တိုနီအစား စျေးသက်သက်သာသာနဲ့ ခေါ်ယူနိုင်မယ့် တိုက်စစ်မှူး ၃ ဦး
အာဆင်နယ်အတွက် ဒီဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ပြောစရာအချက် ၂ ချက်ရှိပြီး ပထမအချက်က တိုက်စစ်မှူး တစ်ဦးခေါ်ယူချင်နေတာဖြစ်ပြီး ဒုတိယအချက်က အသင်းရဲ့ ဘဏ္ဍာရေးပိုင်း အကန့်အသတ်တွေကြောင့် လိုချင်တဲ့တိုက်စစ်မှူးကို ခေါ်ယူဖို့ မဖြစ်နိုင်လုနီးပါးအခြေအနေဖြစ်နေတာဖြစ်ပါတယ်။
အမြတ်အစွန်းနဲ့ ရေရှည်ရပ်တည်နိုင်ရေး စည်းမျဉ်းတွေကြောင့် အာဆင်နယ်ဟာ ငွေသုံးနိုင်တာတောင်မှ အိုင်ဗန် တိုနီကို ဒီဆောင်းရာသီမှာ ခေါ်ယူနိုင်မှာမဟုတ်ဘဲ ကစားသမား ၂ ဦး၊ ၃ ဦးလောက်အထိ ရောင်းထုတ်နိုင်မယ်ဆိုရင်တော့ ဖြစ်နိုင်ခြေရှိပါတယ်။
ဒါပေမယ့်လည်း ဘရန့်တ်ဖို့ဒ် တိုက်စစ်မှူးအတွက် ပေါင်သန်း ၁၀၀ ကျော် ကုန်ကျဖွယ်ရှိနေတာကြောင့် ဂန်းနားတို့အတွက် စျေးသက်သက်သာသာနဲ့ ခေါ်ယူနိုင်မယ့် တိုက်စစ်မှူးကောင်းကောင်း ရှာဖွေကြည့်တဲ့အခါမှာ ရေတိုရော ရေရှည်ပါ အဆင်ပြေနိုင်မယ့် ကစားသမား ၃ ဦးကို တွေ့ခဲ့ရပါတယ်။
၁။ ပေါ်လို ဒီဘာလာ
ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားတိုက်စစ်မှူးဟာ လက်ရှိမှာ ရိုးမားအတွက် ကစားပေးနေပြီး ဒီရာသီ သွင်းဂိုး ၄ ဂိုးနဲ့ ဂိုးဖန်တီးမှု ၆ ကြိမ်ပြုလုပ်ထားတာကြောင့် မော်ရင်ဟိုက ထွက်ခွင့်မပေးနိုင်ဘူးလို့ တွေးကောင်း တွေးနိုင်ပါတယ်။ ဒါပေမယ့်လည်း ဖက်ဘရီဇီယို ရိုမာနိုရဲ့ ပြောကြားချက်အရ ဒီဘာလာရဲ့ စာချုပ်ထဲမှာ ဇန်နဝါရီ ၁၅ ရက်နေ့မတိုင်ခင်အထိ ယူရို ၁၂ သန်း စာချုပ်လျော်ကြေးပေးရင် အသင်းကနေ ထွက်ခွင့်ပေးမယ်ဆိုတဲ့အချက်ပါဝင်နေတယ်လို့ သိရပါတယ်။ အသက် ၃၀ အရွယ်ရှိနေပြီဖြစ်တဲ့ ဒီဘာလာရဲ့ အပြောင်းအရွှေ့ဟာ ဂျော်ဂျင်ညိုရဲ့ အပြောင်းအရွှေ့လိုမျိုး ဖြစ်လာနိုင်တယ်ဆိုတာ တွေးကြည့်လို့ရပြီး အာဂျင်တီးနားတိုက်စစ်မှူးကသာ အင်္ဂလန်မှာ စွန့်စားခန်းသစ်ဖွင့်ချင်တဲ့ဆန္ဒရှိမယ်ဆိုရင် ဂန်းနားတို့ မဖြစ်မနေ ခေါ်ယူသင့်ပါတယ်။
၂။ ဆာဟူ ဂီရက်ဆီ
နောက်ထပ် ခေါ်ယူလို့ရနိုင်တဲ့ ကစားသမားကတော့ စတုဂတ်တိုက်စစ်မှူး ဆာဟူ ဂီရက်ဆီဖြစ်ပြီး ဘွန်ဒက်စ်လီဂါကြယ်ပွင့်ဟာ ဒီရာသီ လိဂ် ၁၄ ပွဲမှာ ၁၇ ဂိုးအထိ အံ့အားသင့်ဖွယ် သွင်းယူပေးထားတာဖြစ်ပါတယ်။ စာချုပ်လျော်ကြေး ယူရို ၁၇.၅ သန်းသာ ရှိတာကြောင့် ဂီနီယာတိုက်စစ်မှူးဟာ ဒီဆောင်းရာသီမှာ အသင်းအများအပြားက ခေါ်ယူဖို့ ကြိုးပမ်းနိုင်တဲ့ ကစားသမားဖြစ်လာဖွယ်ရှိပါတယ်။ ဒါပေမယ့်လည်း ဂီရက်ဆီဟာ တစ်ရာသီ ကျောက်ထတာလားဆိုတာ စဉ်းစားစရာဖြစ်နေပြီး ကစားသမားဘဝ အကောင်းဆုံးနှစ်တွေအတွင်းမှာ ဒီတိုင်း ဆက်လုပ်ပြနိုင်မှာလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။
၃။ ရာဖာ ဆေးလ်ဗား
နောက်ဆုံး မြင်မိတဲ့ကစားသမားက ဒီရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ဘင်ဖီကာ တိုက်စစ်မှူး ရာဖာ ဆေးလ်ဗားပါ။ ဟုတ်ပါတယ်။ အသက် ၃၀ အရွယ်ရှိနေပြီဖြစ်တာကြောင့် အာဆင်နယ်အကြိုက်ပုံစံတော့မဟုတ်ပေမယ့်လည်း ဂိုးသွင်းကောင်းတဲ့ ဆေးလ်ဗားကို ဂျော်ဂျင်ညိုလိုမျိုး ၁၈ လစာချုပ်နဲ့ ဂန်းနားတို့ ခေါ်ယူမယ်ဆိုရင်လည်း ကောင်းမွန်တဲ့ အပြောင်းအရွှေ့ဖြစ်လာနိုင်ပြီး ဒီရာသီရော လာမယ့်ရာသီအတွက် အသုံးတည့်နိုင်ပါတယ်။ အာဆင်နယ်တို့ နွေရာသီမှာ အဓိကကစားသမားခေါ်ယူမှု ပြုလုပ်ဖို့အတွက် အခက်တွေ့လောက်အောင် နေရာယူမှာလည်း မဟုတ်ဘဲ အထူးသဖြင့် ရိစ် နယ်လ်ဆင်သာ ထွက်ခွာခဲ့ရင် ဖြစ်ပါတယ်။ ရာဖာ ဆေးလ်ဗားဟာ ဘင်ဖီကာဆီကနေ စာချုပ်သစ် ကမ်းလှမ်းမှုကို ငြင်းပယ်ထားခဲ့ပြီးဖြစ်ပြီး အရှေ့အလယ်ပိုင်းက စိတ်ဝင်စားမှုတွေလည်း ရရှိထားတာကြောင့် နွေရာသီမှာ ပေါ်တူဂီကနေ ထွက်ခွာနိုင်တဲ့ကစားသမားဖြစ်လို့ ဘင်ဖီကာက ဒီလမှာ ရောင်းထုတ်ပြီးရသလောက် ငွေပြန်ရှာသွားချင်နေတာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: အာဆင္နယ္အတြက္ ဒီဇန္နဝါရီ အေျပာင္းအေ႐ႊ႕ကာလမွာ ေျပာစရာအခ်က္ ၂ ခ်က္ရွိၿပီး ပထမအခ်က္က တိုက္စစ္မႉး တစ္ဦးေခၚယူခ်င္ေနတာျဖစ္ၿပီး ဒုတိယအခ်က္က အသင္းရဲ႕ ဘ႑ာေရးပိုင္း အကန႔္အသတ္ေတြေၾကာင့္ လိုခ်င္တဲ့တိုက္စစ္မႉးကို ေခၚယူဖို႔ မျဖစ္ႏိုင္လုနီးပါးအေျခအေနျဖစ္ေနတာျဖစ္ပါတယ္။
အျမတ္အစြန္းနဲ႔ ေရရွည္ရပ္တည္ႏိုင္ေရး စည္းမ်ဥ္းေတြေၾကာင့္ အာဆင္နယ္ဟာ ေငြသုံးႏိုင္တာေတာင္မွ အိုင္ဗန္ တိုနီကို ဒီေဆာင္းရာသီမွာ ေခၚယူႏိုင္မွာမဟုတ္ဘဲ ကစားသမား ၂ ဦး၊ ၃ ဦးေလာက္အထိ ေရာင္းထုတ္ႏိုင္မယ္ဆိုရင္ေတာ့ ျဖစ္ႏိုင္ေျခရွိပါတယ္။
ဒါေပမယ့္လည္း ဘရန႔္တ္ဖို႔ဒ္ တိုက္စစ္မႉးအတြက္ ေပါင္သန္း ၁၀၀ ေက်ာ္ ကုန္က်ဖြယ္ရွိေနတာေၾကာင့္ ဂန္းနားတို႔အတြက္ ေစ်းသက္သက္သာသာနဲ႔ ေခၚယူႏိုင္မယ့္ တိုက္စစ္မႉးေကာင္းေကာင္း ရွာေဖြၾကည့္တဲ့အခါမွာ ေရတိုေရာ ေရရွည္ပါ အဆင္ေျပႏိုင္မယ့္ ကစားသမား ၃ ဦးကို ေတြ႕ခဲ့ရပါတယ္။
၁။ ေပၚလို ဒီဘာလာ
ကမာၻ႔ဖလားခ်န္ပီယံ အာဂ်င္တီးနားတိုက္စစ္မႉးဟာ လက္ရွိမွာ ႐ိုးမားအတြက္ ကစားေပးေနၿပီး ဒီရာသီ သြင္းဂိုး ၄ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၆ ႀကိမ္ျပဳလုပ္ထားတာေၾကာင့္ ေမာ္ရင္ဟိုက ထြက္ခြင့္မေပးႏိုင္ဘူးလို႔ ေတြးေကာင္း ေတြးႏိုင္ပါတယ္။ ဒါေပမယ့္လည္း ဖက္ဘရီဇီယို ႐ိုမာႏိုရဲ႕ ေျပာၾကားခ်က္အရ ဒီဘာလာရဲ႕ စာခ်ဳပ္ထဲမွာ ဇန္နဝါရီ ၁၅ ရက္ေန႔မတိုင္ခင္အထိ ယူ႐ို ၁၂ သန္း စာခ်ဳပ္ေလ်ာ္ေၾကးေပးရင္ အသင္းကေန ထြက္ခြင့္ေပးမယ္ဆိုတဲ့အခ်က္ပါဝင္ေနတယ္လို႔ သိရပါတယ္။ အသက္ ၃၀ အ႐ြယ္ရွိေနၿပီျဖစ္တဲ့ ဒီဘာလာရဲ႕ အေျပာင္းအေ႐ႊ႕ဟာ ေဂ်ာ္ဂ်င္ညိဳရဲ႕ အေျပာင္းအေ႐ႊ႕လိုမ်ိဳး ျဖစ္လာႏိုင္တယ္ဆိုတာ ေတြးၾကည့္လို႔ရၿပီး အာဂ်င္တီးနားတိုက္စစ္မႉးကသာ အဂၤလန္မွာ စြန႔္စားခန္းသစ္ဖြင့္ခ်င္တဲ့ဆႏၵရွိမယ္ဆိုရင္ ဂန္းနားတို႔ မျဖစ္မေန ေခၚယူသင့္ပါတယ္။
၂။ ဆာဟူ ဂီရက္ဆီ
ေနာက္ထပ္ ေခၚယူလို႔ရႏိုင္တဲ့ ကစားသမားကေတာ့ စတုဂတ္တိုက္စစ္မႉး ဆာဟူ ဂီရက္ဆီျဖစ္ၿပီး ဘြန္ဒက္စ္လီဂါၾကယ္ပြင့္ဟာ ဒီရာသီ လိဂ္ ၁၄ ပြဲမွာ ၁၇ ဂိုးအထိ အံ့အားသင့္ဖြယ္ သြင္းယူေပးထားတာျဖစ္ပါတယ္။ စာခ်ဳပ္ေလ်ာ္ေၾကး ယူ႐ို ၁၇.၅ သန္းသာ ရွိတာေၾကာင့္ ဂီနီယာတိုက္စစ္မႉးဟာ ဒီေဆာင္းရာသီမွာ အသင္းအမ်ားအျပားက ေခၚယူဖို႔ ႀကိဳးပမ္းႏိုင္တဲ့ ကစားသမားျဖစ္လာဖြယ္ရွိပါတယ္။ ဒါေပမယ့္လည္း ဂီရက္ဆီဟာ တစ္ရာသီ ေက်ာက္ထတာလားဆိုတာ စဥ္းစားစရာျဖစ္ေနၿပီး ကစားသမားဘဝ အေကာင္းဆုံးႏွစ္ေတြအတြင္းမွာ ဒီတိုင္း ဆက္လုပ္ျပႏိုင္မွာလားဆိုတဲ့ စိုးရိမ္မႈေတြလည္း ရွိေနပါတယ္။
၃။ ရာဖာ ေဆးလ္ဗား
ေနာက္ဆုံး ျမင္မိတဲ့ကစားသမားက ဒီရာသီကုန္မွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မယ့္ ဘင္ဖီကာ တိုက္စစ္မႉး ရာဖာ ေဆးလ္ဗားပါ။ ဟုတ္ပါတယ္။ အသက္ ၃၀ အ႐ြယ္ရွိေနၿပီျဖစ္တာေၾကာင့္ အာဆင္နယ္အႀကိဳက္ပုံစံေတာ့မဟုတ္ေပမယ့္လည္း ဂိုးသြင္းေကာင္းတဲ့ ေဆးလ္ဗားကို ေဂ်ာ္ဂ်င္ညိဳလိုမ်ိဳး ၁၈ လစာခ်ဳပ္နဲ႔ ဂန္းနားတို႔ ေခၚယူမယ္ဆိုရင္လည္း ေကာင္းမြန္တဲ့ အေျပာင္းအေ႐ႊ႕ျဖစ္လာႏိုင္ၿပီး ဒီရာသီေရာ လာမယ့္ရာသီအတြက္ အသုံးတည့္ႏိုင္ပါတယ္။ အာဆင္နယ္တို႔ ေႏြရာသီမွာ အဓိကကစားသမားေခၚယူမႈ ျပဳလုပ္ဖို႔အတြက္ အခက္ေတြ႕ေလာက္ေအာင္ ေနရာယူမွာလည္း မဟုတ္ဘဲ အထူးသျဖင့္ ရိစ္ နယ္လ္ဆင္သာ ထြက္ခြာခဲ့ရင္ ျဖစ္ပါတယ္။ ရာဖာ ေဆးလ္ဗားဟာ ဘင္ဖီကာဆီကေန စာခ်ဳပ္သစ္ ကမ္းလွမ္းမႈကို ျငင္းပယ္ထားခဲ့ၿပီးျဖစ္ၿပီး အေရွ႕အလယ္ပိုင္းက စိတ္ဝင္စားမႈေတြလည္း ရရွိထားတာေၾကာင့္ ေႏြရာသီမွာ ေပၚတူဂီကေန ထြက္ခြာႏိုင္တဲ့ကစားသမားျဖစ္လို႔ ဘင္ဖီကာက ဒီလမွာ ေရာင္းထုတ္ၿပီးရသေလာက္ ေငြျပန္ရွာသြားခ်င္ေနတာျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News
- Transfer News