ပရိသတ်တွေ စိတ်လွတ်သွားအောင် လုပ်မိနိုင်တယ်လို့ အာတီတာကို သတိပေးခဲ့တဲ့ ဆပ်တန် 1024 683 coyg

ပရိသတ်တွေ စိတ်လွတ်သွားအောင် လုပ်မိနိုင်တယ်လို့ အာတီတာကို သတိပေးခဲ့တဲ့ ဆပ်တန်

အာဆင်နယ်ဟာ ယခုအပတ်မှာ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်အဖြစ် တနင်္ဂနွေနေ့ အမ်းမရိတ်စ်မှာ လီဗာပူးလ်ကို လက်ခံယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

ဂန်းနားတွေဟာ ခက်ခဲတဲ့ ပွဲကြပ်ကာလနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် ပွဲ ၂၀ ကစားပြီးချိန်မှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယား ထိပ်ဆုံးကနေ အဆင့် ၄ နေရာအထိ ကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အာဆင်နယ်ဟာ ဒီထက်ပိုမိုခက်ခဲခဲ့တဲ့အချိန်တွေတုန်းကတောင်မှ ကောင်းကောင်း လုပ်နိုင်ခဲ့လေ့ရှိတဲ့ အက်ဖ်အေဖလား ပြိုင်ပွဲကို အာရုံစိုက်သွားတော့မှာဖြစ်ပြီး ကံဆိုးစွာနဲ့ ဂန်းနားတွေဟာ လက်ရှိ အမှတ်ပေးဇယားဦးဆောင်သူတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ထိပ်တန်းအသင်းတွေဟာ ဖလားပြိုင်ပွဲ အစောပိုင်းအဆင့်တွေမှာ လူစာရင်းကို အလှည့်ကျ ပွဲထုတ်လေ့ရှိပြီး တနင်္ဂနွေနေ့ည အာဆင်နယ်နဲ့ လီဗာပူးလ်တို့ပွဲစဉ်မှာလည်း အဲဒီလိုမျိုး ဖြစ်လာနိုင်ဖွယ်ရှိနေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆပ်တန်က ဂန်းနားပရိသတ်တွေဟာ အာတီတာသာ လီဗာပူးလ်နဲ့ ရင်ဆိုင်ကစားရမယ့်ပွဲစဉ်မှာ ပွဲထွက်လူစာရင်းကို အပြောင်းအလဲတွေ အများကြီး ပြုလုပ်ခဲ့မယ်ဆိုရင် ကျေနပ်ကြမှာမဟုတ်ဘူးလို့ ယုံကြည်နေတာဖြစ်ပါတယ်။

“အာတီတာက အရင်တုန်းကလည်း အပြောင်းအလဲတွေ ပြုလုပ်ခဲ့ဖူးတယ်လို့ ထင်တယ်။ ဒါပေမယ့် အခုအချိန် အာဆင်နယ်ရှိနေတဲ့နေရာက လီဗာပူးလ်ထက် ရမှတ်အနည်းငယ် ပိုများတဲ့ ဇယားထိပ်နေရာမှာဆိုရင်တော့ အာတီတာ အပြောင်းအလဲတွေ ပြုလုပ်ကောင်း ပြုလုပ်လိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ ဒါပေမယ့် ခင်ဗျားက အာဆင်နယ်ပရိသတ်ဖြစ်နေတဲ့အခါမှာ အာတီတာက လူစာရင်းတစ်ခုလုံးကို အပြောင်းအလဲတွေ ပြုလုပ်တာမြင်ရင် ခင်ဗျား စိတ်လွတ်သွားလောက်အောင် ဒေါသထွက်လိမ့်မယ်လို့ ကျွန်တော် ထင်တယ်”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: အာဆင္နယ္ဟာ ယခုအပတ္မွာ အက္ဖ္ေအဖလား တတိယအဆင့္ပြဲစဥ္အျဖစ္ တနဂၤေႏြေန႔ အမ္းမရိတ္စ္မွာ လီဗာပူးလ္ကို လက္ခံယွဥ္ၿပိဳင္သြားမွာ ျဖစ္ပါတယ္။

ဂန္းနားေတြဟာ ခက္ခဲတဲ့ ပြဲၾကပ္ကာလနဲ႔ ရင္ဆိုင္ခဲ့ရၿပီးေနာက္ ပြဲ ၂၀ ကစားၿပီးခ်ိန္မွာ ပရီးမီးယားလိဂ္အမွတ္ေပးဇယား ထိပ္ဆုံးကေန အဆင့္ ၄ ေနရာအထိ က်ဆင္းသြားခဲ့တာ ျဖစ္ပါတယ္။

လက္ရွိမွာေတာ့ အာဆင္နယ္ဟာ ဒီထက္ပိုမိုခက္ခဲခဲ့တဲ့အခ်ိန္ေတြတုန္းကေတာင္မွ ေကာင္းေကာင္း လုပ္ႏိုင္ခဲ့ေလ့ရွိတဲ့ အက္ဖ္ေအဖလား ၿပိဳင္ပြဲကို အာ႐ုံစိုက္သြားေတာ့မွာျဖစ္ၿပီး ကံဆိုးစြာနဲ႔ ဂန္းနားေတြဟာ လက္ရွိ အမွတ္ေပးဇယားဦးေဆာင္သူေတြနဲ႔ ရင္ဆိုင္ရမွာ ျဖစ္ပါတယ္။

ထိပ္တန္းအသင္းေတြဟာ ဖလားၿပိဳင္ပြဲ အေစာပိုင္းအဆင့္ေတြမွာ လူစာရင္းကို အလွည့္က် ပြဲထုတ္ေလ့ရွိၿပီး တနဂၤေႏြေန႔ည အာဆင္နယ္နဲ႔ လီဗာပူးလ္တို႔ပြဲစဥ္မွာလည္း အဲဒီလိုမ်ိဳး ျဖစ္လာႏိုင္ဖြယ္ရွိေနတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဆပ္တန္က ဂန္းနားပရိသတ္ေတြဟာ အာတီတာသာ လီဗာပူးလ္နဲ႔ ရင္ဆိုင္ကစားရမယ့္ပြဲစဥ္မွာ ပြဲထြက္လူစာရင္းကို အေျပာင္းအလဲေတြ အမ်ားႀကီး ျပဳလုပ္ခဲ့မယ္ဆိုရင္ ေက်နပ္ၾကမွာမဟုတ္ဘူးလို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“အာတီတာက အရင္တုန္းကလည္း အေျပာင္းအလဲေတြ ျပဳလုပ္ခဲ့ဖူးတယ္လို႔ ထင္တယ္။ ဒါေပမယ့္ အခုအခ်ိန္ အာဆင္နယ္ရွိေနတဲ့ေနရာက လီဗာပူးလ္ထက္ ရမွတ္အနည္းငယ္ ပိုမ်ားတဲ့ ဇယားထိပ္ေနရာမွာဆိုရင္ေတာ့ အာတီတာ အေျပာင္းအလဲေတြ ျပဳလုပ္ေကာင္း ျပဳလုပ္လိမ့္မယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ ဒါေပမယ့္ ခင္ဗ်ားက အာဆင္နယ္ပရိသတ္ျဖစ္ေနတဲ့အခါမွာ အာတီတာက လူစာရင္းတစ္ခုလုံးကို အေျပာင္းအလဲေတြ ျပဳလုပ္တာျမင္ရင္ ခင္ဗ်ား စိတ္လြတ္သြားေလာက္ေအာင္ ေဒါသထြက္လိမ့္မယ္လို႔ ကြၽန္ေတာ္ ထင္တယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

Arsenal Myanmar

Ref: Internet