ဘောလုံးလောကမှာ ဟာလန်းထက် ပိုကောင်းတဲ့တိုက်စစ်မှူးက ဘယ်သူလဲ အဖြေပေးခဲ့တဲ့ ရာယာ
အာဆင်နယ်ဂိုးသမား ဒေးဗစ် ရာယာက မန်ချက်စတာစီးတီးတိုက်စစ်မှူး အာလင်း ဟာလန်းထက် ပိုကောင်းတယ်လို့ ထင်တဲ့ ကစားသမားကို ပြောပြခဲ့ပါတယ်။
ရာယာက ဒီရာသီမှာ နှစ်ပေါင်း ၂၀ ကြာ စောင့်ဆိုင်းခဲ့ရတဲ့ ပရီးမီးယားလိဂ်ဖလားကို အာဆင်နယ်တို့ ရရှိအောင် ကူညီပေးနိုင်ဖို့ မျှော်လင့်နေပေမယ့်လည်း မန်စီးတီး ခြေချော်မှသာ ဖြစ်နိုင်ခြေရှိနေပြီး ဟာလန်းက အကောင်းဆုံးပုံစံပြန်လည်ရရှိနေတာဖြစ်ပါတယ်။
ဟာလန်းဟာ ပြီးခဲ့တဲ့ဝုဗ်နဲ့ပွဲမှာ တစ်ဦးတည်း ၄ ဂိုးအထိ သွင်းယူပေးခဲ့ပြီး အာဆင်နယ်က လက်ရှိမှာ ရမှတ် ၈၃ မှတ်နဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာ တစ်ပွဲလျော့နေတဲ့ ဒုတိယနေရာက မန်စီးတီးထက် ၁ မှတ်အသာနဲ့ ဦးဆောင်နေတာဖြစ်ပါတယ်။
အာဆင်နယ်ကြယ်ပွင့်ဂိုးသမား ဒေးဗစ် ရာယာက အာလင်း ဟာလန်းထက် ပိုမိုကောင်းမွန်တဲ့ ကစားသမားဆိုလို့ ကမ္ဘာ့ဘောလုံးလောကမှာ တစ်ဦးတည်းရှိတယ်လို့ ယုံကြည်နေပြီး အဲဒီကစားသမားက ခီလီယန် အမ်ဘာပေဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ရာယာဟာ တစ်တော့မှာ တင်ခဲ့တဲ့ ဗီဒီယိုထဲမှာ ဟာလန်းနဲ့ အမ်ဘာပေတို့ ၂ ဦးထဲက အကောင်းဆုံးကစားသမားကို ရွေးချယ်ဖို့ မေးမြန်းခြင်းခံခဲ့ရချိန်မှာ မန်စီးတီးတိုက်စစ်မှူးကို မရွေးချယ်ခဲ့တဲ့အတွက် အာဆင်နယ်ပရိသတ်တွေက သဘောကျခဲ့ကြတာဖြစ်ပါတယ်။
“မန်စီးတီးကစားသမားကို သူမရွေးချယ်ခဲ့ဘူး”လို့ ပရိသတ်တစ်ဦးက မှတ်ချက်ပေးခဲ့ပြီး နောက်ထပ် အာဆင်နယ်ပရိသတ်တစ်ဦးကလည်း ရာယာက ရွေးချယ်မှုအားလုံးမှာ မှန်ကန်ခဲ့တယ်လို့ ထောက်ခံခဲ့ပါတယ်။
ပြင်သစ်တိုက်စစ်မှူးဟာ ပီအက်စ်ဂျီအသင်းအတွက် ၃၀၅ ပွဲမှာ သွင်းဂိုး ၂၅၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၀၈ ကြိမ်အထိ ထူးထူးခြားခြား ပြုလုပ်ပေးထားနိုင်တဲ့ ကစားသမားဖြစ်ပြီး နော်ဝေတိုက်စစ်မှူးကလည်း မန်စီးတီးအတွက် ၉၄ ပွဲမှာ သွင်းဂိုး ၈၈ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၅ ကြိမ် ပြုလုပ်ပေးထားတာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI:
အာဆင္နယ္ဂိုးသမား ေဒးဗစ္ ရာယာက မန္ခ်က္စတာစီးတီးတိုက္စစ္မႉး အာလင္း ဟာလန္းထက္ ပိုေကာင္းတယ္လို႔ ထင္တဲ့ ကစားသမားကို ေျပာျပခဲ့ပါတယ္။
ရာယာက ဒီရာသီမွာ ႏွစ္ေပါင္း ၂၀ ၾကာ ေစာင့္ဆိုင္းခဲ့ရတဲ့ ပရီးမီးယားလိဂ္ဖလားကို အာဆင္နယ္တို႔ ရရွိေအာင္ ကူညီေပးႏိုင္ဖို႔ ေမွ်ာ္လင့္ေနေပမယ့္လည္း မန္စီးတီး ေျခေခ်ာ္မွသာ ျဖစ္ႏိုင္ေျခရွိေနၿပီး ဟာလန္းက အေကာင္းဆုံးပုံစံျပန္လည္ရရွိေနတာျဖစ္ပါတယ္။
ဟာလန္းဟာ ၿပီးခဲ့တဲ့ဝုဗ္နဲ႔ပြဲမွာ တစ္ဦးတည္း ၄ ဂိုးအထိ သြင္းယူေပးခဲ့ၿပီး အာဆင္နယ္က လက္ရွိမွာ ရမွတ္ ၈၃ မွတ္နဲ႔ အမွတ္ေပးဇယားထိပ္ဆုံးမွာ တစ္ပြဲေလ်ာ့ေနတဲ့ ဒုတိယေနရာက မန္စီးတီးထက္ ၁ မွတ္အသာနဲ႔ ဦးေဆာင္ေနတာျဖစ္ပါတယ္။
အာဆင္နယ္ၾကယ္ပြင့္ဂိုးသမား ေဒးဗစ္ ရာယာက အာလင္း ဟာလန္းထက္ ပိုမိုေကာင္းမြန္တဲ့ ကစားသမားဆိုလို႔ ကမာၻ႔ေဘာလုံးေလာကမွာ တစ္ဦးတည္းရွိတယ္လို႔ ယုံၾကည္ေနၿပီး အဲဒီကစားသမားက ခီလီယန္ အမ္ဘာေပျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။
ရာယာဟာ တစ္ေတာ့မွာ တင္ခဲ့တဲ့ ဗီဒီယိုထဲမွာ ဟာလန္းနဲ႔ အမ္ဘာေပတို႔ ၂ ဦးထဲက အေကာင္းဆုံးကစားသမားကို ေ႐ြးခ်ယ္ဖို႔ ေမးျမန္းျခင္းခံခဲ့ရခ်ိန္မွာ မန္စီးတီးတိုက္စစ္မႉးကို မေ႐ြးခ်ယ္ခဲ့တဲ့အတြက္ အာဆင္နယ္ပရိသတ္ေတြက သေဘာက်ခဲ့ၾကတာျဖစ္ပါတယ္။
“မန္စီးတီးကစားသမားကို သူမေ႐ြးခ်ယ္ခဲ့ဘူး”လို႔ ပရိသတ္တစ္ဦးက မွတ္ခ်က္ေပးခဲ့ၿပီး ေနာက္ထပ္ အာဆင္နယ္ပရိသတ္တစ္ဦးကလည္း ရာယာက ေ႐ြးခ်ယ္မႈအားလုံးမွာ မွန္ကန္ခဲ့တယ္လို႔ ေထာက္ခံခဲ့ပါတယ္။
ျပင္သစ္တိုက္စစ္မႉးဟာ ပီအက္စ္ဂ်ီအသင္းအတြက္ ၃၀၅ ပြဲမွာ သြင္းဂိုး ၂၅၅ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၀၈ ႀကိမ္အထိ ထူးထူးျခားျခား ျပဳလုပ္ေပးထားႏိုင္တဲ့ ကစားသမားျဖစ္ၿပီး ေနာ္ေဝတိုက္စစ္မႉးကလည္း မန္စီးတီးအတြက္ ၉၄ ပြဲမွာ သြင္းဂိုး ၈၈ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၅ ႀကိမ္ ျပဳလုပ္ေပးထားတာျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News