ဘိုင်ယန်နဲ့ပွဲမတိုင်ခင် ဂန်းနားတွေကို သတိပေးလိုက်တဲ့ နဗီး
ဂယ်ရီ နဗီးက ဘိုင်ယန်မြူးနစ်ဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ ဥရောပအတွေ့အကြုံမရှိတဲ့ အာဆင်နယ်အတွက် အလွန်ပြင်းထန်တဲ့ စမ်းသပ်မှု တစ်ခုဖြစ်လာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။
မြောက်လန်ဒန်သားတွေဟာ စနေနေ့ညက ဘရိုက်တန်ကို ၃-၀ နဲ့ အဝေးကွင်းနိုင်ပွဲရယူနိုင်ခဲ့ပြီးနောက် တနင်္ဂနွေနေ့ညက မန်ယူနိုက်တက်နဲ့ လီဗာပူးလ်တို့ ၂-၂ သရေကျခဲ့တာကြောင့် အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက်ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာတော့ အာဆင်နယ်ဟာ အင်္ဂါနေ့ညနေ အမ်းမရိတ်စ်မှာ ဘိုင်ယန်မြူးနစ်ကို လက်ခံယှဉ်ပြိုင်သွားဖို့ ပြင်ဆင်နေတာဖြစ်ပြီး သောမတ်စ် တူဟယ်ရဲ့အသင်းကတော့ အမှတ်ပေးဇယားထိပ်ဆုံးက လေဗာကူဆင်နဲ့ ၁၆ မှတ်အကွာ ဒုတိယနေရာမှာ ရပ်တည်နေရသလို လန်ဒန်မှာ အဝေးကွင်းပရိသတ်တွေမပါဘဲ ကစားသွားရမှာဖြစ်ပါတယ်။
အာဆင်နယ်ဟာ ပုံမှန်ခြေစွမ်း ရရှိနေတဲ့အသင်းဖြစ်ပေမယ့်လည်း နဗီးက ဘိုင်ယန်မြူးနစ်ရဲ့ ချန်ပီယံလိဂ်အတွေ့အကြုံနဲ့ ထက်မြက်မှုကြောင့် ဂန်းနားတွေအတွက် ခက်ခဲတဲ့ပွဲတစ်ပွဲဖြစ်လာမယ်လို့ ဟောကိန်းထုတ်ခဲ့တာ ဖြစ်ပါတယ်။
“အာဆင်နယ်က ဘိုင်ယန်မြူးနစ်ကို အနိုင်ယူနိုင်မယ်လို့ မျှော်လင့်တာပေ့ါ။ ကျွန်တော် တကယ် မျှော်လင့်ပါတယ်။ ဒါပေမယ့် အာဆင်နယ်က ဘိုင်ယန်မြူးနစ်နဲ့ ပွဲမှာ ရုန်းကန်ရလိမ့်မယ်လို့ ကျွန်တော် တကယ်ထင်ပါတယ်။ အခုအချိန်မှာ ဘိုင်ယန်မြူးနစ်က ဘွန်ဒက်စ်လီဂါမှာ ခက်ခဲတဲ့ အချိန်တွေကို ရင်ဆိုင်နေရတယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် အာဆင်နယ်ကလည်း ကြီးမြတ်တဲ့၊ သမိုင်းကြောင်းရှိတဲ့ အဲလီးယန့်ဇ်အရီနာကို ဒုတိယအကျော့သွားကစားရင် ရုန်းကန်ရလိမ့်မယ်လို့ ကျွန်တော် ခံစားမိပါတယ်။ တစ်ခါတလေ ချန်ပီယံလိဂ်မှာပဲ ဖြစ်တတ်တဲ့အရာတွေကို သင်ယူစရာရှိလာနိုင်တယ်ဆိုတဲ့ ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် သူတို့အတွက် အဲဒီပွဲက တော်တော်လေးကို ပြင်းထန်လွန်းနိုင်ပါတယ်။ အာဆင်နယ်က လာမယ့်ရက်သတ္တပတ်အနည်းငယ်အတွင်း ဒါကို ကြုံတွေ့ရနိုင်တယ်လို့ ကျွန်တော် ထင်တယ်။ သူတို့တွေအတွက် ကောင်းမလား၊ ဆိုးမလားဆိုတာ ကျွန်တော်တို့ မသိနိုင်သေးပါဘူး။”လို့ ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI:
ဂယ္ရီ နဗီးက ဘိုင္ယန္ျမဴးနစ္ဟာ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္မွာ ဥေရာပအေတြ႕အႀကဳံမရွိတဲ့ အာဆင္နယ္အတြက္ အလြန္ျပင္းထန္တဲ့ စမ္းသပ္မႈ တစ္ခုျဖစ္လာလိမ့္မယ္လို႔ ယုံၾကည္ေနပါတယ္။
ေျမာက္လန္ဒန္သားေတြဟာ စေနေန႔ညက ဘ႐ိုက္တန္ကို ၃-၀ နဲ႔ အေဝးကြင္းႏိုင္ပြဲရယူႏိုင္ခဲ့ၿပီးေနာက္ တနဂၤေႏြေန႔ညက မန္ယူႏိုက္တက္နဲ႔ လီဗာပူးလ္တို႔ ၂-၂ သေရက်ခဲ့တာေၾကာင့္ အမွတ္ေပးဇယားထိပ္ဆုံးမွာ ဆက္လက္ရပ္တည္ႏိုင္ခဲ့တာျဖစ္ပါတယ္။
လက္ရွိမွာေတာ့ အာဆင္နယ္ဟာ အဂၤါေန႔ညေန အမ္းမရိတ္စ္မွာ ဘိုင္ယန္ျမဴးနစ္ကို လက္ခံယွဥ္ၿပိဳင္သြားဖို႔ ျပင္ဆင္ေနတာျဖစ္ၿပီး ေသာမတ္စ္ တူဟယ္ရဲ႕အသင္းကေတာ့ အမွတ္ေပးဇယားထိပ္ဆုံးက ေလဗာကူဆင္နဲ႔ ၁၆ မွတ္အကြာ ဒုတိယေနရာမွာ ရပ္တည္ေနရသလို လန္ဒန္မွာ အေဝးကြင္းပရိသတ္ေတြမပါဘဲ ကစားသြားရမွာျဖစ္ပါတယ္။
အာဆင္နယ္ဟာ ပုံမွန္ေျခစြမ္း ရရွိေနတဲ့အသင္းျဖစ္ေပမယ့္လည္း နဗီးက ဘိုင္ယန္ျမဴးနစ္ရဲ႕ ခ်န္ပီယံလိဂ္အေတြ႕အႀကဳံနဲ႔ ထက္ျမက္မႈေၾကာင့္ ဂန္းနားေတြအတြက္ ခက္ခဲတဲ့ပြဲတစ္ပြဲျဖစ္လာမယ္လို႔ ေဟာကိန္းထုတ္ခဲ့တာ ျဖစ္ပါတယ္။
“အာဆင္နယ္က ဘိုင္ယန္ျမဴးနစ္ကို အႏိုင္ယူႏိုင္မယ္လို႔ ေမွ်ာ္လင့္တာေပ့ါ။ ကြၽန္ေတာ္ တကယ္ ေမွ်ာ္လင့္ပါတယ္။ ဒါေပမယ့္ အာဆင္နယ္က ဘိုင္ယန္ျမဴးနစ္နဲ႔ ပြဲမွာ ႐ုန္းကန္ရလိမ့္မယ္လို႔ ကြၽန္ေတာ္ တကယ္ထင္ပါတယ္။ အခုအခ်ိန္မွာ ဘိုင္ယန္ျမဴးနစ္က ဘြန္ဒက္စ္လီဂါမွာ ခက္ခဲတဲ့ အခ်ိန္ေတြကို ရင္ဆိုင္ေနရတယ္ဆိုတာ ကြၽန္ေတာ္ သိပါတယ္။ ဒါေပမယ့္ အာဆင္နယ္ကလည္း ႀကီးျမတ္တဲ့၊ သမိုင္းေၾကာင္းရွိတဲ့ အဲလီးယန႔္ဇ္အရီနာကို ဒုတိယအေက်ာ့သြားကစားရင္ ႐ုန္းကန္ရလိမ့္မယ္လို႔ ကြၽန္ေတာ္ ခံစားမိပါတယ္။ တစ္ခါတေလ ခ်န္ပီယံလိဂ္မွာပဲ ျဖစ္တတ္တဲ့အရာေတြကို သင္ယူစရာရွိလာႏိုင္တယ္ဆိုတဲ့ ရႈေထာင့္ကေန ၾကည့္မယ္ဆိုရင္ သူတို႔အတြက္ အဲဒီပြဲက ေတာ္ေတာ္ေလးကို ျပင္းထန္လြန္းႏိုင္ပါတယ္။ အာဆင္နယ္က လာမယ့္ရက္သတၱပတ္အနည္းငယ္အတြင္း ဒါကို ႀကဳံေတြ႕ရႏိုင္တယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ သူတို႔ေတြအတြက္ ေကာင္းမလား၊ ဆိုးမလားဆိုတာ ကြၽန္ေတာ္တို႔ မသိႏိုင္ေသးပါဘူး။”လို႔ ေျပာၾကားခဲ့ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News