ပွဲမတိုင်ခင် အာတီတာဆုံးဖြတ်ရမယ့်အရာကို ပြောပြလိုက်တဲ့ သောမတ်စ် ဖရန့်ခ်
ဘရန့်တ်ဖို့ဒ် နည်းပြ သောမတ်စ် ဖရန့်ခ်က ဒီရာသီကုန်မှာ အာဆင်နယ်အနေနဲ့ ဒေးဗစ် ရာယာကို အပြီးသတ်ခေါ်ယူဖို့များတယ်လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
ဂန်းနားတွေဟာ FFP မထိအောင် စပိန်ဂိုးသမားကို အငှားနဲ့ အရင်ဆုံး ခေါ်ယူဖို့အတွက် အငှားကြေး ပေါင် ၃ သန်း ပေးခဲ့ရတာဖြစ်ပြီး လာမယ့်နွေရာသီမှာ ပေါင် ၂၇ သန်းနဲ့ အပြီးသတ် ပြောင်းရွှေ့မယ်လို့ မျှော်မှန်းခြင်းခံထားရတာဖြစ်ပါတယ်။
ရာယာ ရောက်ရှိလာမှုက အမ်းမရိတ်စ်မှာ ပထမပွဲထွက်ဂိုးသမားအဖြစ် ပါဝင်ကစားပေးနေတဲ့ အာရွန် ရမ်းစ်ဒေးလ် ပွဲထွက်ဂိုးသမားနေရာကနေ ချန်လှပ်ခံခဲ့ရတာကြောင့် ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့ပြီး အာတီတာက တလျှောက်လုံး အခြေအနေတွေကို ထိန်းသိမ်းဖို့ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ရမ်းစ်ဒေးလ်ကို ချန်လှပ်ခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ဘောလုံးဝေဖန်သုံးသပ်သူတွေ၊ ကစားသမားဟောင်းတွေနဲ့ အာဆင်နယ်ဂိုးသမားရဲ့ဖခင်ကိုယ်တိုင်က ပြစ်တင်ဝေဖန်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး ရာယာဟာ မိခင်အသင်း ဘရန့်တ်ဖို့ဒ်နဲ့ ပြန်လည်ရင်ဆိုင်လို့မရတာကြောင့် အင်္ဂလန်လက်ရွေးစင်ဂိုးသမားအနေနဲ့ ယနေ့မှာ ပွဲထွက်ကစားခွင့်ရရှိမှာ ဖြစ်ပါတယ်။
အာဆင်နယ်နဲ့ ကစားရမယ့်ပွဲစဉ်မတိုင်ခင်မှာ ဘရန့်တ်ဖို့ဒ်နည်းပြ သောမတ်စ် ဖရန့်ခ်က လက်ရှိဖြစ်ပွားနေတဲ့ ဂိုးသမားပြဿနာကို ရှင်းလင်းသွားစေမယ့် အဖြေပေးခဲ့ပြီး ရာယာအနေနဲ့ အသင်းကနေ အပြီးသတ် ထွက်ခွာမယ်လို့ မျှော်မှန်းထားကြောင်း ဝန်ခံပြောဆိုခဲ့တာဖြစ်ပါတယ်။
“ရမ်းစ်ဒေးလ်က အရမ်းကောင်းတဲ့ဂိုးသမားပါ။ ကျွန်တော်ကတော့ ဒေးဗစ်နဲ့ အလုပ်လုပ်ခဲ့တဲ့သူဆိုတော့ သူ့ဘက်တော့ နည်းနည်းဘက်လိုက်မိတာ သိသာပါတယ်။ သူ့ကို ကျွန်တော် အူမချေးခါးမကျန် အကုန်သိပြီး သူ ဘာလုပ်နိုင်စွမ်းရှိလဲဆိုတာလည်း သိပါတယ်။ အဲဒါကြောင့် အဲဒါက အံ့အားသင့်စရာမဟုတ်ပါဘူး(ရာယာက အာဆင်နယ်ကျောနံပါတ် ၁ ဖြစ်လာတာကို)။ ဒါပေမယ့် ရမ်းစ်ဒေးလ်ကလည်း အရမ်းကောင်းတဲ့ ဂိုးသမားပါ။ အဲဒီဆုံးဖြတ်ချက်ကို ချမှတ်ရမှာက အာတီတာရဲ့ တာဝန်ပါပဲ။ သူသာ အာဆင်နယ်နဲ့ အပြီးသတ်စာချုပ်မချုပ်ဆိုခဲ့ဘူးဆိုရင် ကျွန်တော် အံ့အားသင့်မိလိမ့်မယ်လို့ ထင်ပါတယ်။ သူက အဲဒီကိုသွားခဲ့ပြီး ပွဲကစားချိန် ပိုများချင်များမယ်၊ နည်းချင်နည်းသွားလိမ့်မယ်။ ဒါက ကျွန်တော် မျှော်လင့်ထားခဲ့တဲ့အရာပါ။ အပြီးသတ် မပြောင်းရွှေ့ခဲ့ဘူးဆိုရင်လည်း အသင်းမှာ နောက်ထပ် အရမ်းကောင်းတဲ့ဂိုးသမားတစ်ယောက် ပြန်ရတာပေါ့”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: ဘရန႔္တ္ဖို႔ဒ္ နည္းျပ ေသာမတ္စ္ ဖရန႔္ခ္က ဒီရာသီကုန္မွာ အာဆင္နယ္အေနနဲ႔ ေဒးဗစ္ ရာယာကို အၿပီးသတ္ေခၚယူဖို႔မ်ားတယ္လို႔ ထုတ္ေဖာ္ ေျပာၾကားခဲ့ပါတယ္။
ဂန္းနားေတြဟာ FFP မထိေအာင္ စပိန္ဂိုးသမားကို အငွားနဲ႔ အရင္ဆုံး ေခၚယူဖို႔အတြက္ အငွားေၾကး ေပါင္ ၃ သန္း ေပးခဲ့ရတာျဖစ္ၿပီး လာမယ့္ေႏြရာသီမွာ ေပါင္ ၂၇ သန္းနဲ႔ အၿပီးသတ္ ေျပာင္းေ႐ႊ႕မယ္လို႔ ေမွ်ာ္မွန္းျခင္းခံထားရတာျဖစ္ပါတယ္။
ရာယာ ေရာက္ရွိလာမႈက အမ္းမရိတ္စ္မွာ ပထမပြဲထြက္ဂိုးသမားအျဖစ္ ပါဝင္ကစားေပးေနတဲ့ အာ႐ြန္ ရမ္းစ္ေဒးလ္ ပြဲထြက္ဂိုးသမားေနရာကေန ခ်န္လွပ္ခံခဲ့ရတာေၾကာင့္ ဟိုးေလးတေက်ာ္ေက်ာ္ျဖစ္ခဲ့ၿပီး အာတီတာက တေလွ်ာက္လုံး အေျခအေနေတြကို ထိန္းသိမ္းဖို႔ ႀကိဳးပမ္းခဲ့တာျဖစ္ပါတယ္။
ဒါေပမယ့္လည္း ရမ္းစ္ေဒးလ္ကို ခ်န္လွပ္ခဲ့တဲ့ ဆုံးျဖတ္ခ်က္နဲ႔ပတ္သက္ၿပီး ေဘာလုံးေဝဖန္သုံးသပ္သူေတြ၊ ကစားသမားေဟာင္းေတြနဲ႔ အာဆင္နယ္ဂိုးသမားရဲ႕ဖခင္ကိုယ္တိုင္က ျပစ္တင္ေဝဖန္မႈေတြ ျပဳလုပ္ခဲ့တာျဖစ္ၿပီး ရာယာဟာ မိခင္အသင္း ဘရန႔္တ္ဖို႔ဒ္နဲ႔ ျပန္လည္ရင္ဆိုင္လို႔မရတာေၾကာင့္ အဂၤလန္လက္ေ႐ြးစင္ဂိုးသမားအေနနဲ႔ ယေန႔မွာ ပြဲထြက္ကစားခြင့္ရရွိမွာ ျဖစ္ပါတယ္။
အာဆင္နယ္နဲ႔ ကစားရမယ့္ပြဲစဥ္မတိုင္ခင္မွာ ဘရန႔္တ္ဖို႔ဒ္နည္းျပ ေသာမတ္စ္ ဖရန႔္ခ္က လက္ရွိျဖစ္ပြားေနတဲ့ ဂိုးသမားျပႆနာကို ရွင္းလင္းသြားေစမယ့္ အေျဖေပးခဲ့ၿပီး ရာယာအေနနဲ႔ အသင္းကေန အၿပီးသတ္ ထြက္ခြာမယ္လို႔ ေမွ်ာ္မွန္းထားေၾကာင္း ဝန္ခံေျပာဆိုခဲ့တာျဖစ္ပါတယ္။
“ရမ္းစ္ေဒးလ္က အရမ္းေကာင္းတဲ့ဂိုးသမားပါ။ ကြၽန္ေတာ္ကေတာ့ ေဒးဗစ္နဲ႔ အလုပ္လုပ္ခဲ့တဲ့သူဆိုေတာ့ သူ႔ဘက္ေတာ့ နည္းနည္းဘက္လိုက္မိတာ သိသာပါတယ္။ သူ႔ကို ကြၽန္ေတာ္ အူမေခ်းခါးမက်န္ အကုန္သိၿပီး သူ ဘာလုပ္ႏိုင္စြမ္းရွိလဲဆိုတာလည္း သိပါတယ္။ အဲဒါေၾကာင့္ အဲဒါက အံ့အားသင့္စရာမဟုတ္ပါဘူး(ရာယာက အာဆင္နယ္ေက်ာနံပါတ္ ၁ ျဖစ္လာတာကို)။ ဒါေပမယ့္ ရမ္းစ္ေဒးလ္ကလည္း အရမ္းေကာင္းတဲ့ ဂိုးသမားပါ။ အဲဒီဆုံးျဖတ္ခ်က္ကို ခ်မွတ္ရမွာက အာတီတာရဲ႕ တာဝန္ပါပဲ။ သူသာ အာဆင္နယ္နဲ႔ အၿပီးသတ္စာခ်ဳပ္မခ်ဳပ္ဆိုခဲ့ဘူးဆိုရင္ ကြၽန္ေတာ္ အံ့အားသင့္မိလိမ့္မယ္လို႔ ထင္ပါတယ္။ သူက အဲဒီကိုသြားခဲ့ၿပီး ပြဲကစားခ်ိန္ ပိုမ်ားခ်င္မ်ားမယ္၊ နည္းခ်င္နည္းသြားလိမ့္မယ္။ ဒါက ကြၽန္ေတာ္ ေမွ်ာ္လင့္ထားခဲ့တဲ့အရာပါ။ အၿပီးသတ္ မေျပာင္းေ႐ႊ႕ခဲ့ဘူးဆိုရင္လည္း အသင္းမွာ ေနာက္ထပ္ အရမ္းေကာင္းတဲ့ဂိုးသမားတစ္ေယာက္ ျပန္ရတာေပါ့”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Rivals' Talk
- Team News