ပရီးမီးယားလိဂ်သမိုင်းမှာ ဘယ်သူမှ မရဖူးတဲ့စံချိန် ရေးထိုးနိုင်တဲ့အသင်းဖြစ်လာတဲ့ အာဆင်နယ် 770 477 coyg

ပရီးမီးယားလိဂ်သမိုင်းမှာ ဘယ်သူမှ မရဖူးတဲ့စံချိန် ရေးထိုးနိုင်တဲ့အသင်းဖြစ်လာတဲ့ အာဆင်နယ်

အာဆင်နယ်ဟာ ပြက္ခဒိန်နှစ်တစ်နှစ်အတွင်းမှာ နာကျင်အချိန်ပိုသွင်းဂိုးတွေနဲ့ ပြိုင်ပွဲမှာ ၅ ပွဲအထိ အနိုင်ရဖူးတဲ့ ပထမဆုံးအသင်းအဖြစ် ပရီးမီးယားလိဂ်သမိုင်းမှာ အထင်ကြီးဖွယ် သမိုင်းရေးထိုးနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဒီကလန် ရိုက်ရဲ့ နောက်ကျ ခေါင်းတိုက်သွင်းဂိုးကြောင့် ဂန်းနားတွေဟာ လူတန်တောင်းကို အဝေးကွင်းမှာ အင်္ဂါနေ့ညက ၄-၃ နဲ့ နိုင်ပွဲရယူနိုင်ခဲ့ပြီး အာတီတာရဲ့အသင်းအတွက် အရေးကြီးတဲ့အနိုင် ၃ မှတ်ဖြစ်ခဲ့တယ်ဆိုတာ ဗုဒ္ဓဟူးနေ့ညပွဲစဉ်တွေအပြီးမှာ ပိုမိုသိသာထင်ရှားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းကလည်း ဘုန်းမောက်အိမ်ကွင်းမှာ ရိစ် နယ်လ်ဆင်ရဲ့ နာကျင်အချိန်ပို သွင်းဂိုးလိုမျိုး အလားတူ အခိုက်အတန့်တွေကို ပရိသတ်တွေ မြင်တွေ့ခဲ့ရပြီး အာဆင်နယ်ဟာ ပွဲမပြီးမချင်း ဘာမှ ပြောလို့မရဘူးဆိုတဲ့ အစဉ်အလာတစ်ခုကို ပြုလုပ်နေတာဖြစ်ပါတယ်။

ဒီလိုမျိုး အထင်ကြီးဖွယ် မှတ်တမ်းဟာ အာတီတာရဲ့လက်အောက်မှာ ဂန်းနားတွေရဲ့ စိတ်ဓာတ်ပိုင်း ကြံ့ခိုင်မှု အများကြီး တိုးတက်လာတယ်ဆိုတာကို မီးမောင်းထိုးပြနေတာဖြစ်ပြီး လက်ရှိမှာတော့ ဂန်းနားတွေဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့အပြင် ပရီးမီးယားလိဂ်သမိုင်းမှာ တစ်ခါမှ မရှိဖူးတဲ့ စံချိန်တစ်ခုကိုလည်း ရေးထိုးနိုင်ခဲ့ပြီဖြစ်ပါတယ်။

အဲဒီစံချိန်ကတော့ ပြက္ခဒိန်နှစ်တစ်နှစ်အတွင်းမှာ နာကျင်အချိန်ပို သွင်းဂိုးတွေကနေတဆင့် ၅ ပွဲအထိ နိုင်ပွဲရဖူးတဲ့ ပထမဆုံးသောအသင်းဖြစ်လာခဲ့တာဖြစ်ပြီး ဒီလိုမျိုး နောက်ကျအနိုင်ဂိုးတွေက စိတ်ကျေနပ်ဖို့ကောင်းပေမယ့်လည်း နောက်လာမယ့်ပွဲစဉ်တွေမှာ ပွဲကို စောစောစီးစီး အနိုင်ပိုင်းထားနိုင်ဖို့ ပရိသတ်တွေ မျှော်လင့်နေကြမှာအမှန်ပါပဲ။

Arsenal Myanmar

Ref: Internet

ZAWGYI: အာဆင္နယ္ဟာ ျပကၡဒိန္ႏွစ္တစ္ႏွစ္အတြင္းမွာ နာက်င္အခ်ိန္ပိုသြင္းဂိုးေတြနဲ႔ ၿပိဳင္ပြဲမွာ ၅ ပြဲအထိ အႏိုင္ရဖူးတဲ့ ပထမဆုံးအသင္းအျဖစ္ ပရီးမီးယားလိဂ္သမိုင္းမွာ အထင္ႀကီးဖြယ္ သမိုင္းေရးထိုးႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

ဒီကလန္ ႐ိုက္ရဲ႕ ေနာက္က် ေခါင္းတိုက္သြင္းဂိုးေၾကာင့္ ဂန္းနားေတြဟာ လူတန္ေတာင္းကို အေဝးကြင္းမွာ အဂၤါေန႔ညက ၄-၃ နဲ႔ ႏိုင္ပြဲရယူႏိုင္ခဲ့ၿပီး အာတီတာရဲ႕အသင္းအတြက္ အေရးႀကီးတဲ့အႏိုင္ ၃ မွတ္ျဖစ္ခဲ့တယ္ဆိုတာ ဗုဒၶဟူးေန႔ညပြဲစဥ္ေတြအၿပီးမွာ ပိုမိုသိသာထင္ရွားခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရာသီတုန္းကလည္း ဘုန္းေမာက္အိမ္ကြင္းမွာ ရိစ္ နယ္လ္ဆင္ရဲ႕ နာက်င္အခ်ိန္ပို သြင္းဂိုးလိုမ်ိဳး အလားတူ အခိုက္အတန႔္ေတြကို ပရိသတ္ေတြ ျမင္ေတြ႕ခဲ့ရၿပီး အာဆင္နယ္ဟာ ပြဲမၿပီးမခ်င္း ဘာမွ ေျပာလို႔မရဘူးဆိုတဲ့ အစဥ္အလာတစ္ခုကို ျပဳလုပ္ေနတာျဖစ္ပါတယ္။

ဒီလိုမ်ိဳး အထင္ႀကီးဖြယ္ မွတ္တမ္းဟာ အာတီတာရဲ႕လက္ေအာက္မွာ ဂန္းနားေတြရဲ႕ စိတ္ဓာတ္ပိုင္း ႀကံ့ခိုင္မႈ အမ်ားႀကီး တိုးတက္လာတယ္ဆိုတာကို မီးေမာင္းထိုးျပေနတာျဖစ္ၿပီး လက္ရွိမွာေတာ့ ဂန္းနားေတြဟာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားကို ဦးေဆာင္ေနတဲ့အျပင္ ပရီးမီးယားလိဂ္သမိုင္းမွာ တစ္ခါမွ မရွိဖူးတဲ့ စံခ်ိန္တစ္ခုကိုလည္း ေရးထိုးႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

အဲဒီစံခ်ိန္ကေတာ့ ျပကၡဒိန္ႏွစ္တစ္ႏွစ္အတြင္းမွာ နာက်င္အခ်ိန္ပို သြင္းဂိုးေတြကေနတဆင့္ ၅ ပြဲအထိ ႏိုင္ပြဲရဖူးတဲ့ ပထမဆုံးေသာအသင္းျဖစ္လာခဲ့တာျဖစ္ၿပီး ဒီလိုမ်ိဳး ေနာက္က်အႏိုင္ဂိုးေတြက စိတ္ေက်နပ္ဖို႔ေကာင္းေပမယ့္လည္း ေနာက္လာမယ့္ပြဲစဥ္ေတြမွာ ပြဲကို ေစာေစာစီးစီး အႏိုင္ပိုင္းထားႏိုင္ဖို႔ ပရိသတ္ေတြ ေမွ်ာ္လင့္ေနၾကမွာအမွန္ပါပဲ။

Arsenal Myanmar

Ref: Internet