ဘရန့်တ်ဖို့ဒ်နဲ့ပွဲမှာ အာတီတာလုပ်မယ့် အဓိကအပြောင်းအလဲကို အတည်ပြုခဲ့တဲ့ ဆီးမန်း 1024 504 coyg

ဘရန့်တ်ဖို့ဒ်နဲ့ပွဲမှာ အာတီတာလုပ်မယ့် အဓိကအပြောင်းအလဲကို အတည်ပြုခဲ့တဲ့ ဆီးမန်း

အာဆင်နယ်ဂန္တဝင် ဒေးဗစ် ဆီးမန်းက ယခုအပတ် ဘရန့်တ်ဖို့ဒ်နဲ့ ယှဉ်ပြိုင်ကစားသမားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာရွန် ရမ်းစ်ဒေးလ် ပြန်လည်ပွဲထွက်ပါဝင်လာမယ်လို့ အတည်ပြုခဲ့ပုံပေါ်ပါတယ်။

အင်္ဂလန်လက်ရွေးစင်ဂိုးသမားဟာ ယခုရာသီအစောပိုင်းမှာ ဂန်းနားတွေရဲ့ ကျောနံပါတ် ၁ နေရာကို ဆုံးရှုံးခဲ့ရတာဖြစ်ပြီး ဒေးဗစ် ရာယာရဲ့ လက်စွမ်းက စိတ်မချရပေမယ့်လည်း အာတီတာရဲ့ ပွဲထွက်လူစာရင်းထဲကို ပြန်ပါဝင်နိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

ရမ်းစ်ဒေးလ်က မကြာသေးမီက ၎င်းရဲ့ ကစားသမားဘဝ စိန်ခေါ်မှုအပြင်းထန်ဆုံး ကာလဖြစ်တယ်လို့ ဖွင့်ဟခဲ့ပြီး ဖခင်ဖြစ်သူကလည်း အာတီတာဟာ သားဖြစ်သူရဲ့ ပွဲထွက်လူစာရင်းကနေ ဖယ်ရှားခံခဲ့ရမှုကို ကောင်းကောင်း မကိုင်တွယ်နိုင်ခဲ့ဘူးလို့ ဝေဖန်ခဲ့တာဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ်ဂိုးသမားဟာ ကာရာဘောင်းဖလားပြိုင်ပွဲမှာ ပါဝင်ကစားပေးခဲ့ပြီးကတည်းက မကစားရတော့ပေမယ့် လာမယ့်စနေနေ့မှာ ဩဂုတ်လကမှ အငှားနဲ့ စွန့်ခွာခဲ့တဲ့ အသင်းဟောင်းနဲ့ ပြန်လည်ရင်ဆိုင်လို့မရတဲ့ ရာယာကြောင့် ပွဲထွက်ခွင့် ရရှိမှာဖြစ်ပါတယ်။

ဆီးမန်းက ရာယာအနေနဲ့ ၎င်းရဲ့ အခွင့်အရေးကို အရယူသွားမယ်လို့ မျှော်လင့်နေပြီး လွန်းစ်နဲ့ ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင် နည်းပြ အာတီတာအတွက် တွေးစရာတွေ ပေးနိုင်လိမ့်မယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“သူ မကစားရဘူးဆိုရင် အဲဒါက သူ့ရဲ့ အခွင့်အရေး(အင်္ဂလန်အတွက် ကစားပေးဖို့)ကို အကျိုးသက်ရောက်စေမှာပါ။ ကျွန်တော် ပြောတာသာမှန်ရင် သူ ဒီအပတ်မှာ ကစားသွားရမှာပါ။ ရာယာက ကစားလို့မရဘူးလေ(မိခင်ကလပ်ဖြစ်နေတာကြောင့်)။ ဘာလို့လဲဆိုတော့ သူက အငှားနဲ့ လာကစားတာမို့လို့ပါ။ အာရွန် ဝင်ကစားလိမ့်မယ်။ သူ အခွင့်အရေးရလိမ့်မယ်။ ပြီးတော့ အဲဒီကျ ဘာတွေ ဖြစ်နေလဲဆိုတာ ကျွန်တော်တို့ မြင်ရမယ်လို့ ထင်ပါတယ်။ အာရွန်သာ ဒီအပတ်မှာ ကစားခွင့်ရခဲ့ပြီး လာမယ့်ပွဲမှာ ချန်လှပ်ခံခဲ့ရမယ်ဆိုရင် အာတီတာရဲ့ နံပါတ် ၁ က ဘယ်သူဖြစ်မလဲဆိုတာ ကျွန်တော်တို့ သိရပါပြီ။ အဲဒါက အာရွန်အတွက် ကောင်းမှာမဟုတ်ပါဘူး။ သူက ထိပ်တန်းအဆင့် ဂိုးသမားပါ။ အဲဒါနဲ့ပတ်သက်ပြီး သံသယဖြစ်စရာမရှိပါဘူး။ မီခေးလ်က တကယ်ကောင်းတဲ့ ဂိုးသမားနှစ်ယောက်ကို အရမ်းပျော်ရွှင်နေအောင် ထားရတဲ့အလုပ်ကို ရထားပါတယ်။ အာရွန်က လာမယ့်နွေရာသီကို အင်္ဂလန်ဂိုးသမားဖြစ်လာရမယ်ဆိုပြီး ဖြတ်သန်းသွားချင်ရင် သူ ကစားရဖို့လိုပါတယ်။ ဒါပေမယ့် ဇန်နဝါရီက နည်းနည်းစောလွန်းသေးတယ်လို့ ထင်ပါတယ်(အာဆင်နယ်ကနေ ထွက်ဖို့)။ ဒီအပတ်ပွဲအပြီးမှာ အဖြေတွေ အများကြီး ကျွန်တော်တို့ တွေ့ရပါလိမ့်မယ်။ မီခေးလ်တို့ ရာယာကို ခေါ်ခဲ့တဲ့အချိန်မှာ ပြောခဲ့တာကနေ စပြီး သူ ဂိုးသမားတွေကို အလှည့်ကျသုံးမယ်လို့ ပြောခဲ့တဲ့အချိန်၊ ကျွန်တော်တို့ အဲဒီပွဲပြီးတဲ့အထိ ဘာတွေ ဖြစ်လာမလဲဆိုတာကို စောင့်ကြည့်ရမှာပါ”လို့ ပြောဆိုခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: အာဆင္နယ္ဂႏၲဝင္ ေဒးဗစ္ ဆီးမန္းက ယခုအပတ္ ဘရန႔္တ္ဖို႔ဒ္နဲ႔ ယွဥ္ၿပိဳင္ကစားသမားမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္မွာ အာ႐ြန္ ရမ္းစ္ေဒးလ္ ျပန္လည္ပြဲထြက္ပါဝင္လာမယ္လို႔ အတည္ျပဳခဲ့ပုံေပၚပါတယ္။

အဂၤလန္လက္ေ႐ြးစင္ဂိုးသမားဟာ ယခုရာသီအေစာပိုင္းမွာ ဂန္းနားေတြရဲ႕ ေက်ာနံပါတ္ ၁ ေနရာကို ဆုံးရႈံးခဲ့ရတာျဖစ္ၿပီး ေဒးဗစ္ ရာယာရဲ႕ လက္စြမ္းက စိတ္မခ်ရေပမယ့္လည္း အာတီတာရဲ႕ ပြဲထြက္လူစာရင္းထဲကို ျပန္ပါဝင္ႏိုင္ျခင္းမရွိခဲ့တာျဖစ္ပါတယ္။

ရမ္းစ္ေဒးလ္က မၾကာေသးမီက ၎ရဲ႕ ကစားသမားဘဝ စိန္ေခၚမႈအျပင္းထန္ဆုံး ကာလျဖစ္တယ္လို႔ ဖြင့္ဟခဲ့ၿပီး ဖခင္ျဖစ္သူကလည္း အာတီတာဟာ သားျဖစ္သူရဲ႕ ပြဲထြက္လူစာရင္းကေန ဖယ္ရွားခံခဲ့ရမႈကို ေကာင္းေကာင္း မကိုင္တြယ္ႏိုင္ခဲ့ဘူးလို႔ ေဝဖန္ခဲ့တာျဖစ္ပါတယ္။

အသက္ ၂၅ ႏွစ္အ႐ြယ္ဂိုးသမားဟာ ကာရာေဘာင္းဖလားၿပိဳင္ပြဲမွာ ပါဝင္ကစားေပးခဲ့ၿပီးကတည္းက မကစားရေတာ့ေပမယ့္ လာမယ့္စေနေန႔မွာ ဩဂုတ္လကမွ အငွားနဲ႔ စြန႔္ခြာခဲ့တဲ့ အသင္းေဟာင္းနဲ႔ ျပန္လည္ရင္ဆိုင္လို႔မရတဲ့ ရာယာေၾကာင့္ ပြဲထြက္ခြင့္ ရရွိမွာျဖစ္ပါတယ္။

ဆီးမန္းက ရာယာအေနနဲ႔ ၎ရဲ႕ အခြင့္အေရးကို အရယူသြားမယ္လို႔ ေမွ်ာ္လင့္ေနၿပီး လြန္းစ္နဲ႔ ကစားရမယ့္ ခ်န္ပီယံလိဂ္ပြဲစဥ္မတိုင္ခင္ နည္းျပ အာတီတာအတြက္ ေတြးစရာေတြ ေပးႏိုင္လိမ့္မယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“သူ မကစားရဘူးဆိုရင္ အဲဒါက သူ႔ရဲ႕ အခြင့္အေရး(အဂၤလန္အတြက္ ကစားေပးဖို႔)ကို အက်ိဳးသက္ေရာက္ေစမွာပါ။ ကြၽန္ေတာ္ ေျပာတာသာမွန္ရင္ သူ ဒီအပတ္မွာ ကစားသြားရမွာပါ။ ရာယာက ကစားလို႔မရဘူးေလ(မိခင္ကလပ္ျဖစ္ေနတာေၾကာင့္)။ ဘာလို႔လဲဆိုေတာ့ သူက အငွားနဲ႔ လာကစားတာမို႔လို႔ပါ။ အာ႐ြန္ ဝင္ကစားလိမ့္မယ္။ သူ အခြင့္အေရးရလိမ့္မယ္။ ၿပီးေတာ့ အဲဒီက် ဘာေတြ ျဖစ္ေနလဲဆိုတာ ကြၽန္ေတာ္တို႔ ျမင္ရမယ္လို႔ ထင္ပါတယ္။ အာ႐ြန္သာ ဒီအပတ္မွာ ကစားခြင့္ရခဲ့ၿပီး လာမယ့္ပြဲမွာ ခ်န္လွပ္ခံခဲ့ရမယ္ဆိုရင္ အာတီတာရဲ႕ နံပါတ္ ၁ က ဘယ္သူျဖစ္မလဲဆိုတာ ကြၽန္ေတာ္တို႔ သိရပါၿပီ။ အဲဒါက အာ႐ြန္အတြက္ ေကာင္းမွာမဟုတ္ပါဘူး။ သူက ထိပ္တန္းအဆင့္ ဂိုးသမားပါ။ အဲဒါနဲ႔ပတ္သက္ၿပီး သံသယျဖစ္စရာမရွိပါဘူး။ မီေခးလ္က တကယ္ေကာင္းတဲ့ ဂိုးသမားႏွစ္ေယာက္ကို အရမ္းေပ်ာ္႐ႊင္ေနေအာင္ ထားရတဲ့အလုပ္ကို ရထားပါတယ္။ အာ႐ြန္က လာမယ့္ေႏြရာသီကို အဂၤလန္ဂိုးသမားျဖစ္လာရမယ္ဆိုၿပီး ျဖတ္သန္းသြားခ်င္ရင္ သူ ကစားရဖို႔လိုပါတယ္။ ဒါေပမယ့္ ဇန္နဝါရီက နည္းနည္းေစာလြန္းေသးတယ္လို႔ ထင္ပါတယ္(အာဆင္နယ္ကေန ထြက္ဖို႔)။ ဒီအပတ္ပြဲအၿပီးမွာ အေျဖေတြ အမ်ားႀကီး ကြၽန္ေတာ္တို႔ ေတြ႕ရပါလိမ့္မယ္။ မီေခးလ္တို႔ ရာယာကို ေခၚခဲ့တဲ့အခ်ိန္မွာ ေျပာခဲ့တာကေန စၿပီး သူ ဂိုးသမားေတြကို အလွည့္က်သုံးမယ္လို႔ ေျပာခဲ့တဲ့အခ်ိန္၊ ကြၽန္ေတာ္တို႔ အဲဒီပြဲၿပီးတဲ့အထိ ဘာေတြ ျဖစ္လာမလဲဆိုတာကို ေစာင့္ၾကည့္ရမွာပါ”လို႔ ေျပာဆိုခဲ့ပါတယ္။

Arsenal Myanmar

Ref: Internet