မြောက်လန်ဒန်ဒါဘီမတိုင်ခင် စပါးစ်ကို သတိပေးလိုက်တဲ့ ဆာကာ 810 539 coyg

မြောက်လန်ဒန်ဒါဘီမတိုင်ခင် စပါးစ်ကို သတိပေးလိုက်တဲ့ ဆာကာ

ဘူကာယို ဆာကာက ဒီနေ့ည ကစားသွားမယ့် တော့တင်ဟမ်ဟော့စပါးနဲ့ အာဆင်နယ်တို့ရဲ့ ပွဲစဉ်အပေါ် ခံစားချက်နဲ့ ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲအပေါ် အမြင်ကို ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ဟာ ယနေ့ညမှာ ၂၀၂၃-၂၀၂၄ ရာသီအတွက် နောက်ဆုံး မြောက်လန်ဒန်ဒါဘီပွဲစဉ်အဖြစ် တော့တင်ဟမ်ဟော့စပါးကွင်းကို သွားကစားရမှာဖြစ်ပြီး ဧပြီလအစောပိုင်းမှာ အက်စတန် ဗီလာနဲ့ ဘိုင်ယန်တို့ကို ရှုံးနိမ့်ခဲ့ပြီးနောက် ဂန်းနားတွေဟာ ပေးဂိုးမရှိ ၂ ပွဲ၊ သွင်းဂိုး ၇ ဂိုးရရှိထားတဲ့ ခြေစွမ်းနဲ့ ဒီပွဲကို ကစားသွားမှာဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးကလည်းက ဧပြီ ၁၃ ရက်နေ့က နယူးကာဆယ်ကို ရှုံးနိမ့်ပြီးကတည်းက ပွဲမကစားခဲ့ရတာဖြစ်ပြီး ဂန်းနားတွေက ဧပြီလ ဒုတိယအပတ်ကနေ ဒီနေ့အထိ ၄ ကြိမ်အထိ ပိုကစားခဲ့ရတာဖြစ်ပါတယ်။ အာဆင်နယ်ဟာ လက်ရှိ ချန်ပီယံတွေဖြစ်တဲ့ မန်စီးတီး ခြေချော်ပါစေလို့ ဆုတောင်းရမှာဖြစ်သလို ကစားစရာရှိနေတဲ့ပွဲတွေကိုလည်း အမှားအယွင်းမရှိအောင် အနိုင်ကစားသွားဖို့ လိုအပ်နေတာဖြစ်ပါတယ်။

ဆာကာက မြောက်လန်ဒန်ဒါဘီပွဲအပေါ် ဘယ်လို ခံစားရလဲဆိုတာ ပြောပြခဲ့ပြီး “ကျွန်တော်ကိုယ်တိုင်အတွက်ရော၊ ကျွန်တော့်မိသားစုအတွက်ရော၊ သူငယ်ချင်းတွေအတွက်ရော၊ ကျွန်တော်တို့ ပရိသတ်တွေအတွက်ပါ စပါးစ်ကို အနိုင်ရယူဖို့က အဓိပ္ပာယ် ဘယ်လောက်အထိရှိလဲဆိုတာ ကျွန်တော် သိပါတယ်။ တော့တင်ဟမ်ကို အနိုင်ယူတာထက်ကို ပိုပါတယ်။ ကျွန်တော်တို့က ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲထဲမှာ ရှိနေတာပါ။”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI:
ဘူကာယို ဆာကာက ဒီေန႔ည ကစားသြားမယ့္ ေတာ့တင္ဟမ္ေဟာ့စပါးနဲ႔ အာဆင္နယ္တို႔ရဲ႕ ပြဲစဥ္အေပၚ ခံစားခ်က္နဲ႔ ပရီးမီးယားလိဂ္ဖလားၿပိဳင္ပြဲအေပၚ အျမင္ကို ေျပာၾကားခဲ့ပါတယ္။

အာဆင္နယ္ဟာ ယေန႔ညမွာ ၂၀၂၃-၂၀၂၄ ရာသီအတြက္ ေနာက္ဆုံး ေျမာက္လန္ဒန္ဒါဘီပြဲစဥ္အျဖစ္ ေတာ့တင္ဟမ္ေဟာ့စပါးကြင္းကို သြားကစားရမွာျဖစ္ၿပီး ဧၿပီလအေစာပိုင္းမွာ အက္စတန္ ဗီလာနဲ႔ ဘိုင္ယန္တို႔ကို ရႈံးနိမ့္ခဲ့ၿပီးေနာက္ ဂန္းနားေတြဟာ ေပးဂိုးမရွိ ၂ ပြဲ၊ သြင္းဂိုး ၇ ဂိုးရရွိထားတဲ့ ေျခစြမ္းနဲ႔ ဒီပြဲကို ကစားသြားမွာျဖစ္ပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါးကလည္းက ဧၿပီ ၁၃ ရက္ေန႔က နယူးကာဆယ္ကို ရႈံးနိမ့္ၿပီးကတည္းက ပြဲမကစားခဲ့ရတာျဖစ္ၿပီး ဂန္းနားေတြက ဧၿပီလ ဒုတိယအပတ္ကေန ဒီေန႔အထိ ၄ ႀကိမ္အထိ ပိုကစားခဲ့ရတာျဖစ္ပါတယ္။ အာဆင္နယ္ဟာ လက္ရွိ ခ်န္ပီယံေတြျဖစ္တဲ့ မန္စီးတီး ေျခေခ်ာ္ပါေစလို႔ ဆုေတာင္းရမွာျဖစ္သလို ကစားစရာရွိေနတဲ့ပြဲေတြကိုလည္း အမွားအယြင္းမရွိေအာင္ အႏိုင္ကစားသြားဖို႔ လိုအပ္ေနတာျဖစ္ပါတယ္။

ဆာကာက ေျမာက္လန္ဒန္ဒါဘီပြဲအေပၚ ဘယ္လို ခံစားရလဲဆိုတာ ေျပာျပခဲ့ၿပီး “ကြၽန္ေတာ္ကိုယ္တိုင္အတြက္ေရာ၊ ကြၽန္ေတာ့္မိသားစုအတြက္ေရာ၊ သူငယ္ခ်င္းေတြအတြက္ေရာ၊ ကြၽန္ေတာ္တို႔ ပရိသတ္ေတြအတြက္ပါ စပါးစ္ကို အႏိုင္ရယူဖို႔က အဓိပၸာယ္ ဘယ္ေလာက္အထိရွိလဲဆိုတာ ကြၽန္ေတာ္ သိပါတယ္။ ေတာ့တင္ဟမ္ကို အႏိုင္ယူတာထက္ကို ပိုပါတယ္။ ကြၽန္ေတာ္တို႔က ပရီးမီးယားလိဂ္ဖလားၿပိဳင္ပြဲထဲမွာ ရွိေနတာပါ။”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

Arsenal Myanmar

Ref: Internet