ဖလားပြိုင်ဘက် ၃ သင်းအတွက် လက်ကျန်ပွဲတွေထဲက အခက်ဆုံးဖြစ်လာမယ့် ၅ ပွဲ 500 281 coyg

ဖလားပြိုင်ဘက် ၃ သင်းအတွက် လက်ကျန်ပွဲတွေထဲက အခက်ဆုံးဖြစ်လာမယ့် ၅ ပွဲ

ဆုဖလားပြိုင်ပွဲဟာ အာဆင်နယ်က ၂၀၂၄ ခုနှစ်မှာ ပထမဆုံးအကြိမ် ဇယားထိပ်ဆုံး တက်လှမ်းနိုင်ခဲ့ပြီးနောက် ပိုမိုရှုပ်ထွေးလာခဲ့ပြီဖြစ်ပြီး မုဆိုးက သားကောင်း ဖြစ်လာခဲ့ပြီလို့ ဆိုရမှာဖြစ်ပါတယ်။

အာတီတာရဲ့အသင်းဟာ အဆင့် ၁ နေရာကို လွယ်လွယ်နဲ့ ရောက်လာတာမဟုတ်ဘဲ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေက ဂိုးသွင်းခြေစွမ်းကောင်း ပြသခဲ့မှုက အလဟဿမဖြစ်ခဲ့ဘူးဆိုတာကို ထင်ထင်ရှားရှား မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

ဂန်းနားတွေဟာ လာမယ့် အင်္ဂါနေ့ည ပေါ်တိုနဲ့ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက် ဒုတိယအကျော့ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး ရာသီကုန်ဆုံးဖို့ကလည်း တဖြည်းဖြည်း နီးကပ်လာပြီဖြစ်လို့ ဂန်းနားတွေအတွက် လက်ကျန်ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲက အခက်ခဲဆုံးဖြစ်လာနိုင်တဲ့ပွဲ ၅ ပွဲက ဘယ်ပွဲတွေလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

မန်စီးတီး(အဝေးကွင်း)၊ မတ် ၃၁
ဘရိုက်တန်(အဝေးကွင်း)၊ ဧပြီ ၆
အက်စတန်ဗီလာ(အိမ်ကွင်း)၊ ဧပြီ ၁၃
စပါးစ်(အဝေးကွင်း)၊ ဧပြီ ၂၇
မန်ယူနိုက်တက်(အဝေးကွင်း)၊ မေ ၁၁

ဂန်းနားတွေဟာ လက်ကျန်ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲမှာ လက်ရှိ အမှတ်ပေးဇယားထိပ်ဆုံး ၁၀ နေရာထဲက အသင်းတွေနဲ့ ရင်ဆိုင်သွားရမှာဖြစ်ပြီး ပွဲရွှေ့ဆိုင်းထားတဲ့ ချဲလ်ဆီးနဲ့ပွဲကလည်း ဘယ်အချိန်ပြန်စီစဉ်သွားမလဲ မသိသေးပါဘူး။ အက်စတန် ဗီလာက ဥရောပပွဲတွေ ကစားနေရလို့ ကိုယ့်အပူနဲ့ကိုယ် ဖြစ်နေပေမယ့် ကျန်တဲ့အသင်းတွေအားလုံးက တစ်စုံတရာအတွက် ယှဉ်ပြိုင်နေလို့ လွယ်ကူမှာမဟုတ်ပါဘူး။ မြောက်လန်ဒန်ဒါဘီကလည်း မန်စီးတီးနဲ့ပွဲပြီးရင် အကြီးမားဆုံးပွဲစဉ်ဖြစ်လာမှာဖြစ်ပြီး မန်ယူနိုက်တက်ကလည်း ခြေမမှန်တာကြောင့် ကျောက်ထမှာ စိုးရိမ်ရပါတယ်။ ဂန်းနားတွေဟာ ရာသီအဆုံးမှာ တန်းဆင်းရမယ့်အရေးနဲ့ ရင်ဆိုင်နေရတဲ့ အဲဗာတန်နဲ့ အမှတ်ပေးဇယားအလယ်မှာ ဥရောပဝင်ခွင့်လည်းမဟုတ် တန်းဆင်းဇုန်တိုက်ပွဲလည်း မဝင်ရဘဲ လွတ်နေတဲ့ ဝုဗ်တို့နဲ့ ရင်ဆိုင်သွားရမှာဖြစ်လို့ မထင်မှတ်ထားဘဲ အခက်တွေ့နိုင်ပါတယ်။ အာဆင်နယ်ဟာ လာမယ့် ၃ ပတ်အတွင်း အဓိကဆုဖလားပြိုင်ဘက်တွေထဲက တစ်သင်းဖြစ်တဲ့ မန်စီးတီးနဲ့ ရင်ဆိုင်သွားရမှာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီ ဆုဖလားစိန်ခေါ်မှုတုန်းက ၂ ကျော့စလုံး ရှုံးနိမ့်ခဲ့လို့ ၅ မှတ်အကွာ ဒုတိယနေရာနဲ့ပဲ ရာသီပြီးဆုံးခဲ့ရတာပါ။ ဒီတစ်ကြိမ်မှာတော့ ဂန်းနားတွေအနေနဲ့ မန်စီးတီးကို အံ့အားသင့်အောင် လုပ်ပြသွားဖို့ လိုအပ်နေပြီဖြစ်ပြီး အဲဒါမှသာ အမှတ်ပေးဖလားနဲ့ အမှန်တကယ်ထိုက်တန်တယ်ဆိုတာ သက်သေပြသနိုင်မှာပါ။

မန်စီးတီးရဲ့ ကစားဖို့ကျန်နေသေးတဲ့ အခက်ဆုံး ၅ ပွဲ

ဝုဗ်(အိမ်)၊ မေ ၄
ဘရိုက်တန်(အဝေး)-အချိန်မသိသေး
စပါးစ်(အဝေး)၊ဧပြီ ၂၀
လီဗာပူးလ်(အဝေး)၊ မတ် ၁၀
အာဆင်နယ်(အိမ်)၊ မတ် ၃၁

မန်စီးတီးအတွက်တော့ အာဆင်နယ်နဲ့ပွဲက ဇယားထိပ်ဆုံးနေရာကို ပြန်လည်တက်လှမ်းနိုင်ဖို့ အနီးကပ်ဆုံးအခွင့်အရေးကြီးတစ်ခုဖြစ်ပါတယ်။ ဂွါဒီယိုလာရဲ့အသင်းဟာ ချန်ပီယံလိဂ်၊ အက်ဖ်အေဖလားတို့မှာလည်း နောက်ပိုင်းအဆင့်တွေကို ရောက်နေပြီဖြစ်လို့ ကြာလေကြပ်လေ ဖြစ်လာမှာပါ။

လီဗာပူးလ်ရဲ့ ကစားဖို့ကျန်နေသေးတဲ့ အခက်ဆုံး ၅ ပွဲ

အဲဗာတန်(အဝေး)၊ အချိန်မသိသေး
အက်စတန်ဗီလာ(အဝေး)၊ မေ ၁၁
စပါးစ်(အိမ်)၊ မေ ၄
မန်ယူနိုက်တက်(အဝေး)၊ ဧပြီ ၆
မန်စီးတီး(အိမ်)၊ မတ် ၁၀(ကန်ပြီး)

လီဗာပူးလ်ဟာ တနင်္ဂနွေနေ့က အန်းဖီးမှာ မန်စီးတီးနဲ့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တာကြောင့် အမှတ်ပေးဇယားထိပ်ဆုံးနေရာကနေ ဆင်းပေးခဲ့ရပြီး ရမှတ်တူ ဂိုးကွာခြားချက်သာနေတဲ့ အာဆင်နယ်ကို လွှဲပေးခဲ့ရပါပြီ။ အက်ဖ်အေဖလားနဲ့ ယူရိုပါလိဂ်တို့မှာ ယှဉ်ပြိုင်ကစားနေဆဲဖြစ်တဲ့ ကလော့ပ်ရဲ့အသင်းက ထိပ်ဆုံး ၃ သင်းထဲမှာ ဒဏ်ရာပြဿနာအဆိုးရွားဆုံးခံစားနေရတဲ့အသင်းပါ။ အက်စတန် ဗီလာနဲ့ စပါးစ်တို့ကလည်း ခြိမ်းခြောက်နိုင်စွမ်းအပြည့်ရှိပြီး မန်ယူနိုက်တက်ကလည်း အစဉ်အလာပြိုင်ဘက်မို့ အသေအလဲကန်သွားမှာပါ။ အဲဗာတန်နဲ့ မာဆေးဆိုဒ်ဒါဘီကတော့ သက်တောင့်သက်သာရှိနိုင်မယ့်ပွဲဖြစ်ပေမယ့် ပေါ့ပေါ့တန်တန် ကစားလို့တော့မရပါဘူး။ လီဗာပူးလ်ဟာ အခုအချိန်အထိ ထိပ်တန်းအသင်းတွေနဲ့ ရင်ဆိုင်ရာမှာ အနိုင်မကစားနိုင်သေးဘဲ ဒီရာသီမှာ ကလေးဗိုလ်ဖြစ်နေတယ်ဆိုတဲ့သဘောပါ။

Arsenal Myanmar

Ref: Internet

ZAWGYI: ဆုဖလားၿပိဳင္ပြဲဟာ အာဆင္နယ္က ၂၀၂၄ ခုႏွစ္မွာ ပထမဆုံးအႀကိမ္ ဇယားထိပ္ဆုံး တက္လွမ္းႏိုင္ခဲ့ၿပီးေနာက္ ပိုမိုရႈပ္ေထြးလာခဲ့ၿပီျဖစ္ၿပီး မုဆိုးက သားေကာင္း ျဖစ္လာခဲ့ၿပီလို႔ ဆိုရမွာျဖစ္ပါတယ္။

အာတီတာရဲ႕အသင္းဟာ အဆင့္ ၁ ေနရာကို လြယ္လြယ္နဲ႔ ေရာက္လာတာမဟုတ္ဘဲ ၿပီးခဲ့တဲ့ရက္သတၱပတ္ေတြက ဂိုးသြင္းေျခစြမ္းေကာင္း ျပသခဲ့မႈက အလဟႆမျဖစ္ခဲ့ဘူးဆိုတာကို ထင္ထင္ရွားရွား ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။

ဂန္းနားေတြဟာ လာမယ့္ အဂၤါေန႔ည ေပၚတိုနဲ႔ ခ်န္ပီယံလိဂ္ ၁၆ သင္းရႈံးထြက္ ဒုတိယအေက်ာ့ပြဲစဥ္အျဖစ္ ယွဥ္ၿပိဳင္ကစားသြားမွာျဖစ္ၿပီး ရာသီကုန္ဆုံးဖို႔ကလည္း တျဖည္းျဖည္း နီးကပ္လာၿပီျဖစ္လို႔ ဂန္းနားေတြအတြက္ လက္က်န္ပရီးမီးယားလိဂ္ပြဲစဥ္ေတြထဲက အခက္ခဲဆုံးျဖစ္လာႏိုင္တဲ့ပြဲ ၅ ပြဲက ဘယ္ပြဲေတြလဲဆိုတာ ေဖာ္ျပေပးလိုက္ပါတယ္။

မန္စီးတီး(အေဝးကြင္း)၊ မတ္ ၃၁
ဘ႐ိုက္တန္(အေဝးကြင္း)၊ ဧၿပီ ၆
အက္စတန္ဗီလာ(အိမ္ကြင္း)၊ ဧၿပီ ၁၃
စပါးစ္(အေဝးကြင္း)၊ ဧၿပီ ၂၇
မန္ယူႏိုက္တက္(အေဝးကြင္း)၊ ေမ ၁၁

ဂန္းနားေတြဟာ လက္က်န္ပရီးမီးယားလိဂ္ပြဲစဥ္ေတြထဲမွာ လက္ရွိ အမွတ္ေပးဇယားထိပ္ဆုံး ၁၀ ေနရာထဲက အသင္းေတြနဲ႔ ရင္ဆိုင္သြားရမွာျဖစ္ၿပီး ပြဲေ႐ႊ႕ဆိုင္းထားတဲ့ ခ်ဲလ္ဆီးနဲ႔ပြဲကလည္း ဘယ္အခ်ိန္ျပန္စီစဥ္သြားမလဲ မသိေသးပါဘူး။ အက္စတန္ ဗီလာက ဥေရာပပြဲေတြ ကစားေနရလို႔ ကိုယ့္အပူနဲ႔ကိုယ္ ျဖစ္ေနေပမယ့္ က်န္တဲ့အသင္းေတြအားလုံးက တစ္စုံတရာအတြက္ ယွဥ္ၿပိဳင္ေနလို႔ လြယ္ကူမွာမဟုတ္ပါဘူး။ ေျမာက္လန္ဒန္ဒါဘီကလည္း မန္စီးတီးနဲ႔ပြဲၿပီးရင္ အႀကီးမားဆုံးပြဲစဥ္ျဖစ္လာမွာျဖစ္ၿပီး မန္ယူႏိုက္တက္ကလည္း ေျခမမွန္တာေၾကာင့္ ေက်ာက္ထမွာ စိုးရိမ္ရပါတယ္။ ဂန္းနားေတြဟာ ရာသီအဆုံးမွာ တန္းဆင္းရမယ့္အေရးနဲ႔ ရင္ဆိုင္ေနရတဲ့ အဲဗာတန္နဲ႔ အမွတ္ေပးဇယားအလယ္မွာ ဥေရာပဝင္ခြင့္လည္းမဟုတ္ တန္းဆင္းဇုန္တိုက္ပြဲလည္း မဝင္ရဘဲ လြတ္ေနတဲ့ ဝုဗ္တို႔နဲ႔ ရင္ဆိုင္သြားရမွာျဖစ္လို႔ မထင္မွတ္ထားဘဲ အခက္ေတြ႕ႏိုင္ပါတယ္။ အာဆင္နယ္ဟာ လာမယ့္ ၃ ပတ္အတြင္း အဓိကဆုဖလားၿပိဳင္ဘက္ေတြထဲက တစ္သင္းျဖစ္တဲ့ မန္စီးတီးနဲ႔ ရင္ဆိုင္သြားရမွာျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီ ဆုဖလားစိန္ေခၚမႈတုန္းက ၂ ေက်ာ့စလုံး ရႈံးနိမ့္ခဲ့လို႔ ၅ မွတ္အကြာ ဒုတိယေနရာနဲ႔ပဲ ရာသီၿပီးဆုံးခဲ့ရတာပါ။ ဒီတစ္ႀကိမ္မွာေတာ့ ဂန္းနားေတြအေနနဲ႔ မန္စီးတီးကို အံ့အားသင့္ေအာင္ လုပ္ျပသြားဖို႔ လိုအပ္ေနၿပီျဖစ္ၿပီး အဲဒါမွသာ အမွတ္ေပးဖလားနဲ႔ အမွန္တကယ္ထိုက္တန္တယ္ဆိုတာ သက္ေသျပသႏိုင္မွာပါ။

မန္စီးတီးရဲ႕ ကစားဖို႔က်န္ေနေသးတဲ့ အခက္ဆုံး ၅ ပြဲ

ဝုဗ္(အိမ္)၊ ေမ ၄
ဘ႐ိုက္တန္(အေဝး)-အခ်ိန္မသိေသး
စပါးစ္(အေဝး)၊ဧၿပီ ၂၀
လီဗာပူးလ္(အေဝး)၊ မတ္ ၁၀
အာဆင္နယ္(အိမ္)၊ မတ္ ၃၁

မန္စီးတီးအတြက္ေတာ့ အာဆင္နယ္နဲ႔ပြဲက ဇယားထိပ္ဆုံးေနရာကို ျပန္လည္တက္လွမ္းႏိုင္ဖို႔ အနီးကပ္ဆုံးအခြင့္အေရးႀကီးတစ္ခုျဖစ္ပါတယ္။ ဂြါဒီယိုလာရဲ႕အသင္းဟာ ခ်န္ပီယံလိဂ္၊ အက္ဖ္ေအဖလားတို႔မွာလည္း ေနာက္ပိုင္းအဆင့္ေတြကို ေရာက္ေနၿပီျဖစ္လို႔ ၾကာေလၾကပ္ေလ ျဖစ္လာမွာပါ။

လီဗာပူးလ္ရဲ႕ ကစားဖို႔က်န္ေနေသးတဲ့ အခက္ဆုံး ၅ ပြဲ

အဲဗာတန္(အေဝး)၊ အခ်ိန္မသိေသး
အက္စတန္ဗီလာ(အေဝး)၊ ေမ ၁၁
စပါးစ္(အိမ္)၊ ေမ ၄
မန္ယူႏိုက္တက္(အေဝး)၊ ဧၿပီ ၆
မန္စီးတီး(အိမ္)၊ မတ္ ၁၀(ကန္ၿပီး)

လီဗာပူးလ္ဟာ တနဂၤေႏြေန႔က အန္းဖီးမွာ မန္စီးတီးနဲ႔ တစ္ဖက္ ၁ ဂိုးစီ သေရက်ခဲ့တာေၾကာင့္ အမွတ္ေပးဇယားထိပ္ဆုံးေနရာကေန ဆင္းေပးခဲ့ရၿပီး ရမွတ္တူ ဂိုးကြာျခားခ်က္သာေနတဲ့ အာဆင္နယ္ကို လႊဲေပးခဲ့ရပါၿပီ။ အက္ဖ္ေအဖလားနဲ႔ ယူ႐ိုပါလိဂ္တို႔မွာ ယွဥ္ၿပိဳင္ကစားေနဆဲျဖစ္တဲ့ ကေလာ့ပ္ရဲ႕အသင္းက ထိပ္ဆုံး ၃ သင္းထဲမွာ ဒဏ္ရာျပႆနာအဆိုး႐ြားဆုံးခံစားေနရတဲ့အသင္းပါ။ အက္စတန္ ဗီလာနဲ႔ စပါးစ္တို႔ကလည္း ၿခိမ္းေျခာက္ႏိုင္စြမ္းအျပည့္ရွိၿပီး မန္ယူႏိုက္တက္ကလည္း အစဥ္အလာၿပိဳင္ဘက္မို႔ အေသအလဲကန္သြားမွာပါ။ အဲဗာတန္နဲ႔ မာေဆးဆိုဒ္ဒါဘီကေတာ့ သက္ေတာင့္သက္သာရွိႏိုင္မယ့္ပြဲျဖစ္ေပမယ့္ ေပါ့ေပါ့တန္တန္ ကစားလို႔ေတာ့မရပါဘူး။ လီဗာပူးလ္ဟာ အခုအခ်ိန္အထိ ထိပ္တန္းအသင္းေတြနဲ႔ ရင္ဆိုင္ရာမွာ အႏိုင္မကစားႏိုင္ေသးဘဲ ဒီရာသီမွာ ကေလးဗိုလ္ျဖစ္ေနတယ္ဆိုတဲ့သေဘာပါ။

Arsenal Myanmar

Ref: Internet