ဇန်နဝါရီမှာ တိုနီကို ခေါ်ယူဖို့ အဓိကကျတဲ့အခန်းကဏ္ဍကနေ ပါဝင်နေတဲ့ ဆာလီဘာ 1024 504 coyg

ဇန်နဝါရီမှာ တိုနီကို ခေါ်ယူဖို့ အဓိကကျတဲ့အခန်းကဏ္ဍကနေ ပါဝင်နေတဲ့ ဆာလီဘာ

အာဆင်နယ်ကြယ်ပွင့် ဝီလီယံ ဆာလီဘာဟာ နည်းပြ အာတီတာကို ဇန်နဝါရီလမှာ ဘရန့်တ်ဖို့ဒ် တိုက်စစ်မှူး အိုင်ဗန် တိုနီကို ငွေကြေးအများအပြား သုံးစွဲပြီး ခေါ်ယူဖို့ လိုအပ်တယ်ဆိုတာကို ယုံကြည်လာအောင် ကူညီပေးနိုင်ခဲ့တာဖြစ်နိုင်ပါတယ်။

ဘရန့်တ်ဖို့ဒ် တိုက်စစ်မှူးဟာ အက်ဖ်အေရဲ့ လောင်းကစားစည်းမျဉ်းကို ချိုးဖောက်ခဲ့ပြီးနောက် ဇန်နဝါရီ ၁၇ ရက်နေ့မတိုင်ခင်အထိ ပွဲကစားခွင့် ပိတ်ပင်ခံထားရပေမယ့်လည်း ပွဲပြန်လည်မကစားမီ ကြံ့ခိုင်မှု ရရှိဖို့ လေ့ကျင့်ရေး ပြန်ဆင်းနေပြီဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘရန့်တ်ဖို့ဒ်နဲ့ ပြန်လည်ကစားသွားမှာလားဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာဖြစ်ပြီး အင်္ဂလန်တိုက်စစ်မှူးဟာ စျေးကွက်ထဲမှာ ရှိနေတဲ့ ထိပ်တန်းတိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်ပြီး ပိုမိုမြင့်မားတဲ့အဆင့်အတန်းမှာ ယှဉ်ပြိုင်ချင်တဲ့ဆန္ဒရှိကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောဆိုထားခဲ့သူဖြစ်ပါတယ်။

အာဆင်နယ်ကလည်း အသက် ၂၇ နှစ်အရွယ် တိုက်စစ်မှူးကို စိတ်ဝင်စားနေတဲ့အသင်းတွေထဲက တစ်သင်းဖြစ်ပြီး ယခုရာသီ ပရီးမီးယားလိဂ်ဖလားကို အမှန်တကယ် စိန်ခေါ်နိုင်ဖို့အတွက် တိုက်စစ်ကို အင်အားဖြည့်တင်းဖို့ တောင်းဆိုမှုတွေ ဆက်တိုက် ခံနေရတာဖြစ်ပါတယ်။

ချဲလ်ဆီးက အာဆင်နယ်နဲ့အပြိုင် အိုင်ဗန် တိုနီကို ခေါ်ယူဖို့ ကြိုးပမ်းသွားမယ်လို့ ထင်ကြေးပေးခံထားရတဲ့အသင်းဖြစ်ပေမယ့်လည်း အာတီတာက လက်ရှိအချိန်မှာ ဆာလီဘာကြောင့် ဘရန့်တ်ဖို့ဒ် ကြယ်ပွင့်ကို ခေါ်ယူဖို့ ဆန္ဒရှိနေလောက်ပါပြီ။

ပြင်သစ်နောက်ခံကစားသမားဟာ ပရီးမီးယားလိဂ်မှာ အထင်ကြီးစရာအကောင်းဆုံး နောက်ခံကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး မကြာသေးမီက မန်စီးတီးကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အာလင်း ဟာလန်းကို တိတ်ဆိတ်နေအောင် ထိန်းပြနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အိုင်ဗန် တိုနီဟာ ဆာလီဘာထက် ပိုမိုကောင်းမွန်အောင် ကစားနိုင်ခဲ့တဲ့ တိုက်စစ်မှူးအနည်းငယ်ထဲက တစ်ဦးဖြစ်တာက ဇန်နဝါရီမှာ အာတီတာအနေနဲ့ ဘရန့်တ်ဖို့ဒ် တိုက်စစ်မှူးကို ခေါ်ယူဖို့အလားအလာရှိနေတဲ့အကြောင်းအရင်းဖြစ်ခဲ့ပြီး ဖေဖော်ဝါရီက အမ်းမရိတ်စ်မှာ ၁-၁ သရေကျခဲ့တဲ့ပွဲမှာ အင်္ဂလန်တိုက်စစ်မှူးက ချေပဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

အိုင်ဗန် တိုနီရဲ့ ၂၀၂၁ ခုနှစ်က အာဆင်နယ်ကို အနိုင်ရခဲ့တဲ့ ဘရန့်တ်ဖို့ဒ်ရဲ့ ပရီးမီးယားလိဂ်ပွဲဦးထွက် နိုင်ပွဲက အားထုတ်မှုကို ဘရန့်တ်ဖို့ဒ် ပရိသတ်တွေရဲ့ စိတ်ထဲမှာ မမေ့ပျောက်နိုင်သေးဘဲ အာတီတာကိုယ်တိုင်ကလည်း ဘရန့်တ်ဖို့ဒ်တိုက်စစ်မှူးကို ဘယ်လောက်အထိ နှစ်သက်ကြောင်းကို ထုတ်ဖော်ပြောဆိုခဲ့ဖူးတာဖြစ်ပါတယ်။

“ကျွန်တော် သူတို့ပွဲတွေ အများကြီးကြည့်ခဲ့တယ်။ တိုနီက သူ့ရဲ့လက်တွေကို ဘယ်လိုနောက်ခံလူမျိုးဆီကိုမဆို ဆန့်ထုတ်ပြီး ဘောလုံးကို ထိန်းသိမ်းထားနိုင်တယ်။ အဲဒါက ရုပ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုလိုမျိုး ခင်ဗျားကို ခံစားရစေတယ်။ ကျွန်တော့်ကစားသမားတွေကို ကြိုတင်ပြင်ဆင်ပေးသွားမှာဖြစ်ပြီး သူတို့တွေ တိုက်ပွဲအတွက် အဆင်သင့်ဖြစ်နေရမှာပါ။ သူတို့တွေ တစ်ဦးချင်းတိုက်ပွဲတွေမှာ အနိုင်ရရမယ်။ ရုပ်ပိုင်းဆိုင်ရာ အားကောင်းမှုက ကျွန်တော်တို့ ပြုလုပ်ခဲ့တဲ့ ကစားသမားခေါ်ယူမှုအများအပြားအတွက် သင့်တော်တဲ့စကားလုံးပါ။ ခင်ဗျား ဒီလိဂ်မှာ ရုပ်ပိုင်းဆိုင်ရာအရ အားကောင်းမှု ရှိရမယ်။ ဒါက ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုချည်းပဲလို့ ဆိုလိုတာမဟုတ်ပါဘူး။ ခင်ဗျား ခေါင်းလည်း သုံးပြီး ကစားရမယ်။ ဘာလို့လဲဆိုတော့ အခြေအနေကို မဖတ်နိုင်ဘူးဆိုရင် ခင်ဗျားက အမြဲနောက်ကျကျန်နေလိမ့်မယ်။ ရုပ်ပိုင်းဆိုင်ရာနဲ့ ဉာဏ်သုံးကစားမှုကို ဟန်ချက်ညီအောင် ခင်ဗျား လုပ်ဖို့လိုတယ်။”လို့ မနှစ်က ပြောကြားခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: အာဆင္နယ္ၾကယ္ပြင့္ ဝီလီယံ ဆာလီဘာဟာ နည္းျပ အာတီတာကို ဇန္နဝါရီလမွာ ဘရန႔္တ္ဖို႔ဒ္ တိုက္စစ္မႉး အိုင္ဗန္ တိုနီကို ေငြေၾကးအမ်ားအျပား သုံးစြဲၿပီး ေခၚယူဖို႔ လိုအပ္တယ္ဆိုတာကို ယုံၾကည္လာေအာင္ ကူညီေပးႏိုင္ခဲ့တာျဖစ္ႏိုင္ပါတယ္။

ဘရန႔္တ္ဖို႔ဒ္ တိုက္စစ္မႉးဟာ အက္ဖ္ေအရဲ႕ ေလာင္းကစားစည္းမ်ဥ္းကို ခ်ိဳးေဖာက္ခဲ့ၿပီးေနာက္ ဇန္နဝါရီ ၁၇ ရက္ေန႔မတိုင္ခင္အထိ ပြဲကစားခြင့္ ပိတ္ပင္ခံထားရေပမယ့္လည္း ပြဲျပန္လည္မကစားမီ ႀကံ့ခိုင္မႈ ရရွိဖို႔ ေလ့က်င့္ေရး ျပန္ဆင္းေနၿပီျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဘရန႔္တ္ဖို႔ဒ္နဲ႔ ျပန္လည္ကစားသြားမွာလားဆိုတာကိုေတာ့ ေစာင့္ၾကည့္ရဦးမွာျဖစ္ၿပီး အဂၤလန္တိုက္စစ္မႉးဟာ ေစ်းကြက္ထဲမွာ ရွိေနတဲ့ ထိပ္တန္းတိုက္စစ္မႉးေတြထဲက တစ္ဦးျဖစ္ၿပီး ပိုမိုျမင့္မားတဲ့အဆင့္အတန္းမွာ ယွဥ္ၿပိဳင္ခ်င္တဲ့ဆႏၵရွိေၾကာင္းကို ပြင့္ပြင့္လင္းလင္း ေျပာဆိုထားခဲ့သူျဖစ္ပါတယ္။

အာဆင္နယ္ကလည္း အသက္ ၂၇ ႏွစ္အ႐ြယ္ တိုက္စစ္မႉးကို စိတ္ဝင္စားေနတဲ့အသင္းေတြထဲက တစ္သင္းျဖစ္ၿပီး ယခုရာသီ ပရီးမီးယားလိဂ္ဖလားကို အမွန္တကယ္ စိန္ေခၚႏိုင္ဖို႔အတြက္ တိုက္စစ္ကို အင္အားျဖည့္တင္းဖို႔ ေတာင္းဆိုမႈေတြ ဆက္တိုက္ ခံေနရတာျဖစ္ပါတယ္။

ခ်ဲလ္ဆီးက အာဆင္နယ္နဲ႔အၿပိဳင္ အိုင္ဗန္ တိုနီကို ေခၚယူဖို႔ ႀကိဳးပမ္းသြားမယ္လို႔ ထင္ေၾကးေပးခံထားရတဲ့အသင္းျဖစ္ေပမယ့္လည္း အာတီတာက လက္ရွိအခ်ိန္မွာ ဆာလီဘာေၾကာင့္ ဘရန႔္တ္ဖို႔ဒ္ ၾကယ္ပြင့္ကို ေခၚယူဖို႔ ဆႏၵရွိေနေလာက္ပါၿပီ။

ျပင္သစ္ေနာက္ခံကစားသမားဟာ ပရီးမီးယားလိဂ္မွာ အထင္ႀကီးစရာအေကာင္းဆုံး ေနာက္ခံကစားသမားေတြထဲက တစ္ဦးျဖစ္ၿပီး မၾကာေသးမီက မန္စီးတီးကို အႏိုင္ရခဲ့တဲ့ပြဲစဥ္မွာ အာလင္း ဟာလန္းကို တိတ္ဆိတ္ေနေအာင္ ထိန္းျပႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အိုင္ဗန္ တိုနီဟာ ဆာလီဘာထက္ ပိုမိုေကာင္းမြန္ေအာင္ ကစားႏိုင္ခဲ့တဲ့ တိုက္စစ္မႉးအနည္းငယ္ထဲက တစ္ဦးျဖစ္တာက ဇန္နဝါရီမွာ အာတီတာအေနနဲ႔ ဘရန႔္တ္ဖို႔ဒ္ တိုက္စစ္မႉးကို ေခၚယူဖို႔အလားအလာရွိေနတဲ့အေၾကာင္းအရင္းျဖစ္ခဲ့ၿပီး ေဖေဖာ္ဝါရီက အမ္းမရိတ္စ္မွာ ၁-၁ သေရက်ခဲ့တဲ့ပြဲမွာ အဂၤလန္တိုက္စစ္မႉးက ေခ်ပဂိုးကို သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

အိုင္ဗန္ တိုနီရဲ႕ ၂၀၂၁ ခုႏွစ္က အာဆင္နယ္ကို အႏိုင္ရခဲ့တဲ့ ဘရန႔္တ္ဖို႔ဒ္ရဲ႕ ပရီးမီးယားလိဂ္ပြဲဦးထြက္ ႏိုင္ပြဲက အားထုတ္မႈကို ဘရန႔္တ္ဖို႔ဒ္ ပရိသတ္ေတြရဲ႕ စိတ္ထဲမွာ မေမ့ေပ်ာက္ႏိုင္ေသးဘဲ အာတီတာကိုယ္တိုင္ကလည္း ဘရန႔္တ္ဖို႔ဒ္တိုက္စစ္မႉးကို ဘယ္ေလာက္အထိ ႏွစ္သက္ေၾကာင္းကို ထုတ္ေဖာ္ေျပာဆိုခဲ့ဖူးတာျဖစ္ပါတယ္။

“ကြၽန္ေတာ္ သူတို႔ပြဲေတြ အမ်ားႀကီးၾကည့္ခဲ့တယ္။ တိုနီက သူ႔ရဲ႕လက္ေတြကို ဘယ္လိုေနာက္ခံလူမ်ိဳးဆီကိုမဆို ဆန႔္ထုတ္ၿပီး ေဘာလုံးကို ထိန္းသိမ္းထားႏိုင္တယ္။ အဲဒါက ႐ုပ္ပိုင္းဆိုင္ရာ စိန္ေခၚမႈလိုမ်ိဳး ခင္ဗ်ားကို ခံစားရေစတယ္။ ကြၽန္ေတာ့္ကစားသမားေတြကို ႀကိဳတင္ျပင္ဆင္ေပးသြားမွာျဖစ္ၿပီး သူတို႔ေတြ တိုက္ပြဲအတြက္ အဆင္သင့္ျဖစ္ေနရမွာပါ။ သူတို႔ေတြ တစ္ဦးခ်င္းတိုက္ပြဲေတြမွာ အႏိုင္ရရမယ္။ ႐ုပ္ပိုင္းဆိုင္ရာ အားေကာင္းမႈက ကြၽန္ေတာ္တို႔ ျပဳလုပ္ခဲ့တဲ့ ကစားသမားေခၚယူမႈအမ်ားအျပားအတြက္ သင့္ေတာ္တဲ့စကားလုံးပါ။ ခင္ဗ်ား ဒီလိဂ္မွာ ႐ုပ္ပိုင္းဆိုင္ရာအရ အားေကာင္းမႈ ရွိရမယ္။ ဒါက ႐ုပ္ပိုင္းဆိုင္ရာ ထိေတြ႕မႈခ်ည္းပဲလို႔ ဆိုလိုတာမဟုတ္ပါဘူး။ ခင္ဗ်ား ေခါင္းလည္း သုံးၿပီး ကစားရမယ္။ ဘာလို႔လဲဆိုေတာ့ အေျခအေနကို မဖတ္ႏိုင္ဘူးဆိုရင္ ခင္ဗ်ားက အၿမဲေနာက္က်က်န္ေနလိမ့္မယ္။ ႐ုပ္ပိုင္းဆိုင္ရာနဲ႔ ဉာဏ္သုံးကစားမႈကို ဟန္ခ်က္ညီေအာင္ ခင္ဗ်ား လုပ္ဖို႔လိုတယ္။”လို႔ မႏွစ္က ေျပာၾကားခဲ့တာျဖစ္ပါတယ္။

Arsenal Myanmar

Ref: Internet