ပွဲကြီးပွဲကောင်းတွေအတွက် အဆင်သင့်မဖြစ်သေးဘူးလို့ အပြောခံခဲ့ရတဲ့ ဂန်းနားကြယ်ပွင့်
အာဆင်နယ်ဟာ တနင်္ဂနွေနေ့မှာ မန်ချက်စတာစီးတီးကို အိမ်ကွင်း အမ်းမရိတ်စ်မှာ လက်ခံယှဉ်ပြိုင်သွားမှာဖြစ်ပြီး ရာသီအစောပိုင်းသာရှိသေးပေမယ့်လည်း ဒီပွဲစဉ်ဟာ ရာသီကို အတိုင်းအတာတစ်ခုအထိ သတ်မှတ်ပေးနိုင်မယ့်ပွဲအဖြစ် ရှုမြင်ခြင်းခံထားရပါတယ်။
ယခုရာသီမှာလည်း ဒီနှစ်သင်းကပဲ ပရီးမီးယားလိဂ်ဖလားအတွက် စိန်ခေါ်သူတွေဖြစ်လာနိုင်ခြေရှိနေပြီး ဒီပွဲစဉ်မှာ အနိုင်ရရှိတဲ့သူက ကျန်တဲ့ရာသီအချိန်တွေအတွက် ကြီးမားတဲ့ စိတ်ပိုင်းဆိုင်ရာ အားသာချက်ကြီးတစ်ခု ရရှိသွားမှာဖြစ်ပါတယ်။
ကံဆိုးစွာနဲ့ အာဆင်နယ်ဟာ ဒီပွဲစဉ်ကို ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်သွားရမှာဖြစ်ပြီး မရှိမဖြစ် အဓိကကစားသမားဖြစ်တဲ့ ဘူကာယို ဆာကာက ဒဏ်ရာပြဿနာကြောင့် ပါဝင်ကစားပေးနိုင်ဖွယ်မရှိတာကြောင့် ဂန်းနားတွေအနေနဲ့ ဘယ်လိုလုပ်ရမလဲဆိုတဲ့အဖြေကို ရှာဖွေဖို့ လိုအပ်နေတာဖြစ်ပါတယ်။
ဖြစ်နိုင်ခြေရှိတဲ့ ရွေးချယ်စရာတစ်ခုအဖြစ် ရိစ် နယ်လ်ဆင်ကို ညာတောင်ပံမှာ ကစားခိုင်းသွားဖွယ်ရှိပေမယ့်လည်း စတိဗ် နီကိုးလ်က အသက် ၂၃ နှစ်အရွယ် တောင်ပံကစားသမားဟာ ဒီလိုပွဲကြီးပွဲကောင်းမျိုးအတွက် အဆင်သင့်မဖြစ်သေးလို့ ဝေဖန်လိုက်တာဖြစ်ပါတယ်။
“ကျွန်တော့်တစ်ဦးတည်းအမြင်အရ ကျွန်တော်သာဆို ဂျေးဇုကို ညာတောင်ပံထုတ်မှာပါ။ သူက အရင်တုန်းက အဲဒီနေရာမှာ ကစားဖူးတယ်။ သူ စီးတီးအတွက် ညာတောင်ပံကနေ ကစားပေးခဲ့ဖူးတယ်။ ကျွန်တော် ညာတောင်ပံမှာ ထရော့ဆာ့ဒ်၊ အန်ကီးတီးယားနဲ့ ဂျေးဇုတို့ကို ပွဲထွက်ကစားခိုင်းမှာပါ။ ရိစ် နယ်လ်ဆင် ညာတောင်ပံမှာ ပွဲထွက်ကစားခိုင်းဖို့ ပြောဆိုနေတာတွေ ရှိတယ်။ ကျွန်တော်တော့ မထင်ဘူး။ သူက ဒီလိုပွဲစဉ်မျိုးရဲ့ အရွယ်အစားအတွက် အဆင်သင့်မဖြစ်သေးဘူး။ စောစောကပြောတဲ့ တိုက်စစ် ၃ ဦးက အာတီတာလုပ်နိုင်တဲ့ အားအကောင်းဆုံး လူထုတ်ပုံပါ”လို့ ပြောကြားခဲ့ပါတယ်။
ရိစ် နယ်လ်ဆင်ကို မန်ချက်စတာစီးတီးနဲ့ ပွဲစဉ်မှာ အသုံးမပြုဖို့ ပြောဆိုမှုဟာ ပြင်းထန်လွန်းပြီး ဂန်းနားတောင်ပံကြယ်ပွင့်ဟာ ဒီလိုပွဲကြီးပွဲကောင်းမျိုးမှာ ပါဝင်ကစားပေးနေကျမဟုတ်ပေမယ့်လည်း လိုအပ်လို့ ခေါ်သုံးတဲ့အခါတိုင်း အဆင်သင့်ဖြစ်နေတဲ့ ကစားသမားမျိုးဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီ ဘုန်းမောက်နဲ့ ပွဲမှာ လူစားဝင်ကစားသမားအဖြစ်နဲ့ နောက်ဆုံးမိနစ်မှာ အနိုင်ဂိုးသွင်းယူခဲ့တဲ့ဖြစ်စဉ်အပါအဝင် ကြီးမားတဲ့အခိုက်အတန့်အချို့မှာ အာဆင်နယ်အတွက် ထွက်ပေါ်လာခဲ့ဖူးတာကို မမေ့သင့်ဘဲ စီးတီးနဲ့ပွဲမှာသာ ပွဲထွက်ခွင့်ရမယ်ဆိုရင် သံသယရှိသူတွေကို မှားယွင်းကြောင်း သက်သေပြသနိုင်မယ်လို့ မျှော်လင့်မိပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: အာဆင္နယ္ဟာ တနဂၤေႏြေန႔မွာ မန္ခ်က္စတာစီးတီးကို အိမ္ကြင္း အမ္းမရိတ္စ္မွာ လက္ခံယွဥ္ၿပိဳင္သြားမွာျဖစ္ၿပီး ရာသီအေစာပိုင္းသာရွိေသးေပမယ့္လည္း ဒီပြဲစဥ္ဟာ ရာသီကို အတိုင္းအတာတစ္ခုအထိ သတ္မွတ္ေပးႏိုင္မယ့္ပြဲအျဖစ္ ရႈျမင္ျခင္းခံထားရပါတယ္။
ယခုရာသီမွာလည္း ဒီႏွစ္သင္းကပဲ ပရီးမီးယားလိဂ္ဖလားအတြက္ စိန္ေခၚသူေတြျဖစ္လာႏိုင္ေျခရွိေနၿပီး ဒီပြဲစဥ္မွာ အႏိုင္ရရွိတဲ့သူက က်န္တဲ့ရာသီအခ်ိန္ေတြအတြက္ ႀကီးမားတဲ့ စိတ္ပိုင္းဆိုင္ရာ အားသာခ်က္ႀကီးတစ္ခု ရရွိသြားမွာျဖစ္ပါတယ္။
ကံဆိုးစြာနဲ႔ အာဆင္နယ္ဟာ ဒီပြဲစဥ္ကို ဒဏ္ရာျပႆနာေတြနဲ႔ ရင္ဆိုင္သြားရမွာျဖစ္ၿပီး မရွိမျဖစ္ အဓိကကစားသမားျဖစ္တဲ့ ဘူကာယို ဆာကာက ဒဏ္ရာျပႆနာေၾကာင့္ ပါဝင္ကစားေပးႏိုင္ဖြယ္မရွိတာေၾကာင့္ ဂန္းနားေတြအေနနဲ႔ ဘယ္လိုလုပ္ရမလဲဆိုတဲ့အေျဖကို ရွာေဖြဖို႔ လိုအပ္ေနတာျဖစ္ပါတယ္။
ျဖစ္ႏိုင္ေျခရွိတဲ့ ေ႐ြးခ်ယ္စရာတစ္ခုအျဖစ္ ရိစ္ နယ္လ္ဆင္ကို ညာေတာင္ပံမွာ ကစားခိုင္းသြားဖြယ္ရွိေပမယ့္လည္း စတိဗ္ နီကိုးလ္က အသက္ ၂၃ ႏွစ္အ႐ြယ္ ေတာင္ပံကစားသမားဟာ ဒီလိုပြဲႀကီးပြဲေကာင္းမ်ိဳးအတြက္ အဆင္သင့္မျဖစ္ေသးလို႔ ေဝဖန္လိုက္တာျဖစ္ပါတယ္။
“ကြၽန္ေတာ့္တစ္ဦးတည္းအျမင္အရ ကြၽန္ေတာ္သာဆို ေဂ်းဇုကို ညာေတာင္ပံထုတ္မွာပါ။ သူက အရင္တုန္းက အဲဒီေနရာမွာ ကစားဖူးတယ္။ သူ စီးတီးအတြက္ ညာေတာင္ပံကေန ကစားေပးခဲ့ဖူးတယ္။ ကြၽန္ေတာ္ ညာေတာင္ပံမွာ ထေရာ့ဆာ့ဒ္၊ အန္ကီးတီးယားနဲ႔ ေဂ်းဇုတို႔ကို ပြဲထြက္ကစားခိုင္းမွာပါ။ ရိစ္ နယ္လ္ဆင္ ညာေတာင္ပံမွာ ပြဲထြက္ကစားခိုင္းဖို႔ ေျပာဆိုေနတာေတြ ရွိတယ္။ ကြၽန္ေတာ္ေတာ့ မထင္ဘူး။ သူက ဒီလိုပြဲစဥ္မ်ိဳးရဲ႕ အ႐ြယ္အစားအတြက္ အဆင္သင့္မျဖစ္ေသးဘူး။ ေစာေစာကေျပာတဲ့ တိုက္စစ္ ၃ ဦးက အာတီတာလုပ္ႏိုင္တဲ့ အားအေကာင္းဆုံး လူထုတ္ပုံပါ”လို႔ ေျပာၾကားခဲ့ပါတယ္။
ရိစ္ နယ္လ္ဆင္ကို မန္ခ်က္စတာစီးတီးနဲ႔ ပြဲစဥ္မွာ အသုံးမျပဳဖို႔ ေျပာဆိုမႈဟာ ျပင္းထန္လြန္းၿပီး ဂန္းနားေတာင္ပံၾကယ္ပြင့္ဟာ ဒီလိုပြဲႀကီးပြဲေကာင္းမ်ိဳးမွာ ပါဝင္ကစားေပးေနက်မဟုတ္ေပမယ့္လည္း လိုအပ္လို႔ ေခၚသုံးတဲ့အခါတိုင္း အဆင္သင့္ျဖစ္ေနတဲ့ ကစားသမားမ်ိဳးျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ရာသီ ဘုန္းေမာက္နဲ႔ ပြဲမွာ လူစားဝင္ကစားသမားအျဖစ္နဲ႔ ေနာက္ဆုံးမိနစ္မွာ အႏိုင္ဂိုးသြင္းယူခဲ့တဲ့ျဖစ္စဥ္အပါအဝင္ ႀကီးမားတဲ့အခိုက္အတန႔္အခ်ိဳ႕မွာ အာဆင္နယ္အတြက္ ထြက္ေပၚလာခဲ့ဖူးတာကို မေမ့သင့္ဘဲ စီးတီးနဲ႔ပြဲမွာသာ ပြဲထြက္ခြင့္ရမယ္ဆိုရင္ သံသယရွိသူေတြကို မွားယြင္းေၾကာင္း သက္ေသျပသႏိုင္မယ္လို႔ ေမွ်ာ္လင့္မိပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News