ဒူဘိုင်းအပြန် အားတက်စရာဒဏ်ရာသတင်း ၃ ခုနဲ့ အဓိကအပြောင်းအရွှေ့အစီအစဉ်တစ်ခုပါလာတဲ့ အာတီတာ 810 539 coyg

ဒူဘိုင်းအပြန် အားတက်စရာဒဏ်ရာသတင်း ၃ ခုနဲ့ အဓိကအပြောင်းအရွှေ့အစီအစဉ်တစ်ခုပါလာတဲ့ အာတီတာ

အာဆင်နယ်အသင်းဟာ ယနေ့မှာ ဒူဘိုင်းမှာ စခန်းသွင်းလေ့ကျင့်နေရာကနေ မြောက်လန်ဒန်ကို ပြန်လည်ရောက်ရှိလာပြီဖြစ်ပြီး အာတီတာအနေနဲ့ ဒီအပတ် ခရစ္စတယ် ပဲလေ့စ်နဲ့ပွဲမတိုင်ခင် ကစားသမားတွေကို အနားပေးသွားမှာမဟုတ်ဘူးလို့ နားလည်ရပါတယ်။

အာဆင်နယ်ကစားသမားတွေဟာ လာမယ့်ရက်ပိုင်းအတွင်း ကစားရမယ့် ပွဲစဉ်အတွက် ချမ်းအေးလှတဲ့ လန်ဒန် ကိုလ်နီကွင်းမှာ လေ့ကျင့်ရေးတွေ ဆက်လက်ပြုလုပ်သွားရမှာဖြစ်ပြီး စနေနေ့မှာတော့ အမ်းမရိတ်စ်မှာ ပွဲကောင်းတစ်ပွဲကစားသွားရမှာဖြစ်ပါတယ်။

ဒူဘိုင်းက အပူချိန်ဟာ ၂၄ ဒီဂရီ ဆဲလ်စီးယပ်စ်လောက်သာ ရှိတာကြောင့် ပူနွေးပြီး နေထိုင်ကောင်းတဲ့ ရာသီဥတုဖြစ်ပေမယ့်လည်း ယနေ့လန်ဒန်ကိုလ်နီမှာတော့ အပူချိန်က ၄ ဒီဂရီ ဆဲလ်စီးယပ်စ်သာ ရှိတာဖြစ်ပါတယ်။ ရာသီဥတုအပြောင်းအလဲက တော်တော်လေး ပြင်းထန်ပေမယ့်လည်း ကစားသမားအချို့အတွက်တော့ ဒဏ်ရာကနေ ပြန်လည်သက်သာလာဖို့အတွက် အခွင့်အရေးတွေနဲ့အတူ ကောင်းကျိုးတွေအများကြီးရှိခဲ့မှာဖြစ်ပါတယ်။

ဂါဘရီယဲလ် ဂျေးဇုဟာ လေ့ကျင့်ရေး အပြည့်ပြန်ဆင်းခဲ့သလို ဇင်ချန်ကိုကလည်း အာဆင်နယ်ရဲ့ နောက်ဆုံး ၂ ပွဲစလုံးကို လွဲချော်စေခဲ့တဲ့ ခြေသလုံးဒဏ်ရာကနေ ပြန်လည်သက်သာလာဖို့ ဆက်လက် လုပ်ဆောင်နေတာဖြစ်ပါတယ်။

ဘရာဇီးလ်တိုက်စစ်မှူးဟာ လီဗာပူးလ်ကို ရှုံးနိမ့်ခဲ့တဲ့ အက်ဖ်အေဖလား ပွဲစဉ်ကို အသေးစား ဒူးဒဏ်ရာပြဿနာကြောင့် လွဲချော်ခဲ့ပြီး အာတီတာက ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ လူစာရင်းထဲ ပါဝင်လာနိုင်တဲ့ အလားအလာရှိတဲ့ ရွေးချယ်စရာ ၄ ဦးနဲ့အတူ တိုက်စစ်မှူးတွေထဲက ဘယ်သူ့ကို ပွဲထွက်ခွင့်ပေးမလဲဆိုတာကို ဆုံးဖြတ်ချက်ချမှတ်သွားမှာဖြစ်ပါတယ်။

ဂျေးဇုဟာ စပိန်လူမျိုးနည်းပြ ရွေးချယ်နိုင်တဲ့ တိုက်စစ်မှူး ၄ ဦးထဲမှာ ကိုင် ဟာဗတ်ဇ်၊ အန်ကီးတီးယား၊ ထရော့ဆာ့ဒ်တို့နဲ့အတူ ပါဝင်နေပြီး တင်းဘားကလည်း မြက်ခင်းပြင် ပြင်ပမှာ ဘောလုံးနဲ့အတူ လေ့ကျင့်ခန်း စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။

နယ်သာလန်နောက်ခံလူဟာ လေ့ကျင့်ရေးအပြည့်ပြန်ဆင်းနိုင်ဖို့ အချိန်တော်တော်လေး လိုသေးပေမယ့်လည်း မတ်လမှာ ပြန်လည်ပါဝင်ကစားနိုင်ခြေရှိတယ်လို့ အကောင်းမြင်မှုတွေ ရှိနေတာဖြစ်ပါတယ်။ ပါတေးနဲ့ ဗီယာရာတို့ကတော့ ပြီးခဲ့တဲ့နှစ်မှာ ပြုလုပ်ခဲ့တဲ့ ခွဲစိတ်ကုသမှုတွေကနေ ပြန်လည်သက်သာလာဖို့ ဆက်လက်လုပ်ဆောင်နေတာကြောင့် ဒူဘိုင်းမှာ အသင်းဖော်တွေနဲ့ မပူးပေါင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဂါနာကွင်းလယ်ကြယ်ပွင့်အနေနဲ့ ဒီလကုန်လောက်မှာ ပြန်လည်ပါဝင်ကစားပေးနိုင်ဖို့ မျှော်လင့်ထားပေမယ့်လည်း အာတီတာက အရှေ့အလယ်ပိုင်းကို မသွားမီ ပါတေးနဲ့ ဗီယာရာတို့ ပြန်လည်ပါဝင်ကစားနိုင်မယ့်အချိန်နဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ ရက်သတ္တပတ်အနည်းငယ်လောက်လို့ မျှော်လင့်တယ်လို့ တုံ့ပြန်ခဲ့တာကြောင့် ဒီလကုန်တော့ ပြန်ကစားပေးနိုင်ဦးမှာမဟုတ်ပါဘူး။

ဘန် ဝှိုက်ကလည်း ဒဏ်ရာရနေရင်းနဲ့ ကစားပေးနေခဲ့ရတာဖြစ်ပြီး ဆောင်းရာသီအားလပ်ရက်က ညာနောက်ခံကစားသမားအတွက် ပြန်လည်သက်သာလာဖို့အတွက် အခွင့်အရေးတစ်ခုဖြစ်ခဲ့မှာဖြစ်ပါတယ်။

အာဆင်နယ် အားကစားဒါရိုက်တာ အီဒူးဟာ ယခုအပတ် ဖီဖာရဲ့ The Best ဆုပေးပွဲတက်ရောက်ဖို့အတွက် အသင်းသားတွေထက် စောပြီး လန်ဒန်ကို ပြန်လာခဲ့တာကြောင့် အလုပ်အချို့ လုပ်သွားဖို့ စီစဉ်ထားပြီးဖြစ်မှာဖြစ်ပေမယ့်လည်း ကစားသမားအထွက်တွေက အရင်ဖြစ်လာနိုင်ပါတယ်။

ဒူဘိုင်းမှာ အသင်းနဲ့အတူလေ့ကျင့်ရေးဆင်းခဲ့တဲ့ ဆီးဒရစ် ဆိုအာရက်စ်ဟာ တူရကီနဲ့ စပိန်ကလပ်တွေဆီကနေ စိတ်ဝင်စားမှုကို ခံနေရပေမယ့်လည်း ဘာသဘောတူညီမှုမှ ရထားတာမရှိသေးဘဲ ဘက်ရှစ်တက်ရှ်က အနီးကပ်စောင့်ကြည့်နေတာဖြစ်ပါတယ်။

မိုဟာမက် အယ်လ်နန်နီက နောက်ထပ် ထွက်ခွာနိုင်ခြေရှိတဲ့ကစားသမားဖြစ်ပေမယ့်လည်း လက်ရှိမှာတော့ အာဖရိကဖလားပြိုင်ပွဲမှာ အီဂျစ်လက်ရွေးစင်အသင်းနဲ့အတူ ပါဝင်ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။

ဇန်နဝါရီအပြောင်းအရွှေ့ကာလက တစ်ဝက်ကျိုးခဲ့ပြီဖြစ်ပေမယ့်လည်း အသင်းတော်တော်များများက အပြောင်းအရွှေ့တွေ သိပ်မလုပ်နိုင်သေးဘဲ အဲဗာတန်နဲ့ နော်တင်ဟမ်ဖောရက်စ်တို့ FFP ထပ်ငြိသွားတာကြောင့်လည်း အရှိန်တန့်သွားကြတာဖြစ်နိုင်ပါတယ်။

အာဆင်နယ်ဟာ လုပ်ဆောင်ချင်တဲ့ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်အောင် ဘဏ္ဍာရေးပိုင်းဆိုင်ရာ လွတ်လမ်းအနည်းငယ်ရှိတာကို သိရှိတာကြောင့် လုပ်ဆောင်နေမှာဖြစ်ပြီး အယ်လ်နန်နီနဲ့ ဆီးဒရစ်တို့ရဲ့ အပြောင်းအရွှေ့က ဒီအခြေအနေကို ပြောင်းလဲနိုင်ဖို့ မလုံလောက်တာကို သိထားမှာဖြစ်ပါတယ်။

ဒါကြောင့် ဒူဘိုင်းကနေ ပြန်ရောက်တာနဲ့ ကြီးမားတဲ့ ကစားသမားရောင်းချမှုတွေကို ပြုလုပ်သွားမှာဖြစ်ပြီး ယူကေပြန်ရောက်တဲ့အချိန်နဲ့ ပဲလေ့စ်ပွဲက သိပ်မကွာတဲ့အပြင် ဗြိတိန်ရာသီဥတုပြင်းထန်မှုနဲ့ အသားကျအောင် ပြန်လုပ်ရနိုင်ပြီး ပဲလေ့စ်ဟာ ယနေ့ည ဂွတ်ဒီဆင်ပါ့ခ်မှာ အက်ဖ်အေဖလားပြန်ကန်ပွဲကစားသွားဖို့ ရှိနေပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: အာဆင္နယ္အသင္းဟာ ယေန႔မွာ ဒူဘိုင္းမွာ စခန္းသြင္းေလ့က်င့္ေနရာကေန ေျမာက္လန္ဒန္ကို ျပန္လည္ေရာက္ရွိလာၿပီျဖစ္ၿပီး အာတီတာအေနနဲ႔ ဒီအပတ္ ခရစၥတယ္ ပဲေလ့စ္နဲ႔ပြဲမတိုင္ခင္ ကစားသမားေတြကို အနားေပးသြားမွာမဟုတ္ဘူးလို႔ နားလည္ရပါတယ္။

အာဆင္နယ္ကစားသမားေတြဟာ လာမယ့္ရက္ပိုင္းအတြင္း ကစားရမယ့္ ပြဲစဥ္အတြက္ ခ်မ္းေအးလွတဲ့ လန္ဒန္ ကိုလ္နီကြင္းမွာ ေလ့က်င့္ေရးေတြ ဆက္လက္ျပဳလုပ္သြားရမွာျဖစ္ၿပီး စေနေန႔မွာေတာ့ အမ္းမရိတ္စ္မွာ ပြဲေကာင္းတစ္ပြဲကစားသြားရမွာျဖစ္ပါတယ္။

ဒူဘိုင္းက အပူခ်ိန္ဟာ ၂၄ ဒီဂရီ ဆဲလ္စီးယပ္စ္ေလာက္သာ ရွိတာေၾကာင့္ ပူေႏြးၿပီး ေနထိုင္ေကာင္းတဲ့ ရာသီဥတုျဖစ္ေပမယ့္လည္း ယေန႔လန္ဒန္ကိုလ္နီမွာေတာ့ အပူခ်ိန္က ၄ ဒီဂရီ ဆဲလ္စီးယပ္စ္သာ ရွိတာျဖစ္ပါတယ္။ ရာသီဥတုအေျပာင္းအလဲက ေတာ္ေတာ္ေလး ျပင္းထန္ေပမယ့္လည္း ကစားသမားအခ်ိဳ႕အတြက္ေတာ့ ဒဏ္ရာကေန ျပန္လည္သက္သာလာဖို႔အတြက္ အခြင့္အေရးေတြနဲ႔အတူ ေကာင္းက်ိဳးေတြအမ်ားႀကီးရွိခဲ့မွာျဖစ္ပါတယ္။

ဂါဘရီယဲလ္ ေဂ်းဇုဟာ ေလ့က်င့္ေရး အျပည့္ျပန္ဆင္းခဲ့သလို ဇင္ခ်န္ကိုကလည္း အာဆင္နယ္ရဲ႕ ေနာက္ဆုံး ၂ ပြဲစလုံးကို လြဲေခ်ာ္ေစခဲ့တဲ့ ေျခသလုံးဒဏ္ရာကေန ျပန္လည္သက္သာလာဖို႔ ဆက္လက္ လုပ္ေဆာင္ေနတာျဖစ္ပါတယ္။

ဘရာဇီးလ္တိုက္စစ္မႉးဟာ လီဗာပူးလ္ကို ရႈံးနိမ့္ခဲ့တဲ့ အက္ဖ္ေအဖလား ပြဲစဥ္ကို အေသးစား ဒူးဒဏ္ရာျပႆနာေၾကာင့္ လြဲေခ်ာ္ခဲ့ၿပီး အာတီတာက ခရစၥတယ္ပဲေလ့စ္နဲ႔ပြဲမွာ လူစာရင္းထဲ ပါဝင္လာႏိုင္တဲ့ အလားအလာရွိတဲ့ ေ႐ြးခ်ယ္စရာ ၄ ဦးနဲ႔အတူ တိုက္စစ္မႉးေတြထဲက ဘယ္သူ႔ကို ပြဲထြက္ခြင့္ေပးမလဲဆိုတာကို ဆုံးျဖတ္ခ်က္ခ်မွတ္သြားမွာျဖစ္ပါတယ္။

ေဂ်းဇုဟာ စပိန္လူမ်ိဳးနည္းျပ ေ႐ြးခ်ယ္ႏိုင္တဲ့ တိုက္စစ္မႉး ၄ ဦးထဲမွာ ကိုင္ ဟာဗတ္ဇ္၊ အန္ကီးတီးယား၊ ထေရာ့ဆာ့ဒ္တို႔နဲ႔အတူ ပါဝင္ေနၿပီး တင္းဘားကလည္း ျမက္ခင္းျပင္ ျပင္ပမွာ ေဘာလုံးနဲ႔အတူ ေလ့က်င့္ခန္း စတင္လုပ္ေဆာင္ေနၿပီျဖစ္ပါတယ္။

နယ္သာလန္ေနာက္ခံလူဟာ ေလ့က်င့္ေရးအျပည့္ျပန္ဆင္းႏိုင္ဖို႔ အခ်ိန္ေတာ္ေတာ္ေလး လိုေသးေပမယ့္လည္း မတ္လမွာ ျပန္လည္ပါဝင္ကစားႏိုင္ေျခရွိတယ္လို႔ အေကာင္းျမင္မႈေတြ ရွိေနတာျဖစ္ပါတယ္။ ပါေတးနဲ႔ ဗီယာရာတို႔ကေတာ့ ၿပီးခဲ့တဲ့ႏွစ္မွာ ျပဳလုပ္ခဲ့တဲ့ ခြဲစိတ္ကုသမႈေတြကေန ျပန္လည္သက္သာလာဖို႔ ဆက္လက္လုပ္ေဆာင္ေနတာေၾကာင့္ ဒူဘိုင္းမွာ အသင္းေဖာ္ေတြနဲ႔ မပူးေပါင္းႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ဂါနာကြင္းလယ္ၾကယ္ပြင့္အေနနဲ႔ ဒီလကုန္ေလာက္မွာ ျပန္လည္ပါဝင္ကစားေပးႏိုင္ဖို႔ ေမွ်ာ္လင့္ထားေပမယ့္လည္း အာတီတာက အေရွ႕အလယ္ပိုင္းကို မသြားမီ ပါေတးနဲ႔ ဗီယာရာတို႔ ျပန္လည္ပါဝင္ကစားႏိုင္မယ့္အခ်ိန္နဲ႔ပတ္သက္ၿပီး ေမးျမန္းခဲ့ရာမွာ ရက္သတၱပတ္အနည္းငယ္ေလာက္လို႔ ေမွ်ာ္လင့္တယ္လို႔ တုံ႔ျပန္ခဲ့တာေၾကာင့္ ဒီလကုန္ေတာ့ ျပန္ကစားေပးႏိုင္ဦးမွာမဟုတ္ပါဘူး။

ဘန္ ဝႈိက္ကလည္း ဒဏ္ရာရေနရင္းနဲ႔ ကစားေပးေနခဲ့ရတာျဖစ္ၿပီး ေဆာင္းရာသီအားလပ္ရက္က ညာေနာက္ခံကစားသမားအတြက္ ျပန္လည္သက္သာလာဖို႔အတြက္ အခြင့္အေရးတစ္ခုျဖစ္ခဲ့မွာျဖစ္ပါတယ္။

အာဆင္နယ္ အားကစားဒါ႐ိုက္တာ အီဒူးဟာ ယခုအပတ္ ဖီဖာရဲ႕ The Best ဆုေပးပြဲတက္ေရာက္ဖို႔အတြက္ အသင္းသားေတြထက္ ေစာၿပီး လန္ဒန္ကို ျပန္လာခဲ့တာေၾကာင့္ အလုပ္အခ်ိဳ႕ လုပ္သြားဖို႔ စီစဥ္ထားၿပီးျဖစ္မွာျဖစ္ေပမယ့္လည္း ကစားသမားအထြက္ေတြက အရင္ျဖစ္လာႏိုင္ပါတယ္။

ဒူဘိုင္းမွာ အသင္းနဲ႔အတူေလ့က်င့္ေရးဆင္းခဲ့တဲ့ ဆီးဒရစ္ ဆိုအာရက္စ္ဟာ တူရကီနဲ႔ စပိန္ကလပ္ေတြဆီကေန စိတ္ဝင္စားမႈကို ခံေနရေပမယ့္လည္း ဘာသေဘာတူညီမႈမွ ရထားတာမရွိေသးဘဲ ဘက္ရွစ္တက္ရွ္က အနီးကပ္ေစာင့္ၾကည့္ေနတာျဖစ္ပါတယ္။

မိုဟာမက္ အယ္လ္နန္နီက ေနာက္ထပ္ ထြက္ခြာႏိုင္ေျခရွိတဲ့ကစားသမားျဖစ္ေပမယ့္လည္း လက္ရွိမွာေတာ့ အာဖရိကဖလားၿပိဳင္ပြဲမွာ အီဂ်စ္လက္ေ႐ြးစင္အသင္းနဲ႔အတူ ပါဝင္ယွဥ္ၿပိဳင္ေနတာ ျဖစ္ပါတယ္။

ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလက တစ္ဝက္က်ိဳးခဲ့ၿပီျဖစ္ေပမယ့္လည္း အသင္းေတာ္ေတာ္မ်ားမ်ားက အေျပာင္းအေ႐ႊ႕ေတြ သိပ္မလုပ္ႏိုင္ေသးဘဲ အဲဗာတန္နဲ႔ ေနာ္တင္ဟမ္ေဖာရက္စ္တို႔ FFP ထပ္ၿငိသြားတာေၾကာင့္လည္း အရွိန္တန႔္သြားၾကတာျဖစ္ႏိုင္ပါတယ္။

အာဆင္နယ္ဟာ လုပ္ေဆာင္ခ်င္တဲ့ အေျပာင္းအေ႐ႊ႕ကို အၿပီးသတ္ႏိုင္ေအာင္ ဘ႑ာေရးပိုင္းဆိုင္ရာ လြတ္လမ္းအနည္းငယ္ရွိတာကို သိရွိတာေၾကာင့္ လုပ္ေဆာင္ေနမွာျဖစ္ၿပီး အယ္လ္နန္နီနဲ႔ ဆီးဒရစ္တို႔ရဲ႕ အေျပာင္းအေ႐ႊ႕က ဒီအေျခအေနကို ေျပာင္းလဲႏိုင္ဖို႔ မလုံေလာက္တာကို သိထားမွာျဖစ္ပါတယ္။

ဒါေၾကာင့္ ဒူဘိုင္းကေန ျပန္ေရာက္တာနဲ႔ ႀကီးမားတဲ့ ကစားသမားေရာင္းခ်မႈေတြကို ျပဳလုပ္သြားမွာျဖစ္ၿပီး ယူေကျပန္ေရာက္တဲ့အခ်ိန္နဲ႔ ပဲေလ့စ္ပြဲက သိပ္မကြာတဲ့အျပင္ ၿဗိတိန္ရာသီဥတုျပင္းထန္မႈနဲ႔ အသားက်ေအာင္ ျပန္လုပ္ရႏိုင္ၿပီး ပဲေလ့စ္ဟာ ယေန႔ည ဂြတ္ဒီဆင္ပါ့ခ္မွာ အက္ဖ္ေအဖလားျပန္ကန္ပြဲကစားသြားဖို႔ ရွိေနပါတယ္။

Arsenal Myanmar

Ref: Internet