ထရောဆာဒ်ရဲ့ စိုးရိမ်စရာ ဒဏ်ရာအခြေအနေ
နောက်ပိုင်းပွဲစဉ်တွေမှာ အသင်းတိုက်စစ်ပိုင်းအတွက် အခရာ ကျလာတဲ့ ကစားသမားတဦးဖြစ်တဲ့ လီဆန်ဒရို ထရောဆာဒ်ဟာ မနေ့က ဘုန်းမောက်နဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာ ရသွားခဲ့ပါတယ်။
ပြိုင်ဘက်အသင်းကို စောစောစီးစီးပဲ ဦးဆောင်ဂိုး ပေးလိုက်ရသလို ဒုတိယပိုင်းမှာ (၂) ဂိုးပြတ် အခြေအနေ ဖြစ်သွားတဲ့အထိ ရုန်းကန်ခဲ့ရတဲ့ ဂန်းနားတို့ဟာ ပွဲအပြီးမှာတော့ အံ့မခန်း ပြန်လာနိုင်စွမ်းနဲ့အတူ (၃-၂) ဂိုးနဲ့ နိုင်ပွဲရယူပြီး အဖိုးတန် သုံးမှတ်ကို ရှာဖွေနိုင်ခဲ့ပါတယ်။
ဒါပေမယ့်လည်း ဘယ်လ်ဂျီယံသားအတွက်ကတော့ ကံမကောင်းတဲ့ညတည ဖြစ်ခဲ့ပါတယ်။ အသင်းအတွက် အရေးပါဆုံး အခိုက်အတန့်မှာမှ ပထမပိုင်းမှာတင် ဒဏ်ရာရခဲ့ပြီး စမစ်ရိုးလ်နဲ့ လူစားလဲလှယ်ခဲ့ရလို့ပါပဲ။
ပွဲအပြီးမှာတော့ နည်းပြ အာတေတာက ထရောဆာဒ်ရဲ့ဒဏ်ရာဟာ ကြွက်သားဒဏ်ရာဖြစ်တယ်လို့ အတည်ပြုခဲ့ပြီး ဘယ်လောက်အထိ နားရမလဲ မသိသေးကြောင်း ပြောဆိုခဲ့တာကြောင့် လာမဲ့ပွဲစဉ်တွေအတွက် စိုးရိမ်စရာလည်း ဖြစ်လာခဲ့ပါတယ်။
” သူ့ (ထရောဆာဒ်) ပေါင်ခြံမှာ ဝေဒနာ ခံစားလာရတာကြောင့် လူစားလဲလှယ်ခဲ့ရတာ ဖြစ်ပါတယ်။ ပထမပိုင်းမှာ ခံစစ်ကူဖို့ ပြန်ပြေးလာခဲ့ချိန်မှာ ဒီလိုမျိုး ကြုံလာခဲ့တာပါ။ ကြွက်သားဒဏ်ရာမျိုး ဖြစ်ပါတယ်။ ”
” စိုးရိမ်စရာ ကောင်းပါတယ်။ ဘယ်လောက်နားရမလဲဆိုတာတော့ ကျွန်တော် ဆေးစစ်ကြည့်သွားရဦးမှာပါ။ ” လို့ နည်းပြ အာတေတာက ပြောပါတယ်။
ဂါဘရီယဲလ် ဂျေးဇု ဒဏ်ရာရနေချိန်မှာ အားကိုးနေရတဲ့ တိုက်စစ်မှူး အန်ကီးတီးယားကလည်း ဒီတပတ်ထဲမှာပဲ ဒဏ်ရာပြဿနာ ကြုံတွေ့ခဲ့ရသလို ထရောဆာဒ်ပါ ဒဏ်ရာစာရင်းထဲ တိုးလာတာကတော့ နည်းပြ အာတေတာအတွက် ခေါင်းခဲစရာ ဖြစ်ပါတယ်။
အသက် (၂၈) နှစ်သားသာ ရက်သတ္တပတ်ကြာ နားခဲ့ရရင်တော့ ယူရိုပါလိဂ်ပွဲစဉ်တွေနဲ့ ပွဲဆက်၊ ပွဲကျပ်တွေ များနေချိန်မှာ အထောင်တိုက်စစ်အတွက် မာတင်နယ်လီတဦးသာ အသုံးပြုစရာ ကျန်ရှိခြင်းနဲ့အတူ ပွဲပန်းမှုတွေ၊ ဒဏ်ရာရမှုတွေ ဆက်လာနိုင်လို့ပါပဲ။
Ref : Football London
- Posted In:
- Team News