လိဂ်ဖလားထက် အာဆင်နယ်က အများကြီး ပိုအရေးကြီးတယ်လို့ ဝန်ခံခဲ့တဲ့ ဂွါဒီယိုလာ
မန်ချက်စတာစီးတီးနည်းပြ ပပ် ဂွါဒီယိုလာက ကစားသမားတွေရဲ့ ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီး စိုးရိမ်နေတဲ့အကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး အာဆင်နယ်နဲ့ ကစားရမယ့် လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်ဟာ နယူးကာဆယ်နဲ့ ကစားရမယ့် ကာရာဘောင်းဖလားပွဲထက်တောင် ပိုအရေးကြီးတယ်လို့ ပြောကြားခဲ့ပါတယ်။
ဂွါဒီယိုလာဟာ ပြိုင်ပွဲအများအပြား ကစားရဖို့ ရှိနေချိန်မှာ ဒဏ်ရာပြဿနာတွေ ရှိနေတဲ့ လူစာရင်းကို စီမံခန့်ခွဲနေရတဲ့အကြောင်းကို ဆွေးနွေးခဲ့တာဖြစ်ပြီး မန်စီးတီးနည်းပြက ကာရာဘောင်းဖလားထက် လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေက ပိုအရေးပါတယ်လို့ သတ်မှတ်ထားတာဖြစ်ပါတယ်။
ဂွါဒီယိုလာက ဗုဒ္ဓဟူးနေ့မှာ နယူးကာဆယ်နဲ့ ကစားရမယ့် ကာရာဘောင်းဖလားပွဲစဉ်မတိုင်ခင် ကစားသမားတွေရဲ့ ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီး စိုးရိမ်နေမှုကို ဆွေးနွေးရာမှာ ၎င်းရဲ့ အမြင်ကို ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။
အသင်းရဲ့ ဒဏ်ရာပြဿနာတွေက ဖလားပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်နေမှုကို အကျိုးသက်ရောက်မှုရှိနေတယ်လို့ စပိန်လူမျိုးနည်းပြက ထုတ်ဖော်ပြောဆိုခဲ့ပြီး ဘာနာဒို ဆေးလ်ဗား၊ ဂျွန် စတုန်းစ်၊ ဒီဘရိုင်းနားတို့ဟာ ဒဏ်ရာရနေသလို ရိုဒရီကလည်း ဖောရက်စ်နဲ့ပွဲက အနီကတ်ကြောင့် ပွဲပယ်ခံထားရတာဖြစ်ပါတယ်။
မက်တီအို ကိုဗာချစ်နဲ့ ဂျက်ခ် ဂရီးလစ်ရှ်တို့ကလည်း ပထမအသင်းမှာ ပြန်လည်ပါဝင်လာဖို့ ကြိုးစားနေကြတာဖြစ်ပါတယ်။
“ရာသီအစမှာ အမြဲတမ်း ပုံမှန် မကစားရတဲ့ကစားသမား ၆ ယောက်လောက်ရှိပြီး ကာရာဘောင်းဖလားက ပြီးပြည့်စုံပါတယ်။ အားလုံးက ကြံ့ခိုင်မှုပြည့်ဝနေတဲ့အချိန်ကျရင်ပေါ့။ ဒါပေမယ့် အခုတော့ အဲဒါက ချွင်းချက် အခြေအနေဖြစ်နေပါတယ်။ ကျွန်တော်တို့မှာ ဒဏ်ရာရနေတဲ့ကစားသမားတွေ ဒါမှမဟုတ် ပွဲကစားချိန် အရမ်းများနေတဲ့ ကစားသမားတွေ အများကြီးရှိနေပါတယ်။ သူတို့တွေ အနားယူရမှာပါ။ ဝုလ်ဗ်စ်၊ လိုက်ပ်ဇစ်၊ အာဆင်နယ်တို့က အများကြီး ပိုအရေးကြီးပါတယ်။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
ဂန်းနားတွေဟာ လာမယ့် စနေနေ့ ဘုန်းမောက်အိမ်ကွင်းကို ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် သွားရောက်မယှဉ်ပြိုင်မီ ဗုဒ္ဓဟူးနေ့မှာ ကာရာဘောင်းဖလားပွဲစဉ်အဖြစ် ဘရန့်တ်ဖို့ဒ်နဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အာဆင်နယ်မှာလည်း ဒဏ်ရာပြဿနာစိုးရိမ်စရာတွေ ရှိနေချိန်မှာ စံချိန်တင်ပြောင်းရွှေ့ကြေးရှင် ဒီကလန် ရိုက်က စပါးစ်နဲ့ပွဲမှာ နောက်ကျောဒဏ်ရာရခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း အခြေအနေက အရမ်းကြီး ပြင်းထန်တဲ့ပုံမပေါ်ဘဲ ဒီကလန် ရိုက်ဟာ ဘုန်းမောက်နဲ့ ကစားရမယ့်ပွဲအတွက် အချိန်မီ ကြံ့ခိုင်မှု ပြည့်ဝလာမလားဆိုတာကို နောက်ထပ် အကဲဖြတ်မှုတွေ ပြုလုပ်သွားရမှာ ဖြစ်ပါတယ်။ ဂန်းနားတွေဟာ အဓိကစားသမားတွေဖြစ်တဲ့ လီအန်ဒရို ထရော့ဆာ့ဒ်၊ ဂါဘရီယဲလ် မာတီနယ်လီ၊ ယူရီယန် တင်းဘား၊ သောမတ်စ် ပါတေးတို့ မပါဝင်ဘဲ ဘရန့်တ်ဖို့ဒ်နဲ့ ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: မန္ခ်က္စတာစီးတီးနည္းျပ ပပ္ ဂြါဒီယိုလာက ကစားသမားေတြရဲ႕ ႀကံ့ခိုင္မႈနဲ႔ပတ္သက္ၿပီး စိုးရိမ္ေနတဲ့အေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီး အာဆင္နယ္နဲ႔ ကစားရမယ့္ လာမယ့္ပရီးမီးယားလိဂ္ပြဲစဥ္ဟာ နယူးကာဆယ္နဲ႔ ကစားရမယ့္ ကာရာေဘာင္းဖလားပြဲထက္ေတာင္ ပိုအေရးႀကီးတယ္လို႔ ေျပာၾကားခဲ့ပါတယ္။
ဂြါဒီယိုလာဟာ ၿပိဳင္ပြဲအမ်ားအျပား ကစားရဖို႔ ရွိေနခ်ိန္မွာ ဒဏ္ရာျပႆနာေတြ ရွိေနတဲ့ လူစာရင္းကို စီမံခန႔္ခြဲေနရတဲ့အေၾကာင္းကို ေဆြးေႏြးခဲ့တာျဖစ္ၿပီး မန္စီးတီးနည္းျပက ကာရာေဘာင္းဖလားထက္ လာမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္ေတြက ပိုအေရးပါတယ္လို႔ သတ္မွတ္ထားတာျဖစ္ပါတယ္။
ဂြါဒီယိုလာက ဗုဒၶဟူးေန႔မွာ နယူးကာဆယ္နဲ႔ ကစားရမယ့္ ကာရာေဘာင္းဖလားပြဲစဥ္မတိုင္ခင္ ကစားသမားေတြရဲ႕ ႀကံ့ခိုင္မႈနဲ႔ပတ္သက္ၿပီး စိုးရိမ္ေနမႈကို ေဆြးေႏြးရာမွာ ၎ရဲ႕ အျမင္ကို ထုတ္ေဖာ္ေျပာၾကားခဲ့တာျဖစ္ပါတယ္။
အသင္းရဲ႕ ဒဏ္ရာျပႆနာေတြက ဖလားၿပိဳင္ပြဲအတြက္ ႀကိဳတင္ျပင္ဆင္ေနမႈကို အက်ိဳးသက္ေရာက္မႈရွိေနတယ္လို႔ စပိန္လူမ်ိဳးနည္းျပက ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီး ဘာနာဒို ေဆးလ္ဗား၊ ဂြၽန္ စတုန္းစ္၊ ဒီဘ႐ိုင္းနားတို႔ဟာ ဒဏ္ရာရေနသလို ႐ိုဒရီကလည္း ေဖာရက္စ္နဲ႔ပြဲက အနီကတ္ေၾကာင့္ ပြဲပယ္ခံထားရတာျဖစ္ပါတယ္။
မက္တီအို ကိုဗာခ်စ္နဲ႔ ဂ်က္ခ္ ဂရီးလစ္ရွ္တို႔ကလည္း ပထမအသင္းမွာ ျပန္လည္ပါဝင္လာဖို႔ ႀကိဳးစားေနၾကတာျဖစ္ပါတယ္။
“ရာသီအစမွာ အၿမဲတမ္း ပုံမွန္ မကစားရတဲ့ကစားသမား ၆ ေယာက္ေလာက္ရွိၿပီး ကာရာေဘာင္းဖလားက ၿပီးျပည့္စုံပါတယ္။ အားလုံးက ႀကံ့ခိုင္မႈျပည့္ဝေနတဲ့အခ်ိန္က်ရင္ေပါ့။ ဒါေပမယ့္ အခုေတာ့ အဲဒါက ခြၽင္းခ်က္ အေျခအေနျဖစ္ေနပါတယ္။ ကြၽန္ေတာ္တို႔မွာ ဒဏ္ရာရေနတဲ့ကစားသမားေတြ ဒါမွမဟုတ္ ပြဲကစားခ်ိန္ အရမ္းမ်ားေနတဲ့ ကစားသမားေတြ အမ်ားႀကီးရွိေနပါတယ္။ သူတို႔ေတြ အနားယူရမွာပါ။ ဝုလ္ဗ္စ္၊ လိုက္ပ္ဇစ္၊ အာဆင္နယ္တို႔က အမ်ားႀကီး ပိုအေရးႀကီးပါတယ္။”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။
ဂန္းနားေတြဟာ လာမယ့္ စေနေန႔ ဘုန္းေမာက္အိမ္ကြင္းကို ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ သြားေရာက္မယွဥ္ၿပိဳင္မီ ဗုဒၶဟူးေန႔မွာ ကာရာေဘာင္းဖလားပြဲစဥ္အျဖစ္ ဘရန႔္တ္ဖို႔ဒ္နဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး အာဆင္နယ္မွာလည္း ဒဏ္ရာျပႆနာစိုးရိမ္စရာေတြ ရွိေနခ်ိန္မွာ စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးရွင္ ဒီကလန္ ႐ိုက္က စပါးစ္နဲ႔ပြဲမွာ ေနာက္ေက်ာဒဏ္ရာရခဲ့တာျဖစ္ပါတယ္။
ဒါေပမယ့္လည္း အေျခအေနက အရမ္းႀကီး ျပင္းထန္တဲ့ပုံမေပၚဘဲ ဒီကလန္ ႐ိုက္ဟာ ဘုန္းေမာက္နဲ႔ ကစားရမယ့္ပြဲအတြက္ အခ်ိန္မီ ႀကံ့ခိုင္မႈ ျပည့္ဝလာမလားဆိုတာကို ေနာက္ထပ္ အကဲျဖတ္မႈေတြ ျပဳလုပ္သြားရမွာ ျဖစ္ပါတယ္။ ဂန္းနားေတြဟာ အဓိကစားသမားေတြျဖစ္တဲ့ လီအန္ဒ႐ို ထေရာ့ဆာ့ဒ္၊ ဂါဘရီယဲလ္ မာတီနယ္လီ၊ ယူရီယန္ တင္းဘား၊ ေသာမတ္စ္ ပါေတးတို႔ မပါဝင္ဘဲ ဘရန႔္တ္ဖို႔ဒ္နဲ႔ ယွဥ္ၿပိဳင္ကစားသြားရမွာ ျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Rivals' Talk
- Team News