ဘယ်လင်ဟမ်လောက် အလုပ်ကြိုးစားတဲ့ ဂန်းနားကြယ်ပွင့်ကို ပြောပြခဲ့တဲ့ ဟာရီ ကိန်း
ဟာရီ ကိန်းဟာ ကစားသမားဘဝတလျှောက်လုံးမှာ မယုံနိုင်စရာကောင်းတဲ့ ကစားသမားတွေနဲ့ အလုပ်အတူတူ တွဲလုပ်ခဲ့ပြီး စပါး၊ ဘိုင်ယန်၊ အင်္ဂလန်တို့မှာ တွဲကစားဖူးတဲ့ အသင်းဖော်တွေရဲ့အကြောင်းကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဟာရီ ကိန်းဟာ ပွဲစဉ်တစ်ပွဲအတွင်း အကွာအဝေးအများဆုံး ကာဗာလုပ်ပေးနိုင်တဲ့ အသင်းဖော်က ဘယ်သူလဲလို့ မေးမြန်းခဲ့ရာမှာ ပြန်ပြောခဲ့တဲ့ အဖြေက စိတ်ဝင်စားစရာကောင်းခဲ့ပြီး အင်္ဂလန်တိုက်စစ်မှူးက ဘယ်လင်ဟမ်ဟာ တွဲကစားဖူးသမျှထဲမှာ အလုပ်အကြိုးစားဆုံးအသင်းဖော်တွေထဲက တစ်ဦးလို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
ဟာရီ ကိန်းက အာဆင်နယ်ကြယ်ပွင့် ဒီကလန် ရိုက်ကလည်း မယုံနိုင်စရာကောင်းလောက်အောင် အလုပ်ကြိုးစားတဲ့ ကစားသမားလို့ သတ်မှတ်တာဖြစ်ပြီး ဘိုင်ယန်မြူးနစ်ကြယ်ပွင့်က အင်္ဂလန်အသင်းဖော် ၂ ဦးအကြောင်း ပြောဆိုရာမှာ ဂန်းနားကြယ်ပွင့်ကို ချီးကျူးပြောဆိုမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
“ပွဲအတွင်းမှာ အကွာအဝေးအများဆုံး ပြေးလွှားကစားနိုင်တဲ့အသင်းဖော်လား။ ကျွန်တော်ကတော့ ဒီကလန် ဒါမှမဟုတ် ဂျုဒ်ကိုပဲ ရွေးမှာပါ။”လို့ အဖြေပေးခဲ့တာဖြစ်ပါတယ်။
ဒီကလန် ရိုက်ကို ဟာရီ ကိန်းက ရွေးချယ်မယ်ဆိုရင်လည်း ရွေးချယ်သင့်ပြီး အာဆင်နယ်ကြယ်ပွင့်ရဲ့ လုပ်အားနှုန်းကို ဘယ်သူကမှ မေးခွန်းထုတ်စရာမရှိတာ အမှန်ပဲ ဖြစ်ပါတယ်။ ဒီကလန် ရိုက်ဟာ ကွင်းထဲက နေရာတိုင်းကို ကာဗာပေးနိုင်ပြီး မြင်ဖူးသမျှ ကွင်းလယ်ကစားသမားတွေထဲမှာ မယုံနိုင်စရာအကောင်းဆုံး မောင်းနှင်အားရှိတဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်ပါတယ်။
ရိုက်ဟာ ဘယ်တုန်းကမှ မောပန်းနွမ်းနယ်နေတဲ့ပုံမပေါ်ခဲ့ဘဲ တည်ကန်ဘော ကာကွယ်တာပဲဖြစ်ဖြစ်၊ ပင်နယ်တီဧရိယာထဲကို နောက်ကျပြီး ရောက်လာတာဖြစ်ဖြစ် ရှိသမျှအားစိုက်ထုတ်လေ့ရှိသူဖြစ်ပါတယ်။
ဒီကလန် ရိုက်ကို ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် ဘယ်လင်ဟမ်နဲ့ နှိုင်းယှဉ်တာက ကြီးမားတဲ့ ချီးကျူးပြောဆိုမှုဖြစ်ပြီး ဒီကစားသမား ၂ ဦးက လာမယ့်နှစ်အနည်းငယ်အတွင်း အင်္ဂလန်ကွင်းလယ်မှာ အတူတူ တွဲကစားမယ်ဆိုရင် ပြိုင်ဘက်ကွင်းလယ်ကို လွှမ်းမိုးနိုင်တဲ့ အံ့အားသင့်ဖွယ် ကွင်းလယ်အတွဲဖြစ်လာမှာ သေချာပါတယ်။
ဒီကလန် ရိုက်နဲ့ ဘယ်လင်ဟမ်တို့အတွဲဟာ မြင်ဖူးသမျှ အင်္ဂလန်ကွင်းလယ်အတွဲတွေထဲမှာ အကောင်းဆုံးကွင်းလယ်တွေထဲက တစ်ခုဖြစ်လာနိုင်ပြီး လာမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲမှာ အင်္ဂလန်အတွက် အောင်မြင်မှုရရှိအောင် စွမ်းဆောင်ပေးနိုင်ကြမယ်လို့ မျှော်လင့်မိပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI:
ဟာရီ ကိန္းဟာ ကစားသမားဘဝတေလွ်ာက္လုံးမွာ မယုံႏိုင္စရာေကာင္းတဲ့ ကစားသမားေတြနဲ႔ အလုပ္အတူတူ တြဲလုပ္ခဲ့ၿပီး စပါး၊ ဘိုင္ယန္၊ အဂၤလန္တို႔မွာ တြဲကစားဖူးတဲ့ အသင္းေဖာ္ေတြရဲ႕အေၾကာင္းကို ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
ဟာရီ ကိန္းဟာ ပြဲစဥ္တစ္ပြဲအတြင္း အကြာအေဝးအမ်ားဆုံး ကာဗာလုပ္ေပးႏိုင္တဲ့ အသင္းေဖာ္က ဘယ္သူလဲလို႔ ေမးျမန္းခဲ့ရာမွာ ျပန္ေျပာခဲ့တဲ့ အေျဖက စိတ္ဝင္စားစရာေကာင္းခဲ့ၿပီး အဂၤလန္တိုက္စစ္မႉးက ဘယ္လင္ဟမ္ဟာ တြဲကစားဖူးသမွ်ထဲမွာ အလုပ္အႀကိဳးစားဆုံးအသင္းေဖာ္ေတြထဲက တစ္ဦးလို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။
ဟာရီ ကိန္းက အာဆင္နယ္ၾကယ္ပြင့္ ဒီကလန္ ႐ိုက္ကလည္း မယုံႏိုင္စရာေကာင္းေလာက္ေအာင္ အလုပ္ႀကိဳးစားတဲ့ ကစားသမားလို႔ သတ္မွတ္တာျဖစ္ၿပီး ဘိုင္ယန္ျမဴးနစ္ၾကယ္ပြင့္က အဂၤလန္အသင္းေဖာ္ ၂ ဦးအေၾကာင္း ေျပာဆိုရာမွာ ဂန္းနားၾကယ္ပြင့္ကို ခ်ီးက်ဴးေျပာဆိုမႈေတြ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။
“ပြဲအတြင္းမွာ အကြာအေဝးအမ်ားဆုံး ေျပးလႊားကစားႏိုင္တဲ့အသင္းေဖာ္လား။ ကြၽန္ေတာ္ကေတာ့ ဒီကလန္ ဒါမွမဟုတ္ ဂ်ဳဒ္ကိုပဲ ေ႐ြးမွာပါ။”လို႔ အေျဖေပးခဲ့တာျဖစ္ပါတယ္။
ဒီကလန္ ႐ိုက္ကို ဟာရီ ကိန္းက ေ႐ြးခ်ယ္မယ္ဆိုရင္လည္း ေ႐ြးခ်ယ္သင့္ၿပီး အာဆင္နယ္ၾကယ္ပြင့္ရဲ႕ လုပ္အားႏႈန္းကို ဘယ္သူကမွ ေမးခြန္းထုတ္စရာမရွိတာ အမွန္ပဲ ျဖစ္ပါတယ္။ ဒီကလန္ ႐ိုက္ဟာ ကြင္းထဲက ေနရာတိုင္းကို ကာဗာေပးႏိုင္ၿပီး ျမင္ဖူးသမွ် ကြင္းလယ္ကစားသမားေတြထဲမွာ မယုံႏိုင္စရာအေကာင္းဆုံး ေမာင္းႏွင္အားရွိတဲ့ ကစားသမားေတြထဲက တစ္ဦးျဖစ္ပါတယ္။
႐ိုက္ဟာ ဘယ္တုန္းကမွ ေမာပန္းႏြမ္းနယ္ေနတဲ့ပုံမေပၚခဲ့ဘဲ တည္ကန္ေဘာ ကာကြယ္တာပဲျဖစ္ျဖစ္၊ ပင္နယ္တီဧရိယာထဲကို ေနာက္က်ၿပီး ေရာက္လာတာျဖစ္ျဖစ္ ရွိသမွ်အားစိုက္ထုတ္ေလ့ရွိသူျဖစ္ပါတယ္။
ဒီကလန္ ႐ိုက္ကို ရီးရဲလ္မက္ဒရစ္ၾကယ္ပြင့္ ဘယ္လင္ဟမ္နဲ႔ ႏႈိင္းယွဥ္တာက ႀကီးမားတဲ့ ခ်ီးက်ဴးေျပာဆိုမႈျဖစ္ၿပီး ဒီကစားသမား ၂ ဦးက လာမယ့္ႏွစ္အနည္းငယ္အတြင္း အဂၤလန္ကြင္းလယ္မွာ အတူတူ တြဲကစားမယ္ဆိုရင္ ၿပိဳင္ဘက္ကြင္းလယ္ကို လႊမ္းမိုးႏိုင္တဲ့ အံ့အားသင့္ဖြယ္ ကြင္းလယ္အတြဲျဖစ္လာမွာ ေသခ်ာပါတယ္။
ဒီကလန္ ႐ိုက္နဲ႔ ဘယ္လင္ဟမ္တို႔အတြဲဟာ ျမင္ဖူးသမွ် အဂၤလန္ကြင္းလယ္အတြဲေတြထဲမွာ အေကာင္းဆုံးကြင္းလယ္ေတြထဲက တစ္ခုျဖစ္လာႏိုင္ၿပီး လာမယ့္ ယူ႐ို ၂၀၂၄ ၿပိဳင္ပြဲမွာ အဂၤလန္အတြက္ ေအာင္ျမင္မႈရရွိေအာင္ စြမ္းေဆာင္ေပးႏိုင္ၾကမယ္လို႔ ေမွ်ာ္လင့္မိပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Rivals' Talk
- Team News