြဲစဥ္မတိုင္ခင္ ဂန္းနားေတြအေနနဲ႔ ေနာက္ထပ္ ရမွတ္ေတြေလ်ာ့က်လို႔ မျဖစ္ေတာ့ဘူးလို႔ ေျပာဆိုခဲ့ပါတယ္။

အာဆင္နယ္ဟာ ၿပီးခဲ့တဲ့ ေဆာင္းရာသီကာလအတြင္းမွာ ရလဒ္ပိုင္းေတြ စိုးရိမ္ဖြယ္ ဆိုး႐ြားခဲ့ေပမယ့္လည္း ခရစၥတယ္ ပဲေလ့စ္နဲ႔ ေဖာရက္စ္တို႔ကို ႏွစ္သစ္မွာ ဆက္တိုက္ အႏိုင္ရခဲ့ၿပီးေနာက္ ဆုဖလားၿပိဳင္ပြဲထဲ ျပန္လည္ဝင္ေရာက္လာႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေျမာက္လန္ဒန္ထိပ္သီးအသင္းႀကီးဟာ အမ္းမရိတ္စ္မွာ ၁၅ ပြဲဆက္တိုက္ ရႈံးပြဲမရွိခဲ့တဲ့ လီဗာပူးလ္ကို လက္ခံယွဥ္ၿပိဳင္ရမယ့္ ခက္ခဲတဲ့အလုပ္တစ္ခုနဲ႔ ရင္ဆိုင္ရမွာကို သိရွိေနၿပီး ကေလာ့ပ္ရဲ႕အသင္းဟာ ၿပီးခဲ့တဲ့ရက္သတၱပတ္အလယ္မွာ ခ်ဲလ္ဆီးကို ၄-၁ နဲ႔ အႏိုင္ယူခဲ့တာျဖစ္ပါတယ္။

ဒီဇင္ဘာ ၂၃ ရက္ေန႔က အန္းဖီးမွာ ကစားခဲ့တဲ့ ပြဲစဥ္တုန္းက ၁-၁ သေရက်ခဲ့ၾကၿပီး ႏွစ္သင္းစလုံးဟာ ပရီးမီးယားလိဂ္ဖလားကို မန္စီးတီးလက္ထဲကေန လုယူသြားဖို႔ ႀကိဳးပမ္းေနတာေၾကာင့္ တနဂၤေႏြေန႔ ကစားမယ့္ပြဲရလဒ္က အသက္တမွ် အေရးႀကီးေနတာျဖစ္ပါတယ္။

လီဗာပူးလ္ဟာ အာဆင္နယ္ကိုသာ အႏိုင္ယူႏိုင္ခဲ့မယ္ဆိုရင္ ၁ ပြဲေလ်ာ့ေနတဲ့ ဒုတိယေနရာက မန္စီးတီးကို ေနာက္ထပ္ ရမွတ္ပိုမိုျဖတ္ထားႏိုင္မွာျဖစ္ၿပီး ဂန္းနားေတြသာ အႏိုင္ရခဲ့မယ္ဆိုရင္ေတာ့ မန္စီးတီးထက္ ၃ မွတ္အသာနဲ႔ ဒုတိယေနရာကို ယာယီတက္လွမ္းႏိုင္မွာျဖစ္ပါတယ္။

အာဆင္နယ္အသင္းေခါင္းေဆာင္ ဖာဘရီဂတ္စ္က အမ္းမရိတ္စ္က ကစားသမားေတြကို သြတ္သြင္းခဲ့တဲ့ အေတြးအေခၚနဲ႔ စိတ္ဓာတ္ပိုင္းဆိုင္ရာအတြက္ အာတီတာကို ခ်ီးက်ဴးခဲ့ေပမယ့္လည္း တနဂၤေႏြေန႔ပြဲစဥ္ဟာ ဂန္းနားေတြအေနနဲ႔ ႏွစ္ေပါင္း ၂၀ ေက်ာ္ ေဝးကြာေနတဲ့ ပရီးမီးယားလိဂ္ဖလားကို ေစာင့္ဆိုင္းေနရမႈကို အဆုံးသတ္ဖို႔ အေလးအနက္ ရည္မွန္းထားတယ္ဆိုရင္ မျဖစ္မေနရယူရမယ့္ ႀကီးမားတဲ့အခြင့္အေရးျဖစ္တယ္လို႔ အာတီတာကို သတိေပးခဲ့တာျဖစ္ပါတယ္။

“သူတို႔ေတြက ငယ္႐ြယ္တယ္။ သူတို႔ေတြက ရဲရင့္တယ္။ သူတို႔ေတြ စိတ္ခံစားခ်က္ျပင္းထန္ၾကၿပီး သူတို႔ေတြက တကယ္ပဲ ပြဲစဥ္တိုင္းကို အႏိုင္ကစားခ်င္ၾကတယ္။ ကြၽန္ေတာ္တို႔ မရႈံးနိမ့္တဲ့အေၾကာင္းကို ေျပာမယ္ဆိုရင္ ဂ်ိဳေဆး ေမာ္ရင္ဟိုရဲ႕ အင္တာမီလန္၊ ေမာ္ရင္ဟိုရဲ႕ ခ်ဲလ္ဆီးတို႔ကို အမွတ္ရလိုက္ပါ။ သူတို႔ေတြက အရမ္း အေတြ႕အႀကဳံရွိခဲ့ၾကတယ္။ သူတို႔ေတြက ဘာလုပ္ရမလဲဆိုတာကို အတိအက်သိၾကတယ္။ ဒီလိုပြဲမ်ိဳးမွာ ဘယ္လိုကစားရမလဲဆိုတာကို သိၾကတယ္။ အာဆင္နယ္မွာက်ေတာ့ ကြၽန္ေတာ္ ေတြ႕ႀကဳံခဲ့ရတာကို ေျပာမွာပါ။ ကြၽန္ေတာ္တို႔ ဒီလိုမ်ိဳး အရာကို လုပ္ဖို႔ ႀကိဳးစားတဲ့အခ်ိန္တိုင္း ေကာင္းသင့္သေလာက္ မေကာင္းခဲ့ဘူး။ ကြၽန္ေတာ္တို႔မွာ ရွိေနခဲ့တဲ့ ကစားသမားမ်ိဳးေတြက အသက္အ႐ြယ္ေရာ၊ အေတြ႕အႀကဳံပိုင္းအရပါ ေကာင္းသင့္သေလာက္ မေကာင္းခဲ့ဘူး။ ကြၽန္ေတာ္တို႔ အၿမဲတမ္း အႏိုင္ရခ်င္ခဲ့ၿပီး ၃ မွတ္လိုခ်င္ခဲ့ပါတယ္။ အနည္းဆုံးေတာ့ ကြၽန္ေတာ္တို႔ ႀကိဳးစားခဲ့ၾကပါတယ္”

“သေရရဖို႔အတြက္ပဲ ကစားခဲ့ရတယ္။ ဒါက ခင္ဗ်ား ကစားေနက်မဟုတ္တဲ့ မတူညီတဲ့ပုံစံနဲ႔ ကစားရမယ္ဆိုတဲ့အဓိပၸာယ္ပဲ။ ကြၽန္ေတာ္တို႔က အဲဒီလို ကစားတဲ့ေနရာမွာ သိပ္မေကာင္းဘူး။ ကြၽန္ေတာ္တို႔ ႐ိုး႐ိုးသားသားပဲ ေျပာဖို႔ လိုပါတယ္။မီေခးလ္က သူ အႏိုင္ရခ်င္တယ္ဆိုတာကို နည္းနည္းေတာ့ သိမယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ အဲဒါက ကြာဟမႈကို ေလွ်ာ့ခ်ႏိုင္ဖို႔အတြက္ သူတို႔အတြက္ ႀကီးမားတဲ့အခြင့္အေရးႀကီးပဲ။ ကြၽန္ေတာ့္အျမင္ကေတာ့ သူတို႔ေတြ တကယ္ပဲ ႏိုင္ပြဲရေအာင္ ကစားသြားလိမ့္မယ္။ သူတို႔ေတြ တတ္ႏိုင္သမွ် ေစာေစာ ကြာဟမႈကို ေလွ်ာ့ခ်ဖို႔ ႀကိဳးပမ္းသြားမယ္လို႔ ကြၽန္ေတာ္ ေျပာရလိမ့္မယ္။ ဘာလို႔လဲဆိုေတာ့ အခုက ပရီးမီးယားလိဂ္ဖလားက ဘယ္ေနရာမွာ ရွိေနမလဲဆိုတာကို စၿပီး ဆုံးျဖတ္ေတာ့မယ့္အခ်ိန္ျဖစ္ေနၿပီမို႔လို႔ပါ။ ရာသီကုန္တဲ့အထိ ဘယ္သူေတြက ထိပ္ဆုံး ၃ သင္း ဒါမွမဟုတ္ ၂ သင္းျဖစ္ေနမလဲဆိုတာ ဆုံးျဖတ္ေတာ့မယ့္အခ်ိန္ပါ။ အာဆင္နယ္က အမွတ္ေတြ ထပ္ေလ်ာ့လို႔မရေတာ့ဘူး။ ရာသီအေစာပိုင္းမွာပဲ ရွိေသးေပမယ့္ ဒီအခ်ိန္က ခင္ဗ်ား ဘယ္သူက ခ်န္ပီယံအစစ္အမွန္ေတြလဲဆိုတာကို စၿပီး ျမင္ေတြ႕ ခံစားလို႔ရေနၿပီျဖစ္တဲ့အခ်ိန္ပါ။ ဘယ္သူက အဆုံးအထိ ေတာင့္ခံထားႏိုင္မလဲ၊ ေတာင့္မခံႏိုင္ဘူးလဲဆိုတာကို စျမင္ရၿပီျဖစ္တဲ့အခ်ိန္ပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

Arsenal Myanmar

Ref: Internet